Hub Zone Travels

Hub Zone Travels Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hub Zone Travels, Mayangone Township, Yangon.

17/04/2024
လှလိုက်တဲ့ ပုဂံက ဓါတ်ပုံလေး 💌
10/04/2024

လှလိုက်တဲ့ ပုဂံက ဓါတ်ပုံလေး 💌

19/10/2021

✅မြန်မာနိုင်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။

✅အလည်passport မှ အလည် Visa နှင့်သွားလို့ရပါမယ် ။

✅ကျန်passport ဆို သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုအပ်ပါလိမ့်မယ်။

✅နိုင်ငံကူးလက် မှတ်ကအမျိုးအစား (၉ )မျိုးပါ

1. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေး

2. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေး

3. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေး

4. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေး

5. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

6. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေး

7. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေး

8. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

9. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

👉အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

1- အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

2- အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

3- အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

4-ပန်းရောင်
ယာယီနိုင်ငံကူးလက် မှတ်...

"နိုင်ငံကူးလက် မှတ် Passport အတိုသင်္ကေတ

PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မှီခိုပတ်စ်ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

👉 PD ပတ်စပို့သည် အပြာရောင်၊
👉PO ပတ်စပို့မှာ အစိမ်းရောင်ပါ။

မူရင်းရေးသားသူအား Credit ပေးပါတယ်ခင်ဗျာ

Credit photo

20/04/2021

ရှယ်ခွင့်ပေးပါဆရားးမြန်မာနိုင်ငံအတွင်းရှိ မြို့များနှင့် မိုင်အကွာအဝေးများ

#နေပြည်တော် _ ရန်ကုန် ၂၀၀ မိုင်
နေပြည်တော် _ မကွေး ၁၆၀ မိုင်
နေပြည်တော် _ မန္တလေး ၁၈၀ မိုင်
နေပြည်တော် _ ညောင်ဦး ၁၈၃ မိုင်
နေပြည်တော် _ တောင်ကြီး ၁၇၄ မိုင်
နေပြည်တော် _ မုံရွာ ၂၆၀ မိုင်
နေပြည်တော် _ တောင်ငူ ၇၅ မိုင်
နေပြည်တော် _ လွိုင်ကော် ၂၅၀ မိုင်
နေပြည်တော် _ ပြည် ၁၅၀ မိုင်
#ရန်ကုန် _ ဒိုက်ဦး ၈၆ မိုင်
ရန်ကုန် _ ညောင်လေးပင် ၉၈ မိုင်
ရန်ကုန် _ ဖဒို ၁၁၅ မိုင်
ရန်ကုန် _ မဒေါက် ၁၁၀ မိုင်
ရန်ကုန် _ ရွှေကျင် ၁၁၄ မိုင်
ရန်ကုန် _ ပဲနွယ်ကုန်း ၁၂၂ မိုင်
ရန်ကုန် _ ဖြူး ၁၄၂ မိုင်
ရန်ကုန် _ ဇေယျ၀တီ ၁၄၄ မိုင်
ရန်ကုန် _ တောင်ငူ ၁၇၅ မိုင်
ရန်ကုန် _ ရေတာရှည် ၁၉၂ မိုင်
ရန်ကုန် _ ဆွာ ၂၀၁ မိုင်
ရန်ကုန် _ နေပြည်တော်(လမ်းသစ်) ၂၄၀ မိုင်
ရန်ကုန် _ နေပြည်တော်(လမ်းဟောင်း) ၂၅၀ မိုင်
ရန်ကုန် _ ပျော်ဘွယ် ၃၁၂ မိုင်
ရန်ကုန် _ မိတ္ထီလာ ၃၃၈ မိုင်
ရန်ကုန် _ တောင်သာ ၃၈၁ မိုင်
ရန်ကုန် _ မြင်းခြံ ၃၉၆ မိုင်
ရန်ကုန် _ စစ်ကိုင်း ၄၂၅ မိုင်
ရန်ကုန် _ မန္တလေး ၄၃၀ မိုင်
ရန်ကုန် _ မုံရွာ ၄၉၅/၅၁၇ မိုင်
ရန်ကုန် _ ပြင်ဦးလွင် ၄၇၂ မိုင်
ရန်ကုန် _ ရွှေဘို ၅၀၀ မိုင်
ရန်ကုန် _ တန့်ဆည် ၅၆၀ မိုင်
ရန်ကုန် _ လားရှိုး ၆၀၅ မိုင်
ရန်ကုန် _ တောင်ကြီး ၄၂၄ မိုင်
ရန်ကုန် _ လွိုင်ကော် ၃၇၇ မိုင်
ရန်ကုန် _ ရမ်းဗြဲကျွန်း ၄၀၀ မိုင်
ရန်ကုန် _ တမူး ၇၂၅ မိုင်
ရန်ကုန် _ မြစ်ကြီးနား ၉၁၉ မိုင်
#ရန်ကုန် _ လက်ပံတန်း ၈၅ မိုင်
ရန်ကုန် _ ပြည် ၁၇၉ မိုင်
ရန်ကုန် _ ပေါက်ခေါင်း ၂၀၃ မိုင်
ရန်ကုန် _ အောင်လံ ၂၂၃ မိုင်
ရန်ကုန် _ ကြံခင်း ၂၄၅ မိုင်
ရန်ကုန် _ မြန်အောင် ၂၅၀ မိုင်
ရန်ကုန် _တောင်တွင်းကြီး ၂၈၀ မိုင်
ရန်ကုန် _ မကွေး ၃၃၁ မိုင်
ရန်ကုန် _ မင်းဘူး ၃၃၂ မိုင်
ရန်ကုန် _ အထက်မင်းလှ ၃၅၀ မိုင်
ရန်ကုန် _ ရေနံချောင်းဆင်ဖြူကျွန်း ၃၆၃ မိုင်
ရန်ကုန် _ ကျောက်ပန်းတောင်း ၃၉၇ မိုင်
ရန်ကုန် _ ချောက် ၄၀၈ မိုင်
ရန်ကုန် _ ပုဂံ-ညောင်ဦး ၄၃၁ မိုင်
ရန်ကုန် _ ပခုက္ကူ ၄၄၅ မိုင်
ရန်ကုန် _ မြင်းခြံ ၄၅၆ မိုင်
ရန်ကုန် _ နွားထိုးကြီး ၄၇၆ မိုင်
ရန်ကုန် _ တောင်ကုတ် ၂၇၉ မိုင်
ရန်ကုန် _ သံတွဲ ၃၂၃ မိုင်
ရန်ကုန် _ ကျောက်ဖြူ ၄၀၀ မိုင်
ရန်ကုန် _ စစ်တွေ ၆၃၄ မိုင်
#ရန်ကုန် _ မအူပင် ၅၁ မိုင်
ရန်ကုန် _ အိမ်မဲ ၇၅ မိုင်
ရန်ကုန် _ မြောင်းမြ ၁၀၂ မိုင်
ရန်ကုန် _ လပွတ္တာ ၁၅၀ မိုင်
ရန်ကုန် _ ဂွ ၁၄၆ မိုင်
ရန်ကုန် _ ဆပ်သွား ၁၈၂ မိုင်
ရန်ကုန် _ ရေကြည် ၉၀ မိုင်
ရန်ကုန် _ ငသိုင်းချောင်း ၉၃ မိုင်
ရန်ကုန် _ ဟင်္သာတ ၉၆ မိုင်
ရန်ကုန် _ ထူးကြီး ၁၃၃ မိုင်
ရန်ကုန် _ ပုသိမ် ၁၁၅ မိုင်
ရန်ကုန် _ ချောင်းသာ ၁၅၀ မိုင်
ရန်ကုန် _ ငွေဆောင် ၁၄၅ မိုင်
ရန်ကုန် _ ဖျာပုံ ၆၀/၈၅ မိုင်
ရန်ကုန် _ ဘိုကလေး ၈၅/၁၀၅ မိုင်
ရန်ကုန် _ ညောင်တုန်း ၃၅ မိုင်
ရန်ကုန် _ ကျောင်းကုန်း ၇၄ မိုင်
ရန်ကုန် _ ဇလွန် ၈၇ မိုင်
ရန်ကုန် _ ကျိုက်လတ် ၇၄ မိုင်
ရန်ကုန် _ ဝါးခယ်မ ၉၃ မိုင်
ရန်ကုန် _ ကျုံပျော် ၉၆ မိုင်
ရန်ကုန် _ ရွှေလောင်း ၇၈ မိုင်
ရန်ကုန် _ ရုံးဒေါင့် ၈၀ မိုင်
ရန်ကုန် _ ကျိုက်ပိ ၈၅ မိုင်
ရန်ကုန် _ လေးမျက်နှာ ၁၁၀ မိုင်
ရန်ကုန် _ သာပေါင်း ၁၄၂ မိုင်
#ရန်ကုန် _ ကျိုက်ထို ၁၁၀ မိုင်
ရန်ကုန် _ ကျိုက်ထီးရိုး ၁၁၉ မိုင်
ရန်ကုန် _ တောင်စွန်း ၁၂၀ မိုင်
ရန်ကုန် _ ဘီးလင်း ၁၂၈ မိုင်
ရန်ကုန် _ သထုံ ၁၅၂ မိုင်
ရန်ကုန် _ မုတ္တမ ၁၉၀ မိုင်
ရန်ကုန် _ မော်လမြိုင် ၁၉၄ မိုင်
ရန်ကုန် _ မုဒုံ ၂၀၈ မိုင်
ရန်ကုန် _ သံဖြူဇရပ် ၂၃၀ မိုင်
ရန်ကုန် _ ကျိုက္ခမီ ၂၄၅ မိုင်
ရန်ကုန် _ ဘားအံ ၁၈၀ မိုင်
ရန်ကုန် _ သာမည ၂၀၀ မိုင်
ရန်ကုန် _ ကော့ကရိတ် ၂၃၅ မိုင်
ရန်ကုန် _ မြ၀တီ ၂၇၉ မိုင်
ရန်ကုန် _ ရေး ၂၈၇ မိုင်
ရန်ကုန် _ ထား၀ယ် ၃၉၇ မိုင်
ရန်ကုန် _ မြိတ် ၅၅၀ မိုင်
ရန်ကုန် _ ကော့သောင်း ၇၄၅ မိုင်
#မန္တလေး _ တောင်ကြီး ၁၃၈/၂၀၄ မိုင်
မန္တလေး _ လားရှိုး ၁၇၅ မိုင်
မန္တလေး _ မူဆယ် ၂၈၈ မိုင်
မန္တလေး _ မိုးကုတ် ၁၁၅ မိုင်
မန္တလေး _ မင်းလှ ၂၅၀ မိုင်
မန္တလေး _ ပြည် ၃၇၃ မိုင်
မန္တလေး _ တောင်ငူ ၂၅၅ မိုင်
မန္တလေး _ ကျောက်ပန်းတောင်း ၁၅၅ မိုင်
မန္တလေး _ မိတ္ထီလာ ၉၆ မိုင်
မန္တလေး _ ပြင်ဦးလွင် ၄၂ မိုင်
မန္တလေး _ ရွှေဘို ၇၀ မိုင်
မန္တလေး _ ရေဦး ၉၅ မိုင်
မန္တလေး _ တန့်ဆည် ၁၁၀ မိုင်
မန္တလေး _ တမူး ၂၉၅ မိုင်
မန္တလေး _ ပုလဲ ၁၁၀ မိုင်
မန္တလေး _ စဉ်ကူး ၆၀ မိုင်
မန္တလေး _ မတ္တရာ ၂၀ မိုင်
မန္တလေး _ ရွေကူ ၂၄၅ မိုင်
မန္တလေး _ ဗန်းမော် ၂၇၀ မိုင်
မန္တလေး _ ထီးချိုင့် ၁၇၀ မိုင်
မန္တလေး _ မြစ်ကြီးနား ၄၈၇ မိုင်
မန္တလေး _ ကသာ ၂၃၀ မိုင်
မန္တလေး _ ကလေး ၂၁၀ မိုင်
မန္တလေး _ တကောင်း ၁၃၀ မိုင်
မန္တလေး _ သပိတ်ကျင်း ၉၀ မိုင်
မန္တလေး _ ငါးအိုး ၂၀၀ မိုင်
မန္တလေး _ ပခုက္ကူ ၁၂၅ မိုင်
မန္တလေး _ ကျောက်ဆည် ၃၀ မိုင်
မန္တလေး _ စစ်ကိုင်း ၁၂ မိုင်
မန္တလေး _ မုံရွာ ၈၀/၈၅ မိုင်
#ပဲခူး _ တောင်ငူ ၁၂၅ မိုင်
သာယာဝတီ _ ပေါင်းတည် ၆၅ မိုင်
ပေါင်းတည် _ ပြည် ၃၆ မိုင်
ပြည် _ အောင်လံ ၄၄ မိုင်
အောင်လံ _ တောင်တွင်းကြီး ၅၇ မိုင်
တောင်တွင်းကြီး _ မကွေး ၅၁ မိုင်
မကွေး _ ရေနံချောင်း ၃၂ မိုင်
ရေနံချောင်း _ ကျောက်ပန်းတောင်း ၃၄ မိုင်
ကျောက်ပန်းတောင်း _ ပုဂံ ၃၄ မိုင်
ပုဂံ _ မိတ္ထီလာ ၆၀ မိုင်
မိတ္ထီလာ _ မြင်းခြံ ၅၉ မိုင်
မြင်းခြံ _ နွားထိုးကြီး ၂၀ မိုင်
နွားထိုးကြီး _ မြစ်သား ၃၄ မိုင်
မြစ်သား _ ကျောက်ဆည် ၁၈ မိုင်
ကလော _ တောင်ကြီး ၄၂ မိုင်
တောင်ကြီး _ ကျိုင်းတုံ ၁၄၄ မိုင်
ပြင်ဦးလွင် _ သီပေါ ၃၇ မိုင်
သီပေါ _ လားရှိုး ၄၆ မိုင်
လားရှိုး _ သိန္နိ ၃၂ မိုင်
သိန္နိ _ ကွတ်ခိုင် ၁၆ မိုင်
ကွတ်ခိုင် _ မူဆယ် ၅၄ မိုင်
လားရှိုး _ ကွတ်ခိုင် ၅၄ မိုင်
မူဆယ် _ နမ့်ခမ်း ၁၉ မိုင်
သိန္နိ _ ကွမ်းလုံ ၅၃ မိုင်
မတ္တရာ _ စဉ်ကူး ၂၇ မိုင်
စဉ်ကူး _ သပိတ်ကျင်း ၃၀ မိုင်
ရွှေဘို _ မြစ်ကြီးနား ၄၁၆ မိုင်
မြစ်ကြီးနား _ မြစ်ဆုံ ၂၉မိုင် ၄ဖာလုံ
မြစ်ဆုံ _ ဆွမ်ပရာဘွမ် ၉၂ မိုင်
ဆွမ်ပရာဘွမ် _ မချမ်းဘော ၇၂ မိုင်
မချမ်းဘော _ ပူတာအို ၄၁ မိုင်
မချမ်းဘော _ နောင်မွန်း ၄၁ မိုင်
မြစ်ကြီးနား _ မိုးကောင်း ၃၂ မိုင်
ကာမိုင် _ လုံခင်း ၅၁ မိုင်
လုံခင်း _ ဖားကန့် ၇ မိုင်
မြစ်ကြီးနား _ တနိုင်း ၁၂၀ မိုင်
မြစ်ကြီးနား _ မိုးမောက် ၁၀၇ မိုင်
မိုးမောက် _ ဗန်းမော် ၉ မိုင်
စစ်ကိုင်း _ အုန်းတော ၁၅ မိုင်
အုန်းတော _ မြင်းမူ ၂၂ မိုင်
မုံရွာ _ ပခုက္ကူ ၇၂ မိုင်
မုံရွာ _ ကလေးဝ ၁၆၀ မိုင်
မုံရွာ _ ချောင်းဦး ၁၄ မိုင်
မုံရွာ _ ဘုတလင် ၂၁ မိုင်
ဘုတလင် _ စိုင်ပြင် ၁၄ မိုင်
စိုင်ပြင် _ ဒီပဲယင်း ၁၀ မိုင်
ဒီပဲယင်း _ ရေဦး ၉ မိုင်
ရေဦး _ တန့်ဆည် ၁၃ မိုင်
တန့်ဆည် _ ကံထူးမ ၁၁ မိုင်
ကံထူးမ _ ပျဉ်ကိုင်း ၃၈ မိုင်
ပျဉ်ကိုင်း _ ကလေးဝ ၄၅ မိုင်

တစ်ချို့အကွာအဝေးများတွင် ခန့်မှန်းမိုင်အရေအတွက်များလည်း
ပါဝင်ပါသည်။

Fbမှကူးယူဖော်ပြပါသည်..မှားလျင်ပြင်ပေးကြပါ။

ကိုဗစ်ကိုထိန်းချုပ်နိုင်ချိန် ခရီးသွားလုပ်ငန်းများပြန်လည် စတင်နိုင်ရန်အတွက် ပြင်ဆင်ထားရှိရန်လိုအပ်မည့် Travel Bubble မျာ...
30/12/2020

ကိုဗစ်ကိုထိန်းချုပ်နိုင်ချိန် ခရီးသွားလုပ်ငန်းများပြန်လည် စတင်နိုင်ရန်အတွက် ပြင်ဆင်ထားရှိရန်လိုအပ်မည့် Travel Bubble များ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
What is a travel bubble?

In simple terms, a travel bubble is an agreement between two or more countries to open up their borders for travel without strict quarantine.

ကိုဗစ်ကို ကမ္ဘာ့​ဒေသအပိုင်းအခြားအလိုက် ထိန်းချုပ်နိုင်သည့် အချိန်တွင် တိုင်းပြည်၏ စီးပွား​ရေးအတွက် နလံထမြန်မည့် မီးခိုးတိတ်လုပ်ငန်းမှာ ခရီးသွားလုပ်ငန်း Tourism ပင်ဖြစ်ပါသည်။ ခရီးသွားပြန်စသည့်အချိန် ယခင်ကကဲ့သို့ travel corridor ကြီးများ မပွင့်​သေးသည့်အချိန်တွင် စိတ်သ​ဘောထားချင်း ထပ်တူထပ်မျှရင်းနှီး​နေသည့် တိုင်းပြည်အချင်းချင်း (သို့) ​ဒေသတခုအတွင်း ခရီးသွားလုပ်ငန်းများ စတင်နိုင်အောင် travel bubble များကို ယခုကတည်းက ပြင်ဆင်ထားရန် လိုအပ်​နေပြီ ဖြစ်ပါသည်။

ယခုဆိုလျင် Australia နှင့် New Zealand တို့သည်လည်း အပြန်အလှန် travel bubble များစတင်​နေပြီ ဖြစ်သလို၊ အိမ်နီးချင်း ထိုင်းအ​နေနှင့်လည်း China နှင့် Hongkong နိုင်ငံများနှင့် travel bubble စတင်ရန် ပြင်ဆင်​နေကြပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် လတ်တ​လောစတင်ရန်ဖြစ်နိုင်၍ ​နောင်တွင်လည်း အလားအလာ​ကောင်းနိုင်သည့် travel bubble မိတ်ဖက်နိုင်ငံမှာ Japan နိုင်ငံပင်ဖြစ်ပါသည်။ Japan သည် လက်ရှိကိုဗစ်ထိန်းချုပ်မှုတွင် ဥ​ရောပနိုင်ငံများထက်သာလွန်၍ နံမည်​ကောင်းရ​နေကာ လက်ရှိအ​နေအထားတွင်ပင် travel bubble ကို တ​နေ့လျင် ခရီးသွား ရာဂဏန်းဖြင့်စတင်​နေကာ ယင်းအတွက်​ကြောင့်လည်း ကိုဗစ်လူနာတိုးတက်မှုမှာ သိသိသာသာတိုးသွားခြင်းမရှိ​သော​ကြောင့် မြန်မာနိုင်ငံအတွက် စံနမူနာယူစရာနိုင်ငံဟုပင် ဆိုနိုင်ပါသည်။

Japan ၏ ခရီးသွားလက်ခံမည့် အာဆီယံ မိတ်ဖက် ၅နိုင်ငံစာရင်းတွင်လည်း မြန်မာနိုင်ငံက ပါဝင်လျက်ရှိရာ Japan နှင့် travel bubble လုပ်နိုင်ရန် များစွာအခွင့်သာလျက် ရှိ​နေပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ကိုဗစ်ထိန်းချုပ်​ရေးမူဝါဒအရ နိုင်ငံခြားသားများအ​နေဖြင့် မြန်မာနိုင်ငံသို့လာ​ရောက်ပါက Hotel Quarantine ကို ၁၄ရက် ​နေထိုင်ရန်သတ်မှတ်ထားပြီး မကြာမီ ကိုဗစ်ကိုထိန်းချုပ်နိုင်ခဲ့ပါက တဖက်နိုင်ငံမှ မထွက်ခွာခင်က PCR စစ်ခဲ့​သော် မြန်မာနိုင်ငံသို့​ရောက်လျင် PCR ပြန်မစစ်​တော့ပဲ Rapid Antigen Test ကိုသာ စစ်​ဆေးပြီး ပိုးမ​တွေ့ပါက ချက်ချင်း နိုင်ငံတွင်းလည်ပတ်နိုင်သည့် ပုံစံမျိုး၊ သို့မဟုတ် နိုင်ငံတွင်း ပုဂ္ဂလိက Lab ဝန်​ဆောင်မှုလုပ်ငန်းများကို တာဝန်​ပေးပြီး PCR နည်းပညာဖြင့် ​လေဆိပ်တွင် Swab ယူပြီး အချိန်တိုတွင်း စစ်​ဆေး​ပေးကာ Hotel Quarantine ကို ၂၄နာရီသာ အများဆုံးထားသည့် ပုံစံမျိုးတို့ဖြင့် စတင်ပါက တရက်လိင် ခရီးသွား ဧည့်သည် ၃၀၀ - ၄၀၀ ခန့် လက်ခံနိုင်မည်ဟု ​မျှော်မှန်းရပါသည်။

လိုအပ်ပါကလည်း သံအမတ်ကြီးမှတဆင့်Japan နိုင်ငံတွင် အသုံးပြု​နေ​သော ခရီးသွားများအား ကိုဗစ်စစ်​ဆေးသည့် နည်းစနစ်ပုံစံနှင့် နည်းပညာအကူအညီများကိုယူ၍လည်း ခရီးသွားဧည့်သည်များ အချိန်ကြာမြင့်စွာ Q ဝင်ရန်မလိုပဲ အချိန်တိုအတွင်းနိုင်ငံတွင်းသွားနိုင်​အောင် ​ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

Travel Bubble အစီအစဥ်တွင် တနိုင်ငံလုံးအနှံ့ လည်ပတ်သည့်ပုံစံမျိုးမဟုတ်ပဲ Set Package ပုံစံမျိုးဖြင့် Japan လူမျိုးများ စိတ်ဝင်စားမည့် Safe ဖြစ်သည့် destination/transportation/hotel/restaurant အစရှိသဖြင့် ကိုဗစ်ကို screening ​သေချာလုပ်ထား​သော Service Provider များဖြင့်သာ B to B စနစ်ဖြင့်ချိတ်ဆက်ဝန်​ဆောင်မှု​ပေးရန် စီစဥ်နိုင်ပါက ယုံကြည်မှု ပိုမို ရရှိနိုင်မည် ဖြစ်ပါသည်။

အကယ်၍ Travel bubble စတင်ချိန်တွင် Japan နိုင်ငံသားများကိုသာ ဆွဲ​ဆောင်နိုင်ခဲ့ပါလျင် ​သေချာ​ပေါက် Taiwan, Hongkong, Thai, Singapore, Korea, Australia စသဖြင့် travel bubble အသစ်များကို လွယ်ကူစွာချဲ့ထွင်နိုင်မည် ဖြစ်​ပေသည်။ ကိုဗစ်အပြီး ပြန်လည်စတင်မည့် ခရီးသွားတာ​ဝေး အ​ပြေးပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံအ​နေဖြင့် ​ရှေ့မှ ဦး​ဆောင်တာထွက်နိုင်မည် ဖြစ်ပါသည်။

ထို့​ကြောင့် ယခုကတည်းက ခရီးသွားလုပ်ငန်း Stake holders များအ​နေဖြင့် စီမံချက်များကို MOHT နှင့် စတင်​ဆွေး​နွေးညှိနှိုင်းကာ ဆက်စပ်ဝန်ကြီးဌာနများနှင့်လည်း ​ဆက်လက်ပေါင်းစပ်​ဆောင်ရွက်နိုင်​စေရန်အတွက် ယခုကတည်းက စတင်အ​ကောင်အထည်​ဖော် ​ဆောင်ရွက်သင့်သည်ဟု ထင်မြင်မိပါသည်။

Dr. KZW
Tourism Executive Committee

Indawgyi lake 😍😍
16/06/2019

Indawgyi lake 😍😍

❣️ Beautiful Ngapali Beach Package❣️👫👭👬 အနည်းဆုံး Two Persons (Local)💑 Honeymoon Package🎂 Birthday Package များကိုလည်းစိ...
05/02/2019

❣️ Beautiful Ngapali Beach Package❣️
👫👭👬 အနည်းဆုံး Two Persons (Local)
💑 Honeymoon Package
🎂 Birthday Package များကိုလည်းစိတ်တိုင်းကျ အထူးစီစဉ်ပေးနေပါတယ်

🏩 Paradise Hotel
၂ညအိပ်၃ရက်ခရီးစဉ်
လေယာဉ်လက်မှတ်နှင့် ဟိုတယ်၊ မနက်စာများ၊ လေဆိပ်အပို့အကြို 🥳တစ်ဦးလျှင် $170 (Partial Seaview Room)

🏩 Jade Marina Resort Hotel
၂ညအိပ်၃ရက်ခရီးစဉ်
လေယာဉ်လက်မှတ်နှင့် ဟိုတယ်၊ မနက်စာများ၊ လေဆိပ်အပို့အကြို 🥳တစ်ဦးလျှင် $194 (Deluxe Room)

🏩 Thande Beach Hotel
၂ညအိပ်၃ရက်ခရီးစဉ်
လေယာဉ်လက်မှတ်နှင့် ဟိုတယ်၊ မနက်စာများ၊ လေဆိပ်အပို့အကြို 🥳တစ်ဦးလျှင် $217 (Standard Room)

🏩 Jasmine Resort Hotel
၂ညအိပ်၃ရက်ခရီးစဉ်
လေယာဉ်လက်မှတ်နှင့် ဟိုတယ်၊ မနက်စာများ၊ လေဆိပ်အပို့အကြို 🥳တစ်ဦးလျှင် $220 (Deluxe Room)

🏩 BT Bay Hotel
၂ညအိပ်၃ရက်ခရီးစဉ်
လေယာဉ်လက်မှတ်နှင့် ဟိုတယ်၊ မနက်စာများ၊ လေဆိပ်အပို့အကြို 🥳တစ်ဦးလျှင် $227 (Seaview Superior Room)

Please contact : 09 540 7637, 09 550 4343

Address

Mayangone Township
Yangon

Telephone

+95949307533

Website

Alerts

Be the first to know and let us send you an email when Hub Zone Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hub Zone Travels:

Shortcuts

Share