07/09/2016
*****Honeymoon အတွက် Special Tour Package - I ဖြစ်ပါတယ်****
1: Yangon – Bagan (L, D)
◙ မင်္ဂလာဇနီးမောင်နှံစုံတွဲ၏ တည်နေရာမှ လေဆိပ်သို့ သီးသန့် Air-coned ကားဖြင့်ပို့ဆောင်ပေးပါမည်။
◙ ညောင်ဦးသို့ လေယာဉ်ဖြင့်သွားပြီး ဆိုက်ရောက်လျှင် သီးသန့် Air-coned ကားဖြင့် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး နေ့လည်ထိ နားနေနိုင်ပါသည်။
◙ နေ့လည်စာ ထွက်စားပြီးလျှင် ရှေးဟောင်းသုတေသနနယ်မြေအား လည်ပတ်ရင်း ဘုရားများအား ဖူမျှော်ပြီး ရာသက်ပန်အချစ်ခရီးအတွက် လိုရာဆုတောင်းနိုင်ပါမည်။
◙ လှပတဲ့ ညနေ နေဝင်ချိန်ကို ပုထိုးပေါ်ကနေ ကြည့်ရင်း ကြင်စဦးဇနီးမောင်နှံတို့ အသက်တွေကြီးသွားတဲ့အထိ မရိုးသွားမယ့် နေဝင်ရီတရောအချိန်ကို နောင်မျိုးဆက်လေးတွေကို ပြလို့ရအောင် ဓါတ်ပုံတွေ အဝရိုက်ကြမယ်။
◙ ညစာစားသောက်ပြီး ဟိုတယ်မှာ စိတ်လက်သက်သာစွာ အနားယူရင်း နောင်ရေးတွေ ဆွေးနွေးကြမယ်။
2: Bagan – Popa – Bagan (B, L, D)
◙ ဟိုတယ်မှ တည်ခင်းကျွေးမွေးသော အရသာရှိလှသော မနက်စာကို သုံးဆောင်ပြီးလျှင် သီးသန့် Air-coned ကားဖြင့် မြန်မာနိုင်ငံ၏ အိုအေစစ်လေးတစ်ခုဖြစ်သော ပုပ္ပါးတောင်သို့ ခရီးထွက်ပါမည်။ ချစ်သူနှင့်အတူ လှေကားထစ်ပေါင်း ၇၇၇ ကိုကျော်ဖြတ် တစ်ယောက်ကမောပြီး ချွေးထွက်နေရင် တစ်ယောက်က ရေတိုက် ချွေးသုတ်ပေးနဲ့ တစ်သက်လုံးအမှတ်ရနေမယ့် ရင်ခုန်ဖွယ်အချိန်လေးတွေကို ဖန်တီးယူလိုက်ပါ။
◙ နေ့လည်စာစားပြီးချိန်မှာတော့ ပုပ္ပါးတောင်ကလပ်ကိုတက်ရလို့ မောပန်းမှုတွေကို ဟိုတယ်မှာ ပြန်ပြီး ခေတ္တ အနားယူလိုက်ပါ။
◙ အနားယူပြီး အပြင်ပြန်ထွက်ချိန်မှာတော့ မင်္ဂလာမောင်နှံစိတ်တိုင်းကြ ဘုရားဖူးမလား နန်းတော်ထဲလည်မလား ယွန်းထည်ပစ္စည်းတွေနှင့် လက်ဆောင်တွေဝယ်ကြမလား ကော်ဖီဆိုင်ကောင်းကောင်းမှာထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကော်ဖီ အအေးတွေ သောက်ပြီး စကားတွေဖောင်ဖွဲ့မလား ဆိုတာစဉ်းစားထားလိုက်ပါနော်။
◙ ညစာကိုတော့ မြစ်တို့၏ဘုရင် ရာဇဝင်ထဲကသတို့သမီးဖြစ်တဲ့ ဧရာဝတီမြစ်ကို မျက်နှာမူ တစ်မျိုးလေးလှပြီး Romantic အရမ်းဆန်တဲ့ မြစ်ထဲ နေဝင်ချိန်ကို ချစ်သူလက်ကလေးကိုကိုင် ခေါင်းလေးမှီ ပုခုံးလေးကိုဖက်ပြီး ကြည့်လို့ရအောင် စီစဉ်ပေးဦးမှာပါ။
◙ မိုးချုပ်နေဝင်သွားပြီး ပင်ပန်းပြီဆိုရင်တော့ ဟိုတယ်ပြန်အနားယူဖို့ ကားလည်း အဆင်သင့်ပါပဲ။
3: Bagan – Yangon (B)
◙ မနက်စာကို ဟိုတယ်အခန်းထဲမှာပဲ သုံးဆောင်ချင်သူများအတွက် သီးသန့်စီစဉ်ပေးပါမည်။
◙ မနက်ပိုင်းကို မင်္ဂလာမောင်နှံစိတ်ကြိုက် ဟိုတယ်မှာ အနားယူတာပဲဖြစ်ဖြစ် ညောင်ဦးဈေးကို သွားရောက်လည်ပတ်တာပဲဖြစ်ဖြစ် တန်ခိုးကြီးဘုရားတွေ ထပ်ဖူးတာပဲဖြစ်ဖြစ် ကြင်စဦးဇနီးမောင်နှံ သဘောအတိုင်း ဖြစ်စေရပါမည်။
◙ နေ့လည်မှာတော့ ဟိုတယ်ကနေ Check-out လုပ် နေ့လည်စာစားပြီး ရန်ကုန်ပြန်ရန် ညောင်ဦးလေဆိပ်သို့ ပို့ဆောင်ပေးပါမည်။
◙ ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလျှင် အသင့်စောင့်နေသော သီးသန့် Air-coned ကားဖြင့် နေအိပ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။
Budget ခရီးစဉ်အတွက် ကြယ်သုံးပွင့်အဆင့်ရှိ Famous Hotel နှင့် Luxury ခရီးစဉ်အတွက် ကြယ်လေးပွင့်အဆင့်ရှိ Zfreeti Hotel တွင် (၂)ည တည်းခိုပါမည်။ သုံးရက်မြောက်နေ့မနက်မှာ စောစောထပြီး နေထွက်ချိန်ကို မိုးပျံပူဖောင်းပေါ်ကနေကြည့်ချင်ရင်လည်း ဈေးနှုန်းသက်သာစွာနှင့် စီစဉ်ပေးနိုင်ပါတယ်နော်(ငွေသပ်သပ်ထပ်ပေးရပါမည်)။ ညနေ ဟိုတယ်ပြန်ရောက်လို့ မအိပ်ချင်သူများအတွက် ရေကူးမလား လှပတဲ့ ဟိုတယ်ကိုနောက်ခံထားပြီး ဓါတ်ပုံရိုက်မလား အခန်းထဲမှာပဲ နားမလား ဘားမှာ ယမကာသောက်မလား စိတ်တိုင်းကြလုပ်ဆောင်လို့ရပါတယ်နော်။
#ပါဝင်သော ဝန်ဆောင်မှုများ
◙ နှစ်ယောက်ခန်းတစ်ခန်းနှင့် နေ့စဉ် နံနက်စာ
◙ ပို့ဆောင်ရေးအားလုံး
◙ မင်္ဂလာဇနီးမောင်နှံအတွက် သီးသန့် Air-coned ကား (မှတ်ချက်။ ။ကားအလှဆင်ခြင်းမှာ တစ်ကြိမ်သာ ဖြစ်သည်။)
◙ အင်းလေးတွင် လည်ပတ်ရန် သီးသန့်လှေ
◙ မနက်စာ၊ နေ့လည်စာနှင့် ညစာတို့မှာ ခရီးစဉ်အတွင်း ပါဝင်သတ်မှတ်ထားသည့်အတိုင်းသာ
◙ အသွားအပြန်လေယာဉ်လက်မှတ်
#မပါဝင်သော ဝန်ဆောင်မှုများ
◙ နေ့လည်စာနှင့် ညစာတွင် ရေမှလွဲ၍ အခြားသော သောက်သုံးစရာများ
◙ ခရီးစဉ်အတွင်းမပါဝင်သော စားသောက်စရာများ
◙ ခရီးသွားအာမခံနှင့် ကျန်းမာရေးအာမခံ
◙ ဗီဒီယိုနှင့် ကင်မရာအခွန်ကြေးများ
◙ တစ်ကိုယ်ရည် သုံးစွဲမှု (ယမကာ၊ အဝတ်လျှော်ခ၊ ပေါ်တာခ၊ မုန့်ဖို့ပေးခြင်း)
◙ ခရီးစဉ်အတွင်း ဖော်ပြထားခြင်းမရှိသော ဝန်ဆောင်မှုများနှင့် လည်ပတ်မည့်နေရာများ
TOUR CODE ►
HMB32BGN (Budget)
HML32BGN (Luxury)
PROGRAM NAME ►
Eat Pray Love
COVERAGE►
Yangon-Bagan-Yangon
TYPE OF PROGRAM►
Budget, Luxury
TRAVEL DATE Around the year except from December 22nd to January 6th & from April 10th to April 18th
NO OF PAX►
2 (Two)
MEALS►
As mentioned in the itinerary
TOUR OPERATOR ►
Travel Queen Travel & Tour
[email protected]
09450449355, 09450449366, 09450449377, 09253099905
CONSULTANT►
Ms. Su Wai Toe, Mr. Kumar, Mr. Hein Min Zaw
DATE►
TBA