Golden Yangon City Transportation

Golden Yangon City Transportation ခရီးသွား မိဘပြည်သူများနှင့် အတူရှိမည် GYCT

ခရီးသွားမိဘပြည်သူတွေအနေနဲ့ ကိုယ်ဆင်းမယ့်မှတ်တိုင်ရောက်လို့ဆင်းတဲ့အခါ ကားရပ်မှဆင်းပါခင်ဗျာရာသီဥတုကြောင့် လမ်းချော်တာတွေအပ...
27/08/2026

ခရီးသွားမိဘပြည်သူတွေအနေနဲ့ ကိုယ်ဆင်းမယ့်မှတ်တိုင်ရောက်လို့ဆင်းတဲ့အခါ ကားရပ်မှဆင်းပါခင်ဗျာ

ရာသီဥတုကြောင့် လမ်းချော်တာတွေအပြင်ကားမရပ်သေးဘဲဆင်းတဲ့အခါ ခရီးသွားမိဘပြည်သူတွေအနေနဲ့ချော်လဲပြီး ထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။

ခရီးသွားမိဘပြည်သူတွေအနေနဲ့ အတက်အဆင်းပြုလုပ်တဲ့အခါ သတိလေးထားပြီးဂရုစိုက်ကြဖို့ GYCT မှအသိပေးအပ်ပါတယ်ခင်ဗျာ။

ခရီးသွားမိဘပြည်သူတွေအနေနဲ့ မှတ်တိုင်ရောက်တဲ့အခါ ကိုယ်စီးမယ့် ယာဉ်လိုင်းကို စောင့်ရတာက ဘဝမှာ အကြာဆုံးအချိန်လို့ ထင်ကြတယ်မ...
24/08/2026

ခရီးသွားမိဘပြည်သူတွေအနေနဲ့ မှတ်တိုင်ရောက်တဲ့အခါ ကိုယ်စီးမယ့် ယာဉ်လိုင်းကို စောင့်ရတာက ဘဝမှာ အကြာဆုံးအချိန်လို့ ထင်ကြတယ်မလား? ⏳

ခရီးသွားမိဘပြည်သူတွေအနေနဲ့ GYCT ရဲ့ ဘယ်ယာဉ်လိုင်းနံပါတ်တွေက မှတ်တိုင်မှာ စောင့်ရအကြာဆုံးလဲ? 🤔

Comment မှာ ရင်ဖွင့်ခဲ့ကြပါဦးခင်ဗျာ။ 💬👇😂

23.8.2026 AYEYAWADY-HANG YUAN ပွဲချိန် ညနေ ၄ နာရီ ဒီနေ့ ဘောပွဲလာကြည့်တဲ့ ပရိသတ်ကြီးတွေ အဆင်ပြေစေဖို့ 🥳GYCT ၆၀ သုဝဏ္ဏကွင်...
23/08/2026

23.8.2026 AYEYAWADY-HANG YUAN ပွဲချိန် ညနေ ၄ နာရီ
ဒီနေ့ ဘောပွဲလာကြည့်တဲ့ ပရိသတ်ကြီးတွေ အဆင်ပြေစေဖို့ 🥳

GYCT ၆၀ သုဝဏ္ဏကွင်းမှ ယုဇန မူလလမ်းကြောင်းအတိုင်း

GYCT၁၀၃ သုဝဏ္ဏ မှ လှိုင်သာယာ မူလလမ်းကြောင်းအတိုင်း

GYCT ၁၁၈ သုဝဏ္ဏမှ သုခဒဂုံ မူလလမ်းကြောင်းအတိုင်း

ဘောလုံးပွဲပြီး အပြန် အဆင်ပြေစေရန် GYCT မှ ဘောလုံးပွဲ ဝါသနာရှင်များအတွက် ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ကွင်းထဲမှာ ဆုံကြမယ်နော် 💪
#ခရီးသည်များနှင့်အတူရှိနေမည့် GYCT

BUS ပေါ်မှာ ပစ္စည်းတွေကျန်ခဲ့တာကို တွေ့ရှိခဲ့ရင် ခရီးသွားမိဘပြည်သူများအနေနဲ့ စာနာမှုဖြင့်  ကျန်ခဲ့တဲ့ပစ္စည်းတွေကို ကားဆရ...
21/08/2026

BUS ပေါ်မှာ ပစ္စည်းတွေကျန်ခဲ့တာကို တွေ့ရှိခဲ့ရင် ခရီးသွားမိဘပြည်သူများအနေနဲ့ စာနာမှုဖြင့် ကျန်ခဲ့တဲ့ပစ္စည်းတွေကို ကားဆရာတွေထံမှာ အပ်နှံပေးဖို့ မေတ္တာရပ်ခံပါတယ်🙏

GYCT အနေနဲ့လည်း မိမိတို့ယာဉ်လိုင်းပေါ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို သိမ်းဆည်းပြီး မူလပိုင်ရှင်လက်ထဲသို့ ပြန်လည်အပ်နှံပေးလျက်ရှိပါတယ်။

လူမှုအသိုင်းအဝိုင်းအတွက် အချင်းချင်း စာနာကူညီပေးခြင်းကလည်း အရေးကြီးတဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။ 🤝

🚌 ရည်မှန်းချက် အိပ်မက်များအတွက် နေ့ရက်တိုင်းမှာ GYCT နှင့် ခရီးဆက်ပါ💙

ခရီးသွားမိဘပြည်သူတွေအနေနဲ့ သွားရေးလာရေးအတွက် BUS စီးကြတဲ့အခါ GYCT ရဲ့ ဘယ်ယာဉ်လိုင်းတွေကို စီးဖူးကြလဲ❓  Comment မှာ ပြောခ...
18/08/2026

ခရီးသွားမိဘပြည်သူတွေအနေနဲ့
သွားရေးလာရေးအတွက် BUS စီးကြတဲ့အခါ GYCT ရဲ့ ဘယ်ယာဉ်လိုင်းတွေကို စီးဖူးကြလဲ❓
Comment မှာ ပြောခဲ့ကြပါဦးခင်ဗျာ။ 💬

ရည်မှန်းချက်၊ အိပ်မက်များအတွက်
နေ့ရက်တိုင်းမှာ GYCT နှင့် ခရီးဆက်ပါ... 🚌💛

ခရီးသွားမိဘပြည်သူတို့ရေ… BUS စီးတဲ့အခါ ဘာတွေကြောင့် စိတ်ညစ်ရလဲ ရင်ဖွင့်လို့ရပါတယ်ခင်ဗျာ။ 😅ဥပမာ…  👥 ကားပေါ်မှာ လူအရမ်းကြပ...
15/08/2026

ခရီးသွားမိဘပြည်သူတို့ရေ… BUS စီးတဲ့အခါ ဘာတွေကြောင့် စိတ်ညစ်ရလဲ ရင်ဖွင့်လို့ရပါတယ်ခင်ဗျာ။ 😅

ဥပမာ…
👥 ကားပေါ်မှာ လူအရမ်းကြပ်လို့ စိတ်ညစ်ရလား?
🚦 မီးပွိုင့်တွေမှာ ကားပိတ်လို့ စိတ်ညစ်ရလား?
⏰ ကားစောင့်ရတဲ့အချိန် ကြာလို့ စိတ်ညစ်ရလား?

💬 ဘာကြောင့်ပဲဖြစ်ဖြစ် Comment မှာ ရင်ဖွင့်ခဲ့လို့ရပါတယ်နော်။

GYCT အနေနဲ့လည်း ခရီးသွားမိဘပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အကြံပြုချက်တွေကို နားထောင်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အစဉ်ကြိုးစားနေပါတယ်ခင်ဗျာ။ 🙏

12/08/2026

☀️🌧️ ဘယ်လိုရာသီဥတုပဲ ဖြစ်နေပါစေ 🚌 GYCT က ခရီးသွားမိဘပြည်သူများနဲ့အတူ လမ်းမထက်မှာ အမြဲရှိနေမှာပါ။

📍 လုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့၊
🛣️ နေ့စဉ်ခရီးစဉ်တိုင်း အဆင်ပြေချောမွေ့စေဖို့ GYCT က အမြဲအတူ လက်တွဲပေးနေပါတယ်။

🚌 BUS စီးပြီး သွားလာရတဲ့ ခရီးသွားမိဘပြည်သူများအနေနဲ့ လိုင်းကားစီးတဲ့အခါ ပြတင်းပေါက်ကနေ 🚫 အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ...
09/08/2026

🚌 BUS စီးပြီး သွားလာရတဲ့ ခရီးသွားမိဘပြည်သူများအနေနဲ့ လိုင်းကားစီးတဲ့အခါ ပြတင်းပေါက်ကနေ 🚫 အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာနဲ့ တံတွေးထွေးတာမျိုးတွေကို မပြုလုပ်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ 🙏

ပြတင်းပေါက်ကနေ ကွမ်းတံတွေးထွေးတာနဲ့ အမှိုက်ပစ်ချတာတွေက ကားလမ်းကို ညစ်ညမ်းစေသလို၊ ပစ်ချလိုက်တဲ့အချိန်မှာ အနီးနားက ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေအပေါ် ကျရောက်ပြီး ညစ်ပတ်စေနိုင်တာကြောင့် အထူးသတိပြုစေချင်ပါတယ်။ ⚠️

အကယ်၍ မိဘပြည်သူများအနေနဲ့ လမ်းခရီးသွားလာရင်း ကွမ်းစားတတ်တာ၊ တံတွေးထွေးတတ်တာရှိမယ်ဆိုရင် Plastic အိတ်အသေးလေးတွေ ဆောင်ထားပြီး စနစ်တကျ စွန့်ပစ်ပေးဖို့ အကြံပြုလိုပါတယ်။ ♻️

💙 သန့်ရှင်းတဲ့ ရန်ကုန်မြို့နဲ့ ယဉ်ကျေးတဲ့ ခရီးသွားယဉ်ကျေးမှုကို အတူတကွ ဖန်တီးကြပါစို့။

မိတ်ဆွေတို့အနေနဲ့ကြုံဖူးကြမယ်ထင်ပါတယ်  ရုံးတက်ရုံးဆင်းအချိန်တွေဆို တစ်ချို့လူအတက်များတဲ့မှတ်တိုင်တွေမှာကားဆရာကြီးတွေကတစ်...
06/08/2026

မိတ်ဆွေတို့အနေနဲ့ကြုံဖူးကြမယ်ထင်ပါတယ် ရုံးတက်ရုံးဆင်းအချိန်တွေဆို တစ်ချို့လူအတက်များတဲ့မှတ်တိုင်တွေမှာကားဆရာကြီးတွေကတစ်ခြားမှတ်တိုင်တွေထက် အချိန်လေးနည်းနည်းပိုပြီးရပ်တက််ကြပါတယ်

တကယ်တော့ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားနောက်မကျဘဲ
ခရီးသွားမိဘပြည်သူတွေကိုလိုရာခရီးအချိန်မီရောက်နိုင်ရန်အတွက် ကားဆရာကြီးတွေဘက်ကစောင့်ပေးတဲ့အနေနဲ့ပုံမှန်ထက်အချိန်ပိုပြီးရပ်ပေးကြတာပါ။

ဒါကြောင့်ကားပေါ်မှာပါလာတဲ့ခရီးသွားမိဘပြည်သူတွေအနေနဲ့ အချိန်ကြာလို့ကားဆရာကြီးတွေကိုအပြစ်မမြင်ကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

BUS ပေါ်မှာနေရာမရလို့မတ်တတ်ရပ်ရပြီဆိုရင်ဒီလိုလေးရပ်နော်ပုံမှန်အားဖြင့် YBS ကားကိုကားအရှေ့ပိုင်း၊ အဆင်းပေါက် နဲ့ ကားအနောက...
03/08/2026

BUS ပေါ်မှာနေရာမရလို့မတ်တတ်ရပ်ရပြီဆိုရင်ဒီလိုလေးရပ်နော်
ပုံမှန်အားဖြင့် YBS ကားကိုကားအရှေ့ပိုင်း၊ အဆင်းပေါက် နဲ့ ကားအနောက်ပိုင်းဆိုပြီး သုံးပိုင်းခွဲခြားလို့ရပါတယ်။

မိတ်ဆွေတို့က BUS ပေါ်တက်လာပြီးနေရာမရလို့မတ်တတ်ရပ်ရတဲ့အခါကိုယ်ဆင်းရမယ့်မှတ်တိုင်က
အရမ်းဝေးသေးရင်ကားရဲ့အနောက်ပိုင်းမှာသွားရပ်ပေးပါ အကယ်၍မိတ်ဆွေတို့ဆင်းရမယ့်မှတ်တိုင်ကသိပ်မဝေးရင်ကားအရှေ့ပိုင်းလေးမှာရပ်ပါ ဆင်းခါနီးတစ်မှတ်တိုင်အလိုလောက်မှ အဆင်းပေါက်နားကိုပြောင်းရပ်ပေးပါ။

ဒီနည်းလမ်းလေးက အရမ်းကြပ်တဲ့ရုံးတက်ရုံးဆင်းချိန်တွေမှာ ခရီးသွားမိဘပြည်သူတွေအတွက်များစွာအထောက်အကူဖြစ်စေပါတယ်နော်။

ဒါကြောင့် ကားဆရာကြီးတွေက နောက်ကိုတိုး နောက်ကိုတိုး လို့ပြောတဲ့အခါစိတ်မဆိုးကြဘဲ လိုလေးရပ်ပေးကြပါခင်ဗျ။

Address

No(883), Bagan Street, 53 Ward, South Dagon
Yangon
11431

Website

Alerts

Be the first to know and let us send you an email when Golden Yangon City Transportation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share