17/06/2026
ထိုင်းရောက် မြန်မာနိုင်ငံသားတိုင်းရဲ့ ဖုန်းထဲမှာ မရှိမဖြစ် ရှိထားသင့်တဲ့ "Moi Order App" လေး လာပါပြီရှင် 📱
ရက် ၉၀ သတင်းပို့ဖို့၊ ဗီဇာသက်တမ်းတိုးဖို့နဲ့ ခရီးသွားလက်မှတ်တွေ ဖြတ်ဖို့နဲ့ လည်ပတ်စရာ နေရာတွေလေ့လာဖို့အတွက် App တွေ အများကြီး ဒေါင်းလုဒ်ဆွဲရတာ၊ ယုံကြည်စိတ်ချရတဲ့ ပွဲစားတွေ၊ Service သမားတွေ လိုက်ရှာရတာမျိုးတွေနဲ့ပဲ အချိန်ကုန်နေရတုန်းပဲလားရှင်...
အခုဆိုရင် ဗီဇာနဲ့ပတ်သက်သမျှရော၊ ရက် ၉၀တုံးထုဖို့ရော ၊ TM 30 ဧည့်စာရင်းတိုင်ဖို့နဲ့ ခရီးသွားလက်မှတ်ဖြတ်ဖို့ရော၊ ဘယ်နေရာတွေက လည်ပတ်ဖို့ Trend ဖြစ်နေလဲ၊ ဘယ်မြို့ကိုသွားရင် ဘယ်နေရာတွေကို ဦးစားပေး လည်ရမလဲဆိုတာတွေအထိ အကုန်လုံးကို App တစ်ခုတည်း ဒေါင်းလုဒ်ထားရုံနဲ့တင် အစအဆုံး အဆင်ပြေပြေ စီမံလို့ရနေပါပြီ။
ထိုင်းရောက် ရွှေမြန်မာတို့ရဲ့ နေ့စဉ်ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေဆုံး ဖြစ်သွားစေမယ့် One-Stop Service App စစ်စစ်လေးမို့ . . . ဖုန်းထဲမှာ အသင့်ရှိနေရုံနဲ့တင် လိုအပ်တဲ့အချိန်တိုင်း အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ အလုပ်နားချိန်ပဲဖြစ်ဖြစ် အလွယ်တကူ သုံးလို့ရပြီး
ရှုပ်ထွေးလှတဲ့ ကိစ္စတွေကို ရိုးရှင်းလွယ်ကူတဲ့ လူနေမှုပုံစံအဖြစ် ပြောင်းလဲပစ်ဖို့ Moi Order App ကို အခုပဲ သင့်ဖုန်းထဲမှာ အမြန်ဆုံး ထည့်ထားလိုက်ပါရှင်။ 🥰