A Htun

A Htun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Htun, Travel and transport, Ye-ngan.

🌼နွေ 🌼
18/03/2024

🌼နွေ 🌼

 အရှေ့မြင်အနောက်မြင်တောင်အမြင့်ပေ(၇၇၅၂ပေ)ရှိပြီး တောင်ဇလပ်တို့ပွင့်ရာဓနုဌာနေ🌺🌺🌺ကျွန်တော်တို့ကမန္တလေးကနေသူငယ်ချင်းတွေစုပြ...
19/01/2024


အရှေ့မြင်အနောက်မြင်တောင်
အမြင့်ပေ(၇၇၅၂ပေ)ရှိပြီး တောင်ဇလပ်တို့ပွင့်ရာဓနုဌာနေ🌺🌺🌺

ကျွန်တော်တို့ကမန္တလေးကနေသူငယ်ချင်းတွေစုပြီး ကိုယ့်အစီအစဉ်နဲ့ကို သွားကြတာဆိုတော့
မန္တလေးကနေ ပထမဦးဆုံး ရွာငံ(မြစေတီကျေးရွာ)မှာရှိတဲ့ လမ်းပြ ဦးလေးကြီးအိမ်ကို အရင်ဆုံးသွားကြတယ် ပြီးတော့ အဲ့အိမ်မှာနေ့လယ်စာစားကြတယ် (ကြိုပြီးစီစဉ်ခိုင်းထားလို့ပါ) အဲ့ရွာကနေ တောင်ခြေမှာရှိတဲ့ညောင်ပင်ကြီးထိ ကားငှါးသွားရပါတယ် ခန့်မှန်းခြေ မိနစ်၂၀လောက်တော့ကြာပါတယ် ညောင်ပင်ကြီးရောက်တာနဲ့ စတက်ရပါပြီ မတက်ခင် လမ်းပြနဲ့အထမ်းသမားက လိုကိုလိုအပ်ပါတယ် ဘာလို့လဲဆိုတော့ အတက်၇နာရီအဆင်း၆နာရီလောက်ကြာပြီးလမ်းတွေလည်းမှားနိုင်လို့ပါ အပေါ်မှာ camping လုပ်ကြတာဆိုတော့ မဖြစ်မနေယူရတဲ့ပစ္စည်းတွေများနေရင် အထမ်းသမားခေါ်ရပါတယ် တောင်တက်လမ်းတစ်လျှောက်မှာတွေ့ရတဲ့ viewတွေကတော့ လုံးဝကိုရင်သပ်ရှုမောဖွယ်ပါပဲ🌺🌿🌳
အတက်မှာတော့ မောလိုက် နားလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ အမှတ်တရတွေကိုလဲ ဖန်တီးဖို့မမေ့ခဲ့နဲ့နော် 📷

မဖြစ်မနေယူသွားရမဲ့ဟာလေးတွေက👇
အနွေးထည် လေဖောင်းပဲယူသွားကြပါ
တောင်တက်ဖိနပ် ၊ အနွေးဦးထုပ် ၊ အနွေးလက်အိတ် ၊ ခြေအိတ် လုံလုံခြုံခြုံ ဝတ်ဆင်ရ😬
Tent (ရေမစိမ့်နိုင်တာမျိုးမှအဆင်ပြေမယ် မဟုတ်ရင် အထဲမှာရေစိမ့်ပီး စိုနေရင် ပိုအေးတယ် အောက်ကအခင်းက ဖော့ခံဆိုပိုအဆင်ပြေတယ် အရမ်းအေးတော့ အိပ်မရဘူးလေ😶‍🌫️)
Sleeping bag ကအထူမှနွေးနွေးထွေးထွေး အဆင်ပြေတယ် မဟုတ်လဲ အနွေးထည်နဲ့အိပ်ရင်ရတယ် ကျတော်ကတော့ အနွေးထည်ရော sleeping bag ရောတောင်အရမ်းအေးလို့ အိပ်မပျော်ခဲ့ပါဘူး 😶‍🌫️🥶😶‍🌫️
ရေသန့် ၊ Wet Tissue ၊ ဓာတ်ဆား ၊ ခေါက်ဆွဲဗူး ၊ ကော်ဖီ ၊ အဆာပြေမုန့် ကိုယ်ကြိုက်တာ ကိုယ်သယ်ဆောင်သွားသင့် 🥴🥴
ညမှာကြယ်တွေကြည့်ရင်း မီးပုံဘေးမှာ ပျော်ကြပါးကြ သောက်ကြစားကြမယ်လေ 🤗🤗
မနက်ကျအစောထပြီး နေထွက်ချိန်လေးကြည့်ပြီးကော်ဖီတခွက်နဲ့ နိဗ္ဗာန်ရောက်သွားသလိုပဲ ကြည့်လို့ကိုမဝခဲ့ဘူး ☀️

🍀 သဘာဝအလှတွေကို ခံစားဖို့
ဖျတ်ဖျတ်လူးနဲ့အတူ ခရီးသွားစို့ 🍀

#အရှေ့မြင်အနောက်မြင်
:





TRAVELLER

Happy New Year Night Camping ⛺️ ရေလယ်ကျွန်း🏞️သူငယ်ချင်းတွေပဲသွားသွား မိသားစုလိုက်သွားသွားသွားလို့အဆင်ပြေဆုံးနေရာလေးနော် ...
01/01/2024

Happy New Year Night Camping ⛺️
ရေလယ်ကျွန်း🏞️
သူငယ်ချင်းတွေပဲသွားသွား မိသားစုလိုက်သွားသွား
သွားလို့အဆင်ပြေဆုံးနေရာလေးနော် 😊😊
စက်လှေကလဲ ( ၅ မိနစ် ) လောက်စီးရတယ်နော် ကျွန်းပေါ်ရောက်ဖို့ 🚤
ညမှာ ကြယ်တွေလတွေလဲ ကြည့်ရင်း စကားတွေပြောကြမယ် ဂီတာတီးပြီး သီချင်းတွေဆိုကြမယ် ဂိမ်းတွေဆော့ကြမယ် ချက်ပြုတ်စားကြမယ် သောက်ကြမယ် ကျွန်းပေါ်မှာ ကိုယ်စိတ်ပျော်ရာလုပ် အေးဆေး ညဆိုရင်တော့ အရမ်းအေးတော့ မီးပုံပွဲလေးလဲ လုပ်ကြမယ် 🔥⭐️🌙💫
မနက်တော့ နေမထွက်ခင် အစောထဖို့တော့လိုတယ်နော် 🤩🤩
ဓါတ်ပုံကနေမထွက်ခင် ရိုက်မှပိုလှတာနော်📸

09/10/2023

သဘာဝကိုချစ်မြတ်နိုးပြီး စွန့်စားမှုတွေကိုနှစ်ခြိုက်သောသူများသွားကြည့်သင့်တဲ့နေရာနော်🥴

တိတ်ဆိတ်ငြိမ်သက်🌳🌿🌾
26/09/2023

တိတ်ဆိတ်ငြိမ်သက်🌳🌿🌾

09/08/2023

မိုးအေးအေးနဲ့ဆွေး

Address

Ye-ngan

Website

Alerts

Be the first to know and let us send you an email when A Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share