24/08/2025
ဒီအထုပ်လေးက ၂ ကီလိုလောက်ပဲပါလိမ့်မယ် ဆိုပြီး Bravo ကိုလာတာ အလေးချိန်တိုင်းလိုက်တော့ ၅ ကီလို ဖြစ်နေရော 🤦🏻
ကုန်ပွနဲ့ ကုန်ကျစ် ကွာခြားမှုအကြောင်းသိထားမှ Cargo အပ်တဲ့အခါ ဒီလိုပြဿနာတွေမကြုံရမှာပါ။
🔶 ကုန်ပွ (Loose Cargo)
အရွယ်အစားကြီးပြီး အလေးချိန်ပေါ့တဲ့ ကုန်ပစ္စည်းမျိုးကို ကုန်ပွလို့ သတ်မှတ်ပါတယ်။ ကုန်ပွတွေဟာ နေရာအများကြီးယူပေမဲ့ အလေးချိန်နည်းတဲ့အတွက် လေယာဉ် (သို့) ကုန်တင်ယာဉ်ပေါ်မှာရှိတဲ့ နေရာလွတ်ကို ပိုပြီးတွက်ချက်ရပါတယ်။ ဒါကြောင့် ကုန်ပွတွေကို ထုထည်ပမာဏ (Volumetric Weight) နဲ့ တွက်ပြီး ကုန်ကျစရိတ်သတ်မှတ်လေ့ရှိပါတယ်။
🔷 ကုန်ကျစ် (Dense Cargo)
အရွယ်အစားသေးငယ်ပြီး အလေးချိန်စီးတဲ့ ကုန်ပစ္စည်းမျိုးကို ကုန်ကျစ်လို့ သတ်မှတ်ပါတယ်။ ကုန်ကျစ်တွေဟာ နေရာသိပ်မယူဘဲ အလေးချိန်များတဲ့အတွက် သူတို့ရဲ့ ပကတိအလေးချိန် (Actual Weight) နဲ့ တွက်ပြီး ကုန်ကျစရိတ်သတ်မှတ်လေ့ရှိပါတယ်။
ဒါကြောင့် Cargo အပ်တော့မယ်ဆိုရင် ကုန်ပစ္စည်းတွေကို အမြင်နဲ့ ခွဲခြားလို့မရဘဲ ကုန်ပွ၊ ကုန်ကျစ်အမျိုးအစားတွေအကြောင်း ခွဲခြားနားလည်ထားဖို့ အရေးကြီးပါတယ်နော် 💁🏻
✅ ဂရုအစိုက်ဆုံး Cargo
✅ အခမဲ့ ဂရုတစိုက် ထုတ်ပိုးပေးတဲ့ Cargo
✅ ရန်ကုန်၊ မန္တလေးမြို့တွင်း အိမ်တိုင်ရာရောက် အခမဲ့ပို့ဆောင်ပေးတဲ့ Cargo
💛📦ပို့ဆောင်မှုတိုင်းအတွက် ယုံကြည်စိတ်ချရပြီး ဂရုစိုက်မှုကို အလေးထားတဲ့ BRAVO CARGO "Cargo that Cares”
🏠Bangkok Office
59 Soi Samprasong 3, Phetchaburi 15 street, Khwaeng Thanon Phayathai, Ratchathewi, Bangkok 10400.
+66 93 555 7020 (Viber)
🏠Yangon Office
107/108 B, Myat Lay Street၊, Pearl Myothit, Mingalardon Township၊ Yangon
+95 9 8843 60 800 (Viber)