Easy Trip

Easy Trip Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Easy Trip, บริการท่องเที่ยว, .

✅ Private car rental service

✅ Hotel Booking service

✅ Tickets service

✅ Translator service

✅Hospital Translator

ဘာလိုလိုရတဲ့ Easy Trip မှာဝန်ဆောင်မှုရယူလိုက်ပါနော်

09/12/2025

ထိုင်းနိုင်ငံနေရာလှလှလေးတွေဆီကိုနေရာအနှံ့ပို့ဆောင်ပေးပါတယ်နော်

နေကြာချစ်သူတို့အတွက်သီတင်းကောင်း🔊🔊ခေါင်ရိုင်Maneesorn နေကြာပင်လယ်ကြီးဟာဆိုရင်နှစ်စဉ်နှစ်တိုင်းဖွင့်လှစ်နေကျအချိန်ကိုရောက...
31/10/2025

နေကြာချစ်သူတို့အတွက်သီတင်းကောင်း🔊🔊

ခေါင်ရိုင်Maneesorn နေကြာပင်လယ်ကြီးဟာဆိုရင်
နှစ်စဉ်နှစ်တိုင်းဖွင့်လှစ်နေကျအချိန်ကိုရောက်ရှိ
လာပြန်ပါပြီ ဓာတ်ဖမ်းမည့် ကိုကို မမ များစိတ်ကြိုက်
နိုဝင်ဘာလအစကနေ ဇန်နဝါရီလအလယ်လောက်ထိ
ရွှေဝါရောင်ပန်းပင်လယ်ကြီးနဲ့အတူ ဓာတ်ဖမ်းရမယ့်
အခွင့်အရေးဖြစ်လို့သွားဖြစ်အောင်သွားကြနော်။

🌻 ဝင်ကြေး
👉 ထိုင်းလူမျိုး – ၅၀ ဘတ်
👉 ကလေးငယ်များ – အခမဲ့
👉 နိုင်ငံခြားသား – ၁၀၀ ဘတ်

⏰ ဖွင့်ချိန် – နေ့တိုင်း မနက် ၇ နာရီ မှ ညနေ ၆ နာရီ အထိဖွင့်ပါတယ်နော်။

📌တည်နေရာ (Location Google maps)

https://maps.app.goo.gl/nqWMrqg4ehZqPx198?g_st=ipc

ရက်အတိကျ Update သိရင်ပြန်တင်ပေးပါမယ်။

ထိုင်းဘုရင်(Rama 10)ရဲ့ မယ်တော်ကြီး သီရိခေတ် ဟာသက်တော် 93 နှစ်ပြည့်24ရက်နေ့ အောက်တိုဘာလ ည 9:21 အချိန်တွင်မဟာကျူလာလောင် က...
25/10/2025

ထိုင်းဘုရင်(Rama 10)ရဲ့ မယ်တော်ကြီး သီရိခေတ်
ဟာသက်တော် 93 နှစ်ပြည့်
24ရက်နေ့ အောက်တိုဘာလ ည 9:21 အချိန်တွင်
မဟာကျူလာလောင် ကွန်းဆေးရုံ၌
နတ်ရွာစံ ကံတော်ကုန်သွားခဲ့သည်။

ဝမ်းနည်းပူဆွေးမှု အထိန်းအမှတ်အနေဖြင့်
ယနေ့မှစ၍ 3 လတိုင်ထိ ပြည်သူများ အနက်ရောင်
သို့မဟုတ် အရောင်ဖျော့များဝတ်ဆင်ပေးကြပါရန်
ထိုင်းဝန်ကြီးချုပ်မှ မေတ္တာရန်ခံထားပါသည်။

အစိုးရဝန်ထမ်းများက တစ်နှစ်တိုင်တိုင် အနက်နှင့်အရောင်ဖျော့အဝတ်အစားများကို ဝတ်ဆင်သွားကြမည်ဖြစ်ပါသည်။

ဒီနေ့မှာတော့ ဘန်ကောက်နဲ့ ဘန်ကောက်အနီးတစ်ဝိုက်တွေလည်ရတာ ငြီးငွေ့နေပြီဆိုတဲ့ မိတ်ဆွေများတွက်စိတ်နှလုံးချမ်းအေးစေမယ့် Khao ...
17/10/2025

ဒီနေ့မှာတော့ ဘန်ကောက်နဲ့ ဘန်ကောက်အနီးတစ်ဝိုက်
တွေလည်ရတာ ငြီးငွေ့နေပြီဆိုတဲ့ မိတ်ဆွေများတွက်
စိတ်နှလုံးချမ်းအေးစေမယ့် Khao Kho နာမည်ကြီး
ငါးမျက်နှာဘုရားဖူး ခရီးစဉ်လေးကိုစီစဉ်ပေးလိုက်
ပါတယ်ခင်ဗျာ။

🍀 Wat Phra Sorn Kaew
ဘန်ကောက်ကနေ 6နာရီလောက် ကားမောင်းချိန်
ရှိတယ်ဆိုပေမယ့် ​ရောက်သွားလို့နောင်တမရစေပဲ
တောင်တန်း မြူခိုးများကြားက ညာဏ်တော်မြင့်မား
လှပြီးသပ္ပါယ်လွန်းတဲ့ ငါးမျက်နှာဘုရားကြီး
ဆီသို့ခေါ်ဆောင်ပေးသွားမှာပါ။

ငါးမျက်နှာဘုရားကြီးနှင့်အတူ ရင်ခုန်စိတ်လှုပ်ရှား
ဖွယ်နေရာလေးတွေကိုလည်းစီစဉ်ထားပါသေးတယ်

🍀 Khao Khao Wind Farm
လေအားလျှပ်စစ်ထုတ်ယူတဲ့ အဖြူရောင်လေဒလက်
ကြီးတွေများစွာရှိပြီး စိမ်းစိုမြက်ခင်းနုလေးတွေပေါ်
ကနေလှမ်းမျှော်ကြည့်ရှုအပန်းဖြေလို့လည်းရသလို
Europe ဆန်ဆန်အရသာလေးပေးစွမ်းနိုင်တာမို့
ပုံကောင်းကောင်းလေးတွေရဖို့ ဝတ်စုံလှလှလေးတွေ
ထည့်လာဖို့လည်းလိုပါမယ်နော်။

🍀 Hydrangea Cafe
တစ်ထောက်အနားယူအပန်းဖြေရင်း လှပတဲ့
ပန်းခင်းကြီးကိုအပေါ်စီးကမျက်နှာမူကြည့်ရင်း
တိုက်ခတ်လာသောလေညှင်းလေးတွေထဲ
လက်ဆတ်တဲ့ လေနဲ့ ပန်းရနံ့သင်းသင်းလေးကို
ရှုရှိုက်လိုက်ရင်း ကော်ဖီလေးတစ်ခွက်နဲ့သာဆိုရင်
တကယ့်နတ်သုခဘုံလေးရောက်သွားမည့်အလားပေါ့။

🍀 Khao Kho View Point
ရှာမှ ရှား လှပတဲ့တောင်တန်းတွေပေါ် အဖြူရောင်
နှင်းမြူခိုးတွေက ပင်လယ်ကြီးသဖွယ်လွှမ်းခြုံထားလို့
နံနက်ခင်းနေထွက်ချိန်တွေနဲ့အတူအပြိုင်လှနေတာပေါ့

🍀 Pino Latte Restaurant & Cafe Khao Kho
နှင်းဖွဲဖွဲကျနေတဲ့ Khao kho ရဲ့မနက်ခင်းကစလို့
နေဝင်ချိန်တွေထိ Pino Latte Restaurant & Cafeမှာ
အမှတ်တရလေးတွေဖန်တီးရင်း တန်ဖိုးရှိလှတဲ့
အချိန်တွေကို ကုန်ဆုံးစေချင်ပါတယ်။

ခရီးစဉ်အကြောင်းအသေးစိတ်မေးမြန်းလိုပါက
Ph +66942679818/Viber +66820944904
Whatsapp +66820944904 တို့မှ
အမြန်ဆုံးဖြေကြားပေးပါမယ်ခင်ဗျာ။


#ထိုင်းအလည်အပါတ်ခရီး
#ထိုင်းနိုင်ငံအနှံ့ကားငှားဝန်ဆောင်မှု


#ငါးမျက်နှာဘုရား

Day 1: Pattaya Day Return Trip🌊Day 2: Ayutthaya Day Return Trip 🙏USA မှလာပြီး Easy trip ရဲ့ Trip plan အပါကားငှားဝန်ဆောင်...
15/10/2025

Day 1: Pattaya Day Return Trip🌊
Day 2: Ayutthaya Day Return Trip 🙏

USA မှလာပြီး Easy trip ရဲ့ Trip plan အပါကားငှား

ဝန်ဆောင်မှုကိုအသုံးပြုကာပျော်ပျော်ရွှင်ရွှင်

စားလိုက်သွားလိုက်ခရီးတွေထွက်ရင်း ဝန်ဆောင်မှုလေးကို

သဘောကျ၍ Tip Money တွေပါပေးခဲ့ကြသောချစ်စရာ

မိသားစုလေးကို Easy Trip မှကျေးဇူးတင်ပါတယ်ခင်ဗျာ။

Easy trip ကိုယုံယုံကြည်ကြည်နဲ့ အလုပ်အပ်ပေးကြတဲ့

Cus တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျ

☘️မိသားစု/ချစ်ရသူတွေနဲ့ပဲလည်မလား💁‍♀️

☘️သူငယ်ချင်းတွေနဲ့ပဲလည်မလား💁‍♀️

☘️စုံတွဲလေးပဲ အေးဆေးအလည်အပတ်တွေထွက်မလား💁‍♀️

ဟောဒီက Easy Trip က

မြန်မာကားဆရာတွေနဲ့လိုက်ပါပို့ဆောင်ပေးတဲ့

အပြင် Hotel booking

ဝင်ကြေးလက်မှတ် Ticket များ /Trip planများ အပါ

ဝန်ဆောင်မှုပေးနေတာဆိုတော့

Easy Trip နဲ့ ရေမီးအစုံ Trip တွေ ထွက်ယုံပဲပေါ့💁‍♂️

Contact Us - Page Messenger / Ph +66942679818
Viber +66820944904 / Whatsapp +66820944904

#ထိုင်းအလည်အပတ်ခရီး
#ထိုင်းနိုင်ငံအနှံ့ကားငှားဝန်ဆောင်မှု


ခရီးသွားရာသီမှာ နေ့တိုင်းလိုလိုစီစဉ်ပို့ဆောင်ပေးနေရတဲ့ကမ္ဘာလှည့်ခရီးသွားတွေသာမက မြန်မာခရီးသွားတိုင်းနှစ်သက်တဲ့ဒုတိယ Swit...
14/10/2025

ခရီးသွားရာသီမှာ နေ့တိုင်းလိုလိုစီစဉ်ပို့ဆောင်ပေးနေရတဲ့

ကမ္ဘာလှည့်ခရီးသွားတွေသာမက မြန်မာခရီးသွားတိုင်း

နှစ်သက်တဲ့ဒုတိယ Switzerland လို့တင်စားကြတဲ့

ခေါင်ရိုင်မြို့လေးကမြန်မာခရီးသွားတွေကြားဘာလို့

သည်းခြေကြိုက် မြို့လေးဖြစ်နေရတာလည်း ဆိုတော့ 💁‍♂️

ဘန်ကောက်နဲ့မနီးမဝေး ကား၂နာရီလောက်စီးယုံနဲ့

တောတောင်ပတ်လည်ဝိုင်းရံထားသော

အိုအေစစ်မြို့လေးထဲရောက်သွားတာနဲ့

မြို့ပြရဲ့အရှိန်အဟုန်တွေချန်ခဲ့ မွန်းကျပ်မှုတွေထားခဲ့

ဒီမြို့ငယ်လေးမှာအချိန်တွေရပ်တန့်ထားသလို

အရာရာတိုင်းဟာ မြို့လေးရဲ့အလှကိုဖြေးဖြေးမှန်

မှန်ဖော်ကြူးနေရင်း ပေါ့ပါးခြင်း၊ လွတ်လပ်ခြင်း

အပန်းပြေခြင်း၊စိတ်ဘဝင်ကြည်နူးခြင်းစတဲ့

လက်ဆောင်မွန်တွေကို တစ်ပွေ့တစ်ပိုက် ပေးနိုင်စွမ်းတဲ့

မှော်ဆန်သော မြို့ငယ်လေးတစ်မြို့လို့

တင်စားရင်မမှားပါဘူးခင်ဗျာ။

တစ်ခေါက်တစ်ခါရောက်လို့ Memories ကောင်းလေးတွေ

သိမ်းပိုက်ယူဖို့ ဓာတ်ပုံလှလှလေးတွေရိုက်ချင်သူတွေ

အနေနဲ့ ဒီမြို့ငယ်လေးဆီမှာတော့ အရာရာတိုင်းဟာ

ပန်းချီကားချပ်ထက်က စုတ်ချက်လှလှလေးတွေလို

ပီပြင်ပြတ်သား ကျော့ရှင်းတဲ့ပုံလက်ရာကောင်းကောင်း

လေးတွေရမှာအမှန်နော်။

ခရီးစဉ်တွင်းမှာလည်း မင်မင်တို့က စိတ်ဝင်စားမှု

အများဆုံးဖြစ်တဲ့ Trip Plan သုံးမျိုးဖြင့်

စီစစ်ရေးဆွဲပြီး မိတ်ဆွေတို့ရဲ့ခေါင်ရိုင်ခရီးစဉ်လေးကို

Easy trip က စိတ်ရှည်သဘောကောင်းသော

မြန်မာကားဆရာတွေနဲ့

လိုက်ပါပို့ဆောင်ပေးပါရစေလားဗျာ။

✅ 4 pax seater (၄ယောက်ထိုင်ကား)
✅ 6 Pax seater(၆ယောက်ထိုင်ကား)
✅ VIP Van 10 Pax seater(VIP ၁၀ ယောက်ထိုင်ကား)
မော်ဒယ်မြင့် အဲကွန်းအေးစိမ့်ကားများဖြင့်
မိတ်ဆွေတို့သွားချင်သည့်မည်သည့်
အလည်အပါတ်ခရီးကိုမဆို ပို့ဆောင်ပေးနေပါပြီခင်ဗျာ။

ခရီးစဉ်အကြောင်းအသေးစိတ်မေးမြန်းလိုပါက Page Messenger
ph +66942679818 / Viber +66820944904 /Whatsapp +66820944904
တို့မှ အမြန်ဆုံးဖြေဆိုပေးပါ့မယ်ခင်ဗျာ။

#ထိုင်းအလည်အပတ်ခရီး #ထိုင်းနိုင်ငံအနှံ့ကားငှားဝန်ဆောင်မှု

Tourismတွေရဲ့ပါးစပ်ဖျားမှာအမြဲရေပန်းစားနေတဲ့Pattaya✅Lasar Buddha (လေ ဆာ ဘုရား)ထိုင်းနိုင်ငံရဲ့ 9ဆက်မြောက်ဘုရင် နန်းသက် အ...
12/10/2025

Tourismတွေရဲ့ပါးစပ်ဖျားမှာအမြဲရေပန်းစားနေတဲ့Pattaya

✅Lasar Buddha (လေ ဆာ ဘုရား)
ထိုင်းနိုင်ငံရဲ့ 9ဆက်မြောက်ဘုရင် နန်းသက် အနှစ်၅၀ပြည့်
မှာ စတင်ကျောက်မိုင်းခွဲပြီး ခေတ်မှီလေဆာများဖြင့်
ပစ်ခွင်းရေးဆွဲခဲ့သော ဆုတောင်းပြည့်ထိုင်တော်မူ
ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူ . . . .

✅Nong Nooch Garden (နော်နွတ် ကမ္ဘာ့အဆင့်မှီပန်းခြံ)
ဥယျာဉ်အကျယ် 1700 Rai(ထိုင်းအခေါ်အဝေါ်)ရှိပြီး
ကမ္ဘာ့အကြီးကျယ်ဆုံးပန်းခြံတွေထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့အပြင်စျေးကြီးပျိုးပင် /မျိုးပင် / ပန်းမျိုးစိတ်ပေါင်း
များစွာနှင့်Thai Culture Show /Elephant Show တို့ဖြင့် ရင်သပ်ရှုမောစရာအပြင်အဆင်တွေနဲ့လှပသောပန်းခြံကြီး။

✅3 Mermaid Cafe
Pattaya မြို့ရဲ့ tourist attraction ထဲကတစ်ခုလည်းဖြစ်
အေးဆေးလေးလည်းလည်ပါတ်ရင်း ဓာတ်ပုံကောင်းကောင်းလေးပါတစ်ပါတည်း
ရချင်တယ်ဆိုရင်တော့ မသွားမဖြစ်ပေါ့နော်။

✅Pattaya View Point
Pattaya တစ်မြို့လုံးရဲ့အလှအပကို 360ဒီဂရီ view ဖြင့်
ကြည့်ရှုနိုင်အောင် တောင်ကုန်းတစ်ခုပေါ်မှာတည်ဆောက်
ထားသော Mountain View လေးတစ်ခု. . . .

✅Yinyom Beach
Pattaya ရဲ့ကမ်းခြေတွေထဲမှာ မှ သူမတူအောင်
ကွဲပြားနေပြီး ကောင်းကင်ပြာပြာရဲ့အောက်မှာပင်လယ်
ပြင်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့လတ်ဆတ်သောလေညှင်း
လေးများနှင့်Relax လုပ်နိုင်ပြီး ရေကလည်း အခြား
Beach တွေနဲ့မတူအောင် ကြည် တာမလို့အပန်းလည်းဖြေ
ရေလည်းကစားပေါ့…..

✅Koh Larn Island
pattaya ရောက်လို့်မသွားဖြစ်လိုက်ရရင်
နောင်တရသွားစေမယ့်
သဲဖြူဖြူနုနုလေးတွေအထက်မှာ ကြည်ပြာလဲ့စိမ်းတဲ့
ရေလှိုင်းဖွေးဖွေးလေးတွေက အုပ်မိုးထားသော
သဲဖြူကျွန်းလေးမှာ ရေကစား/အပန်းဖြေကြရအောင်နော်။

ဘန်ကောက်မှာ ကားငှားဖို့လိုအပ်လာရင်
Easy trip ကိုသတိရပေးပါခဗျ။

✅6ယောက်ထိုင်ကား ( 6 pax seater)

✅VVIP Van ( 10 pax seater)

✅၄ ယောက်ထိုင်ကား (4 pax seater)

ကားတွေဖြင့် စိတ်ရှည် သဘောကောင်းသော မြန်မာကားဆရာ

ထိုင်းကားဆရာတွေနှင့် ကာကာတို့စိတ်ကြိုက် ခရီးစဉ်တွေပြေးဆွဲပေးနေပါပြီ။

Easy Trip ဖြင့် အလည်အပါတ်ခရီးစဉ်လေးတွေထွက်ရင်း Memories လှလှ

လေးတွေ ပိုင်ဆိုင်နိုင်အောင်လဲ ဓာတ်ပုံလှလှလေးတွေပါရိုက်ပေးသေးတယ်ဆိုတော့

ဘာလိုလို Easy Trip ပဲပေါ့📸

Contact Us - Viber +66820944904 /Ph - +66942679818/Page messenger

တို့မှတစ်ဆင့် ဘာလိုလို Hello သာလုပ်လိုက်ပါခင်ဗျာ။

#ထိုင်းအလည်အပတ်ခရီး

ဘန်ကောက်ရဲ့ အလင်းရောင်ညပွဲတော်ဖြစ်တဲ့ 🎇Vijit Chao phraya light festivalပွဲတော်ကို November 1 ရက်နေ့မှ December 15 ရက်နေ့...
09/10/2025

ဘန်ကောက်ရဲ့ အလင်းရောင်ညပွဲတော်ဖြစ်တဲ့

🎇Vijit Chao phraya light festival

ပွဲတော်ကို November 1 ရက်နေ့မှ

December 15 ရက်နေ့ထိ ၄၅ ရက်ကြာ

ကျင်းပမယ့် ကျောက်ဖုရားမြစ်မှ

ပွဲတော်ကြီးကို ချစ်ရသူတွေနဲ့အတူ

အခါတော်မှီလေးဆင်နွှဲဖို့

Dinner Cruise Ticket တွေ ကြိုတင်ဝယ်ယူနေကြပါပြီ။

Dinner Cruise Ticket လေးတွေကို

ဘယ်လိုသူတွေ ဝယ်ယူသင့်သလဲ ?

🔶ချစ်ရတဲ့ မိသားစု လေးနှင့်အတူ

Memories လှလှလေးတွေဖန်တီးနိုင်မယ်။

🔶မိတ်ဆွေတို့ရဲ့တစ်နှစ်မှတစ်ခါကျရောက်မယ့်မွေးနေ့

Party လေးကို Luxury ဆန်ဆန်လေးကျင်းပချင်သူ

အတွက်လည်း အရမ်းကိုသဘောတွေ့စေရမယ်ပေါ့။

🔶ချစ်ချစ်ကလေး လက်ကိုဆွဲလို့ နှစ်ကိုယ်တူ

Dinner Date မလား Crush လေးကိုဖွင့်ပြောဖို့တွက်

Romantic ဆန်ဆန်လေးလည်းဖြစ်ရစေမှာပါ။

🔶သားသားမီးမီး လေးတို့ကို ပျော်စရာအချိန်ကောင်းလေး

တွေဖန်တီးပေးချင်တဲ့ ဖေဖေ မေမေတို့တွက်လည်း

ကျောက်ဖုရားမြစ်က Luxury ဆန်ဆန်သင်္ဘောပေါ်

လေညှင်းခံ dinner စားပြီး မီးရူးပီးပန်းအလှအပတွေခံစား

ရင်း တစ်ညတာလေးကုန်ဆုံးမယ်စိတ်ကူးထားရင်

မြန်လည်းမြန် တန်လည်းတန်မယ့်

ဈေးနှုန်းလေးတွေဖြင့် Easy Trip မှာလက်မှတ်ဝယ်ဖို့

booking တင်ထားကြတော့နော်။

Contact Us :
ph - 0942679818(ထိုင်းဖုန်း) /Viber +66820944904 / whatsapp +66820944904
Line ID 778462

#ထိုင်းအလည်အပတ်ခရီး

သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်တွေနဲ့ပြည့်နှက်နေတဲ့ ရာဇဝင်ထဲက Ayutthaya မြို့လေးကိုအလည်တစ်ခေါက်သွားကြရအောင်လည်စရာနေရာတွေအ...
07/10/2025

သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်တွေနဲ့
ပြည့်နှက်နေတဲ့ ရာဇဝင်ထဲက Ayutthaya မြို့လေးကို
အလည်တစ်ခေါက်သွားကြရအောင်
လည်စရာနေရာတွေအများကြီးထဲကမှ popular
အဖြစ်ဆုံးနေရာ ၅နေရာအဖြစ် မင်မင်မင်က
ရွေးထုတ်ထားပေးပါတယ်နော်။

📌 wat Mahathat
ဘုရားဦးခေါင်းတော်ကို ညောင်ပင်အမြစ်တွေကမြိုနေ
တဲ့ သဏ္ဏာန်ပုံပေါ်ပြီး UNESCO ကမ္ဘာ့ရှေးဟောင်း
အမွေအနှစ်အဖြစ်မှတ်တမ်းတင်ခံရသောနေရာ....

📌Wat Yai Chai Mongkhon
မြန်မာမှန်ရင် ရောက်ကိုရောက်သင့်တဲ့နေရာတစ်ခုလို့
တောင်ပြောနိုင်ရလောက်ထိ မြန်မာ့သမိုင်းတွေနဲ့ပါ
ပက်သက်ဆက်နွယ်နေပြီး အယုဒ္ဓရဲ့ ထိုနေရာလေး
ရောက်တဲ့မြန်မာတိုင်း အောင်မြင်နင်းကြရပါသော...

📌Bang Pa-In Royal Palace
ထိုင်းဘုရင် Rama 5 နန်းတက်စဉ်ကာလ ဘုရင်ကြီး
ကိုယ်တိုင် ဆောက်လုပ်ခဲ့သော အီတလီ ထိုင်း
ပုံစံရောယှက်မြင်တွေ့ရမယ့်အံ့ဖွယ် နန်းတော်ကြီး.....

📌Wat Phanan Choeng
Big buddha အကြီးကြီး တည်ရှိပြီး အုတ်ခွက် ဘုရား
များထောင်ပေါင်းများစွာရှိသောနေရာ......

📌Wat Chaiwatthanaram
သမိုင်းဝင် အယုဒ္ဓယရှေးဟောင်းနေရာတွေထဲက
တစ်ခုဖြစ်တဲ့ ရှေးဟောင်းဘုရားသိုက်နေရာလေးမှာ
နေဝင်ချိန်လေးဓာတ်ဖမ်းရင်အကောင်းဆုံးပေါ့.....

မင်မင်ပြောပြသွားတဲ့ Ayutthaya ခရီးစဉ်လေးကို
စိတ်ပါဝင်စားလို့သွားချင်တယ်ဆိုရင်တော့
မင်မင်ရဲ့ Page Messenger (သို့မဟုတ်)
Viber +66 648185379 / ph +66 942679818
တို့ကိုဆက်သွယ်ပြီး ခရီးစဉ်အကြောင်းအသေးစိတ်
မေးမြန်းနိုင်ပါတယ်နော်။

#ထိုင်းအလည်အပတ်ခရီး

RCA တွင် ယနေ့ညနေ ၁၇:၀၀ ခန့်မှာပစ္စည်းသိမ်း ဂိုထောင် တစ်ခုမှ မီးလောင်မှုဖြစ်ပွါးပျက်စီးဆုံးရှုံးမှု များပြီး ထိခိုက်ဒဏ်ရာ...
06/10/2025

RCA တွင် ယနေ့ညနေ ၁၇:၀၀ ခန့်မှာ
ပစ္စည်းသိမ်း ဂိုထောင် တစ်ခုမှ မီးလောင်မှုဖြစ်ပွါး
ပျက်စီးဆုံးရှုံးမှု များပြီး ထိခိုက်ဒဏ်ရာရသူ
ရှိမရှိ စုံစမ်းစစ်ဆေးနေဆဲပါ

ထိုင်းနိုင်ငံ၏ နဝမမြောက် (၉ဆက်မြောက်)ဘုရင်  ဖြစ်ပြီး ထိုင်းသမိုင်းတွင် သက်ရှိထင်ရှားစဉ် သက်တမ်းအရှည်ဆုံး ဘုရင်မင်းမြတ် “...
04/10/2025

ထိုင်းနိုင်ငံ၏ နဝမမြောက် (၉ဆက်မြောက်)ဘုရင်
ဖြစ်ပြီး ထိုင်းသမိုင်းတွင် သက်ရှိထင်ရှားစဉ် သက်တမ်းအရှည်ဆုံး ဘုရင်မင်းမြတ် “ဘူမိဘော အဒူလျက်ဒက်”သည်((၁၉၂၇ ဒီဇင်ဘာ ၅ ဖွား ပြီး ၁၃ အောက်တိုဘာ ၂၀၁၆)တွင် နတ်ရွာစံ ကံတော်ကုန်သည်မှာ ၉)နှစ်တိုင်ရှိခဲ့ပြီးဖြစ်သည်။

ထိုနေ့တွင် ဝမ်းနည်းခြင်းအထိန်းအမှတ်အဖြစ်
ထိုင်းနိုင်ငံရှိ အထင်ကရ ဘုရားတစ်ဆူဖြစ်တဲ့ မြဘုရား
(Wat Phra Kaew) วัดพระแก้ว
မည့်သည့်နိုင်ငံသားမဆို ဝင်ကြေးအခမဲ့
ဖူးမျှော်ခွင့်ရမည် ဖြစ်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Easy Trip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Transport Service?

Share