27/08/2021
လွန်ခဲ့တဲ့ 2️⃣0️⃣1️⃣7️⃣ ဒီဇင်ဘာလတုန်းက ဘားအံကိုလည်ပတ်မည့် ဧည့်သည်တွေအတွက်ရည်ရွယ်ပြီး Hpa An Map ကို ဆရာနဲ့အတူတူဆွဲဖြစ်ခဲ့တယ်။
2️⃣0️⃣1️⃣7️⃣ နောက်ပိုင်း ဘားအံရဲ့ Tour Destinations အသစ်တွေပေါ်လာတဲ့အချိန်မှာ 2️⃣0️⃣1️⃣7️⃣ Hpa An Map က Up To Date မဖြစ်တော့ပါဘူး။ အဲဒီအတွက် တစ်နေ့နေ့ ဘားအံကိုလည်ပတ်မည့်ခရီးသွားတွေအတွက်ရည်ရွယ်ပြီး Hpa An New Map ကို ရေးဆွဲဖြစ်ခဲ့ပါတယ်။
Hpa An New Map မှာ နေရာအသစ်တွေ ထပ်မံဖြည့်သွင်းဖော်ပြထားပြီး တောင်တွေရဲ့အမြင့်ပေတွေကိုလည်း စုဆောင်းဖော်ပြထားပါတယ်။ နေရာတွေရဲ့ အကွာအဝေးတွေကိုလည်း ထည့်သွင်းဖော်ပြထားတဲ့အတွက် ခရီးသည်တွေအတွက် အဆင်ပြေလည်ပတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
Hpa An New Map မှာ အသစ်ဖော်ပြထားတဲ့နေရာတွေကတော့
#စပါးဂူ
ရသေ့ပျံတောင်၏ အနောက်ဘက်တွင်ရှိပြီး ရသေ့ပျံဂူမှ စပါးဂူသို့ ကားဆိုင်ကယ်ဖြင့် ၁၀ မိနစ်ခန့်သာသွားရသည်။
#မုက္ကဒိကအိမ်မတ်ကြိုးတံတား
မုက္ကဒိကျေးရွာနှင့် ဖားနွဲ့ကျွန်းကိုဆက်သွယ်ထားသော ကြိုးတံတားဖြစ်၍ ၎င်းကြိုးတံတားကို ဖားပုတောင်မှတဆင့် သွားရောက်နိုင်သည်။
#ထမင်းဆုတ်တောင်
သံလွင်မြစ်၏အလယ်မှပေါ်ထွန်းနေသော ကျောက်တောင်ဖြစ်၍ ထိုထမင်းဆုတ်တောင်သို့ စက်လှေဖြင့်သွားရောက်နိုင်သည်။ လမ်းတွင်နှင်းသီးခြံသို့လည်း ဝင်ရောက်နိုင်သည်။
(ရှုခင်းအရမ်းလှ အရမ်းမိုက်)
#ထွန့်ပတိုင်ရေကန်
ထွန့်ပတိုင်တောင်ခြေမှဖြစ်ပေါ်နေသော ရေကန်ဖြစ်ပြီး။ ရေကန်အတွင်းသို့ ဝါးတံငယ်ထိုးထားသောကြောင့် ဓါတ်ဖမ်းနိုင်သည်။
#ဗုဒ်ဓဂါယာ
လက္ခဏရွာမှသွားရောက်နိုင်ပြီး အိန္ဒိယနိုင်ငံမှ ဂါယာပုံစံငယ်ပြုလုပ်ထားပါသည်။
#ဣစ္ဆာသယလှိုဏ်ဂူကို
သဘာဝအကျဆုံးနှင့် ပျက်ဆီးမှုအနည်းဆုံးလှိုဏ်ဂူဖြစ်ပြီး လှိုဏ်ဂူအတွင်းရှိနနံရံများနှင့် ကျောက်စက်ပန်းဆွဲနှင့် ကျောက်စက်မိုးမျှော်အများဆုံးရှိသော လှိုဏ်ဂူတစ်ဂူဖြစ်ပါသည်။
#ကြာအင်းတောင်
ဘားအံမြို့ထဲတွင်သာတည်ရှိပြီး ဇွဲကပင်တောင်၏ အလှဆုံးနှင့်ရင်သပ်ရှုဖွယ်အလှကို ကြည့်ရှုခံစားနိုင်သော View Point ကို ကြာအင်းတောင်မှ ကြည်ရှုနိုင်သည်။
တောင်၏ ၃ ပုံ ၂ ပုံအထိ ကား၊ ဆိုင်ကယ်ဖြင့်သွားနိုင်ပြီး ကျန်တစ်ပုံကို လမ်းလျှောက်သွားရပါသည်။ လမ်းလျှောက်တတ်ချိန်မှာ ၁၅ မိနစ်ခန့်သာကြာပါသည်။
#မိဇံတောင်
သံလွင်မြစ်၏ကမ်းနဖူးတွင်တည်ရှိပြီး တောင်ပေါ်သိုတတ်ရာလမ်းမှာ လှပပြီး ဓါတ်ဖမ်းခြင်စရာကောင်းပြီး။ တောင်ခြေတွင် MiZa Adventure Resort ရှိပါသည်။
#နောင်ခရိုင်ဂူ (သို့) ရေဂူ
ကျောက်ကလပ်ဘုရား၏ တောင်ဘက်စွန်းတွင်တည်ရှိပြီး မိုးရာသီတွင် လှိုဏ်ဂူအဝထိ ကြည်လင်သောရေများရှိပြီး၊ နွေရာသီတွင် လှိုဏ်ဂူ၏အတွင်ပိုင်းတွင် ရေကန်တစ်ခုရှိပါသည်။
#ကော့ခမိတ်တံတား
ကျေးလက်တံတားလေးဖြစ်ပြီး စပါးခင်းတွေအပေါ်တံတားထိုးထားသောကြောင့်လှပပြီး တံတားတည်ရှိရာ ကော့ခမိတ်ရွာလေးမှာလည်း ရိုးရာဖျာယှက်ခြင်း၊ ဆန်အရက်ချက်ခြင်းကိုလေ့လာနိုင်သည်။
#ကျိုက်ကဝိရွာ (ဖိုးတစ်ခေတ်ရွာ)
ယခင်ဖိုးတစ်ခေတ်နေထိုင်ခဲ့သောရွာပြီး ရွာထဲရှိ တောင်နံရံနားတွင် စေတီ(၁၀၈) ဆူကိုတည်ထားပါသည်။ လည်ပတ်ရန် အကြံပြုပါသည်။
ဇွဲကပင်တောင်ခြေတွင် ဖွင့်လှစ်ထားသော တိုင်းရင်းသားရိုးရာ
စားသောက်ဆိုင်ဖြစ်ပြီး ပတ်ဝန်းကျင်ရှုခင်းလှပပါသည်။
#သဘာဝရေလှိုဏ်ဂူ
ရသေ့ပျံဂူအနီးတွင်သာတည်ရှိပြီး ရေလှိုဏ်ဂူကို လှေများဖြင့်သွားရောက်နိုင်ပါသည်။ လှိုဏ်ဂူအစအဆုံးကို ၄၅ မိနစ်ခန့်ကြာမြင့်ပါသည်။ လှိုဏ်ဂူအတွင်း အလင်းပေါက်များရှိပြီး နံပါတ် (၅၊ ၆၊ ၇) အပေါက်များမှာ အလင်းရောင် ကောင်းကောင်းရသော အပေါက်များဖြစ်သည်။ မိုးရာသီတွင် လှိုဏ်ဂူအားပိတ်ထားပြီး သီတင်းကျွတ်လပြည့်ကျော် ရေပြန်ကျချိန်မှ လှိုဏ်ဂူအား ပြန်ဖွင့်ပါသည်။
#ကမ်းနားညစျေးတန်း
အသစ်ဖွင့်ထားသော ညစျေးဖြစ်၍ ကားပါကင်ကျယ်၍ စားသောက်ဆိုင်များများသော ညစျေးဖြစ်ပြီး သံလွင်မြစ်နဘေးတွင်ရှိသောကြောင့် သံလွင်မြစ်၏ နေဝင်ချိန်ကိုလည်းကြည့်ရှုခံစားနိုင်၍ ရွှေယဥ်မျှော်ဘုရားနှင့်လည်းနီးကပ်ပါသည်။
ကော့ကသောင်ဂူအနီးတွင်ရှိ၍ Adventure ကိုနှစ်သက်သော သူများအနေဖြင့် Kayaking လုပ်နိုင်ပါသည်။ Kayak လှော်ရာလမ်းတစ်လျှောက်ရှုခင်းများမှာ ရင်သပ်ရှုမောဖွယ်ကောင်းပါသည်။
စတဲ့ အသစ်ပေါ်လာတဲ့ နေရာ (၁၅) ခုကို ထပ်မံဖြည့်သွင်းဖော်ပြပေးထားပါတယ်။
ဘားအံမြို့ကိုအခြေပြုပြီး လည်ပတ်မည့်နေရာတွေရဲ့ အကွာအဝေးတွေကိုလည်း ဖော်ပြထားသလို ဘားအံမြို့ဝန်းကျင်က တောင်တွေရဲ့ အမြင့်ပေတွေကိုလည်း လက်လှမ်းမှီသလောက် ထည့်သွင်းဖော်ပြပေးထားပါတယ်။
ကြိုးစားပြီး ရေးဆွဲထားပေမည့် လိုအပ်ချက်များစွာရှိမှာ အမှန်ပါပဲ သို့ကြောင့် လိုအပ်ချက်များကို ဝေဖန်အကြံပြုပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျ 🙏🙏🙏
ဘားအံကိုလည်ပတ်မည့် ခရီးသွားဧည့်သည်များ အဆင်ပြေပြေ လည်ပတ်နိုင်ပါစေလို့ 🙏🙏🙏
လွန်ခဲ့တဲ့ 2️⃣0️⃣1️⃣7️⃣ ဒီဇင်ဘာလတုန်းက ဘားအံကိုလည်ပတ်မည့် ဧည့်သည်တွေအတွက်ရည်ရွယ်ပြီး Hpa An Map ကို ဆရာနဲ့အတူတူဆွဲဖြစ်ခဲ့တယ်။
2️⃣0️⃣1️⃣7️⃣ နောက်ပိုင်း ဘားအံရဲ့ Tour Destinations အသစ်တွေပေါ်လာတဲ့အချိန်မှာ 2️⃣0️⃣1️⃣7️⃣ Hpa An Map က Update မဖြစ်တော့ပါဘူး။ အဲဒီအတွက် တစ်နေ့နေ့ ဘားအံကိုလည်ပတ်မည့်ခရီးသွားတွေအတွက်ရည်ရွယ်ပြီး Hpa An New Map ကို ရေးဆွဲဖြစ်ခဲ့ပါတယ်။
Hpa An New Map မှာ နေရာအသစ်တွေ ထပ်မံဖြည့်သွင်းဖော်ပြထားပြီး တောင်တွေရဲ့အမြင့်ပေတွေကိုလည်း စုဆောင်းဖော်ပြထားပါတယ်။ နေရာတွေရဲ့ အကွာအဝေးတွေကိုလည်း ထည့်သွင်းဖော်ပြထားတဲ့အတွက် ခရီးသည်တွေအတွက် အဆင်ပြေလည်ပတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
Hpa An New Map မှာ အသစ်ဖော်ပြထားတဲ့နေရာတွေကတော့
#စပါးဂူ
ရသေ့ပျံတောင်၏ အနောက်ဘက်တွင်ရှိပြီး ရသေ့ပျံဂူမှ စပါးဂူသို့ ကားဆိုင်ကယ်ဖြင့် ၁၀ မိနစ်ခန့်သာသွားရသည်။
#မုက္ကဒိကအိမ်မတ်ကြိုးတံတား
မုက္ကဒိကျေးရွာနှင့် ဖားနွဲ့ကျွန်းကိုဆက်သွယ်ထားသော ကြိုးတံတားဖြစ်၍ ၎င်းကြိုးတံတားကို ဖားပုတောင်မှတဆင့် သွားရောက်နိုင်သည်။
#ထမင်းဆုတ်တောင်
သံလွင်မြစ်၏အလယ်မှပေါ်ထွန်းနေသော ကျောက်တောင်ဖြစ်၍ ထိုထမင်းဆုတ်တောင်သို့ စက်လှေဖြင့်သွားရောက်နိုင်သည်။ လမ်းတွင်နှင်းသီးခြံသို့လည်း ဝင်ရောက်နိုင်သည်။
(ရှုခင်းအရမ်းလှ အရမ်းမိုက်)
#ထွန့်ပတိုင်ရေကန်
ထွန့်ပတိုင်တောင်ခြေမှဖြစ်ပေါ်နေသော ရေကန်ဖြစ်ပြီး။ ရေကန်အတွင်းသို့ ဝါးတံငယ်ထိုးထားသောကြောင့် ဓါတ်ဖမ်းနိုင်သည်။
#ဗုဒ်ဓဂါယာ
လက္ခဏရွာမှသွားရောက်နိုင်ပြီး အိန္ဒိယနိုင်ငံမှ ဂါယာပုံစံငယ်ပြုလုပ်ထားပါသည်။
#ဣစ္ဆာသယလှိုဏ်ဂူကို
သဘာဝအကျဆုံးနှင့် ပျက်ဆီးမှုအနည်းဆုံးလှိုဏ်ဂူဖြစ်ပြီး လှိုဏ်ဂူအတွင်းရှိနနံရံများနှင့် ကျောက်စက်ပန်းဆွဲနှင့် ကျောက်စက်မိုးမျှော်အများဆုံးရှိသော လှိုဏ်ဂူတစ်ဂူဖြစ်ပါသည်။
#ကြာအင်းတောင်
ဘားအံမြို့ထဲတွင်သာတည်ရှိပြီး ဇွဲကပင်တောင်၏ အလှဆုံးနှင့်ရင်သပ်ရှုဖွယ်အလှကို ကြည့်ရှုခံစားနိုင်သော View Point ကို ကြာအင်းတောင်မှ ကြည်ရှုနိုင်သည်။
တောင်၏ ၃ ပုံ ၂ ပုံအထိ ကား၊ ဆိုင်ကယ်ဖြင့်သွားနိုင်ပြီး ကျန်တစ်ပုံကို လမ်းလျှောက်သွားရပါသည်။ လမ်းလျှောက်တတ်ချိန်မှာ ၁၅ မိနစ်ခန့်သာကြာပါသည်။
#မိဇံတောင်
သံလွင်မြစ်၏ကမ်းနဖူးတွင်တည်ရှိပြီး တောင်ပေါ်သိုတတ်ရာလမ်းမှာ လှပပြီး ဓါတ်ဖမ်းခြင်စရာကောင်းပြီး။ တောင်ခြေတွင် MiZa Adventure Resort ရှိပါသည်။
#နောင်ခရိုင်ဂူ (သို့) ရေဂူ
ကျောက်ကလပ်ဘုရား၏ တောင်ဘက်စွန်းတွင်တည်ရှိပြီး မိုးရာသီတွင် လှိုဏ်ဂူအဝထိ ကြည်လင်သောရေများရှိပြီး၊ နွေရာသီတွင် လှိုဏ်ဂူ၏အတွင်ပိုင်းတွင် ရေကန်တစ်ခုရှိပါသည်။
#ကော့ခမိတ်တံတား
ကျေးလက်တံတားလေးဖြစ်ပြီး စပါးခင်းတွေအပေါ်တံတားထိုးထားသောကြောင့်လှပပြီး တံတားတည်ရှိရာ ကော့ခမိတ်ရွာလေးမှာလည်း ရိုးရာဖျာယှက်ခြင်း၊ ဆန်အရက်ချက်ခြင်းကိုလေ့လာနိုင်သည်။
#ကျိုက်ကဝိရွာ (ဖိုးတစ်ခေတ်ရွာ)
ယခင်ဖိုးတစ်ခေတ်နေထိုင်ခဲ့သောရွာဖြစ်ပြီး ရွာထဲရှိ တောင်နံရံနားတွင် စေတီ(၁၀၈) ဆူကိုတည်ထားပါသည်။ လည်ပတ်ရန် အကြံပြုပါသည်။