Tidal Wave Travel And Tour

Tidal Wave Travel And Tour travels and tours agency

Hurt 😭😭
30/04/2022

Hurt 😭😭

ခရီးတွေကတော့ ထွက်ဖို့ အစီအစဥ်မရှိတော့ပါဘူး...MAlကြောင့်😑​တောင်တက်ရင် ဆောင်သွားရမဲ့ ပစ္စည်းလေးတွေ တွေ့တာနဲ့ share လိုက်ပါ...
07/01/2022

ခရီးတွေကတော့ ထွက်ဖို့ အစီအစဥ်မရှိတော့ပါဘူး...MAlကြောင့်😑

​တောင်တက်ရင် ဆောင်သွားရမဲ့ ပစ္စည်းလေးတွေ တွေ့တာနဲ့ share လိုက်ပါတယ်...😔

ဘိုင်းရီ ဘော်ဒါတို့...

Portrait Is a Must!!!😍
23/01/2021

Portrait Is a Must!!!😍

Christmas Trip အပိုင်း-၂ ကလောရောက်တော့ နေတောင်အတော်မြင့်နေပါပြီ...ကားဆရာတွေလည်း ကွီးကိုသေချာပင်မကြည့်ရဲ... “အပြန်အချိန်တ...
10/01/2021

Christmas Trip
အပိုင်း-၂

ကလောရောက်တော့ နေတောင်အတော်မြင့်နေပါပြီ...ကားဆရာတွေလည်း ကွီးကိုသေချာပင်မကြည့်ရဲ... “အပြန်အချိန်တွေဘာတွေမကြည့်ဘူးနော်ကွီး ပို့စရာရှိတဲ့နေရာ အပြည့်ပို့နော်...” တတွတ်တွတ်ထပ်ခါထပ်ခါပြောနေသည်..

နေ့လည်စာ စား ချိန်ရောက်တော့ သုမောင် မြန်မာထမင်းဆိုင် မှာ ကိုယ့် Customer တွေ အဝစားဖို့အတွက် ပြင်ဆင်ပေးရမဲ့အချိန်ပေါ့..သုမောင် ထမင်း ဆိုင်မှာ နေ့လည်စားအပြီးမှာတော့ ကွီးတို့က ကလော ဘူတာ၊နာရီစင်နဲ့ မောဦးမြေ ပန်းခြံတို့ကိုသွားခဲ့ပါတယ်..ဓါတ်ဆရာ တွေစိတ် ကြိုက်ရိုက်ပေတော့ပဲ…
ကွီးကတော့ ကင်မရာကိုင်ချိန်မရသေးပဲ Hotel ကိုအပြေးသွား အခန်းတွေ Ready ဖြစ်ရေး တွန်းအားပေးရတာပေါ့.. ခရီးသွားရာသီဧည့်သည်များချိန်ဆို ဒီလိုပဲလေနော်...
ပြီးတော့ နှီးဘုရားသွားတယ်..
ညနေသုံးနာရီဝန်းကျင်လောက်မှာ ကွီးတို့က ကားသေးကို နှီးဘုရားတောင်ခြေမှာ Change ပြီးတော့ Kalaw View Point ကို နှင်ခဲ့ပါတော့တယ်...

View Point အရောက်မှာသာသာယာယာနဲ့ မျက်စိတဆုံး တောတောင်အလှကိုမြင်ရတာ ခရီးသည်တွေရော ကွီးတို့အဖွဲ့ပါ ရင်ထဲအေးရပါတယ်..ဝိုင်လေးတလုံးမှာသောက်ရင်း ကွီးတို့အဖွဲ့ ခန နားနေချိန် ကွီးရဲ့ ခရီးသွား ဧည့်သည်တော်များ ကတော့ ရိုက်နေလိုက်ကြတာ...တဖျက်ဖျက်ပဲ.. ကွီးတူသားတစ်ယောက်ကတော့ ..ဟိုလူ့ဖုန်းယူလိုက် ဒီလူ့ဖုန်းယူလိုက်နဲ့ ဓါတ်ဖမ်းပေးနေ ပါတယ်.. နေဆောင်းခါနီး မှာတော့ ကွီးတို့ Group Photo ရိုက်ကြပါတယ်... မလွမ်းကြဘူးလား..ကွီးတောင်ရေးရင်း ကိုမြင့်နိုင်ကြီးကို သောက်ခွက်ပြေးရိုက်ချင်နေပြီ...

ကွီးတို့ Hotel ရောက်ပါပြီ ညနေ ၆နာရီ ဝန်းကျင်..
Pin Pin Kalaw Hotel နဲ့ Ramona Hotel နှစ်ခုမှာ ကွီးတို့ အပြည့်ပါနော်
ညစာ Dinner ကို Buffet Hot Pot ကြွေးတာပါနော်..ရန်ကုန်လို အမျိုး မစုံပေမယ့် ..ပေးရတဲ့စျေးနဲ့တန်တဲ့ Hot Pot ပါနော် Sky Hot Pot တဲ့ ဒီတစ်ခါသွားဖြစ်ရင် ထက်စားကြတာပေါ့...

နောက်နေ့ Day3

“မနက်၆နာရီ စုရပ် ပါ.. အိုစည်တောင် တိမ်ပင်လယ် ကြည့် မလို့ ပါ..” မနေ့က ပြောခဲ့တဲ့ စကားလေး..အစောကြီး ကွီးရယ်တဲ့.. ဟုတ်ကဲ့ပါ စောစာ သွားမှ စိတ်ချရတာပါ..တိမ်ပင်လယ်ကြီက..
အိုစည်းတောင်ပေါ် မှာ မနက်ဝေလီ ဝေလင်းကြီး ကိုလူစည်ကားလျက်..Drone ပျံသူက ပျံ၊ Pre Wedding ရိုက်သူကရိုက် .. တခြားခရီးသွားတွေရော..ကို့လူတွေရော...တကယ့်မေ့မရတဲ့ မနက်ခင်းလေးတခုပါဗျာ...ခုတော့ Zombie ကားတွေထဲကလို မြက်ရိုင်းတွေတော့ရှိနေရောပေါ့နော်...

Hotel ပြန်ကြ မနက်စာ Hotel Breakfast လေးစား..ရေမိုးချိုး အလှတွေပြင်ပြီး..ကွီးတို့ရွာငံဘက်ကိုခြေဦး..အဲမှားလို့..ကားဦးလှည့်ခဲ့ပါပြီ.....

ဆက်ရန်.....

အပိုင်း-၁ မဖတ်ရသေးသူများအတွက်..

https://www.facebook.com/943207929198586/posts/1545174445668595/?d=n

မနှစ်က လွတ်လပ်ရေးနေ့တုန်းကတော့ ခရီးတွေ သွားပြီး ပျော်ခဲ့ရတာပေါ့...😁အခုတော့ အိမ်မှာပဲ ကျန်းကျန်းမာမာနေပြီး Covid ကို ကာကွ...
04/01/2021

မနှစ်က လွတ်လပ်ရေးနေ့တုန်းကတော့ ခရီးတွေ သွားပြီး ပျော်ခဲ့ရတာပေါ့...😁

အခုတော့ အိမ်မှာပဲ ကျန်းကျန်းမာမာနေပြီး Covid ကို ကာကွယ်ရင်းနဲ့ပေါ့...😑

နောက်နှစ်တွေမှာလည်း လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ် ခရီးထွက်နိုင်ပါစေလို့ TidalWave ညီအကိုတွေက ဆုတောင်းပေးလိုက်ပါတယ်...🙏🙏

Merry Christmas to you all 🎅🎄⛄️❄️🤩🎉ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေး ဖြစ်ပါစေလို့ Tidal Wave Travel and Tour မိသားစုမှ ဆုမွန်...
25/12/2020

Merry Christmas to you all 🎅🎄⛄️❄️🤩🎉

ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေး ဖြစ်ပါစေလို့ Tidal Wave Travel and Tour မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်....🙏🙏

ဒီနှစ် Christmas ကွီးတို့ ဘယ်နေရာ သွားကြမလဲ....မမေးပါနဲ့.. ကွီးမှာ အ ဖြေမရှိပါဘူး😌😌အမြင့်ပျံလွင့်ချင်တဲ့  ကွီးခြေထောက်တွ...
16/12/2020

ဒီနှစ် Christmas ကွီးတို့ ဘယ်နေရာ သွားကြမလဲ....
မမေးပါနဲ့.. ကွီးမှာ အ ဖြေမရှိပါဘူး😌😌
အမြင့်ပျံလွင့်ချင်တဲ့ ကွီးခြေထောက်တွေ ရိုက်ချိုးခဲ့တဲ့ ကိုမြင့်နိုင်ကြီးကိုမုန်းအားထက်..စိတ်နာနေမိပါလိမ့်မယ်...

အဲ့တော့မနှစ်ကသွားခဲ့တဲ့ ခရီးစဉ်အကြောင်းလေးပြောပြရင်း ကွီးနဲ့တူတူ ပြန်လွမ်းကြမယ်လေနော်..

အပိုင်း - ၁

ကွီးတို့ စုရပ်ဖြစ်တဲ့ Gandamar Whole Sale နားကနေ ညနေ ၇ နာရီလောက်မှာ အားလုံးအိုကေဖြစ်နေခဲ့ပါပြီ.. သုဓမ္မာလမ်းမကြီးအတိုင်း အဝေးပြေးလမ်းမကြီးဆီကိုထွက်ဖို့ ... ကိုဗစ်မရှိသေးတဲ့ မြန်မာပြည်ကြီးက အဲ့အချိန်ဆို လမ်းပိတ်လို့ ကောင်းနေတုန်းပါ..အဲ့တုန်းကစိတ် ညစ်ပေမယ့် ခုတော့ ပြန်လွမ်းမိနေပြီ....

ကဲ...အမြန်လမ်းမကြီးကနေ စထွက်တာနဲ့ ကွီးတို့ကားပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးသွားအောင် မိတ်ဆက်တဲ့ Game လေး ကစားကြတာ မှတ်မိကြသေးလားဗျာ...ဒါတွေကတော့ ကွီးတို့နဲ့ သွားခဲ့သူတိုင်း အမှတ်တရ ရှိမယ်ထင်ပါတယ်...အက်မိန် ချောချောလေး ဖြစ်တဲ့ မချယ်ကတော့ Main Host ပါနော် ..မချယ်မရှိရင် ကွီးတူသားနှစ်ကောင် က သိပ်အဆင်မပြေဘူး ...😜😜

“အားလုံးအဆင်ပြေပါတယ်ကွီး” ကွီးရဲ့တူသားတွေရဲ့ သီတင်းပို့ချက်အရ ကွီးဆက်မှေးနေလိုက်တယ် အချိန်အားဖြင့် မနက်၆နာရီခန့် ပျော်ဖွယ်တော့ ကျော်လာခဲ့ပြီ… များမကြာပါဘူး ကားဆရာ ကားထိုးရပ်လိုက်တော့... ကော်ရီးတို့ Breakfast က ကလောက ဧကရာဇ်မှာလေ ဘာလို့ ဘုရားငါးဆူမှာ ရပ်တာလဲပေါ့... ပျက်ပါပြီ..ကားပျက်ပါပြီ...☹️☹️
လမ်းခရီးဆိုတော့ ကားဆရာတွေကိုလည်း မဆူရက်တာနဲ့ အဆင်ပြေအောင် မြန်မြန်လေး လုပ်ဖို့သာ ပြောရရှာတာပေါ့...
ကွီးတို့ကတော့ ချစ်ရသော ခရီးသွားတွေနဲ့အတူ အနီးနားက စားသောက်ဆိုင်လေးမှာ Breakfast စားနားကြသည်ပေါ့... တချို့ကတော့ ကားပျက်သည့်အတွက် စိတ်မကြည်ကြ..တချို့က လမ်းခရီးပဲလေးဆိုပြီး ဇီးရွက်လောက်သာ ကျန်သည့် မျက်နှာဘေးဖြစ်နေသော တူသားနှစ်ယောက် ကို အားနာသောအားဖြင့် ဘာမှမပြောပေ...

တစ်နာရီခန့်ကြာလေပြီ... ကားက ပြန်မလာသေး..
သီတင်းပို့ချက်အရ နောက်တစ်နာရီခန့်ကြာဦးမည်တဲ့...အိုကေ ပါ ..ကွီးရဲ့ ကွန်တန်ဂျန်စီ ပလန် တွေရှိပါတယ်...

စားသောက်ဆိုင်ရဲ့နောက် မှာရှိနေတဲ့ ခြံထဲမှာ ခရီးသည်တွေ အားလုံးစုလိုက်ပါတယ်...ကွီးက စလို့ Game တွေ ကစားပါတော့တယ်...ရုပ်ရှင်ဖွက်တိူင်းကစားတယ်.. ပုံတူ ကူးနည်း ကစားတယ်..တစ်ကယ့်Team Work နဲ့ ဆော့ရတဲ့ Game တွေဖြစ်တာကြောင့် ဆူပုပ်ပုပ်လုပ်နေတဲ့ သူတွေတောင် လန်းကုန်ပါတယ်...မှတ်မိကြသေးလားဗျ...😜

ကစားနေလို့လားမသိ သိပ်တောင်မကြာလိုက်ဘူး ကားပြန်ရောက်လာလို့ ကွီးတို့ ကလောမြို့တော်ကြီးဆီသို့ ဦးတည် ခဲ့ပါတော့တယ်ဗျာ....

ဒီနေ့တော့ ဒီလောက်ပါပဲဗျာ...နောက်ထပ် ဆက်ရန်ရှိသေးတဲ့ အပိုင်းတွေကို ဆက်လက် မျှော်ပေးပါဦး…

ခရီးစဥ်တွေကတော့ လူငယ်တွေ အရှုံးအမြတ် မကြည့်ပဲ ခရီးထွက်ရပါစေဆိုတဲ့ စေတနာ တစ်ခုနဲ့ပဲ စီစဥ်ခဲ့တာ ဖြစ်ပါတယ်။ ခရီးစဥ်တိုင်းမှာ လိုက်ပေးခဲ့ပြီး အပင်ပန်းခံ သည်းခံ ပေးခဲ့တဲ့ ခရီးသည် တစ်ယောက်ချင်းစီကို ကွီးတို့ဖက်က လိုအပ်တာတွေအတွက် အနူးအညွတ် တောင်းပန်ပါတယ်...

အဆုံးထိ ဖတ်သွားပေးခဲ့တဲ့ ကွီးရဲ့ ထမင်းရှင် ခရီးသည် တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်…

ဒီ တစ်ပတ်မှာတော့ကွီးက Stay Home ပြီးတာနဲ့ ရန်ကုန်မြို့နဲ့ လဲ သိပ်မဝေးဘဲ Isolate ဖြစ်နေတဲ့ Camp Ground နဲ့ စိမ်းစိမ်းလန်း...
08/12/2020

ဒီ တစ်ပတ်မှာတော့ကွီးက Stay Home ပြီးတာနဲ့ ရန်ကုန်မြို့နဲ့ လဲ သိပ်မဝေးဘဲ Isolate ဖြစ်နေတဲ့ Camp Ground နဲ့ စိမ်းစိမ်းလန်းလန်းရှိနေတဲ့နေရာလေးတွေအကြောင်း ပြောပြပေးသွားမှာပါ…✌️

No1. Din Kyi Camp Site

မြို့ပြအနီးက အိုအေစစ်လေးလို့ တင်စားထားတဲ့ ဒီနေရာလေးက ဒင်ကြီးဆည်နဲ့ထိစပ်နေပြီး ဆည် ထဲမှာ ကျက်စား နေတဲ့ ဒင်ကြီးငှက်လေးတွေကိုအစွဲပြုပြီးတော့ နာမည်တွင်စေခဲ့တာပါ….

ရန်ကုန်က ဆိုရင် ရန်ကုန်~ ပဲခူး လမ်း ပိုင်း ၁၀ မိုင် မှာ ရှိပြီး ရွှေပြည် Resort အကျော် အင်းတကော်မြို့နယ် အပိုင် ထဲမှာရှိပါတယ်….

မြေနံ့သင်းသင်းနဲ့ Organic Farm လေးရှိသလို ငါးမျှား၊ လှေလှော် သစ်ရိပ်ဝါးရိပ်မှာ အေးဆေး အိပ်ရင် လည်း ရပါတယ်..( ကွီးကတော့ ရောက်တာနဲ့ ဖျာခင်းပြီးအိပ်တာ)😁
သူငယ်ချင်း အုပ်တောင့်ရင်လည်း Game တွေကစားဖို့ နေရာအကျယ်ကြီးပါ .. ညဆိုရင် လည်း ရိုးရာမပြတ် မီးလေးဖို ဂစ်တာ လေးတီးရင်း အော်ချင်သလောက်သာအော်...အေးဆေးပါ...😬

No.2 ဝင်းသစ်မွှေးခြံ

အမြန်လမ်းကနေသွားလိုက်ရင် ၁၆ မိုင် ၆ ဖာလုံမှာတော့ Organic Farm တွေရယ် စနစ်တကျ စိုက်ပျိုးထားတဲ့ ပန်းပင်လှလှလေးတွေ ရယ် ရေတံခွန်လေး နဲ့ မိသားစု အေး‌ဆေးနားလို့ရနိုင်မယ့်နေရာလေးရှိနေပါတယ်….✌️

သူ့နံမည်လေးက " ဝင်း သစ်မွှေးခြံ" လို့ ခေါ်ပါတယ်…..

ဒါကတော့ Day Return ပေါ့နော်။ မိသားစု ၊သူငယ် ချင်း အပေါင်းအသင်း ကြိုက်တဲ့သူနဲ့သွား ၊ RS တွေနဲ့တော့ ရောမသွားနဲ့ ဓာတ်ဖမ်းလို့ကောင်းတော့ ကိုယ် ဓါတ်ဆရာဖြစ်နေမယ်...(ဒါက ကိုယ်တွေ့နော်)😁

အပင်ချစ်သူတွေအတွက် သစ်ပင်မျိုးပေါက်လေးတွေလည်း အများကြီးဝယ်လို့ရသေးတယ်….

No.3 Tha Bar Wa Campground

မြို့ပြနဲ့ လဲ သိပ်မဝေး မရှုပ်ထွေးဘဲ သဘာဝအတိုင်း Tent လေးထိုးပြီး ချက်ပြုတ်စားသောက်ရင်း နေလို့ရတဲ့ နေရာလေးပေါ့ နေရာက ရန်ကုန်ကနေဆို ၁ နာရီခွဲလောက်ပဲ မောင်းရပါတယ်။ မှော်ဘီ မြောင်းတကာ စက်မှုဇုံ အကျော်နားမှာပါ ….✌️

ဒီ Camp Site လေး က Camping Gear နဲ့ အစားအသောက်အတွက် Packageလိုက်လေးတွေ လုပ်ပေးထားတော့ Camping အတွေ့အကြုံမရှိသေးတဲ့ လူတွေအတွက် အသင့်တော်ဆုံးပါ...👍
Camping set လေးနဲ့ အဆင်သင့် သဘာဝနဲ့ ထိတွေ့ရမှာပါ အသေချာပါပဲ….😌

အသေးစိတ်ကိုတော့ သူ့တို့ Page ထဲမှာ စုံစမ်းလို့ရတာရယ်...တချို့ပေးထားတဲ့ Trip Review တွေဖတ်လို့ရတာကြောင့် ကွီးမရေးပေးတော့ဘူးနော်...🤗

အားလုံး Covid Stay Home ပြီးလို့ ခရီးထွက်လို့ ရပြီဆိုရင် စိတ်လွတ်ကိုယ်လွတ်နဲ့ သွားနိုင်ပါစေလို့ ကွီးက ဆုတောင်းပေးလိုက်ပါတယ်နော်...🙏🙏

COVID-19 အပြီးမှာ ခရီးသွားခြင်းဟာ ဘာတွေ ပြောင်းလဲသွားမလဲ ၂၀၂၀ ခုနှစ်နောက်ပိုင်း ခရီး သွားမယ့် ကျွန်တော်တို့ရဲ့ ခရီးသွားတ...
29/11/2020

COVID-19 အပြီးမှာ ခရီးသွားခြင်းဟာ ဘာတွေ ပြောင်းလဲသွားမလဲ

၂၀၂၀ ခုနှစ်နောက်ပိုင်း ခရီး သွားမယ့် ကျွန်တော်တို့ရဲ့ ခရီးသွားတွေဟာ ခံစားခဲ့ရတဲ့ ရောဂါဆိုးကြီးကြောင့် သတိကြီးကြီး ပြင်ပြင်ဆင်ဆင် သွားမှာ ဖြစ်ပါတယ်။ ဘာတွေပြင်ဆင်ကြမလဲဆိုတာကတော့ သိပြီးသားဖြစ်ကြမှာပါ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့အားလုံး အခု Mask တပ်တာတောင် အကျင့် ဖြစ်နေ ကြပြီလေ။ ထွေထွေထူးထူး မပြောတော့ပါဘူး...😞

1.ဘယ်နေရာတွေသွားကြဖို့ ပိုများလဲ?

Lock Down....Home Stay...Work From Home မောလှပါပြီ.. မွန်းကျပ်လှပါပြီ...

ခရီးသွားရတာကြိုက်နှစ်သက်တဲ့ ကျွန်တော်တို့အများစုအတွက်လည်း လွတ်လပ်စွာသွားလာခွင့်ကို အလွန်အမင်း လက်လွတ်ဆုံးရှုံးကြရပါတယ်...ခရီးသွားခွင့်ရ ကြပြီဆိုတာနဲ့ Populated ဖြစ်မဲ့နေရာမျိုးတွေကိုလဲ အများစုကရှောင်ကြပါမယ်..နာမည်ကြီး နေရာမျိုးတွေပေါ့...(မြန်မာပြည်ရဲ့ ဒေသဆိုင်ရာပွဲတော်တွေက တော့ခြောက်ကပ်ကပ် ဖြစ်ဖို့များနေတာ ဝမ်းနည်းစရာပါ)

Solo Travel တွေ၊ အပေါင်းအသင်းနည်းနည်း နဲ့ လူသိနည်းတဲ့နေရာမျိုးတွေ သွား ဖို့ကို ဦးစားပေးကြပါလိမ့်မယ်..😎

2.အရည် အတွက် ထက် အရည် အသွေး ကိုသာ ဦးစားပေးကြမယ်

အရင်တုန်းက အခွင့် အရေး ရတာ နဲ့ လစ်ကနဲဆို သွားတတ်တဲ့ Travel Guru တွေ တောင် စဉ်းစားရပါပြီ... ရောက်ဖူးနေတာပဲ ဘာလုပ်မှာလဲ ..စသဖြင်ပေါ့..ပြောချင်တာက သွားမယ်ဆိုရင်တောင် ကိုယ်မသိသေးတဲ့နေရာမျိုး ၊သွားရတာတန်မဲ့နေရာမျိုးကိုပဲ ရွေးချယ်ကြပါလိမ့်မယ်....No.1 အချက်နဲ့လည်း ချိန်ညှိကြဦးမှာပါ...

3.ROAD TRIP တွေ ရေပန်းစားလာမယ်

အရင်ကလို Group Tour တွေ သွားတာထက်၊ကိုယ်ပိုင် Gear အစုံနဲ့ ကားတစ်စီး ဒါမှမဟုတ် ဆိုင်ကယ် ၊စက်ဘီးတွေနဲ့၊ Country Side တွေမှာ Camping လုပ်တဲ့ အလေ့အထ လဲ ခေတ်စားလာပါမယ်...👍

4.ခရီးသွားလမ်းညွှန်တွေရဲ့ အပြောင်းအလဲ

များသောအားဖြင့် မြန်မာပြည် ရဲ့ Travel Company တွေ ဟာ သူတို့ရဲ့ တစ်ခေတ်ဆန်း လမ်း ညွှန် App တွေ အသုံးပြုလာမလား၊ Social Media ပေါ်က Blogger တွေရဲ့ လမ်းညွှန်မှု တွေ နဲ့ သွားကြမလား၊
Social Media Platform တွေမှာ Hot Line သဖွယ် Trip Advisor Service တွေနဲ့ မြန် မာပြည်ရဲ့ ပြည်တွင်းခရီးသွားဝန်ဆောင်မှုကို အထောက်အပံ့ ပေးမလားဆိုတာကတော့.....ကွီးနဲ့အတူ စောင့်ကြည့်ကြရအောင်...😊

လောလောဆယ်တော့ ကွီးက Tripadvisor App Link လေးကို လက်ဆောင်ပေးထားပေးမယ်နော် အောက်မှာ Downလိုက်ကြပါနော်...👇

https://play.google.com/store/apps/details?id=com.tripadvisor.tripadvisor

Advice By KwiI Hla Htay
I miss You All
KwiI is Back

လည်ပတ်သင့်တဲ့  စွန့်စွန့်စားစား သည်းထိတ်ရင်ဖိုစရာ နေရာများ အားလပ်ရက်တွေရတဲ့အခါ ကမ္ဘာအနှံ့ခရီးသွားပြီး ဟိုတယ်တစ်ခုရဲ့ရေကန...
17/06/2020

လည်ပတ်သင့်တဲ့ စွန့်စွန့်စားစား သည်းထိတ်ရင်ဖိုစရာ နေရာများ

အားလပ်ရက်တွေရတဲ့အခါ ကမ္ဘာအနှံ့ခရီးသွားပြီး ဟိုတယ်တစ်ခုရဲ့ရေကန်ဘေးမှာထိုင်ရင်းတစ်နေကုန် အနားယူနေရတာကိုကြိုက်ကြလား...?
ဒါမှမဟုတ် စိတ်လှုပ်ရှားစရာ crazy ဖြစ်တဲ့ ရူးသွပ်မှုတွေကို လုပ်ချင်ကြလား...?

တကယ်က အနားယူတာကိုနောက်မှလုပ်လို့ရတယ်။ဘာလို့ဆိုတော့ ကော်ရီးတို့ ဒီနေ့မှာ စိတ်လှုပ်ရှားစေမဲ့ ကမ္ဘာအနှံ့က စိတ်လှုပ်ရှားစရာ အပြည့်နဲ့ ရူးသွပ်သွားစေမဲ့ နေရာတွေ ပြောပြပေးမှာမလို့ပဲကွာ... Wow Wow Wow ပဲ 😎😎

check it out !!

(၁) Kilimanjaro ရေလွှာလျှောစီး
Kilimanjaro ရေလွှာ‌လျှောစီးကိုဖွင့်တာကတော့ နှစ်၂၀လောက်ရှိပြီ။ အဲ့ဒီရေလွှာလျှောစီးကဆိုရင် ကမ္ဘာအနှံ့ထင်ရှားတဲ့ ရေလွှာ‌လျှောစီးတွေထဲမှာ ထိပ်ဆုံးစာရင်း၀င်တဲ့ ရေလွှာလျှောစီးတစ်ခု ဖြစ်တယ်။၆၀ဒီဂရီ အမြင့်ကနေဆိုရင် ရေလွှာလျှောစီးမဲ့သူအတွက် တစ်နာရီကို ၆၂မိုင်နှုန်းနဲ့ စီးနိုင်တယ်။ အဲ့တာကဆိုရင် ကားတစ်စီးအဝေးပြေးလမ်းမပေါ်မှာ မောင်းသလောက် မြန်တယ်။ အဲ့ဒီ ရေလွှာ‌လျှောစီးလို့ရတဲ့နေရာမှာ အခန်း၁၆၀ရှိတဲ့ဟိုတယ်တစ်ခု ၊ ရေကူးကန် ၁၇ခုနဲ့ လှိုင်းတုစီးလို့ရတဲ့ရေကန်တစ်ခုပါရှိတယ်...

(၂) Moses Mabhida stadium
တောင်အာဖရိကမှာရှိတဲ့ Moses Mabhida စတူဒီယိုကဆိုရင် ကမ္ဘာ့အကြီးဆုံးနှင့် တစ်ခုတည်းသောကြိုးလွှဲစီးလို့ရတဲ့ နေရာတစ်ခုပဲ ဖြစ်တယ်။ အဲ့ဒီအပေါ်ကိုရောက်ဖို့ဆိုရင် cable ကားနဲ့အရင်တက်ရတယ်။ ပြီးရင် မက်‌စောက်တဲ့ လှေကားထစ်ပေါင်း ၃၅၂ထစ်ကို တက်ရတာက တောင်တစ်တောင်တက်ရသလို ပဲ။ ၂၆၂ပေအမြင့်ကို ရောက်နေတဲ့အခိုက်အတန့်က‌နေ ခုန်ချလိုက်တဲ့အခါ ဘ၀က လွင့်မျောနေသလို ခံစား‌နေရမှာ အမှန်ပဲကွာ။

(၃) TRIFT BRIDGE
ပိတ်ရက်မှာ ဆွစ်ဇာလန်က အယ်လ်တောင်တန်းရဲ့ကြီးကျယ်ခမ်းနားတဲ့ အလှ နှင့် ပြင်သစ်မြို့ကို ကြည့်ဖို့ဆိုရင် Trift တံတား ပေါ်မှာ လမ်းလျှောက်တာထက် ကောင်းတဲ့နည်း မရှိဘူး... အဲ့တာကို တံတားလို့ပြောတာထက် ‌‌လျှောက်လို့ရအောင် တန်းထားတဲ့ ကြိုးတန်းလို့ပဲ တင်စားချင်တယ်။အဲ့တာက ၃၂၈ ပေအကွာအဝေးရှိတဲ့ ချောက်နက်ကိုဖြတ်ပြီး ကျောက်တောင်ထိပ်နှစ်ခုကိုဆက်သွယ်ထားတာဖြစ်လို့ cable ကားနဲ့အပေါ်စီးကိုတက်ရပြီး အဲ့ဒီအမြင့်မှာတိုက်နေတဲ့လေက တံတားကို ဝှေ့ယမ်းနေသလိုပဲ။ အဲ့မြင်ကွင်းက တကယ်ကိုနှလုံးတုန်စေတဲ့ရှုခင်းမျိုး...

(၄) WILDFIRE ရိုလာကိုစတာ
နောက်ထပ် ဥရောပရဲ့ လှပတဲ့နေရာလေးတစ်ခုကို ပြောပြပေးမယ်။ Wildfire က ဆွီဒင်မှာရှိတာဖြစ်ပြီးကမ္ဘာပေါ်မှာအကြီးဆုံးနှင့် အမြန်ဆုံး ရိုလာကိုစတာ တစ်ခုလည်းဖြစ်တယ်။ စီးရတဲ့အချိန်က ၂မိနစ်ပဲကြာ‌ပေမဲ့ စီးတဲ့လူတွေက အထက်အောက်ပြောင်းပြန် ၃ ခါနှင့် တောင်ကုန်း ၁၂ခုကို ဖြတ်သန်းရသွားရတယ်။ရိုလာကိုစတာပေါ်မှာ တစ်နာရီ ၇၁မိုင်နှုန်းနဲ့သွားနေတာဖြစ်တယ်။ သူ့ရဲ့ထူးခြားချက်က တိရစ္ဆာန်ရုံထဲမှာဆောက်လုပ်ထားတာဖြစ်လို့ အပေါ်စီးကရှုခင်းတွေအပြင် ရိုလာကိုစတာစီးရင်း တိရစ္ဆာန်မျိုးစုံကိုလည်း တွေ့နေရမှာကွာ...

Adventure ပုံစံမှ ကြိုက်တဲ့ ဘော်ဒါတို့ရေ...

ဒီ Covid လုံးဝ ကင်းစင်သွားရင်တော့ ဒီလိုမျိုး စွန့်စားဖို့ အစီအစဉ်တွေနဲ့ ရှယ်ဖြုတ်လိုက်ကြတော့ဗျို့....😎😎

Address

Migathi, 20th Street
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959970235278

Alerts

Be the first to know and let us send you an email when Tidal Wave Travel And Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tidal Wave Travel And Tour:

Share

Category

Our Mission

လူ့ဘဝ ရတဲ့ ခဏလေးမှာ တခါမှ မရောက်ဖူးတဲ့ နေရာတွေ...

စွန့်စားမှုတွေနဲ့ သွားရမဲ့ ခရီးတွေ...

မမြင်ဖူးတဲ့ အစားအစာအသစ်တွေ...

အပေါ်က ပြောတာတွေက လူငယ်တွေ ဖြစ်တုန်းမှာပဲ ဂေါ်လို့ ရတာပါ...