I’m Ko Ye’ ကြိုးမဲ့စွန် 🪁

ဘဝဆိုတာ တိုက်ပွဲတဲ့ အလံဖြူ ပြသွားတဲ့ လူတွေရှိသလို တိုက်ပွဲအတွင်း ကျသွားတဲ့သူတွေလည်းရှိတယ်လည်သူစားစတမ်းဆို ငတ်သူတွေကော နိ...
18/03/2026

ဘဝဆိုတာ တိုက်ပွဲတဲ့

အလံဖြူ
ပြသွားတဲ့ လူတွေရှိသလို
တိုက်ပွဲအတွင်း
ကျသွားတဲ့သူတွေလည်းရှိတယ်

လည်သူစားစတမ်းဆို
ငတ်သူတွေကော
နိမ့်ကျတဲ့လူတွေ
ဘယ်လို နေရမယ် ဆိုပြီး မင်းတွေးဖူးလား

ဘဝဆိုတာ
မွေးလာတာကို
ရွေးချယ်ခွင့်မရှိပေမဲ့
ခေါင်းချမယ့် နေရာတော့
ရွေးချယ်ခွင့် ရှိတာလည်း မမေ့နဲ့

အရာအားလုံးက ခဏတာတဲ့
အဲ့လိုတွေးလိုက်တာနဲ့
နိဗ္ဗာန်ရောက်မယ် ထင်နေတဲ့
ဟန်ဆောင်နေတဲ့
အဖြူရောင်ဘောင်ကွပ်ထားတဲ့
အမည်းရောင်နံရံတွေ တပုံကြီး

သိပ်တော် သိပ်တတ်နေရင်
ပျောက်ကွယ်ရမယ့် ခေတ်ကြီးမှာ
ကျွန်တော် လူညံ့ပါ ဆိုတာ
မရှက်တမ်း ဝန်ခံကြတာပဲ

အားငယ်နေတဲ့ စိတ်တွေဖျောက်
ဆောင်းတွင်းက လေးနုအေးကို ရှူရင်း
လက်ထည်းက စီးကရက်တလိပ်ကို ရှိုက်ရင်း
တခွန်းထည်း အော်လိုက်စမ်း

“အာဂပါးစပ် လူဖြစ်ရကျိုးနပ်လေရဲ့ “

#တချောင်းငင်(ခေတ္တလူ့ပြည်)
နံနက် ၂:၄၆ (ထိုင်းစံတော်ချိန်)
Thu 4 Dec 2025

15/03/2026

သဘာဝကြီးနဲ့ ထိတွေ့ခြင်း

ပုဇဉ်း ရင်ကွဲသံတဲ့

ရှေ့ရေးကိုတွေးလို့
ငိုညည်းနေတာလား

အတိုက်ခိုက် ခံရလို့
အော်ဟစ်သံ များလား

ချစ်ရသူက
စွန့်ပစ် ခဲ့လို့လား

မိသားစုထည်းက
တစုံတယောက်များ
ထွက်ခွါ သွားလို့လား

ဘာပဲဖြစ်ဖြစ်လေ
မင်းရဲ့ အော်ဟစ် ညည်းသံလေးတွေက
တချို့လူတွေ အတွက်တော့
သာယာမိစရာ တေးသွား
လေး တခု အဖြစ်
တည်ရှိ နေခဲ့ပါတယ်ကွာ

ကိုယ်ခြင်းစာတရား
ခေါင်းပါး မိလေသလား

#တချောင်ငင်

📍Seri Thai Park /
Bangkok Thailand

09/03/2026
05/03/2026

ထိုင်းရောက်ရင် ယောက်ျားလေး တော်တော်များများအတွက်ဆံပင်ညှပ်ဆိုင်ကောင်းကောင်း ရှာရတာက အလုပ်တခုလို ဖြစ်နေပြီ

ကိုရဲဆို ဘန်ကောက် စစရောက်ခြင်း ဆံပင်ညှပ်ဆိုင်တဆိုင် ဝင်ပြီးညှပ် ပြန်ထွက်လာတော့ ကိုယ့်ဆံပင်ကို ကြည့်ပြီး ငိုမဲ့မဲ့ဖြစ် ကတုံးဆံပင်ပေါက် ပြန်ချိန်းလိုက်ရတာလေးတောင် အမှတ်ရသွားတယ်

ဒီဗီဒီယိုလေးကတော့ ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကပိ အနီးတဝိုက်က ရွှေမြန်မာ မစ်စတာတွေ ကိုယ့်လို ငိုမဲ့မဲ့ မဖြစ်ရအောင်ရယ် စျေးသက်သက်သာသာနဲ့ ဆံပင်ကေ ပုံကောင်းကောင်း ထွက်စေချင်တဲ့ ဆန္ဒနဲ့ Sharing လုပ်ပေးခြင်း ဖြစ်ပါတယ်

အားလုံး နေ့ရက်တိုင်း ကျန်းမာပျော်ရွှင်ကြပါစေ

#ဆံပင်ညှပ်ဆိုင်
#ဘန်ကောက်ဆံသဆိုင်
#ယောက်ျားလေးဆံပင်ညှပ်ဆိုင်

05/03/2026

ဒီဗီဒီယိုလေးကတော့ ကိုယ့်လိုမျိုး အဟောင်းတန်းထည်းကနေ ရှာရှာဖွေဖွေ စျေးဝယ်ရတာ ဝါသနာ ပါတဲ့ လူတွေ အတွက် အထောက်အကူတခု ဖြစ်စေရန် ရည်ရွယ်ပြီး တင်ပေးခြင်း ဖြစ်ပါတယ် ခင်ဗျာ

အားလုံးနေ့ရက်တိုင်း ကျန်းမာပျော်ရွှင်ကြပါစေ

#အဟောင်းတန်း
#နာရီ

#ထိုင်းနိုင်ငံ
#ဘန်ကောက်

21/02/2026

“ပုခုံးပွတ်သံ”

လောဘနဲ့ မှားတဲ့ အမှားတွေ
ဘယ်အချိန်ထိ
ဆက်သွား နေရမှာလည်း၊

ယှဉ်ပြိုင်မှုတွေ မရှိတဲ့ ကမ္ဘာဟာ
ပျင်းရိခြောက်သွေ့ခြင်း တွေနဲ့ဆို
ငါဟာ လူပျင်းတယောက် အဖြစ်
မွေးဖွားလာပါစေ ဆုတောင်းမယ်

ကိုယ်ချင်းစာ တရားလေး
ပါဆယ် ဆွဲလာရင်းနဲ့
လမ်းခုလတ်မှာ ခလုတ် မတိုက်ပါစေနဲ့
ဆုတောင်းတယ်
ဗွစာကြဲသွားလို့ ခွေးစားသွားမယ့်
ဟာမျိုးမှ မဟုတ်တာ

ပုခုံး နှစ်ဘက်ကြား
ခေါင်းပေါက်တာခြင်း တူတူတဲ့
ဦးနှောက်ကြားက
အတ္တတွေ မြင်အောင်
ဘယ်သူကြည့်နိုင်လည်း

အမှောင်ထည်းက
အသက်ရှူ ကြပ်သံတွေ
ကြားနိုင်အောင် နားထောင်နိုင်တဲ့
နားနှစ်ဖက်ကို ဖြတ်ပစ်ချင်တယ်

ယမမင်း လှံထိုးသံတွေကို
မခံစားနိုင်လို့~~~~~~~~~~~

#တချောင်းငင်

နေ့လည် ၁:၀၇ နာရီ (ထိုင်းစံတော်ချိန်)
စနေနေ့ / ၂၁ရက် / ဖေဖော်ဝါရီ / ၂၀၂၆

Red Label တို့ Black label တို့နဲ့ တောင် မလဲနိုင်ဘူး  .ပိုက်ဆံ မရှိလို့ 🤧
20/02/2026

Red Label တို့ Black label တို့နဲ့ တောင် မလဲနိုင်ဘူး .
ပိုက်ဆံ မရှိလို့ 🤧

16/02/2026

အနုပညာပိုးလေး တခါတလေ ကိုက်သောအခါ 😁

16/02/2026

Hello Sawagalar Par

ที่อยู่

Huamak
Bang Kapi
10240

เว็บไซต์

https://www.tiktok.com/@godxifacai?_r=1&_t=ZS-93xiC2GtZ24

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ I’m Ko Ye’ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์