BTR Book Club

Call Directions Contact the business

BTR Book Club Born To Rise Myanmar Book Club

ဒီမြောက်ပိုင်းစာအုပ်ကိုဖတ်နေရင်းနဲ့ ပထမဆုံး ခံစားရမှာကတော့ တစ်ချိန်က ကချင်၊ ရှမ်း၊ မြန်မာ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီ...
11/10/2026

ဒီမြောက်ပိုင်းစာအုပ်ကိုဖတ်နေရင်းနဲ့ ပထမဆုံး ခံစားရမှာကတော့ တစ်ချိန်က ကချင်၊ ရှမ်း၊ မြန်မာ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှု၊ သူ့ကျွန်မခံဘဲရွံ့ရွံ့ချွန်ချွန် တိုက်ခိုက်ကြတဲ့
လက်ရုံးရည်၊နှလုံးရည် နဲ့ အေးချမ်းလှပပြီး ရင်သပ်ရှုမောဖွယ်မြန်မာပြည်​မြောက်ပိုင်းရဲ့အလှတွေကို ကိုယ်တိုင်
ရောက်ရှိသွားသလိုခံစားရမှာဖြစ်ပါတယ်။

တိုင်းရင်းသားတို့ရဲ့ နေထိုင်စားသောက်မှုနဲ့ ချစ်စရာဓလေ့၊ တောင်ပေါ်မြေပြန့်မတူကြတဲ့ ဝတ်စားဆင်ယင်မှုရိုးရာများကိုလဲစာရေးဆရာရဲ့ ပြောင်မြောက်သောအရေးသားတွေကြောင့် ကိုယ်တွေ့ခံစားနေရသလို ရုပ်လုံးကြွပြီး စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာဖြစ်ပါတယ်။

"သေရင်တောင် ကျွန်လိုမသေဘဲ သခင်လို"သေမယ် နောက်ဆုံးထွက်သက်ထိစစ်တိုက်ရင်းပဲသေသွားမယ်" ဆိုတဲ့ ရှမ်းတိုင်းရင်းသားအဖိုးကြီး ဘကြီးမုံးရဲ့ ပြင်း
ပြတဲ့ မျိုးချစ်စိတ်ဓာတ်၊ စစ်ရေးပရိယာယ်ကြွယ်ဝပုံကိုလဲခံစားရမှာဖြစ်ပြီး၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်ရောက် လက်မလျှော့တက်တဲ့ဇွဲနဲ့ စစ်မှန်တဲ့တိုင်းရင်းသားတွေရဲ့ နှလုံးသား တွေကိုလဲ စာရေးသူရဲ့ပြောင်မြောက်တဲ့ရေးသားမှုတွေကြောင့် လေးစားအတုယူဖွယ် ရင်သပ်ရှုမောသိမြင်ခံစားပြီး ဖတ်ရှုရမယ့်ဂန္တဝင်စာအုပ်ကြီးလဲဖြစ်ပါတယ်။

အဲ့ဒီခေတ်ကပြည်သူပြည်သားတွေရဲ့ဆင်းရဲဒုက္ခရောက်မှုတွေ၊ နောက် အမျိုးသမီးတွေဟာလဲ ဇနီးတစ်ယောက်သာမကဘဲ လိုအပ်ရင်
ရဲရင့်စွာ တိုက်ပွဲဝင်ကြတဲ့ တပ်သားတွေအနေနဲ့ တစ်မျိုး ၊ တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီးရိုးသားစွာ ရှာဖွေစားသောက်ကြသော အရပ်သားတွေနဲ့တစ်ဖုံ၊ အမျိုးမျိုးတွေ့ရှိကြမှာဖြစ်ပါတယ်။ ဘာမှအလုပ်မလုပ်တဲ့ ဘိန်းစားအသုံးမကြတဲ့တောင်ပေါ်သားငလူးတွေရဲ့အကျင့်စရိုက်တွေကိုလဲ ဖတ်ရှုခံစားရမှာဖြစ်ပါတယ်။

တစ်ခါ အဖိုးရဲ့ခြေရာကိုနင်းပြီးဘုရင့်တပ်ထဲဝင်ဖို့ သွားတဲ့ လူငယ်လေးမောင်ရွှေဝါနဲ့တစ်ချိန်က အဖိုးရဲ့သူငယ်ချင်းဖြစ်သူ ဘကြီးမုံးနဲ့ဆုံ​တွေ့ပြီး တောင်ပေါ်ကိုရောက်ရှိသွားတဲ့ လူငယ်လေး မောင်ရွှေဝါ တောင်ပေါ်က လူကြီးသမီးဖြစ်သူ ကနန်းတိုင်းရင်းသူလေး မနှင်းမြူ တို့ တွေ့ဆုံပြီး မေတ္တာမျှကြပုံ၊တစ်ဖက်ကအချစ် ၊ တစ်ဖက်က နိုင်ငံရေးဖြစ်လာတဲ့အခါမှာ သူတို့နှစ်ယောက်ဘယ်လိုတွေကြုံတွေ့ကြဦးမလဲဆိုတာကိုအလွမ်း၊ အဆွေးအစုံနဲ့ စီးမြောသွားစေမှာဖြစ်ပါတယ်။ နောက်ပိုင်း မောင်ရွှေဝါကရော ဘယ်လိုတွေပြောင်းလဲသွားမှာလဲ ၊ သူ့ချစ်တဲ့သူနဲ့ရောပေါင်းဖက်ရမှာလားဆိုတာတော့ ဖတ်ကြည့်နော်

တစ်ခါ ယောကျာ်းသေရင် ယောကျာ်းရဲ့ ညီအကို၊ ဒါမှမဟုတ် ယောကျာ်းအဖေနဲ့ယူရတယ်ဆိုတဲ့ ကချင် ရိုးရာဓလေ့ကို သူကိုယ်တိုင်မလိုက်နာနိုင်ကြောင်းပြသကာ ရိုးရာဓလေ့ကိုဆန်ကျင့်ပြီး တောင်ပေါ်ဒေသကနေ တစ်ယောက်တည်း ကိုယ်ဝန်အရင့်အမာကြီးနဲ့ ထွက်ပြေးတိမ်းရှောင်ရင်း ဆင်ဖမ်းလာတဲ့ ရွှေနီ၊ ရွှေဝါ ညီအကိုနဲ့တွေ့ကြပုံ၊ ကိုယ့်ကလေးကို ကိုယ်တိုင်မွေး အချင်းကိုကိုယ်တိုင်ဖြတ် ရိုးရာအတိုင်းအချင်းကိုသေချာမြေမြှပ်တဲ့ရဲရင့်တဲ့ကချင်အမျိုးသမီး၊ ကလေးမွေးပြီးတစ်ရက်မှာပဲ နေထိုင်ဖို့ ကိုယ်တိုင် သစ်ဝါးခုတ်ပြီး တဲအိမ်ကိုယ်တိုင်ဆောက်သူ၊ သားကိုမဂမ်လို့အမည်ပေး ရဲရင့်ပီးအမျိုးကိုချစ်တက်အောင်သင်ပြပြီး ရိုးရာဓလေ့ကို ဆန့်ကျင်ကာ အမျိုးသမီးတစ်ယောက်တည်းရပ်တည်နိုင်ကြောင်းပြသပေးခဲ့သူ ကချင်အမျိုးသမီးကြီး
မခေါင်ညွယ်ရဲ့ ပြတ်သားလှတဲ့စိတ်ထားနဲ့ ဂုဏ်သိက္ခာကြီးမားလှပုံကို ကချင်လူမျိုး အမျိုးသမီးတစ်ယောက်ရဲ့ရဲရင့်မှုကနေ ကချင်တွေရဲ့ လူမျိုးစုပုံရိပ်ကိုခမ်းနားစွာခံစားရမှာဖြစ်ပါတယ်။

ကချင် အပျို၊ လူပျိုတွေရဲ့စိတ်လှုပ်ရှားဖွယ်ညတွေ၊ တေးသီချင်းနဲ့ ချစ်ခွင့်ပန်ပုံတွေ၊ရှမ်းလူမျိုးတွေရဲ့ ကောက်ရိတ်သိမ်းပွဲတွေ၊ မီးပုံပွဲတွေ ကိုလဲဗဟုသတရဖွယ်လေ့လာရမှာလဲဖြစ်ပါတယ်။

ဒီလို နိုင်ငံရေး၊ လူမှုရေး၊ ကျေးလက်နဲ့ တောင်ပေါ်တိုင်းရင်းသားတို့ရဲ့နေထိုင်မှုဘဝ၊ အချင်းချင်းသစ္စာရှိရှိရိုင်းပင်းကူညီကြတဲ့စိတ်ထား တွေကို သုတ၊ ရသ အစုံပြောင်မြောက်အောင်ရေးသားဖန်တီးခဲ့တာကတော့ ဂန္တဝင်စာရေးဆရာကြီး နတ်နွယ်ပဲဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေပါတဲ့
"မြန်မာပြည်မြောက်ပိုင်း" ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ကြဖို့စာဖတ်သူမိတ်ဆွေများကိုလဲ ညွှန်းပေးချင်ပါတယ်ရှင်။

ခိုင်ကတော့ဖတ်နေရင်းနဲ့ စိတ်ဝင်စားစရာကောင်းလွန်းလို့ ဒီလောက်အထူကြီးကို လက်ကမချင်လောက်အောင်ဖြစ်မိပါတယ်။ ပြီးတော့ဖတ်နေရင်း တစ်ချိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတွေလဲမြင်တွေ့ရပြီး အသိပညာဗဟုသုတတွေအများကြီးရပါတယ်။ လွမ်းရတယ်၊ ဆွေးရတယ်၊ ကြည်နူးရတယ်၊ ဒေါသထွက်ရတယ် ဒီလိုစိတ်ခံစားချက်အစုံကို တစ်ချိန်တည်းခံစားရလို့ဖတ်ရတာ အနှစ်သာရရှိလှပါတယ်။ ရေးသားသူ စာရေးဆရာကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။

စာအုပ်အမည်- မြန်မာပြည်မြောက်ပိုင်း
ရေးသားသူ- နတ်နွယ်
ထုတ်ဝေသူ- စိတ်ကူးချိုချို
(တတိယကြိမ်မြောက်)

Khaing
11.10.2026

#နတ်နွယ်
#မြန်မာပြည်မြောက်ပိုင်း
#စာအုပ်အညွှန်း

လောကကြီးမှာရှိသမျှ လူတိုင်းဟာ “ငါ၊ ငါ့ဟာ” ဆိုတဲ့ အတ္တစွဲကို ကိုင်စွဲထားကြလို့သာ သူ၊ ငါ၊ နင် ဆိုပြီး တကယ်မပိုင်ဆိုင်တဲ့အရ...
08/10/2026

လောကကြီးမှာရှိသမျှ လူတိုင်းဟာ “ငါ၊ ငါ့ဟာ” ဆိုတဲ့ အတ္တစွဲကို ကိုင်စွဲထားကြလို့သာ သူ၊ ငါ၊ နင် ဆိုပြီး တကယ်မပိုင်ဆိုင်တဲ့အရာတွေကို ကိုယ်ပိုင်ပစ္စည်းတွေလို ခေါ်ယူသုံးစွဲနေကြတာပါ။ တစ်ခါတလေမှာတော့ ဒီအမှန်တရားကို လုံးဝမေ့လျော့သွားတတ်ကြပြီး ကိုယ်ပိုင်တယ်လို့ ထင်မှတ်ထားတဲ့အရာတွေမှာ ပျော်မွေ့ရင်း အရမ်းကို စွဲလမ်းလာကြတယ်ပေါ့နော်။

ဒီလို “ငါ၊ ငါ့ဟာ” ဆိုတဲ့ အစွဲတွေကို လျော့ပါးပယ်ဖျောက်နိုင်ဖို့အတွက် “ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ” မဟုတ် ဆိုပြီး အမြဲတည်ရှိနေတဲ့ အတ္တတစ်ခု မရှိကြောင်း သိမြင်စေတဲ့ “အနတ္တတရား” ဟာ အရေးပါလှပါတယ်။

ဒီလိုတရားသဘောတွေကို အကျယ်တဝင့် ဖော်ပြထားတဲ့စာအုပ်တွေဟာ အခုခေတ်မှာ လက်ချိုးရေတွက်လို့ရလောက်တဲ့အထိ နည်းပါးလာပါပြီ။ ဒါကြောင့် ဆရာကြီး ဦးရွှေအောင် ရေးသားထားတဲ့ “ကုသိုလ်နဲ့ အကုသိုလ်” ဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။

မိမိဖြစ်လိုတဲ့ဘဝကို ကောင်းမွန်တဲ့အကျင့်နဲ့ လုပ်ရပ်တွေကနေ တည်ဆောက်နိုင်ကြောင်း မြတ်စွာဘုရားရှင်က “မဃလုလင်” ဇာတ်တော်မှာ သိကြားမင်းဖြစ်ခြင်းရဲ့ အကြောင်းတရား (၇) ချက်ကို သာဓကအနေနဲ့ ဟောကြားတော်မူထားပါတယ်။ တစ်ဖက်မှာလည်း လူဖြစ်လာရခြင်းရဲ့ အနှစ်သာရနဲ့ လူ့ဘဝကို အကျိုးရှိရှိ ဖြတ်သန်းသင့်ပုံကို မီးမောင်းထိုးပြထားပါတယ်။ပြီးတော့ အခုလက်ရှိမှာ ပြုလုပ်နေတဲ့ ကောင်းမွန်တဲ့အရာတွေဟာ အလေ့အထတွေဟာ၊ အထုံ/ တစ်နည်း(အကျိုးဆက်)အနေနဲ့ နောက်ဘဝအဆက်ဆက်အထိ သက်ရောက်နိုင်ကြောင်းကိုလည်း “သုမနဒေဝီ” ဇာတ်တော်နဲ့ သိသာမြင်သာအောင် ဟောကြားတော်မူခဲ့ပါတယ်။

ဒီလိုပဲ အကုသိုလ်အလုပ်တွေဟာ လက်ရှိအချိန်မှာ ကောင်းကျိုးပေးနေသလို မျက်လှည့်ပြနေနိုင်ပေမယ့် နောက်ဆုံးမှာ သံသရာအဆက်ဆက် ဆင်းရဲဒုက္ခရောက်စေနိုင်ကြောင်းကို “စုန္ဒဝက်ကုန်သည်၊ ဃောသကသူဌေး” စတဲ့ ဇာတ်တော်တွေနဲ့ ဟောကြားတော်မူထားပါတယ်။

တစ်ဖန် လောကမှာ ဆွေမျိုးသားချင်းတွေရဲ့ တန်ဖိုးနဲ့ အရေးပါမှုကိုလည်း ဝိဋဋူဘကို သာဓကပေးပြီး ဟောကြားထားတာကို တွေ့ရပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကျွန်မတို့ ကိုးကွယ်ယုံကြည်တဲ့ မြတ်စွာဘုရားရှင်အပေါ် သက်ဝင်ယုံကြည်မှု ပိုပြီးခိုင်မာလာမိပါတယ်။

မြတ်စွာဘုရားရှင်ဟာ လောကသံသရာမှ ငြိမ်းချမ်းစွာ လွတ်မြောက်နိုင်မယ့် ထွက်ပေါက်ကိုသာ ဟောကြားခဲ့တာ မဟုတ်ပါဘူး။ သံသရာထဲမှာ လည်ပတ်နေစဉ်အတွင်း ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုပြုမူရမယ်ဆိုတာကအစ နေနည်း၊ ထိုင်နည်း၊ စားသောက်နေထိုင်နည်းနဲ့ နေ့စဉ်ဘဝရဲ့ အသေးစိတ်အပြုအမူတွေအထိ သွန်သင်ဟောကြားတော်မူခဲ့ပါတယ်။

အဲဒီတရားတွေကို ကိုယ်တိုင်ကျင့်သုံးတော်မူခဲ့ပြီး လောကကောင်းကျိုးအတွက် အမှန်တကယ် ပေးဆပ်တော်မူခဲ့တာတွေကို ဖတ်ရှုရတဲ့အခါ မြတ်စွာဘုရားရှင်အပေါ် သက်ဝင်ကိုးကွယ်ယုံကြည်မှု၊ သဒ္ဓါတရားနဲ့ စေတနာတွေ ပိုပြီးဖြစ်ပေါ်လာစေပါတယ်။ ကိုယ်ယုံကြည်ကိုးကွယ်နေတဲ့ တရားဟာ ဘာကြောင့် ယုံကြည်ထိုက်သလဲဆိုတာကို ကိုယ်တိုင်ပြန်လည်သုံးသပ်နိုင်စေတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်ရှုကြည့်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ပြောချင်ပါတယ်။ အခြားဘာသာဝင်တွေအနေနဲ့လည်း ဘာသာရေးအမြင်တစ်ခုအနေနဲ့သာ မကြည့်ဘဲ လူ့စိတ်သဘော၊ ကောင်းမှုနဲ့ မကောင်းမှု၊ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ အကျိုးဆက်တွေကို လေ့လာနိုင်မယ့် စာအုပ်တစ်အုပ်အဖြစ် ဖတ်ကြည့်မယ်ဆိုရင် လေ့လာမှတ်သားစရာတွေ အများကြီးရနိုင်မယ်လို့ ထင်ပါတယ်။

အဓိကတော့ လူငယ်တွေကို ဒီစာအုပ် ပိုပြီးဖတ်စေချင်ပါတယ်။

စာအုပ်ရဲ့ အသုံးအနှုန်းနဲ့ အရေးအသားတချို့က အခုခေတ်လူငယ်တွေအတွက် အနည်းငယ်လေးနက်ပြီး နားလည်ရခက်နိုင်ပါတယ်။ ဒါပေမယ့် အရာအားလုံးကို တစ်ခါတည်း နားလည်ဖို့မလိုပါဘူး။ ဖြည်းဖြည်းချင်း ဖတ်ရှုနှလုံးသွင်းရင်း ကိုယ်လက်ခံထားတဲ့ တရားတွေ၊ ကိုယ်ယုံကြည်ထားတဲ့ အယူအဆတွေဟာ မှန်လား၊ မှားလားဆိုတာ ပြန်လည်ဆန်းစစ်ပြီး အမှားအမှန်ကို ခွဲခြားသိမြင်နိုင်ဖို့ အများကြီး အထောက်အကူပြုနိုင်ပါတယ်။

ဒါကြောင့် စိတ်အကြောင်း၊ ကုသိုလ်နဲ့ အကုသိုလ်အကြောင်းတွေကို ရှင်းလင်းစွာ ရေးသားထားတဲ့ ဆရာကြီး ဦးရွှေအောင်ရဲ့ “ကုသိုလ်နဲ့ အကုသိုလ်” ဆိုတဲ့ စာအုပ်လေးကို ဘဝမှာ တစ်ခါလောက်တော့ ဖတ်ကြည့်ပါလို့ မေတ္တာရှေ့ထားပြီး တိုက်တွန်းလိုက်ရပါတယ်ရှင်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်။

Khaing
8.10.2026

#ကုသိုလ်နဲ့အကုသိုလ် #ဦးရွှေအောင်
#စာအုပ်အညွှန်း
#ဓမ္မစာပေ

30/09/2026

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

အိမ်တွင်းအကြမ်းဖက်တဲ့အ​ဖေ့လိုလူမျိုး မဖြစ်ချင်ဘူးဆိုတဲ့ ​နေထွဋ်ကိုယ်တိုင်ကပဲ သူ့အ​ဖေလို အိမ်တွင်းအကြမ်းဖက်တဲ့သူဖြစ်ခဲ့တယ...
30/09/2026

အိမ်တွင်းအကြမ်းဖက်တဲ့အ​ဖေ့လိုလူမျိုး မဖြစ်ချင်ဘူးဆိုတဲ့ ​နေထွဋ်ကိုယ်တိုင်ကပဲ သူ့အ​ဖေလို အိမ်တွင်းအကြမ်းဖက်တဲ့သူဖြစ်ခဲ့တယ်။ ငယ်ဘဝ အတိတ်ကဒဏ်ရာ​တွေဟာ ​ကျောင်း​ဖောင်ဒါ ပညာတတ် ရည်မွန်တဲ့ ​နေထွဋ်ရဲ့ အ​မှောင်ဘက်ခြမ်းဖြစ်လာခဲ့တယ်။

မိဘ​တွေရဲ့အချစ်နဲ့ ဂရုစိုက်မှု​တွေအပြည့်နဲ့ကြီးပြင်းလာတဲ့ သိမ်​မွေ့ခင်က ပထမဆုံးချစ်သူနဲ့ပဲ အိမ်​ထောင်ပြုခဲ့တယ်။ ချစ်လှပါချည်ရဲ့ဆိုတဲ့ အမျိုးသားကိုယ်တိုင်ရဲ့ အကြမ်းဖက် နှိပ်စက်မှု​တွေကို သမီးကအိမ်​ထောင်ကွဲဆိုပြီး မိဘကို နာမည် မပျက်​စေချင်လို့ရယ်၊ ​​နောက်တစ်ကြိမ်​တော့ သူထပ်မလုပ်​လောက်ပါဘူး​လေဆိုတဲ့စိတ်နဲ့ အတတ်နိုင်ဆုံး သည်းခံခဲ့တယ်။

သိမ်​မွေ့ခင်ရဲ့ နာကျင်ခံစား​နေရတဲ့ဝေဒနာ​တွေကို မျှ​ဝေ ရင်ဖွင့် တိုင်ပင်လို့ရတာက ဆရာမြတ်မင်းထင်ပါပဲ။

ဆရာမ မယ်စုက ​နေထွဋ်နဲ့ မြတ်မင်းထင်ကို ချစ်ခြင်းနဲ့အတူ နာကျင်မှုပါလာတဲ့ "ဆူး" နဲ့ အနားမှာရှိရင် စိတ်အေးချမ်းစေတယ်၊ နူးညံ့တယ်၊ ဂရုစိုက်မှုနဲ့ လုံခြုံမှုကို ကိုယ်စားပြုတဲ့ "ပန်း" လို ဖန်တီးထားတယ်။

ဆရာမမယ်စုရဲ့ စာအုပ်တိုင်းမှာ တစ်ခု သတိထားမိတာက ပတ်ဝန်းကျင်အ​ခြေအ​နေ အိမ်အပြင်အဆင်ကို အ​သေးစိတ် မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်​ပေါ်​အောင် ဖန်တီးထားတာပဲ။

​နေထွဋ်အ​မေ သိမ်​မွေ့ခင်ကို ​ပြောတဲ့စကားလိုပဲ
​နောက်ဆုံးမှာ သိမ်​မွေ့ခင်က ​နေထွဋ်ကို​ရွေးမလား? ၊ သူ့ကိုယ်သူပြန်​ရွေးမလား? ဆိုတာ သိချင်ရင်​တော့ ဝယ်ဖတ်ကြည့်ကြပါရှင် 🫶။

အပြင်လက်ရှိဘဝမှာလည်း အိမ်အတွင်းအကြမ်းဖက်ခံ​နေရတာ​တောင် ငဲ့စရာအ​ခြေ​နေ​တွေ​ကြောင့် ခါးစည်းသည်းခံ​နေရတဲ့အမျိုးသမီး​လေးများအားလုံး လွတ်လပ်စွာ ပျံသန်းနိုင်ကြပါ​စေ။

Ida
30.09.2026

#တိတ်ဆိတ်အရိပ် #မယ်စု

"တခြားမိန်းမတစ်​ယောက်နဲ့သွား​တွေ့ရင် Cap ယူသွားဖို့အထိ သတိ​ပေး​နေတဲ့ မိန်းမတစ်​ယောက်ရဲ့ ရင်ထဲမှာ ဘာမှဖြစ်မ​နေဘူးလို့နင်ထ...
11/09/2026

"တခြားမိန်းမတစ်​ယောက်နဲ့သွား​တွေ့ရင် Cap ယူသွားဖို့အထိ သတိ​ပေး​နေတဲ့ မိန်းမတစ်​ယောက်ရဲ့ ရင်ထဲမှာ ဘာမှဖြစ်မ​နေဘူးလို့နင်ထင်လား။ အဲ့ဒီမိန်းမရဲ့ရင်ထဲ ဘာရှိ​နေမလဲ နင်မြင်​အောင်ကြည့်ဖူးလား။ အဲ့ဒီမိန်းမကပုထုဇဥ်​လေ။ ​သောတာပန်မဟုတ်ဘူး။"

"​လောကမှာ ​ယောက်ျားတစ်​ယောက်ကို ကိုယ့်အနားမှာဆွဲထားဖို့ဆိုတာ သိပ်ကိုရူးမိုက်တဲ့ ကိစ္စပဲကူးရဲ့။ "

ဆရာခွန်းညို​သွေးရဲ့ "အဖြူ​ရောင်​တွေစွန်း​ပေတဲ့နာရီ"

ပထမဆုံးအ​နေနဲ့ ကိုခွန်းဟာ ကိုခွန်းပါပဲ။ ending တိုင်းမှာ အမြဲ​တွေးစရာ​လေး​တွေ ချန်ထား​ပေးတယ်🖤

အမျိုးသားစာ​ရေးသူတစ်​​ယောက်က အမျိုးသမီး ဇာတ်​ကောင်၂ခု ​နေရာမှာ ဝင်ပြီး အမျိုးသမီး​တွေရဲ့ မိခင်စိတ်၊ မစွန့်လွှတ်နိုင်တာ၊ ကာကွယ်​ပေးချင်စိတ်​တွေကို အပြင်​လောကမှာ ဖြစ်ပျက်​နေတဲ့ အတိုင်း ပုံ​ဖော်နိုင်တာပဲ။

ကိုယ့်ချစ်သူကို ဆုံးရှုံးရမှာဆိုးလို့ ​နောက်​ကောင်မ​လေး​တွေနဲ့ အ​ပျော်တွဲ​နေတဲ့ ချစ်သူ​လေးကို အချစ်ကြီးပြီး သ​ဘောထားကြီး​ပေးတဲ့ ကူးရဲ့ ​မေတ္တာ​တွေနဲ့ ​ကောင်းမြတ်သွင်ဟာ မထိုက်တန်ခဲ့လို့ သူတို့ လမ်းချင်းမတူ​တော့တာပဲ။ ကူး ဇာတ်လမ်းမှာ စာဖတ်သူရလိုက်တာက ကူးဟာ သူ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရတာမဟုတ်ဖူး။ သူ့ချစ်သူ​ကောင်းမြတ်သွင်ကသာ ကူးရဲ့ ​ကြီးမားတဲ့​မေတ္တာ​တွေနဲ့ မထိုက်တန်လို့ ​ဝေးဖို့အ​ကြောင်းဖန်လာပြီး ကူးကို ဆုံးရှုံးလိုက်ရတာပဲ။

"​​ယောက်ျားတစ်​ယောက်ဟာ သူချစ်တဲ့မိန်းမတစ်​ယောက်ကို ရင်ထဲမှာထားပြီး သူမချစ်တဲ့မိန်းမတစ်​ယောက်နဲ့ ​နေထိုင်နိုင်တယ်တဲ့...."

"​လောကမှာ အ​ဖြေရှိပြီး အ​ဖြေမထုတ်နိုင်တဲ့ ပုစ္ဆာ​တွေဟာ သိပ်ကိုရက်စက်တာပဲလို့ ကြည်ဖြူ နာနာကြည်းကြည်း ​တွေးမိရတယ်။"

ကိုယ့်​​ယောက်ျားကို ​ထောင်မကျ​စေချင်။ အမှား​တွေမလုပ်မိ​အောင်၊ ကိုယ့်မိသားစု​လေးကို ကာကွယ်ဖို့ ကြည်ဖြူရဲ့ ​ရွေးချယ်မှုက အနစ်နာခံလိုက်ခြင်းပဲ။

အပြင်​လောကမှာလည်း ကူးလို ခွင့်လွှတ်တတ်ပြီးသ​ဘောထားကြီးတဲ့အမျိုးသမီး​တွေ၊ ကြည်ဖြူလို မိသားစုကို ကာကွယ်လိုပြီး နည်းအမျိုးမျိုးနဲ့ အနစ်နာခံ​နေကြတဲ့ အမျိုးသမီး​တွေ .... အကုန်လုံးဟာ မတူညီတဲ့ ချစ်ပုံချစ်နည်းနဲ့ မိခင်စိတ်နဲ့ချစ်​ပေးကြတာ​တွေ အ​တော်များပါတယ်။

"ကမ္ဘာ​ပေါ်က မိန်းမတစ်​ယောက်က တခြားမိန်းမတစ်​ယောက်ရဲ့ ​သောက ဒုက္ခ​တွေကို သိလို့ နားလည်လို့ စာနာလို့ခွင့်လွှတ်တာ"

အန်ကယ်မျိုးမင်းလို စီးပွား​ရေးသမားဟာလည်း စီးပွား​ရေးစကားပဲဆိုမှာပါပဲ။ ​လောကမှာ ဘယ်အရာမဆို အလကား မရပါဘူး။ အ​ပေးရှိမှ အယူရှိတာပါ။

​နောက်ဆုံး အ​နေနဲ့ ​ပြောရရင် စာတစ်မျက်နှာစီတိုင်းဟာ စာအုပ်လက်က မချချင်​လောက်​ဆောင် ဆွဲ​ခေါ်သွားတာမို့ တစ်ထိုင်ဖတ်ပြီး တစ်ခါတည်း review ​ရေးမိတဲ့အထိပါပဲ။ 🩶

Ida
11.09.2026

#အဖြူ​ရောင်​တွေစွန်း​ပေ​တဲ့နာရီ

လူငယ်တွေမဖတ်ဖြစ်ရင်နောင်တရသွားမယ့်စာအုပ်လေးညွှန်းချင်ပါတယ်။ဒီစာအုပ်ကတော့ အဓိကရသစာပေအမျိုးအစားဆိုတာထက် သုတစာပေအမျိုးအစားဖ...
29/07/2026

လူငယ်တွေမဖတ်ဖြစ်ရင်နောင်တရသွားမယ့်စာအုပ်လေးညွှန်းချင်ပါတယ်။
ဒီစာအုပ်ကတော့ အဓိကရသစာပေအမျိုးအစားဆိုတာထက် သုတစာပေအမျိုးအစားဖြစ်ပါတယ်။ဆရာကြီးရဲ့ဘဝဇာတ်ကိုအခြေခံပြီး လောကကြီးမှာလူတွေ ဘယ်လိုပြုမူနေထိုင်သင့်သလဲ ၊ ဘာတွေလေ့လာသင်ယူသင့်လဲ ၊ ပြီးတော့ဘယ် လိုလုပ်ဆောင်သင့်လဲဆိုတာကို အပိုင်း ၆ ပဲခွဲပြီး အသက်အရွယ်အပိုင်းအခြား အလိုက်လုပ်ဆောင်သင့်ပုံတွေကိုအဓိကဖော်ပြထားတာပဲဖြစ်ပါတယ်။ ပြီးတော့ ထူးထူးခြားခြားတွေ့ရတာတွေက လူ့ဘဝမှာ ဘယ်အရာမှ လုပ်ဆောင်တိုင်းမအောင်မြင်နိုင်သလို မအောင်မြင်ရင်လဲ ဘာအကြောင်းကြောင့်လဲ? အောင်မြင်ရင်ရောဘယ်လိုအရာတွေကြောင့်လဲ? မအောင်မြင်ခဲ့လျှင်ရောဘယ်လိုစိတ်ထားရမလဲ? စတဲ့ အခု ၂၁ ရာစုမှာရေပန်းစားနေတဲ့ psycology ဆိုတဲ့ စိတ်ပညာအကြောင်း တွေ ကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်ပုံတွေ၊ တစ်နေရာတည်းမှာပဲရပ်မနေဘဲ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ဆောင်ခဲ့ပုံ ၊ မှန်တယ်ထင်ရင် ချက်ကြလက်ကြ ပြောဆိုရဲပုံ ၊ အသစ်အသစ်သောအရာတွေကို စွန့်စားလုပ်ကိုင်ရဲပုံ၊ မိမိကိုယ်ကိုသိရှိနားလည်မှုစွမ်းရည်၊ ကြိုးစားအားထုတ်မှုလုံ့လရှိပုံ ၊ မြန်မာစာပေရဲ့ အနှစ်သာရ ၊ ဗုဒ္ဓရဲ့ လမ်းညွှန်ဆုံးမမှုနဲ့ ဗုဒ္ဓဘာသာရဲ့တန်ဖိုး ၊ မိဘနဲ့သားသမီးကြားက ဆက်ဆံရေး ၊ မေတ္တာတရား ၊ ပြီးတော့ ပညာတက်ခြင်းရဲ့အနှစ်သာရ နဲ့ ပညာတက်အောင်ကြိုးစားစေလိုသော ဆန္ဒတွေကို ပေါ်လွင်ထင်ရှားမြင်သာအောင် ရိုးရှင်းစွာနဲ့ တင်ဆက်ရေးသားထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာစာရဲ့အနှစ်သာရကိုလဲခံစားရမှာဖြစ်ပြီး မြန်မာစာအရေးအသားကိုလဲလေ့လာလို့ရမှာဖြစ်ပါတယ်။

ပြီးတော့စစ်ကြီးကာလ လူတွေဘယ်လိုသွားလာလုပ်ရှားစားသောက်ကြလဲ ၊ ဘယ်လိုအသက်မွေးကြလဲ ဆိုတဲ့သမိုင်းကြောင်းဖြစ်စဥ်၊ သတင်းစာရဲ့လွှမ်းမိုးမှုတွေကို ထင်ထင်ရှားရှားသိမြင်ရမှာဖြစ်ပါတယ်။ အပေါင်းအသင်းကောင်းတွေရဲ့တန်ဖိုးနဲ့ ဘဝကိုလှုပ်ရှားရင်း ပျော်ပျော်ပါးပါးလှုပ်ရှားသွားလာပုံတွေကိုလဲ ကြည်နူးစွာနဲ့ဖတ်ရှုရမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Life Balance ရဲ့တန် ဖိုး အညာကျေးလက်ရဲ့ ဓလေ့ စရိုက် ယဥ်ကျေးမှုတွေကိုလဲခံစားရဦးမှာဖြစ်ပါတယ်။

Khaing တစ်ယောက်တည်းရဲ့အမြင်အရ သုံးသပ်ရမယ်ဆိုရင် ဒီစာအုပ်ကတော်တော်ကိုပြီးပြည့်စုံပြီး စာရေးသူရဲ့ တက်ကြွမ်းမှုကိုဒီစာအုပ်ကနေတွေ့မြင်ရပါတယ်။ တင်ဆက်ထားတာရိုးရှင်းပေမယ့် စကားလုံးတိုင်းစာကြောင်းတိုင်းကို အဓိပ္ပာယ်ရှိရှိ ဆိုလိုရင်းကိုတိတိကြကြဖော်ပြနိုင်တာကိုတွေ့ရပါတယ်။ ဒါကြောင့်လဲ အချိန်ကာလတွေသာပြောင်းလဲသွားပြီး ဒီစာပေတွေကတော့အမြဲတမ်းလက်ဆက်ပြီး ခေတ်နဲ့အညီအသိပညာတွေပေးနေသေးတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ခံစားရပြီး ငါတို့မြန်မာတွေက မညံ့ခဲ့ဘူး လူတော်တွေဖြစ်ခဲ့ကြတယ်ဆိုတာအထင်အရှားတွေ့ရပါတယ်။ ပေါင်းသင်းဆက်ဆံရေးပြောမလား၊ ဘာသာရေးပြောမလား ၊ လူမှုရေးပြောမလား၊ ပညာရေးပြောမလား ဒီတစ်အုပ်မှာတင်သေချာလေ့လာလို့ရတယ်လို့မှတ်ချက်ပြုလိုပါတယ်။

ဒီစာအုပ်ရဲ့အားသာချက်ကိုပြောပါဆိုရင် ဇာတ်လမ်းတစ်ပုဒ်ကြည့်နေရသလို လူတစ်ယောက်ရဲ့ ဘဝ အနိမ့် ၊အမြင့် ၊အတက်၊အကြ ကို CCTV ကနေမြင်နေရသလို ကွက်ကွက်ကွင်းကွင်းသိမြင်နိုင်ပြီး သူဘယ်လိုကျော်လွှားဖြတ်သန်းဖြေရှင်းလဲဆိုတာကိုဒီမှာအတိုင်းသားမြင်ရပါတယ်။ တွေ့ဆုံခြင်းရှိရင် ခွဲခွာခြင်းရှိတယ်ဆိုတဲ့ လောကသဘာဝတရားကြီးကိုလဲ စာရေးဆရာရဲ့ တင်ဆက်ပုံကနေ အတိုင်းသားမြင်ရမှာဖြစ်ပါတယ်။

အားနည်းချက်ကို ပြောရမယ်ဆိုရင်တော့ဖြင့် စာအုပ်ကထူလွန်းလို့ တစ်ဆက်တည်းမဖတ်နိုင်ခြင်း၊ ရိုးရှင်းသောမြန်မာစာများဖြစ်သည့်အတွက် ခေတ်လူငယ်တွေအနေနဲ့တစ်ချို့အသုံးအနှုန်းတွေကို နားလည်ဖို့ခက်ခဲခြင်း ဒါတွေလောက်ပဲရှိမယ်လို့ထင်ပါတယ်။

ဒီစာအုပ်ကိုဖတ်နေရင်းသင်ယူလိုက်ရတာကတော့ လောကမှာဘယ်အရာကမှပုံသေမဟုတ်ပဲပြောင်းလဲနေတယ်ဆိုတဲ့အကြောင်း၊ ပြီးတော့ ပညာရေးရဲ့တန်ဖိုး ၊ မြန်မာစာအရေးအသား ၊ ပေါင်းသင်းဆက်ဆံရေး ၊ လူကဲခပ်ခြင်းအတက်ပညာ၊ ဘယ်လိုအခက်အခဲပဲရှိရှိ အကြာကြီးစိတ်ညစ်မနေဘဲ ဖြေရှင်းနိုင်မယ့်နည်းလမ်းကောင်းတွေကိုရှာဖွေခြင်းအကြောင်း၊ မေတ္တာတရားရဲ့စွမ်းအားကြီးပုံ ၊ မေတ္တာထားနိုင်ဖို့ကြိုးစာဖို့လိုပုံ၊ ကိုယ့်ကိုမကောင်းတာလုပ်ရင်တောင် ကိုယ်ဒုက္ခရောက်တဲ့အချိန်မှာကူညီမှုဆိုတဲ့ အရာတွေနဲ့အစားထိုးပြီး အမြတ်မထားပဲ ခွင့်လွှတ်ပုံ၊ ကိုယ့်ကိုယ်ကိုယ်သုံးသတ်ခြင်းဆိုတဲ့အရာတွေကို ဒီစာအုပ်ထဲကနေသင်ယူခွင့်ရခဲ့ပါတယ်။

ဘာကြောင့်ဖတ်သင့်တာလဲဆိုရင် အဓိကတော့ "စိတ်ဆိုတာ စောင့်ကြည့်စစ်ဆေးခြင်း နဲ့ ရပ်တန့်စစ်ဆေးခြင်း "
တွေကိုဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ အဓိကဒီမှာပြောထားလို့ အားလုံးအတွက် ဒီအရာတစ်ခုနဲ့တင်ထိုက်တန်သည်ထက်ပိုသောကြောင့် လုံးဝကိုဖတ်ထိုက်တယ်ဆိုတာ အခိုင်အမာညွှန်းပါတယ်။

ကဲနောက်ဆုံးအနေနဲ့ ဒီစာအုပ်ကို မေးခွန်းထုတ်ချင်တာကတော့ "ဘာကြောင့်ဒီစာအုပ်ကိုလူငယ်တွေ မဖတ်ကြသေးတာလဲ"? ဆိုတာလေးနဲ့ အဆုံးသတ်လိုက်ပါတယ်နော်။

စိတ်ကူးချိုချိုပုံနှိပ်တိုက်ကထုတ်လုပ်ပြီး
စာအုပ်အမည်= တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ
စျေးနှုန်းအားဖြင့် မြန်မာကျပ်ငွေ=၃၀၀၀၀
စတုတ္ထအကြိမ်မြောက်ထုတ်ဝေပြီး စာမျက်နှာ ၅၉၇ ပါရှိသောအထ္ထုပတ္တိစာအုပ်ကြီးကို
စာရေးဆရာကြီး‌ ရွှေဥဒေါင်းမှ ၁၄.၆.၁၉၆၂ ခုနှစ်တွင် အပြီးသတ်ရေးသားခဲ့သည်။

Khaing
29.7.2026

#ရွှေဥဒေါင်း #ဘဝမှတ်တမ်း
#အတွေးအခေါ် #အတ္ထုပ္ပတ္တိ
#စာအုပ်ညွှန်း

Back to 5 years ago !လွန်ခဲ့တဲ့ ၅နှစ်က အဖြစ်အပျက် အစုံအလင်​တွေဟာ ကွင်းကွင်းကွက်ကွက် မျက်စိထဲ ​ပေါ်လာတယ်။ အနာဂတ်မဲ့တဲ့ လူ...
22/07/2026

Back to 5 years ago !

လွန်ခဲ့တဲ့ ၅နှစ်က အဖြစ်အပျက် အစုံအလင်​တွေဟာ ကွင်းကွင်းကွက်ကွက် မျက်စိထဲ ​ပေါ်လာတယ်။

အနာဂတ်မဲ့တဲ့ လူငယ်​တွေ၊ ယုံကြည်ချက်တစ်ခု​ကြောင့် ရပ်တည်ချက်ကွဲသွားခဲ့တဲ့သူ​တွေ၊ အချိန်မတိုင်​သေးဘဲ အပစ်မရှိပဲ ဆုံးရှုံးခဲ့ရတဲ့အသက်​တွေ မ​နေ့ တ​နေ့ကလို မှတ်မိ​နေဆဲ...။

​ဘယ်​နေရာ​ရောက်​​ရောက်၊ အခက်အခဲ ဘယ်​လောက်ရှိရှိ လက်​လျှော့ အရှုံးမ​ပေး ရပ်မ​နေပဲ တစ်ခုမဟုတ် တစ်ခု အမြဲ လုပ်​နေတတ်တဲ့ဆရာကျား။

သူ့​သမီး​လေး ၂​ယောက်အ​ပေါ် ဖခင်တစ်​​ယောက်ရဲ့ ​မေတ္တာကို နက်နက်ရှိုင်းရှိုင်း ခံစားရတယ်။ (ကိုယ်လည်း အ​ဖေချစ်သမီးမလို့ အ​ဖေ့​မေတ္တာနဲ့ အခက်အခဲ​တွေ ချက်ချင်းမျက်လုံးထဲ ​​ပေါ်လာတယ်)

​နောက်တစ်ခုက ​ဒီ Odyssey ဖတ်ပြီး ​ရည်းစားရရင် ​ဘေဘီလို့ အ​ခေါ်ခံချင်တဲ့ ပိုးတစ်ခုလည်း ဝင်သွား​တော့တာပဲ 😌

Ida
22.7.2026


22/07/2026

ကျောင်းကရတဲ့ သာမန်ထပ်ပို့တဲ့ဘွဲ့တစ်ခုဆိုတောင်
မင်းမှာ ဘာskill ဘာအရည်းချင်းမှထပ်ပြီးမလေ့လာထားဘူး မတတ်‌ေမြာက်ထားဘူးဆိုင် အဲ့ဘွဲ့ဆိုတာကြီးက ကပ်ထူစက္ကူတစ်ရွက် သပ်သပ်ပဲ
တခြားဘာအတန်းပညာ မှမတတ်ဘူး ဒါပေမယ့် ပညာရပ်တစ်ခုမှာ
တကယ်တော်နေတယ် လုပ်သက်ကြောင့်အတွေ့ကြုံကြောင့်ကျွမ်းကျင်သွားတဲ့သူတစ်ယောက် အဲ့ကပ်ထူစက္ကူကိုင်ထားတဲ့ကောင်တေထပ် အများကြီး
အလုပ်ဖြစ်တယ်
ငွေလား
လိုအင်ဆန္ဒလား
နေရာလား
သူလုပ်ခဲ့တဲ့
၁၅ နှစ် လုပ်သက်ရဲ့ စောက်ရှောက်မှုကြီး

ငါတို့ ကျောင်းတက် ဘွဲ့ရဖို့ရင်းခဲ့တဲ့ ၁၅ နှစ်က ဘာတွေ များမက်လောက်စရာအကျိုးပြုပြီလဲ ..?
ပြောချင်တည
ပညာသင် ဘွဲ့ရအောက်လုပ်ပါ
အဲ့ဘွဲ့ကလည်း ကိုယ်အရည်ချင်းကို အရောက်ပိုတောက်စေတယ် လူရာပို၀င်စေတယ် အလေ့ကျင့်ကောင်းတွေ နည်ဆောက်ပေးတယ် အတွေးခေါ်ကောင်းတေအမှားမှန်ဝေဖန်ပိုင်းခြားနိုင်ဖို့လေ့ကျင့်ပေးတယ်

ပညာသင်ပါ
ဘွဲ့ရနိုင်ရင်ယူပါ
ဒါပေမယ့် အဲ့လောက်နဲ့ရပ်တန့်နေရင် ဘာမှဖြစ်လာမှမဟုတ်ဘူး
တခြားကိုယ့်ဘ၀အသက်မွေး၀မ်းကြောင်းဖို့
အသိပညာ သော်လည်‌းကောင်း
အတတ်ပညာသော်လည်းကောင်း တွဲလေ့လာနိုင်ရင် တွဲလေ့လာ တွဲ့မလေ့လာနိုင်ရင် တက္ကသိုလ် ၀င်တန်း အောင်တာနဲ့အချိန်ပိုသလောက် စတင်လေ့လာပါ

မင်းကိုငွေရှာပေးမှာ ပျော်ရွှင်စေမှာ
ဘွဲ့လက်မှတ် မဟုတ်ဘူး
မင်းမှာဘာအရည်ချင်းတွေ အသိပညာ အတတ်ပညာတွေ ရှိနေတယ် ဆိုတာကပဲ ငွေကိုရစေမှာ
ဒါကြောင့် မင်းကိုယ်မင်းအစောဆုံးတည်ဆောက်ပါ

ဒီစာအုပ်လေးဟာ စာအုပ်အဖုံးလေးလိုပဲ ရှုပ်ထွေးပြီး ကာမတွေကြားထဲမှာမိန်းမောနေကြတဲ့လူတွေအတွက်တော့ အများကြီးအလင်းပွင့်သွားစေမယ...
02/06/2026

ဒီစာအုပ်လေးဟာ စာအုပ်အဖုံးလေးလိုပဲ ရှုပ်ထွေးပြီး ကာမတွေကြားထဲမှာမိန်းမောနေကြတဲ့လူတွေအတွက်တော့ အများကြီးအလင်းပွင့်သွားစေမယ့်စာအုပ်လေးဖြစ်တယ်ဆိုတာအာမခံရဲပါတယ်။
အခုခေတ်ပြောနေကြတဲ့ relationship ဆိုတဲ့ အချစ်ဟာ နောက်ကွယ် မှာ
လူတွေကို ဘီလူးစီးသွားသလို ကာမအမှောင်နဲ့ ရစ်ပတ်နှောင်ဖွဲ့မှုတွေကို
အလှဆုံးသောစကားလုံးဖြစ်တဲ့ “အချစ်” ဆိုတဲ့စကားလုံး လေးနဲ့ ဖုံးအုပ်ထားတာပါ။
ဒီလိုပြောလို့ တရားပေါက်သွားတယ်တော့ မဟုတ်ပါဘူး အကျိုးအကြောင်းအကောင်းအဆိုး
ကိုသိနေတော့ Depression ဖြစ်တာတွေ စိတ်ခံစားချက်ကြောင့် ဘဝကိုရေစုန်
မျှောဖို့ ကြိုးစားနေတဲ့ လူငယ်တွေအတွက် “သတိ” ဆိုတဲ့ အသိလေးရသွားစေလိမ့်မယ်
ဆိုတာယုံကြည်ပါတယ်။ တွေးတက်ခေါ်တက်ဖြစ်လာပြီး အမှားဖြစ်နေရင် အမှားမှန်းသိပြီး
အမှန်ကိုပြန်ပြင်နိုင်ပါလိမ့်မယ်။ ကိုယ်လုပ်ခဲ့တဲ့အကြောင်းတရားတိုင်းဟာ ဒီဘဝလွန်သွားရင်တောင်
အကျိုးတရားတွေခံစားရမယ်ဆိုတာကို ဗုဒ္ဓဘာသာတို့ရဲ့ နှလုံးသားဖြစ်တဲ့ မြတ်စွာဘုရားရဲ့
တရားတော်တွေနဲ့ မီးမောင်းထိုးပြီး သက်သေသာဓက နဲ့တကွဖော်ပြထားတဲ့ စာအုပ်ဖြစ်ပြီး
စာရေးသူ ဆရာကြီးဦးနုရဲ့ အရေးအသားပြောင်မြောက်မှုတွေဟာဖြင့် ကွင်းကွင်းကွက်ကွက်
မြင်သာအောင်ကိုစကားလုံးတွေနဲ့ ရေးသားဖော်ပြထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒါကြောင့် ဒီစာအုပ်ဟာ လူ့ဘဝကို အကောင်းဆုံး သော တရားသောနည်းလမ်းနဲ့ရှင်သန်
နေထိုင်သွားဖို့ ဆုံးမထားတဲ့စာအုပ်တစ်အုပ်လဲဖြစ်ပါတယ်။ အရာရာတိုင်းဟာ ဖြစ်ပြီးရင်
ပျက်တက်တယ်ဆိုတဲ့သဘောတရား နဲ့ဘဝကိုကြိုးစားနေထိုင်သွားဖို့ အသိတရား
ရစေမယ့်စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ အညွှန်းတွေကိုတော့ အများကြီးထပ်မပြောတော့ပါဘူးရှင့် စာရေးဆရာကြီးရဲ့ တောက်ပြောင်တဲ့စကားအသုံးအနှုန်း
တွေနဲ့ ဘဝကို ဘယ်လိုမီးမောင်းထိုးဆုံးမထားတယ်ဆိုတာသိချင်ရင်ပဲဖြစ်ဖြစ်၊
ဘဝကို အကောင်းဆုံးနေထိုင်တက်ချင်ရင်ပဲဖြစ်ဖြစ်
“ကာမတဏှာ” ဆိုတဲ့ စာအုပ်လေးကို မဖြစ်မနေဖတ်ကြည့်ဖို့အသိပေး မျှဝေပေးလိုက်ရပါတယ်ရှင့်။


"မင်း ငြင်းပယ်သမျှအရာတွေဟာ မင်းရဲ့ တည်ရှိမှုကို ပိုပြီး စိုးမိုးလာလိမ့်မယ်။ ဒါပေမဲ့ မင်းက အဲဒီအရာတွေကို ရင်ဆိုင်ပြီး လက်...
23/05/2026

"မင်း ငြင်းပယ်သမျှအရာတွေဟာ မင်းရဲ့ တည်ရှိမှုကို ပိုပြီး စိုးမိုးလာလိမ့်မယ်။ ဒါပေမဲ့ မင်းက အဲဒီအရာတွေကို ရင်ဆိုင်ပြီး လက်ခံလိုက်တဲ့အခါ သူတို့ဟာ ပျောက်ကွယ်သွားလိမ့်မယ်။" ✨ ဒါလေးကိုသေချာပြန်စဥ်းစားကြည့်ပါနော် အဓိပ္ပာယ်တွေအများကြီးနဲ့ကိုယ့်ကိုယ်ကိုပြန်မြင်လာရပါတယ်။

ဒီစာအုပ်ဟာ စိတ်ပညာစာအုပ် ဆိုပေမဲ့ ဖတ်ရတာ heavy မဟုတ်ဘဲ ဇာတ်လမ်းလေးနဲ့မို့လို့ ဖတ်ရင်း ဖတ်ရင်း ဇာတ်ကောင်နေရာမှာ ကိုယ့်ကိုယ်ကိုယ် အစားထိုးမိသွားစေမယ့် စာအုပ်မျိုးပါ။

ခိုင် တို့ တိုက်ခိုက်နေရတဲ့ ပြဿနာတော်တော်များများဟာ အပြင်လူကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့ အတွင်းစိတ် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့်ဆိုတာကို မြင်သာအောင် ပြပေးသွားပါတယ်။

ပေးချင်တဲ့ Message က ရှင်းရှင်းလေးပါ—
"ကမ္ဘာကြီးတစ်ခုလုံးကို မပြောင်းလဲနိုင်ခင် မင်းရဲ့ အတွင်းစိတ်ကို အရင်ပြောင်းလဲပါ"

စိတ်ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး စိတ်အေးချမ်းမှု စစ်စစ်ကို ရှာချင်တယ်ဆိုရင်တော့ ဒီစာအုပ်က အကောင်းဆုံး လမ်းပြမြေပုံ ဖြစ်လာမှာ အသေအချာပါပဲ။ 💯

ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ?
• အမြဲတမ်း စိတ်ဖိစီးပြီး အတွေးလွန် (Overthinking) ဖြစ်နေတတ်သူများ
• ကိုယ့်ရဲ့ Emotional ကို ကောင်းကောင်း ထိန်းချုပ်ချင်သူများ
• စိတ်ခွန်အားသစ် ပြန်လည်ဖြည့်တင်းချင်သူများ

ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး Gift တစ်ခု ပေးချင်တယ်ဆိုရင် ဒီစာအုပ်လေးကိုသာ အရင်ဆုံး ဖတ်လိုက်ပါတော့လို့ ညွှန်းပေးပါရစေ။ ❤️

Khaing
23.5.2026

#စစ်မှန်သောမိမိနှင့်တွေ့ဆုံခြင်း
#စိတ်သက်တန့်မေရီ


Address

Singapore

Telephone

+959950400610

Website

Alerts

Be the first to know and let us send you an email when BTR Book Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BTR Book Club:

Shortcuts

Share