13/07/2015
Android Developer များ အတွက်
-----------------------------------------
World Mobile OS Market မှာ Android OS က ၂၀၁၅ ခုနှစ်မှာ 78% ဝေစုကို ယူထားနိုင်တာ အားလုံးသိကြပီး ဖြစ်မှာပါ။ ဒီလို ယူထားနိုင်လောက်အောင် သူ့ရဲ့ အားသာချက်တွေကလဲ များလွန်းပါတယ်။
အခုဆိုရင် Developer လောကမှာ Android Developer ဆိုပီး နေရာယူလာတဲ့ အချိန်က တိုတိုလေးရှိပါသေးတယ် ။ နိုင်ငံတကာ နဲ့ အပြိုင် မြန်မာနိုင်ငံမှာ လဲ Android ကို စိတ်ဝင်တစား လေ့လာ လိုက်စားတဲ့ လူတွေ တနည်းအားဖြင့် Developers တွေများလာတာ တွေ့ရပါတယ်။
အလွယ်ကူဆုံး နည်းလမ်းဖြစ်တဲ့ Appyet လို Web Base APK Creator တွေ သုံးတာက အစ Eclipse and Android Studio လို Pro Softwares တွေ သုံးပီး တီထွင် ဖန်တီးမှု အားကောင်းတဲ့ Softwares တွေ ထွက်ပေါ်လာတာ က တိုးတတ်ဖို့ အားရစရာပါ။
Android ဆိုတာ နဲ့ လွယ်လွယ် ရေးလို့ရတယ် လို့တော့ မထင်လိုက်ပါနဲ့ ။ သင့်ဘဝ ရဲ့ အချိန်တွေ ရင်းနှီး မြှပ်နှံတာတောင် အလုံးစုံ သင်ယူတတ်မြောက်ဖို့ ဆိုတာ အိပ်မက် တခု ပါပဲ ။ News Feed တွေ ဖတ်တဲ့ Software လေးက စလို့ Android Robot , Android Car and Android Drone လိုမျိုး တွေအထိ နိုင်ငံတကာက ကျောင်းသားလေးတွေ ဖန်တီးနေကြပါပီ ။
ကျတော် ကျောင်းတတ်ခဲ့စဉ်အခါ က Android Smart Home System ဆိုပီး တအိမ်လုံးကို တံခါးက အစ မီးချောင်း အဆုံး Android Smart Phone နဲ့ ထိန်းချုပ်တဲ့ Software တခုကို Project Show မှာ ပြသခဲ့ဘူးပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံမှာ လူတိုင်းဖုန်းမကိုင်နိုင်သေးတဲ့ ခေတ်ပါ။ မြန်မာနိုင်ငံမှာ Android Developer တစ်ယောက် အနေနဲ့ အသက်မွေဝမ်းကြောင်းပြုဖို့ ခက်ခဲ နေတဲ့ အချိန်ပါ။
ခုတော့ ပြောင်းလဲလာတဲ့ လူနေမှုပုံစံ လူတွေ အသုံးပြုလာတဲ့ ဖုန်းတွေ ကအစ အရာရာပြောင်းလဲ လာခဲ့ပါပီ။ ကျတော်တို့ အဖွဲ့ ( Androitech Innovation ) ကလဲ ဒီလောက ထဲ ရပ်တည်လာခဲ့တာ ၂ နှစ် နီးပါ ရှိပါပီ။
ဒီလောကမှာ ရပ်တည်လိုတဲ့ ရပ်တည်ချင်တဲ့ ညီအကိုတွေ တော်တော်များများက ကိုယ်ရေးတဲ့ Software က ဘယ်လို Earning တွေ ရနိုင်တယ် ဘယ်လောက်ထိ ထိုးဖောက်နိုင်တယ် ဆိုတာ သိတဲ့လူ ရှိသလို မသိတဲ့လူက ပို များပါတယ်။ မြန်မာနိုင်ငံက အနေနဲ့ ဆိုရင် Google Play Developer Console ကို သုံးပီး PlayStore ပေါ် App တွေ တင်တာကအစ လက်ရှိ အစိုးရကို ပိတ်ဆို့ထားတဲ့ အမေရိကန် Santion ကြောင့် သူများနိုင်ငံ က Developer တွေနီးတူ မလုပ်နို်င်တာ ဝမ်းနည်းဖို့ အင် မတန်ကောင်းပါတယ်။
ဝင်ငွေ ရသင့်လျက်နဲ့ မရတာ အောင်မြင်နေတဲ့ App တွေကို နိုင်ငံတကာ ကို မထိုးဖောက်နိုင်တာ တွေ တွေ့ ရပါတယ် ။ အဲဒီ အတွက်ကြောင့် လိုအပ်နေတဲ့ လူများ ကို ကျတော် တို့ အကြံကောင်းတွေ ပေးချင်ပါတယ်။ ဘာတွေ လေ့လာဖို့ လိုအပ်တယ် ဘယ်လိုနည်းလမ်းတွေက ဝင်ငွေ ရနိုင်တယ် ဆိုတာ မျိုးပေါ့။ စိတ်ဝင်စားရင် သိချင်တဲ့လူများရှိရင် ပြောပြ အကြံပေးသွားပါမယ် ခင်ဗျာ။