Pyan Than Visa & Travel - ပျံသန်း

Pyan Than Visa & Travel - ပျံသန်း Your trusted partner for smooth visa processing, personalized travel planning, and expert advice. Explore Asia with ease. Start your journey with us today!

TR Visa လျှောက်ထားချင်သူများအတွက် Special Price ✈️Bank Statement အပါအဝင် အပြီးအစီး မြန်မာငွေ ၃ သိန်းကျပ်ဖြင့် လျှောက်ထား...
01/09/2026

TR Visa လျှောက်ထားချင်သူများအတွက် Special Price ✈️

Bank Statement အပါအဝင် အပြီးအစီး မြန်မာငွေ ၃ သိန်းကျပ်ဖြင့် လျှောက်ထားနိုင်ပါတယ်ခင်ဗျ။ ဒီလကုန်မတိုင်ခင် အပ်နှံသူများအတွက်သာ ဒီဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

လိုအပ်သော စာရွက်စာတမ်းများ

1. Passport Bio Data Page
2. Passport Size Photo
3. မှတ်ပုံတင် ရှေ့/နောက်
4. အိမ်ထောင်စုဇယား ရှေ့/နောက်

ကြာချိန် - ရုံးချိန် ၇ ရက်, ၈ ရက်

🇹🇭 Special Price for Thailand TR Visa Applications ✈️

Apply for a Thailand TR Visa for only 300,000 MMK, including Bank Statement assistance and complete application service.

This special price is available only for applications submitted during September.

Required Documents
1. Passport Bio Data Page
2. Passport-Size Photo
3. NRC – Front & Back
4. Household Registration – Front & Back




31/08/2026

လေယာဉ်လက်မှတ်ဝန်ဆောင်မှု၊ Hotel Booking၊ Visa ဝန်ဆောင်မှုနှင့် Trip Plan ဝန်ဆောင်မှုများလိုအပ်ပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

29/04/2026

🇲🇲>>🇹🇭>>🇻🇳>>🇲🇲

သိန်းရှစ်ဆယ်ဖိုး Flight Ticket နဲ့ Hotel Booking လာရောက်အားပေးသွားတဲ့အတွဲလေးပါခင်ဗျ။ Customer စိတ်တိုင်းကျ စီစဉ်ပေးခဲ့ပါတယ်။

ယုံယုံကြည်ကြည်နဲ့ Pyan Than မှာ ဝန်ဆောင်မှုယူကျလို့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။





#ရန်ကုန်

23/04/2026

၁။ PV First Time ကို VIP Pass မယူပဲသွားချင်တဲ့သူတွေ
၂။ Visa လျှောက်ချင်သူများ
၃။ ခရီးစဉ်အစအဆုံး ဝန်ဆောင်မှုယူချင်သူများ
၄။ VIP Pass မယူမနေရ ယူဖို့လိုအပ်သူများ
၅။ PJ သမား, တာချီလိတ်လမ်းကြောင်းယူချင်သူများ ရှိရင်

ကျွန်တော်တို့ Pyan Than Visa & Travel မှာလာရောက်စုံစမ်းလို့ရပါတယ်ခင်ဗျ။

ယနေ့အချိန်ထိ Pyan Than ကို အမြဲယုံကြည်ပြီး ဝန်ဆောင်မှုယူကျသူများ၊ ညွှန်းပေးကျသူများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ 🙏

#ရန်ကုန်လေဆိပ်

𝐕𝐨𝐢𝐜𝐞𝐬 𝐎𝐟 𝐎𝐮𝐫 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 ယနေ့အချိန်ထိ ကြော်ငြာတွေ ပုံမှန်မတင်ဖြစ်သေးပေမယ့်လည်း Pyan Than ကို ယုံယုံကြည်ကြည်နဲ့ လာရောက်ဝန်...
23/04/2026

𝐕𝐨𝐢𝐜𝐞𝐬 𝐎𝐟 𝐎𝐮𝐫 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬

ယနေ့အချိန်ထိ ကြော်ငြာတွေ ပုံမှန်မတင်ဖြစ်သေးပေမယ့်လည်း Pyan Than ကို ယုံယုံကြည်ကြည်နဲ့ လာရောက်ဝန်ဆောင်မှုယူကြတဲ့ Customer များအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျ။ ဒါ့အပြင် Pyan Than မှာဝန်ဆောင်မှုယူပြီးနောက် တခြားအသိမိတ်ဆွေတွေကို ထပ်မံညွှန်းပေး၊ recommend လုပ်ပေးကြတဲ့ မိတ်ဟောင်း Customer များကိုလည်း တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။

အခုလို ယုံကြည်ပေးမှု၊ အားပေးမှုနဲ့ support ပေးနေကြတာတွေကြောင့် ကျွန်တော်တို့ Pyan Than အနေနဲ့လည်း နေ့စဉ် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်ခင်ဗျ။ Customer တွေရဲ့ လိုအပ်ချက်တွေကို ပိုပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ဖို့ Pyan Than မှာ မရှိသေးတဲ့ အခြားဝန်ဆောင်မှုတွေကိုလည်း ဆက်လက်တိုးချဲ့နိုင်အောင် ကြိုးစားလျက်ရှိပါတယ်။

Pyan Than ကို အမြဲယုံကြည်ပြီး အတူရှိပေးနေကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ 🙏



Even though we have not regularly run advertisements, we would like to sincerely thank every customer who has trusted Pyan Than and chosen our services with confidence. We are also truly grateful to our returning customers who continue to recommend and refer Pyan Than to their friends and acquaintances after using our services.

Because of your trust, encouragement, and continued support, we at Pyan Than are constantly trying to provide better services every day. To better fulfill the needs of our customers, we are also continuously working to expand and improve the range of services that Pyan Than can offer.

Thank you sincerely for always trusting and staying with Pyan Than 🙏




𝖳𝗈𝖽𝖺𝗒, 𝖯𝗒𝖺𝗇 𝖳𝗁𝖺𝗇 𝖵𝗂𝗌𝖺 & 𝖳𝗋𝖺𝗏𝖾𝗅 𝗂𝗇𝗍𝗋𝗈𝖽𝗎𝖼𝖾𝗌 𝖺 𝗇𝖾𝗐 𝗅𝗈𝗀𝗈, 𝗆𝖺𝗋𝗄𝗂𝗇𝗀 𝖺 𝗆𝖾𝖺𝗇𝗂𝗇𝗀𝖿𝗎𝗅 𝗌𝗍𝖾𝗉 𝖿𝗈𝗋𝗐𝖺𝗋𝖽 𝗌𝗂𝗇𝖼𝖾 𝗈𝗎𝗋 𝗅𝖺𝗎𝗇𝖼𝗁 𝗂𝗇 2024.  𝖳𝗁𝗂𝗌 ...
22/04/2026

𝖳𝗈𝖽𝖺𝗒, 𝖯𝗒𝖺𝗇 𝖳𝗁𝖺𝗇 𝖵𝗂𝗌𝖺 & 𝖳𝗋𝖺𝗏𝖾𝗅 𝗂𝗇𝗍𝗋𝗈𝖽𝗎𝖼𝖾𝗌 𝖺 𝗇𝖾𝗐 𝗅𝗈𝗀𝗈, 𝗆𝖺𝗋𝗄𝗂𝗇𝗀 𝖺 𝗆𝖾𝖺𝗇𝗂𝗇𝗀𝖿𝗎𝗅 𝗌𝗍𝖾𝗉 𝖿𝗈𝗋𝗐𝖺𝗋𝖽 𝗌𝗂𝗇𝖼𝖾 𝗈𝗎𝗋 𝗅𝖺𝗎𝗇𝖼𝗁 𝗂𝗇 2024.

𝖳𝗁𝗂𝗌 𝖼𝗁𝖺𝗇𝗀𝖾 𝗋𝖾𝖿𝗅𝖾𝖼𝗍𝗌 𝗆𝗈𝗋𝖾 𝗍𝗁𝖺𝗇 𝗃𝗎𝗌𝗍 𝖺 𝗇𝖾𝗐 𝗅𝗈𝗈𝗄. I𝗍 𝗋𝖾𝗉𝗋𝖾𝗌𝖾𝗇𝗍𝗌 𝗈𝗎𝗋 𝖼𝗈𝗆𝗆𝗂𝗍𝗆𝖾𝗇𝗍 𝗍𝗈 𝖼𝗈𝗇𝗍𝗂𝗇𝗎𝗈𝗎𝗌𝗅𝗒 𝗂𝗆𝗉𝗋𝗈𝗏𝗂𝗇𝗀 𝗈𝗎𝗋 𝗉𝗈𝗅𝗂𝖼𝗂𝖾𝗌, 𝗌𝗍𝖺𝗇𝖽𝖺𝗋𝖽𝗌, 𝖺𝗇𝖽 𝗏𝖺𝗅𝗎𝖾𝗌 𝗍𝗈 𝖽𝖾𝗅𝗂𝗏𝖾𝗋 𝖻𝖾𝗍𝗍𝖾𝗋, 𝗆𝗈𝗋𝖾 𝗋𝖾𝗅𝗂𝖺𝖻𝗅𝖾 𝗌𝖾𝗋𝗏𝗂𝖼𝖾𝗌.

𝖶𝖾 𝗌𝗂𝗇𝖼𝖾𝗋𝖾𝗅𝗒 𝗍𝗁𝖺𝗇𝗄 𝗒𝗈𝗎 𝖿𝗈𝗋 𝗒𝗈𝗎𝗋 𝖼𝗈𝗇𝗍𝗂𝗇𝗎𝖾𝖽 𝗍𝗋𝗎𝗌𝗍 𝖺𝗇𝖽 𝗌𝗎𝗉𝗉𝗈𝗋𝗍, 𝖾𝗏𝖾𝗇 𝗐𝗂𝗍𝗁𝗈𝗎𝗍 𝖾𝗑𝗍𝖾𝗇𝗌𝗂𝗏𝖾 𝖺𝖽𝗏𝖾𝗋𝗍𝗂𝗌𝗂𝗇𝗀. 𝖸𝗈𝗎𝗋 trust and support 𝗂𝗇 𝗎𝗌 𝗁𝖺𝗌 𝗆𝖺𝖽𝖾 𝗍𝗁𝗂𝗌 𝗃𝗈𝗎𝗋𝗇𝖾𝗒 𝗉𝗈𝗌𝗌𝗂𝖻𝗅𝖾, 𝖺𝗇𝖽 𝗐𝖾 𝗅𝗈𝗈𝗄 𝖿𝗈𝗋𝗐𝖺𝗋𝖽 𝗍𝗈 𝗌𝖾𝗋𝗏𝗂𝗇𝗀 𝗒𝗈𝗎 𝖾𝗏𝖾𝗇 𝖻𝖾𝗍𝗍𝖾𝗋 𝖾𝗏𝖾𝗋𝗒 𝖽𝖺𝗒.

ကျွန်တော် တော်ရုံ စာ တင်လေ့မရှိပါဘူး။ ဒီတစ်ခါကျ မပြောစလောက်ငွေလေးနှစ်သောင်းလောက်နဲ့ စေတနာကိုလည်း စော်ကားတယ်ထင်လို့တင်လို...
16/02/2026

ကျွန်တော် တော်ရုံ စာ တင်လေ့မရှိပါဘူး။ ဒီတစ်ခါကျ မပြောစလောက်ငွေလေးနှစ်သောင်းလောက်နဲ့ စေတနာကိုလည်း စော်ကားတယ်ထင်လို့တင်လိုက်တာပါ။

ပြောတဲ့အတိုင်း Hotel Booking Confirmed ဆိုလို့ Booking Confirmed လုပ်ပေးတယ်။ ပြီးတော့ ငွေလွှဲခိုင်းတဲ့အချိန်ရောက်မှ Paid Booking ပြန်ဖြစ်သွားတယ်။ သြော် ဟုတ်လို့ Booking Confirmed ဖိုးအတွက်မပေးနဲ့တော့လို့ Paid Booking ကိုလည်း ဒီအတိုင်း နှစ်သောင်းဝန်းကျင်ပဲထားပေးပါမယ်လို့ပြောလိုက်တယ်။ လုပ်ပေးပြီးသား Booking ဖိုးအတွက်လည်း မတောင်းဘူးဗျာ။ ရချင်တဲ့ Paid Booking တောင် Service Fees မပြောင်းပဲထားပေးတယ်။

"အခုကျ Hotel ကို အစစ်ဖြတ်လိုက်လို့တဲ့ ဝန်ဆောင်မှုလေးမယူတော့ဘူးရှင့်" တဲ့။ ပြီးတော့ "အားလည်းနာတယ်" တဲ့။ ပြောချင်တာက လုပ်လက်စအလုပ်ကို ကိုယ့်ဖက်ကနေလည်း ဖြတ်တယ်။ ပြီးရင် ဒီလောက်စေတနာထားပြီး လုပ်ပေးတယ်။ ဝန်ဆောင်ခဆိုတာကလည်း တခြား ဘယ်မှာမှ မရတဲ့ စျေး၊ မလုပ်ပေးတဲ့စျေးပဲယူတယ်။ အဲ့ဒါတောင် စေတနာလည်းစော်ကားသေး။ တောင်းပန်ပါတယ်ဆိုတဲ့ စကားတောင်မပြောနိုင်။ မျက်နှာပြောင်တိုက်ချက်က တကယ်လက်လန်ပါတယ်။ ဒါတောင် International School က Teacher ပါ။ ဘယ်လို လူတန်းစားမျိုးက ဆရာမဖြစ်လာလဲ နားမလည်နိုင်ပါဘူး။ Ethics ဆိုတဲ့ လူ့ကျင့်ဝတ်တောင် တကယ်နားမလည်ပဲဆရာမဖြစ်နေတော့ သူ့အစား ကျောင်းသား/သူ တွေကိုပဲ သနားပါတယ်။

ကျွန်တော်ကတော့ ပညာတတ်ဆိုတော့ ပညာတတ်ဆန်ဆန်ပဲ သူ့ကိုအောက်ကလိုပဲ ပြောလိုက်ပါတယ်။

"နောက်ခါဆို ညီမ မသေချာမရေရာပဲ ဘယ်အလုပ်မဆိုမအပ်ပါနဲ့နော်။ ညီမကိုယ်တိုင်က Professional Field ထဲမှာအလုပ်လုပ်နေတဲ့သူပဲလေ အခြေခံကျင့်ဝတ် Ethics ကို နားလည်သင့်ပါတယ်။ ညီမကိုလည်း Educated ဖြစ်မယ်လို့လည်း မျှော်လင့်ထားပါတယ်ဗျ။ ပြီးတော့ ဒီနေရာမှာ အားနာပါတယ် (Feel Bad, Feel Sorry) ဆိုတဲ့ စကားထက် Apologize တောင်းပန်ပါတယ်ဆိုတဲ့စကားပြောသင့်တာပါ။ ဒါကို သင်ခန်းစာလို့ပဲမှတ်လိုက်ပါ။ မသေချာ မရေရာပဲ နောက်ကိုယ့်ကြောင့် တစ်ဖက်လူ အချိန်ကုန်တာမျိုးမဖြစ်အောင်ရှောင်ပါနော်ညီမ။ အစစအရာရာအဆင်ပြေပါစေ။ ကျေးဇူးပါနော်။"

နားလည်တတ်တဲ့ ဉီးနှောက်၊ လက်ခံတွေးတောနိုင်တဲ့ ဉာဏ်စွမ်း၊ ဉာဏ်စရှိရင်တော့ သူလည်း ကောင်းမွန်တဲ့လူ၊ လူ့ကျင့်ဝတ်ကိုနားလည်တဲ့လူဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။

ဒီလိုအရှုပ်ကိစ္စကို အားလုံးကို ချပြလိုက်ရလို့လည်းတောင်းပန်ပါတယ်နော်။

20/01/2026

Here, we explain everything clearly to every customer so they can fully understand the process and avoid any risks or problems, with our time and sincere effort.

However, if a customer refuses to accept our explanation and behaves rudely by refusing our advice and disrespecting our time, we kindly request those kinds of people not to proceed with us. In simple words, never come here.

We value every customer except rude people, whether they choose to use our services or not. That said, we do not welcome those who show disrespect toward our advice, our time, and our goodwill.

Thank you to everyone who believes in and trusts us. Without your support, we would not be where we are today. We continuously try to give our very best and to expand our network so we can serve you even better.

Thank you again to all our customers.

By
Pyan Than Visa And Travel

Send a message to learn more

သူများတွေ VIP Pass မပါပဲ PV First Time နဲ့ ပြည်ပရောက်ကုန်ကျပြီနော် 🥳🥳ဒီလို အဆင်ပြေပြေ စျေးသက်သက်သာသာ ဝန်ဆောင်မှုခလေး မြန...
30/09/2025

သူများတွေ VIP Pass မပါပဲ PV First Time နဲ့ ပြည်ပရောက်ကုန်ကျပြီနော် 🥳🥳

ဒီလို အဆင်ပြေပြေ စျေးသက်သက်သာသာ ဝန်ဆောင်မှုခလေး မြန်မာငွေသောင်းဂဏန်းဝန်းကျင်နဲ့ အဆင်ပြေသွားတဲ့အတွက် မင်မင်တို့ တကယ်အပင်ပန်းခံရကျိုးနပ်ပါတယ်။ ထပ်တူလည်း ပျော်ရွှင်ရပါတယ်။

PV First Time နဲ့ အလည်သွားရမှာလန့်နေလား?
History ရှိပေမယ့်လည်း သွားရမှာလန့်နေလား?

ဒါဆိုရင်အခုပဲ Pyan Than Visa & Travel - ပျံသန်း ကိုဆက်သွယ်လိုက်ပါ။

မိမိလည်ချင်တဲ့နိုင်ငံအတွက် အပြီးအစီးဝန်ဆောင်မှုပေးနေပါပြီနော်။

အပြီးအစီး ဝန်ဆောင်ခထဲမှာ
1. Flight Ticket အသွားအပြန်လက်မှတ် ဝယ်ပေးမယ်။
2. Hotel Booking/Paid ဖြတ်ပေးမယ်။
3. TDAC Form ဖြည့်ပေးမယ်။
4. တခြားလိုအပ်တဲ့အချက်အလက်ဖန်တီးပေးမယ်။
5. Personal Advice လေးပေးမယ်။ မိနစ် ၃၀ ကြာ တစ်ဉီးချင်း ဖုန်းနဲ့ ဘယ်လိုပြင်သင့်တယ်၊ သွားသင့်တယ်ဆိုတာလည်း ဆွေးနွေးပေးမယ်။
6. ဟိုဖက်‌ရောက်ရင်လည်း ပစ်မထားပဲ လိုအပ်တဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေလည်းဝေမျှပေးမယ်။

မှတ်ချက် - ဝန်ဆောင်ခသီးသန့်ပဲ မြန်မာငွေသောင်းဂဏန်းပါနော်။ လက်မှတ်ကြေးလေးတွေကတော့ ကာကာတို့ပေးရမှာပါ။

အပြီးအစီးဝင်ဆောင်မှုအတွက်ကလည်း မြန်မာငွေသောင်းဂဏန်းဝန်းကျင်ဆိုတော့ ဘာလိုအပ်သေးလဲ?

အရမ်းစျေးသက်သာလို့လည်း မင်မင်တို့က ပြီးစလွယ်အလုပ်မလုပ်ဘူးနော်
၁။ သေချာပြင်ဆင်ပေးတယ်
၂။ အဆင်ပြေရဲ့လား၊ ဘာလိုအပ်သေးလဲဆိုပြီး အမြဲ Check-Up လုပ်တယ်။
၃။ ကာကာလေးတို့ သိချင်သမျှကိုလည်း 24/7 ဖြေပေးတယ်။
၄။ ပြီးရင် တစ်ဉီးတစ်‌ယောက်ချင်းစီအတွက် လိုအပ်ချက်၊ ဘယ်လိုသွားရမလဲကအစ Personalized Advice တွေလည်းပေးသေးတယ်။
၅။ ဟိုဖက်ပြည်ပရောက်သွားရင်လည်း ဘယ်နေရာတွေကတန်တယ်၊ ဘယ်သွားသင့်တယ်၊ ဘာလုပ်သင့်တယ်အစကလည်းညွှန်းပေးသေးတော့ ဘာလိုအပ်သေးလဲ?

ပြည်ပထွက်ဖို့ အခုပဲဆက်သွယ်လိုက်တော့‌နော် ကာကာတို့ရေ။

ပြီးရင် ပြည်ပထွက်ဖို့လိုအပ်တဲ့ Visa တွေလိုအပ်ရင် မင်မင်တို့ကိုသတိရလိုက်ပါ။
၁။ စျေးသက်သာစေရမယ်။
၂။ မြန်ဆန်စေရမယ်။
၃။ မှန်ကန်စေရမယ်။

ပြည်ပထွက်မယ့် အားလုံးအဆင်ပြေကြပါစေနော်။




Malaysia ကို 14 Days Visa နဲ့သွားမယ့်သူများ အထူးသတိပြုရန် (ကြာချိန် ၁ မိနစ်) Malaysia 14 Days Visa Exemption ရဲ့အခြေနေတွ...
30/09/2025

Malaysia ကို 14 Days Visa နဲ့သွားမယ့်သူများ အထူးသတိပြုရန် (ကြာချိန် ၁ မိနစ်)

Malaysia 14 Days Visa Exemption ရဲ့အခြေနေတွေအားလုံးကတော့ Thailand နဲ့ ဆင်ပါတယ်။ ဒါပေမဲ့ ပိုကြပ်တဲ့ Version ပါ။

၁။ 14 ရက်ပဲနေခွင့်ရှိမယ်။
၂။ သက်တမ်းတိုး၊ Extension လုပ်လို့မရပါဘူး။
၃။ လေကြောင်း or By air ပဲရပါမယ်။ Airport ကနေပဲဝင်လို့ရပါမယ်။ ကုန်ကြောင်း၊ ရေကြောင်းဆိုရင် Visa လိုပါမယ်။
၄။ ဝင်ခွင့်ပေး၊ မပေးက Immigration Officer ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပါတယ်။

Malaysia က နဂိုတည်းက ထိုင်းထက်ပိုကြပ်တဲ့နိုင်ငံပါ။ သွားဖြစ်မယ်ဆိုရင်
၁။ Arrival Card
၂။ အသွားအပြန်လက်မှတ်
၃။ Hotel Booking
၄။ Show Money စသဖြင့် ပြည့်ပြည့်စုံစုံနဲ့ သွားဖို့လိုပါမယ်။

အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။

ကျွန်တော်တို့ Pyan Than Visa & Travel - ပျံသန်း မှာ
𝟏. 𝐇𝐨𝐭𝐞𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠
𝟐. 𝐅𝐥𝐢𝐠𝐡𝐭 𝐓𝐢𝐜𝐤𝐞𝐭𝐬
𝟑. 𝐁𝐚𝐧𝐤 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭𝐬 𝐟𝐨𝐫 𝐯𝐢𝐬𝐚 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 (𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐞𝐕𝐢𝐬𝐚, 𝐃𝐓𝐕 𝐞𝐭𝐜.)
𝟒. 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 (𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐞𝐕𝐢𝐬𝐚, 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐞𝐕𝐢𝐬𝐚, 𝐚𝐧𝐝 𝐦𝐨𝐫𝐞)
𝟓. 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 (𝐢𝐧𝐜𝐥𝐮𝐝𝐢𝐧𝐠 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐬𝐮𝐩𝐩𝐨𝐫𝐭)
အစရှိတဲ့ ဝန်ဆောင်မှုတွေကိုလည်း ရယူနိုင်ပါတယ်။ သိလိုတာတွေရှိရင်လည်းမေးလို့ရပါတယ်။

Source - Embassy Of Malaysia, Yangon




Address

29 Bukit Pasoh Road
Singapore
089843

Telephone

+6595557977

Website

Alerts

Be the first to know and let us send you an email when Pyan Than Visa & Travel - ပျံသန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category