T to the Travel Vlogs

เส้นทาง เว็บไซต์

T to the Travel Vlogs 🌍 ကမ္ဘာကြီးရဲ့ အလှတရားတွေကို T နဲ့အတူ ခံစားကြည့်ကြစို့ ✈️✨ 📸 🎒
“Travel Far. Taste More."

Tik Tok: t.to.the.travel.vlog
“Discover new places, flavors, and experiences with T to the Travel Vlog.” 🌍✈️🍴

Zhangjiajie National Forest Park ရဲ့ ဒီရှုခင်းကို ကိုယ်တိုင်မြင်ရတဲ့အချိန်မှာတော့ Avatar ရုပ်ရှင်ထဲ တကယ်ရောက်သွားသလိုပဲက...
06/10/2026

Zhangjiajie National Forest Park ရဲ့ ဒီရှုခင်းကို ကိုယ်တိုင်မြင်ရတဲ့အချိန်မှာတော့ Avatar ရုပ်ရှင်ထဲ တကယ်ရောက်သွားသလိုပဲကွယ် ⛰️

တိမ်တွေကြားက ဒီလိုမြင်ကွင်းမျိုးက
ဒီဓာတ်ပုံထဲမှာထက် အပြင်မှာ ပိုအံ့ဩမှင်သက်စရာကောင်းတယ် တကယ်..

Road to Avatar Mountain Part 1 လေးလဲ မကြာခင်လာမယ်နော် ⛰️

04/10/2026

ကဲ... တစ်ခါမှ မစီးဖူးတဲ့ ကျည်ဆန်ရထားကြီး သွားစီးကြမယ်! 🚄
Tour မပါဘဲ ရထားစီးရတာ ခက်မလား? 🇨🇳 🤔
ချန်တူး (Chengdu) ကနေ အေးစိမ့်နေတဲ့ Avatar တောင်တန်းကြီးရှိရာ ကျန်းကျားကျဲ့ (Zhangjiajie) ဆီကို ကျည်ဆန်ရထားကြီးစီးပြီး 🚄 ကိုယ့်ဘာသာ ဘယ်လိုသွားခဲ့လဲဆိုတာ ပြောပြပေးထားပါတယ်.
ဒါ့အပြင် တရုတ်ပြည်မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရင် မရှိမဖြစ်လိုအပ်တဲ့ Apps တွေအကြောင်းကိုလည်း တစ်ခါတည်း ပြောပြပေးထားလို့ အကျိုးရှိစေမှာပါ။ 👇

တရုတ်ပြည် Zhangjiajie ခရီးစဉ် Video လေးတွေ မတင်ခင်၊ Tour နဲ့ မဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် (DIY) သွားမယ့် သူငယ်ချင်းတွေအ...
03/10/2026

တရုတ်ပြည် Zhangjiajie ခရီးစဉ် Video လေးတွေ မတင်ခင်၊ Tour နဲ့ မဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် (DIY) သွားမယ့် သူငယ်ချင်းတွေအတွက် ကြိုတင်ပြင်ဆင်ရမယ့် အရေးကြီးတဲ့ အချက်လေးတွေကို အရင်ဆုံး ပြောပြပေးချင်ပါတယ် 🇨🇳

ကိုယ့်ဘာသာကိုယ် သွားတာဆိုတော့ Tour နဲ့သွားသလို အားလုံး စီစဉ်ပေးမယ့်သူ မရှိဘူးလေနော်. အဲဒီတော့ ဟိုရောက်မှ အခက်အခဲ မဖြစ်ရအောင် ဒီအချက်လေးတွေ ကြိုတင်ပြင်ဆင်ထားမှ ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့မှာပါ

1️⃣ eSIM သို့မဟုတ် VPN ကြိုတင်ပြင်ဆင်ဖို့ 📱
တရုတ်ပြည်မှာက Facebook, Messenger, TikTok, IG နဲ့ Google ဝန်ဆောင်မှုတွေ (Google Maps, Gmail စတာတွေ) သုံးလို့မရပါဘူး. အဲဒီတော့ ခရီးစထွက်ထွက်ကတည်းက VPN အဆင်သင့် ပါတဲ့ Roaming eSIM (ဥပမာ - Airalo) ကို ဝယ်သွားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟိုမှာ သေချာ အလုပ်လုပ်မယ့် VPN App တွေကို ဖုန်းထဲမှာ ကြိုသွင်းသွားဖို့ လိုပါတယ်နော်..

2️⃣ Alipay / WeChat Pay ချိတ်ဆက်ထားဖို့ 💳
တရုတ်ပြည်က လုံးဝ Cashless Society (ငွေသားမသုံးတဲ့ လူ့အဖွဲ့အစည်း) လို့တောင် ပြောလို့ရတယ်။ ဈေးဝယ်တာကအစ၊ ကားငှားတာ၊ စားသောက်တာ အဆုံး ငွေသားထက် Digital Payment ကိုပဲ အဓိက သုံးကြတာများတယ်။ ကိုယ့်ရဲ့ Visa ဒါမှမဟုတ် Master Card ကို Alipay ထဲမှာ ကြိုချိတ်သွားရင် ဟိုရောက်တဲ့အခါ အကုန်လုံး အရမ်းလွယ်သွားပါပြီ။

3️⃣ Translation နဲ့ Map Apps တွေ မဖြစ်မနေ ဒေါင်းထားဖို့ 🗺️
အပေါ်မှာ ပြောခဲ့သလို Google Maps က အလုပ်မလုပ်တော့ လမ်းရှာဖို့အတွက် Baidu Maps ဒါမှမဟုတ် Amap (Gaode) ကို သုံးရပါတယ်။ တရုတ်လို မကျွမ်းကျင်ဘူးဆိုရင် စကားပြောဖို့နဲ့ ဆိုင်းဘုတ်တွေ ဖတ်ဖို့ Google Translate (Offline Download လုပ်သွားဖို့) ဒါမှမဟုတ် Pleco App လေးတွေ ဆောင်ထားဖို့ အကြံပေးချင်ပါတယ်။

4️⃣ Trip.com App က အရမ်းအသုံးဝင်တယ် 🚆
မြို့တစ်မြို့နဲ့ တစ်မြို့ကူးဖို့ မြန်နှုန်းမြင့် ရထားလက်မှတ်တွေ၊ ဟိုတယ်တွေနဲ့ တချို့ ဝင်ကြေးလက်မှတ်တွေ ဝယ်ဖို့အတွက်ဆို Trip.com App က အဆင်ပြေဆုံးပါပဲ။ အင်္ဂလိပ်လိုလည်း ရတော့ ကိုယ့်ဘာသာ စီစဉ်ရတာ ပိုလွယ်တာပေါ့။

5️⃣ Power Bank မပြတ်ယူသွားဖို့ 🔋
ဟိုရောက်ရင် ငွေရှင်းဖို့ကလည်း ဖုန်း၊ လမ်းရှာဖို့ကလည်း ဖုန်း၊ ဘာသာပြန်ဖို့ကလည်း ဖုန်းဆိုတော့ ဖုန်းဘက်ထရီက အရမ်းမြန်မြန်ကုန်ပါတယ်။ ဒါကြောင့် Power Bank ကတော့ မဖြစ်မနေ လိုပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်ယူမယ့် Power Bank က Capacities/Wh စာသား ရှင်းရှင်းလင်းလင်း ပါဖို့တော့ သတိထားပါနော်။

ဒီအချက်လေးတွေသာ ပြင်ဆင်ထားရင်တော့ တရုတ်ပြည် ခရီးစဉ်က လုံးဝ Smooth ဖြစ်နေမှာပါ။ မကြာခင်မှာလည်း ဘယ်တွေသွားခဲ့လဲ၊ ဘယ်လောက် လှလဲဆိုတဲ့ ခရီးစဉ် Video လေးတွေ ဆက်တိုက် လာဖို့ရှိလို့ စောင့်ကြည့်ပေးကြပါဦးနော်! 🥰

ချန်ဒူး (Chengdu) ခရီးစဉ်အပြီးမှာတော့... တခြားဂြိုဟ်တစ်လုံးဆီ ရောက်သွားပြီလို့တောင် ထင်ရတဲ့ နေရာတစ်ခုကို ခရီးဆက်ခဲ့ပါတယ်...
01/10/2026

ချန်ဒူး (Chengdu) ခရီးစဉ်အပြီးမှာတော့... တခြားဂြိုဟ်တစ်လုံးဆီ ရောက်သွားပြီလို့တောင် ထင်ရတဲ့ နေရာတစ်ခုကို ခရီးဆက်ခဲ့ပါတယ်။ ☁️⛰️

အဲ့ဒါကတော့ ကမ္ဘာကျော် Avatar ရုပ်ရှင်ထဲက တောင်တန်းကြီးတွေရဲ့ မူလဇာစ်မြစ်... ကျန်းကျားကျဲ့ (Zhangjiajie) ပါပဲ ⛰️
တိမ်ပင်လယ်တွေကြားက ဧရာမ ကျောက်တောင်ကြီးတွေကို အပြင်မှာ အရှင်လတ်လတ် မြင်ရတာ တကယ့်ကို ရင်သပ်ရှုမောစရာပါ
ဓါတ်ပုံထဲမှာ မြင်ရတာက အပြင်က သဘဝအလှတရားရဲ့ ၁၀ ပုံ ၁ ပုံလောက်ပဲ ရှိသေးတယ်
နောက်နေ့မှာ Video လေးနဲ့ အတွေ့အကြုံတွေ အလှတရားတွေကို sharing လုပ်ပေးပါဦးမယ်

Avatar ရုပ်ရှင် ကြိုက်တဲ့ သူငယ်ချင်းတွေရှိကြလား ?

#ခရီးသွားမယ်

ပုံမှန်စီးနေကျ Hand Carry Size ပါဆိုပြီး ယူသွားတာ ဘတ် ၁,၀၀၀ ကျော် Extra Fee ပေးလိုက်ရတဲ့သင်ခန်းစာ ✈️🧳💸China သွားတုန်းက အ...
29/09/2026

ပုံမှန်စီးနေကျ Hand Carry Size ပါဆိုပြီး ယူသွားတာ ဘတ် ၁,၀၀၀ ကျော် Extra Fee ပေးလိုက်ရတဲ့သင်ခန်းစာ ✈️🧳💸

China သွားတုန်းက အမှတ်တရလေးတစ်ခု ဝေမျှပေးချင်လို့ 🙋‍♀️
ခရီးသွားနေကြသူတွေဆိုရင် လက်ဆွဲအိတ် (Hand Carry) ကို ပုံမှန်ယူနေကျ Size အတိုင်းပဲ သယ်သွားတတ်ကြတယ်မဟုတ်လား? 🧳
ကိုယ်တိုင်လည်း အမြဲသုံးနေကျ Size မို့လို့ ပြဿနာမရှိဘူးထင်ပြီး Airline ရဲ့ Terms & Conditions ကို သေချာမကြည့်လိုက်မိဘူး
ဒါပေမဲ့ လေဆိပ်ရောက်တော့မှ ဒီ Airline က Allow လုပ်တဲ့ Hand Carry Size က ပုံမှန်ထက် ပိုသေးနေတာကို သိလိုက်ရတယ်ကွယ်
အရမ်းကြီး မကြီးပေမဲ့ သူတို့သတ်မှတ် sizeထက် လွန်နေလို့ ဆိုပြီး Extra Weight / Baggage ဝယ်လိုက်ရပါလေရော… 😭
ကိုယ်တွေလိုပဲ ဘဝတူ extra kg ဝယ်ရတဲ့သူတွေလဲ အများကြီးပဲ 🥲
မလိုအပ်ဘဲ Baht ၁,၀၀၀ ကျော်လောက် အပိုကုန်သွားရတဲ့ ဒီအမှားမျိုး ခရီးသွားမယ့်သူတွေ မကြုံရအောင် သတိထားရမယ့်အချက်လေးတွေ ပြောပြပေးချင်ပါတယ်

1. Airline တိုင်းမှာ Hand Carry Size စည်းကမ်း မတူပါဘူး - တချို့ Budget Airline တွေက အိတ်ဆိုဒ်နဲ့ အလေးချိန်ကို တင်းတင်းကျပ်ကျပ် စစ်တတ်ပါတယ်

2. လက်မှတ်မဝယ်ခင် တရားဝင် Size ကို စစ်ပါ - ပုံမှန် 20-inch အိတ်တိုင်း Hand Carry ရတယ်လို့ မမှတ်ယူပါနဲ့

3. Terms & Conditions ကို သေချာဖတ်ပါ - လေဆိပ်ကျမှ အပိုကြေး (Excess Fee) ပေးရရင် ပုံမှန်ထက် စျေးအဆမတန် ကြီးပါတယ်။

ခရီးသွားမည့် သူငယ်ချင်မိတ်ဆွေတွေအတွက် သတိထားနိုင်ရန် လက်တို့မျှဝေပေးလိုက်ပါတယ်နော် ✈️

29/09/2026

တရုတ်နိုင်ငံ ချန်ဒူးမြို့ (Tianfu International Airport) ကို ရောက်တာနဲ့ မြို့ထဲက IFS Mall ဆီ ရောက်ဖို့ ကားငှါးစီးစရာမလိုဘဲ တိုက်ရိုက်သွားလို့ရတဲ့ Airport Bus စီးတဲ့နည်းလေး..

📍 ဆင်းရမယ့်နေရာ: IFS Mall (Chunxi Road) အထိ တိုက်ရိုက်
⏱️ ကြာချိန်: ၁ နာရီ ၂၀ မိနစ်ခန့်
💳 လက်မှတ်ဝယ်ယူမှု: WeChat / Alipay (သို့) Cash နဲ့ လွယ်လွယ်ကူကူ ဝယ်ယူနိုင်

နောက်မှ ပြန်ရှာရလွယ်အောင် ဒီဗီဒီယိုလေးကို Save ထားလိုက်ပါနော် 📌
တရုတ်နိုင်ငံ ခရီးသွားဖို့ စဉ်းစားနေတဲ့ သူငယ်ချင်းတွေကိုလည်း ဒီ Guide လေးကြည့်ရအောင် Share ပေးသွားပါဦး 💜

မနက် ၉ နာရီကျော်တည်းက ဖုန်းထဲ အရေးပေါ် Alert စာပါ ဝင်လာပါတယ်... 🚨DDPM (သဘာဝဘေး ကာကွယ်ရေးဌာန) ကနေ ဘန်ကောက်မြို့ရှိ မြောင်...
26/09/2026

မနက် ၉ နာရီကျော်တည်းက ဖုန်းထဲ အရေးပေါ် Alert စာပါ ဝင်လာပါတယ်... 🚨

DDPM (သဘာဝဘေး ကာကွယ်ရေးဌာန) ကနေ ဘန်ကောက်မြို့ရှိ မြောင်းများအတွင်း ရေအမှတ်မှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး ဆက်လက် မြင့်တက်​နေလို့ အရေးပေါ် သတိပေးချက် ထုတ်လိုက်တာပါ။

လိုက်နာရန် ညွှန်ကြားချက်များ:
⚠️ မြောင်းအနီးအနားနှင့် နိမ့်ကျသည့် ရေဝပ်ဒေသများတွင် နေထိုင်သူများ ပစ္စည်းများကို အမြင့်သို့ ရွှေ့ပြောင်းထားရန်
⚠️ တန်ဖိုးကြီး ပစ္စည်းများကို လုံခြုံစွာ သိမ်းဆည်းရန်
⚠️ ယာဉ်ကြော ပိတ်ဆို့မှုများကို ရှောင်ရှားရန်နှင့် ခရီးစဉ် သွားလာရေး လမ်းကြောင်းများ ကြိုတင် စစ်ဆေးရန်
⚠️ အကူအညီ လိုအပ်ပါက သက်ဆိုင်ရာ နယ်မြေရုံး (District Office) သို့ ဆက်သွယ်ရန်

ဘန်ကောက်ရောက် မြန်မာများ အားလုံးပဲ အစစအရာရာ ဂရုစိုက်ကြပါ! ❤️🙏

ဘန်ကောက်မှာ နေလာတဲ့တောက်လျှောက် ဒီလောက် မိုးဆက်တိုက်ရွာတာ ဒါ ပထမဆုံးပဲ... 🌧️၂၄ နာရီကျော်လောက် မိုးမနားတမ်း ရွာလိုက်တာ နေ...
26/09/2026

ဘန်ကောက်မှာ နေလာတဲ့တောက်လျှောက် ဒီလောက် မိုးဆက်တိုက်ရွာတာ ဒါ ပထမဆုံးပဲ... 🌧️
၂၄ နာရီကျော်လောက် မိုးမနားတမ်း ရွာလိုက်တာ နေရာတော်တော်များများ ရေတွေကြီးနေတယ်..

ဒီနေ့ အောက်က 7-Eleven ခဏဆင်းတာ ပစ္စည်းတွေ အကုန်ပြောင်နေတာနဲ့ အနားက Lotus ဘက် ကူးလိုက်တော့လည်း လူတွေ ရိက္ခာဝယ်ကြတာများလို့ တန်းစီနေရတာ တန်းကြီးကို အရှည်ကြီးပဲ...

ဘန်ကောက်မှာရှိတဲ့ သူငယ်ချင်းတို့ရော ဘယ်နေရာတွေမှာ ရေကြီးနေကြလဲ? အဆင်ပြေကြရဲ့လား?
ဘာပဲဖြစ်ဖြစ် အားလုံးပဲ ဂရုစိုက်ကြပါ!

ที่อยู่

Bangkok

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ T to the Travel Vlogs โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์