Great Days Travel

Great Days Travel THE WORLD IS YOURS!

🇻🇳🇰🇭 ဗီယက်နမ်က နာမည်ကြီး Phu Quoc (ဖူးကွတ်) ကျွန်းနဲ့ ကမ္ဘောဒီးယား ( ဖနွမ်းပင်) နှစ်နိုင်ငံခရီးစဉ်က ဘယ်လိုလူတွေနဲ့ အသင့်...
10/08/2026

🇻🇳🇰🇭 ဗီယက်နမ်က နာမည်ကြီး Phu Quoc
(ဖူးကွတ်) ကျွန်းနဲ့ ကမ္ဘောဒီးယား ( ဖနွမ်းပင်) နှစ်နိုင်ငံခရီးစဉ်က ဘယ်လိုလူတွေနဲ့ အသင့်တော်ဆုံးလဲ? 🏝️🛍️✨
Phu Quoc ကျွန်းကို သွားမယ်ဆိုရင် ဘယ်သူတွေနဲ့ သွားတာ အကောင်းဆုံးဖြစ်မလဲလို့ စဉ်းစားနေရင်တော့ ဒီ Post လေးက သင့်အတွက်ပါပဲ။ ကိုယ်က ဘယ်လို Travel Style မျိုးလဲဆိုတာ ရွေးကြည့်လိုက်ရအောင်... 👇

👩‍❤️‍👨 ၁။ ရိုမန်းတစ်ဆန်ဆန် ခရီးသွားချင်တဲ့ စုံတွဲတွေအတွက်
Phu Quoc က စုံတွဲတွေအတွက်တော့ တကယ့်ကို နတ်ပြည်လေးပါပဲ။ ဥရောပစတိုင် တည်ဆောက်ထားတဲ့ Sunset Town မှာ လက်ချင်းချိတ်ပြီး လမ်းလျှောက်မယ်၊ Kiss Bridge ပေါ်မှာ အလှဆုံး နေဝင်ဆည်းဆာကို အတူတူကြည့်မယ်၊ ပြီးရင် Grand World က တူးမြောင်းလေးထဲမှာ ဂွန်ဒိုလာလှေလေးစီးရင်း အချိုမြိန်ဆုံး အမှတ်တရတွေ ဖန်တီးလို့ရပါတယ်။

👯‍♀️ ၂။ အမြဲတမ်း အတူတူရူးသွပ်ပေးတဲ့ သူငယ်ချင်းတွေအတွက်
သူငယ်ချင်းတွေစုပြီး ပျော်ပျော်ပါးပါး သွားမယ်ဆိုရင်လည်း လုံးဝ အိုကေပဲနော်။ အာရှရဲ့ အကြီးဆုံး ကစားကွင်း VinWonders မှာ အသံကုန်ဟစ်ပြီး ဆော့ကြမယ်။ Grand World မှာ အမိုက်စား OOTD တွေနဲ့ အပြိုင်အဆိုင် ဓာတ်ဖမ်းမယ်။ ညဘက်ရောက်ရင် Night Market မှာ လတ်ဆတ်တဲ့ ပင်လယ်စာတွေကို ဘီယာအေးအေးလေးနဲ့ တွဲသောက်ရင်း မနက်လင်းထိ မောစာဖွဲ့ကြလို့ရပါတယ်။

👨‍👩‍👧‍👦 ၃။ အေးအေးချမ်းချမ်း အပန်းဖြေချင်တဲ့ မိသားစုတွေအတွက်
မိသားစုလိုက် ခရီးသွားမယ့်သူတွေအတွက်လည်း Phu Quoc က အရမ်းကို အဆင်ပြေပါတယ်။ ကမ္ဘာ့အရှည်ဆုံး Hon Thom Cable Car ကြီးစီးပြီး ပင်လယ်ပြင်အလှကို ခံစားတာဖြစ်ဖြစ်၊ Safari မှာ ကလေးတွေနဲ့အတူ တိရစ္ဆာန်လေးတွေကို အနီးကပ်လေ့လာတာဖြစ်ဖြစ် မိသားစုဝင်တိုင်း သဘောကျမယ့် နေရာလေးပါ။

🇰🇭🛍️ ၄။ အနှံ့လည်ရင်း Shopping အဝထွက်ချင်သူတွေအတွက် (ဗီယက်နမ် + ကမ္ဘောဒီးယား နှစ်နိုင်ငံခရီးစဉ်)
ဖူးကွတ်ကျွန်းရဲ့ အလှအပတွေကို ခံစားပြီးတာနဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် (Phnom Penh) မြို့ကိုပါ တစ်ဆက်တည်း သွားရောက်လည်ပတ်နိုင်မယ့် နှစ်နိုင်ငံ ခရီးစဉ်လေးပါနော်။ ဖနွမ်းပင်မြို့ရဲ့ နာမည်ကြီး အထင်ကရနေရာတွေကို အနှံ့လည်ပတ်မယ်၊ ပြီးရင်တော့ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် လက်ဆောင်တွေဝယ်ရင်း စိတ်ကြိုက် Shopping အဝထွက်ချင်သူတွေအတွက် လုံးဝလက်လွတ်မခံသင့်တဲ့ အစီအစဉ်လေးပါ။

ကဲ... သင်ကရော ရိုမန်းတစ်ဆန်ဆန် စုံတွဲခရီးစဉ်လား? သူငယ်ချင်းတွေနဲ့ ပွဲကြမ်းမလား? မိသားစုနဲ့ အေးအေးဆေးဆေး အပန်းဖြေမလား? ဒါမှမဟုတ် နိုင်ငံစုံလည်ပြီး Shopping ပဲ ထွက်မလား?

🎉 မကြာခင်ရောက်လာတော့မယ့် သီတင်းကျွတ် ရုံးပိတ်ရက်ရှည်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ Phu Quoc ကျွန်း + ဖနွမ်းပင် ပါဝင်တဲ့ နှစ်နိုင်ငံခရီးစဉ်လေးကို သွားဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ Great Days Travel ကနေ အသက်သာဆုံး ဈေးနှုန်း၊ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ သီတင်းကျွတ် Package လေးတွေ သေချာစီစဉ်ပေးထားပါတယ်။

ခရီးစဉ်ထွက်ခွာမယ့်ရက်လေးကတော့

🗓 Oct 23 - 27
🗓 Nov 20 - 24

💰 USD 975

✈ MAI Airline

🏨 4 Star Hotel
*************************************
ဒီ Post လေးအောက်မှာ အတူတူသွားချင်တဲ့သူကို Mention ခေါ်ပြီး "သွားကြမယ်ဟေ့" လို့ ပူဆာလိုက်တော့နော်! 😉 ခရီးစဉ်နေရာလေးတွေ ပြည့်မြန်တတ်လို့ အသေးစိတ်ကို Page Messenger ကနေ အခုပဲ လာရောက်စုံစမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ✈️🧳

🌴 ဒီနှစ်ထဲမှာ Healing သေချာပေါက်ယူဖို့ လိုနေပြီဆိုတဲ့ မိသားစုနဲ့ ဘော်ဒါတွေအတွက်... 🇵🇭 ဖိလစ်ပိုင် Vibe Check!✈️"ခရီးသွားမ...
07/08/2026

🌴 ဒီနှစ်ထဲမှာ Healing သေချာပေါက်ယူဖို့ လိုနေပြီဆိုတဲ့ မိသားစုနဲ့ ဘော်ဒါတွေအတွက်... 🇵🇭 ဖိလစ်ပိုင် Vibe Check!✈️

"ခရီးသွားမယ်၊ ခရီးသွားမယ်" နဲ့ ပြောနေတာ ကြာပြီမလား? အလုပ်တွေ၊ စာတွေကြားမှာ ပိတ်လှောင်နေရတဲ့ ခံစားချက်ကြီးကို အဝေးဆုံး လွှင့်ပစ်ဖို့ Great Days Travel ကနေ အမိုက်စား Plan လေးတစ်ခု ဆွဲပေးထားတယ်နော်။ 😎

(၇) ရက်တာ အချိန်လေးအတွင်းမှာ ဖိလစ်ပိုင်ရဲ့ နာမည်အကြီးဆုံး နေရာ (၄) ခုကို တစ်ဝကြီး လည်ပတ်ရမယ့် အခွင့်အရေး! 🤩

✨ ဘယ်တွေသွားပြီး ဘာတွေလုပ်ကြမလဲ?
🏙️ Manila City Vibe: မနီလာမြို့ကြီးထဲ လည်ပတ်ပြီး အလန်းစား OOTD တွေ ထုတ်ကြမယ်။ Vibe မိတဲ့နေရာတွေ၊ မြို့ပြအလှတွေနဲ့ အမိုက်စားပုံတွေရိုက်မယ်

🛶 Pagsanjan Adventure: သဘာဝကြီးထဲက ရေတံခွန်ဆီ သစ်လုံးလှေလေးနဲ့ စွန့်စားသွားမယ် (Adrenaline Rush လိုချင်သူတွေအတွက် အကြိုက်ပဲ)

🏖️ Boracay Chilling: ကမ္ဘာကျော် ဘိုရာကေး ကျွန်းရဲ့ သဲဖြူဖြူလေးတွေပေါ် လမ်းလျှောက်ရင်း Sunset ကြည့်မယ်။ Island Hopping လုပ်ရင်း ပင်လယ်ပြာပြာထဲ ရေကူးမယ်။ ညဘက်ဆို ကမ်းခြေမှာ ထိုင်ပြီး ဘော်ဒါတွေနဲ့ သောက်ရင်း ပင်လယ်စာတွေစားရင်း Chill မယ် 🍻

⛪ Cebu Vibes: ဆီဘူးမြို့ရဲ့ အလှတရားတွေကို ခံစားရင်း ဒေသခံတွေရဲ့ နာမည်ကြီး အစားအစာတွေကို မြည်းစမ်းကြမယ်

ခေါင်းရှုပ်ခံပြီး ပလန်တွေ ဆွဲမနေရအောင် လေယာဉ်လက်မှတ်ကစလို့ 4star ဟိုတယ်၊ အစားအသောက်၊ Island Hopping လှေဖိုးနဲ့ ဝင်ကြေးတွေအကုန်လုံးကို Package ထဲမှာ အပြီးအစီး ထည့်ပေးထားပါတယ်။ 🎒

ကဲ... ဘာလိုသေးလဲ? အခုပဲ ကိုယ့်ချစ်ရတဲ့သူတွေနဲ့ ခရီးသွားဖော်တွေကို ဒီ Post အောက်မှာ Tag တွဲလိုက်တော့! ​

​

🇨🇳  ဒဏ္ဍာရီထဲကရှန်ဂရီလာ ယူနန်ခရီးစဥ် 🏔️ကူမင်း - တာ့လီ - လီကျန်း - ရှန်ဂရီလာ 🐉 ပုံပြင်စာအုပ်တွေထဲက အိပ်မက်မဟုတ်တော့ပါဘူး....
24/07/2026

🇨🇳 ဒဏ္ဍာရီထဲကရှန်ဂရီလာ ယူနန်ခရီးစဥ် 🏔️
ကူမင်း - တာ့လီ - လီကျန်း - ရှန်ဂရီလာ

🐉 ပုံပြင်စာအုပ်တွေထဲက အိပ်မက်မဟုတ်တော့ပါဘူး... တိမ်တိုက်တွေအထက်က ဒဏ္ဍာရီလာ နတ်ဘုံနန်းဆီ အတူတူ သွားကြမလား? ☁️✨

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းမြို့တော်တွေ၊ နဂါးတွေ အိပ်စက်နေတယ်လို့ ယုံကြည်ရတဲ့ နှင်းတောင်ကြီးတွေနဲ့ နတ်သမီးတွေ ဖန်ဆင်းထားသလို လှပတဲ့ သဘာဝအလှတရားတွေ...

ဒါတွေဟာ ရုပ်ရှင်တွေ၊ ဒဏ္ဍာရီတွေထဲမှာပဲ ရှိတာမဟုတ်ပါဘူး။ ဒီကမ္ဘာပေါ်က အလှဆုံး လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ (ကူမင်း - တာလီ - လီကျန်း - ရှန်ဂရီလာ) ဆိုတဲ့ နတ်ဘုံနန်းလေးဆီကို Great Days Travel မှ မှော်ဝင်လမ်းပြအဖြစ် ခေါ်ဆောင်သွားပေးပါတော့မယ်။

✨ ဒီဒဏ္ဍာရီခရီးစဉ်ကြီးမှာ ဘယ်လို အံ့ဖွယ်ရာတွေကို ဖြတ်သန်းရမလဲ?

ယူနန်ပြည်နယ်ရဲ့ ရှေးအကျဆုံးမြို့ဖြစ်တဲ့ တာ့လီမြို့မှာ လည်ပတ်မယ့် နေရာတွေအနေနဲ့

💠တာ့လီမြို့ဟောင်း - သက်တမ်း ၁၂၀၀လောက်ရှိတဲ့မြို့တော်ဟောင်းကိုသွားရောက်လည်ပတ်ကြည့်ရှုရမှာဖြစ်ပါတယ် ။

💠တာ့လီ Santorini - ဂရိနိုင်ငံရှိ နာမည်ကျော် Santorini ကျွန်းပုံစံတည်ဆောက်ထားတဲ့ တာ့လီ Santorini ကိုလည်ပတ်ရင်းအမိုက်စားဓါတ်ပုံတွေရိုက်လို့ရမှာဖြစ်ပါတယ် ။

💠Three Pagodas - တာ့လီရဲ့အထိမ်းအမှတ်တစ်ခုဖြစ်တဲ့ ဘုရားသုံးဆူကိုလည်းသွားရောက်ဖူးမြှော်ကြရမှာပါ ။

💠Erhai Lake - စိမ်းလန်းတဲ့တောင်တန်းတွေနဲ့ ဝန်းရံထားတဲ့ ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်ကျယ်ကြီးအဖြစ် နာမည်ကျော်တဲ့ ကန်ကိုလည်းသွားရောက်လည်ပတ်ကြပါမယ် ။

သက်တမ်းနှစ်တစ်ထောင်လောက်ရှိပြီး UNESCO အသိအမှတ်ပြုမြို့ဟောင်းဖြစ်တဲ့ လီကျန်းမှာဆိုရင်တော့
💠Impression Lijiang - ဒေသခံတိုင်းရင်းသူ၊ တိုင်းရင်းသား ၅၀၀ ဖြင့် ရိုးရာယဉ်ကျေးမှုအကများကိုတင်ဆက်ကပြတဲ့ ယွိလုံနှင်းတောင်ခြေက Impression of Lijiang Show သွားရောက်ကြည့်ရှုခံစားမှာဖြစ်ပါတယ် ။

💠Black Dragon Pool Park - ၁၈ရာစု ချင်မင်းဆက်ကတည်ဆောက်ခဲ့တဲ့ ဥယျာဥ်ဖြစ်ပြီး ရှေးဟောင်းအဆောက်အဦးတွေ ရှုခင်းတွေနဲ့လှပနေတဲ့ဥယျာဥ်ကိုလည်းသွားရောက်လည်ပတ်မှာပါ ။

💠Jade Dragon Snow Mountain - တစ်နှစ်ပတ်လုံးနှင်းတွေဖုံးလွှမ်းနေတဲ့ ကျောက်စိမ်းနဂါးတောင်တန်းကိုလဲ Cable Car စီးပြီးသွားရောက်လည်ပတ်ဦးမှာဖြစ်ပါတယ် ။

💠Blue Moon Valley နဲ့ Baishui River - ကျောက်စိမ်းနဂါးတောင်တန်းကနေအရည်ပျော်လာတဲ့ရေခဲတွေကနေစတင်မြစ်ဖျားခံတဲ့ Baishui River နဲ့ Blue Moon Valley ရဲ့အလှကိုလဲသွားရောက်ကြည့်ရှုခံစားဦးမှာပါ ။

ရှန်ဂရီလာကိုရောက်ရင် သွားရောက်လည်ပတ်ကြမယ့်နေရာတွေကတော့
💠Tiger Leaping Gorge - ရှန်ဂရီလာရာဇဝင်မှာထင်ရှားတဲ့ကျားခုန်တောင်ကိုသွားရောက်လည်ပတ်ကြမယ် ။

💠Songzalin Monastery - ၁၇ရာစုကတည်ဆောက်ခဲ့တဲ့ တိဘက်လူမျိုးတို့ရဲ့ နာမည်ကျော်ဘုန်းကြီးကျောင်းကိုသွားရောက်ဖူးမြော်လေ့လာကြရမှာပါ ။

💠Dukezong Ancient City - ရှန်ဂရီလာရဲ့မြို့လည်ခေါင်မှာရှိတဲ့ မြို့တော်ဟောင်းကိုလဲသွားရောက်လေ့လာကြည့်ရှုကြဦးမှာပါ။

ကျည်ဆန်ရထားစီးခြင်း အတွေ့အကြုံကောင်းတွေအပြင် ကူမင်းမြို့ကိုရောက်ရင်လဲ စျေးဝယ်လို့ကောင်းတဲ့နေရာတွေနဲ့ အခြားစိတ်၀င်စားစရာ‌နေရာတွေကိုလည်း သွား‌ရောက်လည်ပတ်ကြဦးမှာဖြစ်ပါတယ်။

ခရီးစဥ်အတွင်း အစားအသောက်များ/ တည်းခိုရာဟိုတယ်များကို ပိုမိုပြည့်စုံကောင်းမွန်စွာစီစဥ်ပေးထားပါသဖြင့် ဧည့်သည်တော်များ ခရီးပင်ပန်းမှုဒဏ်ကို လျော့ချနိုင်မှာလည်းဖြစ်ပါတယ်ရှင်။
*********************************

🗓 ခရီးစဉ်ရက်စွဲ ( 06 - 12 Sep)
( 21 - 27 Oct)
( 18 -24 Nov )

🏨 4 Star Hotel

💲 USD 1,625 (All inclusive)
*********************************
⭐ခရီးစဉ်အတွင်းအပိုကောက်ခံကြေးလုံးဝမပါရှိတာကို ၁၀၀% အာမခံပါတယ်ရှင့်

📢 လူဦးရေ ၄ဦးနှင့်အထက် စာရင်းပေးလိုက်ပါကြမယ့် ဧည့်သည်တော်များအတွက် တစ်ဦးလျှင် USD 25 စီ discount ရရှိနိုင်မှာလဲဖြစ်ပါတယ်ရှင်😘

လည်ပတ်စရာတွေကလည်းစုံစုံလင်လင်🥰 ပျော်ရွှင်စရာအမှတ်တရလေးတွေကို အတူတကွဖန်တီးပေးမယ့် မိသားစုသဖွယ် ဝန်ဆောင်မှုကောင်းတွေနဲ့မို့ အမြန်သာ Booking တင်လိုက်ကြရအောင်လားရှင့် ✍✍
**********************************
📌မိသားစု သီးသန့်နှင့် ကုမ္ပဏီအသင်းအဖွဲ့များအတွက်လည်း သင့်တင့်သောဈေးနှုန်းများဖြင့်အကောင်းဆုံး၀န်ဆောင်မှုပေးလျက်ရှိပါတယ်ရှင့်🥰🥰

ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..☎ 09 770490901, ☎ 09 266532019 တို့ဖြစ်ပါတယ်။

Great Days Travel
အမှတ် ၃၁၂/၃၁၉ ၊ ဒုတိယထပ်၊ ပေါက်စေတီလမ်းသွယ် (၂) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

ကုမ္ပဏီလိုင်စင်အမှတ် - 118551532 /
ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740

" The World is Yours "





🛑 ဒီအချက် (၅) ချက်ထဲက (၃) ချက်လောက် သင့်ဆီမှာ ဖြစ်နေပြီဆိုရင်တော့... ခရီးတစ်ခုထွက်ဖို့ အချိန်တန်နေပါပြီ! 🧳✈️နေ့စဉ်ဘဝရဲ့ ...
22/07/2026

🛑 ဒီအချက် (၅) ချက်ထဲက (၃) ချက်လောက် သင့်ဆီမှာ ဖြစ်နေပြီဆိုရင်တော့... ခရီးတစ်ခုထွက်ဖို့ အချိန်တန်နေပါပြီ! 🧳✈️

နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ ကိုယ့်ကိုယ်ကို အနားပေးဖို့ မေ့နေတတ်ကြတာ သဘာဝပါ။ ဒါပေမယ့် သင့်ခန္ဓာကိုယ်နဲ့ စိတ်ကတော့ "ငါ အနားယူဖို့ လိုနေပြီ" ဆိုတာကို အောက်ပါ လက္ခဏာတွေနဲ့ ပြသနေတတ်ပါတယ်။

ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကိုယ့်ဘေးနားက သူငယ်ချင်းတွေပဲဖြစ်ဖြစ် ဒီအချက်တွေနဲ့ တိုက်ဆိုင်နေပြီလားဆိုတာ ဆန်းစစ်ကြည့်ရအောင်... 👇

🥱 ၁။ မနက်အိပ်ရာထတိုင်း အရမ်းပင်ပန်းနေခြင်း

အိပ်ရေးဝဝအိပ်ထားပေမယ့်လည်း မနက်နိုးလာတဲ့အခါ လန်းဆန်းမနေဘဲ အလုပ်သွားဖို့ ခြေလှမ်းတွေ လေးလံနေပြီဆိုရင် သင့်စိတ်တွေ ပင်ပန်းနေပါပြီ။

📱 ၂။ သူများတွေ ခရီးသွားတဲ့ပုံကြည့်ပြီး သက်ပြင်းချနေမိခြင်း

Facebook ပွတ်ရင်း သူများတွေ ကမ်းခြေသွားတာ၊ တောင်တက်တာ၊ နိုင်ငံခြားသွားလည်တဲ့ ပုံတွေကိုကြည့်ပြီး "ငါလည်း သွားချင်လိုက်တာ" လို့ ခဏခဏ ညည်းတွားနေမိပြီလား?

🤯 ၃။ အသေးအမွှားကိစ္စလေးတွေကအစ ဒေါသထွက်လွယ်နေခြင်း

အရင်က သီးခံနိုင်တဲ့ ကိစ္စလေးတွေဆိုပေမယ့် အခုတလော ဘာမဟုတ်တာလေးနဲ့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်ပြီး စိတ်မရှည်ဖြစ်နေပြီဆိုရင် ဒါဟာ စိတ်ဖိစီးမှု (Stress) တွေ များနေလို့ပါ။

📅 ၄။ ပြက္ခဒိန်ကိုပဲ ခဏခဏ ကြည့်နေမိခြင်း

နောက်လာမယ့် ရုံးပိတ်ရက်ရှည်က ဘယ်တော့လဲ၊ သီတင်းကျွတ်၊ တန်ဆောင်တိုင် ပိတ်ရက်က ဘယ်နှရက်ရမလဲ ဆိုတာကိုပဲ ပြက္ခဒိန်လှန်ပြီး အမြဲ တွက်ချက်နေမိပြီဆိုရင်တော့ သေချာပါတယ်။ သင့်စိတ်တွေက အလုပ်ခွင်ထဲမှာ မရှိတော့ပါဘူး။

☕ ၅။ အိုင်ဒီယာအသစ်တွေ ထွက်မလာတော့ခြင်း

ကော်ဖီတွေ ဘယ်လောက်သောက်သောက်၊ ဘယ်လောက်ပဲ အာရုံစိုက်စိုက် ခေါင်းထဲမှာ ဘာအိုင်ဒီယာမှ ထွက်မလာတော့ဘဲ ဦးနှောက်ကြီး ထုံထိုင်းနေသလို (Burnout) ဖြစ်နေပြီလား?

အပေါ်က အချက်တွေထဲက (၃) ချက်လောက် သင့်ဆီမှာ ဖြစ်ပေါ်နေပြီဆိုရင်တော့ အလုပ်တွေ၊ စာတွေကို ခဏလွှတ်ချပြီး ခရီးထွက်ဖို့ လုံးဝ (လုံးဝ) လိုအပ်နေပါပြီ။ ခရီးသွားခြင်းဟာ ငွေကုန်ကြေးကျများတယ်လို့ ထင်ရပေမယ့် တကယ်တော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု (Best Investment) တစ်ခုပါပဲ။

နေရာအသစ်တွေ၊ လူသစ်တွေ၊ အစားအစာအသစ်တွေနဲ့ ထိတွေ့လိုက်တဲ့အခါ သင့်ရဲ့ စိတ်ဖိစီးမှုတွေအားလုံး လွင့်စင်သွားပြီး အားအင်သစ်တွေ ပြန်လည်ရရှိလာမှာ အသေအချာပါပဲ။

ဘယ်သွားရမလဲ ခေါင်းစားနေစရာမလိုအောင် Great Days Travel ကနေ ပြည်တွင်း/ပြည်ပ အပန်းဖြေခရီးစဉ်ပေါင်းများစွာကို စိတ်အေးချမ်းသာစွာနဲ့ သွားရောက်နိုင်ဖို့ အကောင်းဆုံးအတွေ့အကြုံ ဝန်ဆောင်မှုတွေနဲ့ စီစဉ်ပေးနေပါတယ်နော်။

ကဲ... သင်ကိုယ်တိုင်နဲ့ သင့်သူငယ်ချင်းတွေထဲမှာရောအခုတလော အရမ်းတွေ စိတ်ဖိစီးနေပြီး ခရီးထွက်ဖို့ အရေးတကြီး လိုအပ်နေတဲ့သူ ရှိလား? အောက်မှာ Mention ခေါ်ပြီး "ခရီးသွားဖို့ အချိန်တန်ပြီ" လို့ သတိပေးလိုက်ပါဦး! 😉👇







⛱️ဘာလီရဲ့အလှတရားများကို ရှာဖွေဖို့Great Days Travel နဲ့ခရီးသွားစို့ 😍 ဝဿာန်ချိန်ခါမှာ လည်ပတ်လို့အကောင်းဆုံး နဲ့ အတန်ဆုံး...
06/07/2026

⛱️ဘာလီရဲ့အလှတရားများကို ရှာဖွေဖို့
Great Days Travel နဲ့ခရီးသွားစို့

😍 ဝဿာန်ချိန်ခါမှာ လည်ပတ်လို့အကောင်းဆုံး နဲ့ အတန်ဆုံး Bali ခရီးစဉ် 🏖️⛱️

တချို့တွေပြောနေကျတဲ့..
မိုးတွင်းကြီးခရီးလဲသွားချင်တယ် ဘယ်သွားရမှန်းမသိဘူးဖြစ်နေတယ်..🤔
သူငယ်ချင်းတွေစုပြီး ခရီးထွက်ကြမယ်လို့ကြံစည်လိုက် လူစုမရလို့ မသွားဖြစ်လိုက်နဲ့မို့ စိတ်ညစ်ပါတယ်..

ဒီလိုတွေကြုံတွေ့နေရတဲ့ ဧည့်သည်တော်များအတွက် အလိုက်ဖက်ဆုံးခရီးစဉ်လေးကတော့ နတ်ဘုရားတို့ရဲ့နိဗ္ဗာန်ဘုံလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ဘာလီခရီးစဉ်လေးပါပဲ။ 🤩

လူဦးရေအနည်းဆုံး၂ယောက်မှစပြီး သွားရောက်လည်ပတ်နိုင်တဲ့အပြင် ကြိုက်တဲ့ရက်ကိုရွေးချယ် သွားလည်နိုင်မှာမလို့ မုချသွားဖြစ်ကြမှာ အသေအချာပါပဲ။

ဘယ်လိုလူတွေသွားလည်သင့်သလဲ❓
Night Life ကိုရင်ခုန်တဲ့လူငယ်တွေ ၊ ကြင်စဦးဇနီးမောင်နှံတွေ ၊ မိသားစုသီးသန့် အေးအေးဆေးဆေး အပန်းဖြေအနားယူချင်သူတွေ

ဘာကြောင့်သွားလည်သင့်သလဲ❓
လက်ရှိဘာလီရဲ့ရာသီဥတုက မိုးလေကင်းလွတ်တဲ့ Dry Season ဖြစ်ပြီး အရှေ့တောင်အာရှရဲ့ အလှဆုံးကမ်းခြေ ဖြစ်တာနဲ့အညီ ခရီးသွားတွေအကြား ပေါ်ပြူလာအဖြစ်ဆုံးနဲ့ ဓါတ်ပုံလှလှလေးတွေ collection ကောင်းကောင်းရနိုင်မယ့် Instagram spot တွေ အများကြီးနဲ့မို့ပါ

ဘယ်လို၀န်ဆောင်မှုတွေပါမလဲ❔
🏨 4-star Hotels တွင်၄ညတာတည်းခိုခွင့် (Bar,Club တွေရှိရာ အစည်ကားဆုံး နာမည်ကျော် Kuta Area)

🥢 ခရီးစဉ်တလျှောက် အရသာရှိတဲ့ စား‌သောက်ဆိုင်ကြီးတွေမှာ set menu / buffet အစုံအလင်နဲ့ မနက် ၊ နေ့လည် ၊ ညစာများ

🏖ဖော်ပြထားရှိသော လည်ပတ်စရာ ၀င်ကြေးများအားလုံး

🚘ခရီးစဉ်တလျှောက် Private Car နှင့် Local English Speaking Guide

❌ဘယ်လို၀န်ဆောင်မှုတွေမပါလဲ?
✈လေယာဉ်လက်မှတ်ခ
🤵တိုးလီဒါ၀န်ဆောင်မှု
💸Guide Tipping ခများ

💎သွားရောက်လည်ပတ်မယ့်နေရာလေးတွေကတော့💎
❤️ ချောက်ကမ်းပါးမှာ အသည်းတယားယားစီးရမယ့် ဒန်းလေး Bali Swing နဲ့ ချစ်စဖွယ် Bird Nest

❤️ လက်မှုပစ္စည်းများပြုလုပ်ရာတွင် နာမည်ကြီးသော Ubud Village

❤️ အရမ်းလှတဲ့ ရေလှိုင်းအကြီးကြီးတွေပုတ်တဲ့ Nusa Dua Water Blow ကျောက်ဆောင် View Point

❤️ ဟိန္ဒူနတ်ဘုရားက ဂဠုန်ငှက်ကိုစီးနေသည့်ဟန် ထုလုပ်ထားသော ကမ္ဘာ့အကြီးဆုံးကြေးရုပ်ထုရှိရာ GWK Park

❤️ ရေချိုး၍ဆုတောင်းလျှင် အသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းဝေးသည်ဟု ယုံကြည်ကြသော Tirta Empul Temple (Tampaksiring) Holy Spring

❤️ ပင်လယ်နတ်ဘုရားကိုပူဇော်ရာ Tanah Lot ဘုရားကျောင်း

❤️ ပင်လယ်‌ရေမျက်နှာပြင်အထက်မီတာ ၁၀၀ခန့်ရှိသည့်တောင်အငူပေါ်တွင်တည်ရှိသော Uluwatu ဘုရားကျောင်း

❤️ Water Sport ကစားနည်းမျိုးစုံ ကစားနိုင်မယ့် အရမ်းလှတဲ့ Tanjung Benoa Beach

❤️ Batur မီးတောင်အလှကို ကြည့်ရှုခံစားရင်းသုံးဆောင်မည့် နေ့လည်စာဘူဖေး

❤️ နာမည်ကျော် Jimbaran ကမ်းခြေတွင်သုံးဆောင်မည့် အရသာရှိလှသော Seafood BBQ ညစာ

❤️ အရမ်းလှတဲ့ penida island ကို speed boat နှင့်သွားပြီး အနီးနားမှာရှိတဲ့ကမ်း‌ခြေတွေကိုလည်ပတ်မယ်

❤️ နတ်သမီးတွေ ရေလာချိုးတဲ့နေရာလို့ ဒေသခံတွေက တင်စားခေါ်ဝေါ်ကြတဲ့ Infinity Pool သဖွယ်တည်ရှိ‌သော Angle Billabong

❤️ ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနေရာထဲက တစ်ခုဖြစ်ပြီးရှု့ခင်းအရမ်းလှတဲ့ Broken Beach နှင့် Instagram တွင်ကျော်ကြားသောနေရာ Kelingking Beach

❤️ ဘာလီမြို့ရှိအကြီးဆုံး Discovery Mall တွင်စျေးဝယ်ခြင်း

❤️ နာမည်ကျော် ကြောင်ကတိုးကော်ဖီ ထုတ်လုပ်တဲ့နေရာမှာ ကော်ဖီနဲ့လက်ဖက်ရည်အရသာမျိုးစုံကို မြည်းစမ်းပြီး စိတ်ကြိုက်၀ယ်ယူမယ်

❤️ဒါ့အပြင် လက်ရာကောင်းသလို စျေးလဲအရမ်းသက်သာတဲ့ နာမည်ကျော် အင်ဒိုနီးရှားပါတိတ်နဲ့ဒေသထွက် အမှတ်တရလက်ဆောင်ပစ္စည်းတွေ၀ယ်မယ်

တကယ်လို့ ၄ညထဲနဲ့အားမရဖူးဆိုရင်လဲ လူကြီးမင်းတို့စိတ်ကြိုက် သွားချင်တဲ့ရက် သွားချင်တဲ့ ခရီးစဥ်ပုံစံလေးကိုလည်း customize စီစဉ်ပေးပါတယ်ရှင့် 🥰🥰

ဘ၀ရဲ့ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ဖန်တီးကြဖို့ Great Days Travel ကိုအခုပဲဖုန်းဆက်စုံစမ်းလိုက်တော့နော် 🤗🤗

ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..☎ 09-266532019 ,
☎ 09 - 777336100 တို့ဖြစ်ပါတယ်

Great Days Travel
🏢🏢 အမှတ် 312/319 ၊ ဒုတိယထပ် ၊
ပေါက်စေတီလမ်းသွယ် 2 ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။ 🏢🏢


📌Updated News of Japan Visit Visa Fees💸ဂျပန်နိုင်ငံကို အလည်အပတ်သွားရောက်ဖို့စီစဉ်ကြမယ့်  ခရီးသွားများအတွက် ဂျပန်သံရုံးကအ...
30/06/2026

📌Updated News of Japan Visit Visa Fees💸

ဂျပန်နိုင်ငံကို အလည်အပတ်သွားရောက်ဖို့စီစဉ်ကြမယ့် ခရီးသွားများအတွက် ဂျပန်သံရုံးကအသစ်ထုတ်ပြန်လိုက်တဲ့ သတင်းအသစ်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်ရှင်။

ကမ္ဘာလုံးဆိုင်ရာငွေကြေးဖောင်းပွမှုများနဲ့ မြင့်တက်လာတဲ့ကုန်စျေးနှုန်းများကြောင့် Visa ကြေးကိုယခင်စျေးနှုန်းထက် ၅ဆ တိုးမြှင့်ဖို့ဆုံးဖြတ်လိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးကဆိုထားပါတယ်။ ဒီလိုမြှင့်တင်လိုက်ရလို့လဲ လာရောက်လည်ပတ်မယ့် နိုင်ငံခြားသားဦးရေကို သိသိသာသာ ထိခိုက်သွားဖွယ်တော့ မရှိနိုင်ဘူးလို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

ဒါ့အပြင် ခရီးတထောက်နားပြည်ဝင်ခွင့်ဗီဇာ (Transit Visa) ကိုလဲ ရပ်ဆိုင်းလိုက်ပြီး အလည်အပတ်ဗီဇာ (Visit Visa) များဖြင့်သာအစားထိုးလျှောက်ထားကြရမှာပါ။

ဒါကြောင့်မလို့ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကစတင်ပြီး Visit Visa ကြေးကို အောက်ပါအတိုင်းပေးဆောင်ကြရမှာပဲဖြစ်ပါတယ်။

📍 Single Visa - ၂၁၁,၃၀၀ကျပ် ( ယခင် ယန်း ၃,၀၀၀ မှ ၁၅,၀၀၀ )

📍 Multiple Visa - ၄၂၂,၅၀၀ကျပ် ( ယခင် ယန်း ၆,၀၀၀ မှ ၃၀,၀၀၀ )




ဘောလုံးဝါသနာရှင် ကံထူးရှင်လောင်းများအားလုံးပဲ မင်္ဂလာရှိသောညနေခင်းလေးပါရှင်🙏ဒီနေ့မှာတော့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေ ပြီးဆ...
28/06/2026

ဘောလုံးဝါသနာရှင် ကံထူးရှင်လောင်းများအားလုံးပဲ မင်္ဂလာရှိသောညနေခင်းလေးပါရှင်🙏

ဒီနေ့မှာတော့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားပြီဖြစ်သလို Great Days Travel ရဲ့ “Guess&Win!!” ခန့်မှန်းအစီအစဉ်လေးဟာလည်း ဒီည၁၂နာရီတိတိမှာ ပိတ်သိမ်းမှာပဲဖြစ်ပါတယ်ရှင်။😊

တချို့သောဝင်ရောက်ဆင်နွှဲသူများအနေဖြင့် သတ်မှတ်ထားတဲ့စည်းမျဉ်း “၂ရပ်”လေးအတိုင်း လိုက်နာဖြေကြားဖို့ရာလည်း အကြံပြုလိုပါတယ်ရှင်။ (အရမ်းကိုလွယ်ကူပါတယ်နော်😉)

အားလုံးပဲ ကိုယ်အားပေးတဲ့အသင်းတွေဖလားရပြီး ခန့်မှန်းပြိုင်ပွဲရဲ့ Winner ဖြစ်ကြပါစေရှင့်🙏🎉🎈

Guess&Win!! (ခန့်မှန်းရင်းဆင်နွှဲကြမယ်)

Great Days Travel ရဲ့ချစ်ဧည့်သည်တော်ဘောလုံးဝါသနာအိုးတွေအတွက် ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ ခန့်မှန်းပြိုင်ပွဲကြီးကို စတင်လိုက်ပါပြီ။🎉🎊🏆

ကိုယ်နှစ်သက်တဲ့ဘယ်အသင်းကိုအားပေးပြီး ဘယ်အသင်းကိုရစေချင်ကြလဲ?😊

အောက်ကမေးခွန်းလေးတွေကိုမှန်အောင်ဖြေဆိုပြီး သတ်မှတ်ထားတဲ့စည်းကမ်းလေးတွေနဲ့အတူ ဝင်ရောက်ကံစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🤝

ခန့်မှန်းရမည့် မေးခွန်း (၃) ခု 👇

(၁) ဘယ်အသင်းက ဗိုလ်စွဲမလဲ?

(၂) ပြိုင်ပွဲမှာ ဒုတိယရမယ့်အသင်းက ဘယ်အသင်းဖြစ်မလဲ?

(၃) ပြိုင်ပွဲတလျှောက် ဂိုးအများဆုံးသွင်းသူအမည်?

ပါဝင်ရမည့် စည်းကမ်းချက်များ 👇

✅၁။ Great Days Travel 𝐏𝐚𝐠𝐞 နဲ့ 𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥 တို့ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားရပါမည်။

👉 (𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 - https://www.tiktok.com/.days.travel)

✅၂။ ယခု 𝐏𝐨𝐬𝐭 ကို မိမိ 𝐖𝐚𝐥𝐥 တွင် 𝐏𝐮𝐛𝐥𝐢𝐜 ဖြင့် 𝐒𝐡𝐚𝐫𝐞 ပြီး အဖြေမှန် (၃) ချက်လုံးကို ရေးသားကာ၊ ထို 𝐒𝐡𝐚𝐫𝐞 ထားသည့် 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ကို ယခု 𝐏𝐨𝐬𝐭 အောက်က 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မန့်ပေးရပါမည်။

ခန့်မှန်းချက်များကို ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များပြီးဆုံးမည့် ဇွန်လ (၂၈) ရက်နေ့အထိသာ လက်ခံမည် ဖြစ်ပါသည်။
(𝐄𝐝𝐢𝐭 လုပ်ထားသော 𝐂𝐨𝐦𝐦𝐞𝐧𝐭 များကို ထည့်သွင်းတွက်ချက်သွားမည်မဟုတ်ပါ)❌

🥇🏆အမှတ်တရဆုနှင့် ရွေးချယ်မှုပုံစံ 👇

မေးခွန်း (၃) ချက်လုံး မှန်ကန်စွာဖြေဆိုနိုင်သူများအတွက် Pan Pacific Hotel (International 5*) ကြီးမှာ မိမိချစ်ရတဲ့သူနဲ့ အတူ တညတာအိပ်စက် အနားယူခွင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်

🥇 အဖြေမှန်သူ (၁) ယောက်ထပ်ပိုပါက အစောဆုံးအဖြေခန့်မှန်းနိုင်သူကို ရွေးချယ်မှာဖြစ်ပါတယ်

⚠️ အငြင်းပွားစရာ တစ်စုံတစ်ခုရှိလာပါက Great Days Travel မှ တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။ ⚠️





🇨🇳တရုတ်ပြည်  ဘယ်နေရာက သင်နဲ့ အလိုက်ဖက်ဆုံးလဲ ❓တရုတ်ပြည်ဆိုတာ ကမ္ဘာပေါ်က အကျယ်ဝန်းဆုံးနဲ့ ခရီးသွားဆွဲဆောင်မှု အများဆုံးနိ...
20/06/2026

🇨🇳တရုတ်ပြည် ဘယ်နေရာက သင်နဲ့ အလိုက်ဖက်ဆုံးလဲ ❓

တရုတ်ပြည်ဆိုတာ ကမ္ဘာပေါ်က အကျယ်ဝန်းဆုံးနဲ့ ခရီးသွားဆွဲဆောင်မှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံပါ။သမိုင်းဝင်မြို့ကြီးတွေ၊ သဘာဝရှုခင်းအလှတွေ၊ ခေတ်မီမြို့ပြတွေကို တစ်နိုင်ငံတည်းမှာ တွေ့နိုင်တာကြောင့် "တရုတ်ပြည်ကို တစ်ခေါက်တည်းနဲ့ လည်ပတ်လို့မလုံလောက်ဘူး" လို့တောင် ပြောကြပါတယ်။

လက်ရှိ မြန်မာခရီးသွားတွေကြား ရေပန်းစားလူကြိုက်များနေတဲ့ ခရီးစဥ် (၃) ခုကတော့

🌸 ဘေဂျင်း - ရှန်ဟိုင်း ခရီးစဥ်
🌸 ယူနန်ခရီးစဥ် နဲ့
🌸 ချုံကျင်း ခရီးစဥ်တွေပဲဖြစ်ပါတယ် ။

🏯 ဘေဂျင်း - ရှန်ဟိုင်း ခရီးစဥ် ဟာဆိုရင် တရုတ်နိုင်ငံရဲ့ အတိတ်နဲ့ အနာဂတ်ကို တစ်ခရီးတည်းမှာ မြင်တွေ့နိုင်တဲ့ ခရီးစဉ်ပါ။ ဘေဂျင်းမှာတော့ ကမ္ဘာကျော် Great Wall၊ Forbidden City နဲ့ သမိုင်းဝင်အမွေအနှစ်တွေကို လေ့လာနိုင်ပြီး၊ ရှန်ဟိုင်းမှာတော့ ခေတ်မီမိုးမျှော်တိုက်ကြီးတွေ၊ The Bund ရဲ့ ညရှုခင်းအလှတွေကို ခံစားနိုင်ပါတယ်။တရုတ်နိုင်ငံရဲ့ အစဉ်အလာနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို တစ်ပြိုင်နက်တည်း မြင်ချင်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။

🌸 ယူနန်ခရီးစဥ်ကအေးချမ်းတဲ့ သဘာဝအလှတွေနဲ့ စိတ်ကို အနားယူစေမယ့် ခရီးစဉ်လေးဖြစ်ပြီး
Kunming ရဲ့ သာယာတဲ့ရာသီဥတု၊ Lijiang ရဲ့ ရှေးဟောင်းမြို့လေး၊ Shangri-La ရဲ့ နတ်ဘုံဆန်တဲ့ ရှုခင်းတွေက သဘာဝချစ်သူတိုင်းကို ဖမ်းစားနိုင်ပါတယ်။လူတွေနဲ့ ဝေးဝေးမှာ အေးအေးချမ်းချမ်း အနားယူချင်သူတွေ၊ ဓာတ်ပုံလှလှရိုက်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

🌇 ချုံကျင်း ခရီးစဥ် ကတော့ Social Media ပေါ်မှာ Viral ဖြစ်နေတဲ့ "Cyber City" ကို ကိုယ်တိုင်သွားရောက်ခံစားမယ့် ခရီးစဉ်ပဲဖြစ်ပါတယ်။
တောင်ပေါ်မြို့ရဲ့ ထူးခြားတဲ့ ဗိသုကာလက်ရာတွေ၊ အဆောက်အဦးထဲ ဖြတ်သွားတဲ့ ရထားလိုင်းတွေ၊ ညဘက် မီးရောင်စုံတွေနဲ့ တောက်ပနေတဲ့ မြို့ပြရှုခင်းတွေက အံ့အားသင့်စေမှာပါ။
ခေတ်မီမြို့ပြအတွေ့အကြုံ၊ ဓာတ်ပုံလှလှနဲ့ Video Content ကောင်းကောင်း ရိုက်ချင်သူတွေအတွက် မဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခုပါ။

သင်ကရောဘယ်လို ခရီးသွားမျိုးပါလဲ ?

သမိုင်း၊ ယဉ်ကျေးမှု၊ ကမ္ဘာကျော်အမွေအနှစ်တွေ စိတ်ဝင်စားတဲ့သူဆိုရင် ဘေဂျင်း - ရှန်ဟိုင်း ကိုရွေးချယ်သင့်ပြီး
သဘာဝအလှ၊ အေးချမ်းမှုနဲ့ အပန်းဖြေခရီးစဉ်ကို ကြိုက်တယ်ဆိုရင်တော့ယူနန် ကိုသွားရောက်လည်ပတ်သင့်ပါတယ်။
ခေတ်မီမြို့ပြ နဲ့ ဓာတ်ပုံလှလှရိုက်ရတာ ကြိုက်တဲ့ သူတွေကတော့ ချုံကျင်း ကိုသွားရောက်လည်ပတ်သင့်တယ်လို့ အကြံပြုချင်ပါတယ် ။

ဒီ ခရီးစဉ် ( ၃ )ခု ထဲက တစ်ခုကို ရွေးချယ်ရမယ်ဆိုရင် သင်ကော ဘယ်ခရီးစဉ်ကို ရွေးမလဲ ❓
Comment မှာ "ဘေဂျင်း - ရှန်ဟိုင်း" "ယူနန်" သို့မဟုတ် "ချုံကျင်း" လို့ ကိုယ်သွားချင်တဲ့ခရီးစဥ်လေးကိုရေးခဲ့ပေးပါဦးနော် 🥰



***ng


Guess&Win!! (ခန့်မှန်းရင်းဆင်နွှဲကြမယ်)Great Days Travel ရဲ့ချစ်ဧည့်သည်တော်ဘောလုံးဝါသနာအိုးတွေအတွက် ၂၀၂၆ ကမ္ဘာ့ဖလားချန်ပ...
11/06/2026

Guess&Win!! (ခန့်မှန်းရင်းဆင်နွှဲကြမယ်)

Great Days Travel ရဲ့ချစ်ဧည့်သည်တော်ဘောလုံးဝါသနာအိုးတွေအတွက် ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ ခန့်မှန်းပြိုင်ပွဲကြီးကို စတင်လိုက်ပါပြီ။🎉🎊🏆

ကိုယ်နှစ်သက်တဲ့ဘယ်အသင်းကိုအားပေးပြီး ဘယ်အသင်းကိုရစေချင်ကြလဲ?😊

အောက်ကမေးခွန်းလေးတွေကိုမှန်အောင်ဖြေဆိုပြီး သတ်မှတ်ထားတဲ့စည်းကမ်းလေးတွေနဲ့အတူ ဝင်ရောက်ကံစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🤝

ခန့်မှန်းရမည့် မေးခွန်း (၃) ခု 👇

(၁) ဘယ်အသင်းက ဗိုလ်စွဲမလဲ?

(၂) ပြိုင်ပွဲမှာ ဒုတိယရမယ့်အသင်းက ဘယ်အသင်းဖြစ်မလဲ?

(၃) ပြိုင်ပွဲတလျှောက် ဂိုးအများဆုံးသွင်းသူအမည်?

ပါဝင်ရမည့် စည်းကမ်းချက်များ 👇

✅၁။ Great Days Travel 𝐏𝐚𝐠𝐞 နဲ့ 𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥 တို့ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားရပါမည်။

👉 (𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 - https://www.tiktok.com/.days.travel)

✅၂။ ယခု 𝐏𝐨𝐬𝐭 ကို မိမိ 𝐖𝐚𝐥𝐥 တွင် 𝐏𝐮𝐛𝐥𝐢𝐜 ဖြင့် 𝐒𝐡𝐚𝐫𝐞 ပြီး အဖြေမှန် (၃) ချက်လုံးကို ရေးသားကာ၊ ထို 𝐒𝐡𝐚𝐫𝐞 ထားသည့် 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ကို ယခု 𝐏𝐨𝐬𝐭 အောက်က 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မန့်ပေးရပါမည်။

ခန့်မှန်းချက်များကို ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များပြီးဆုံးမည့် ဇွန်လ (၂၈) ရက်နေ့အထိသာ လက်ခံမည် ဖြစ်ပါသည်။
(𝐄𝐝𝐢𝐭 လုပ်ထားသော 𝐂𝐨𝐦𝐦𝐞𝐧𝐭 များကို ထည့်သွင်းတွက်ချက်သွားမည်မဟုတ်ပါ)❌

🥇🏆အမှတ်တရဆုနှင့် ရွေးချယ်မှုပုံစံ 👇

မေးခွန်း (၃) ချက်လုံး မှန်ကန်စွာဖြေဆိုနိုင်သူများအတွက် Pan Pacific Hotel (International 5*) ကြီးမှာ မိမိချစ်ရတဲ့သူနဲ့ အတူ တညတာအိပ်စက် အနားယူခွင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်

🥇 အဖြေမှန်သူ (၁) ယောက်ထပ်ပိုပါက အစောဆုံးအဖြေခန့်မှန်းနိုင်သူကို ရွေးချယ်မှာဖြစ်ပါတယ်

⚠️ အငြင်းပွားစရာ တစ်စုံတစ်ခုရှိလာပါက Great Days Travel မှ တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။ ⚠️





Address

Great Days Travels, 93 Baho Road
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Great Days Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Great Days Travel:

Shortcuts

Share