Ko Thar Gyi Cargo

Ko Thar Gyi Cargo သယ်ယူပို့ဆောင်ရေး

မြဝတီမှ မြန်မာဘက် ပြန်သွားရင်ဘာကြေး၊ ညာကြေး ပေးရသလား? 🤔ဟုတ်ကဲ့… ပေးရတာတွေ ရှိပါတယ်ခင်ဗျာခရီးသည်တွေအနေနဲ့ လမ်းခရီးတစ်လျှေ...
19/08/2026

မြဝတီမှ မြန်မာဘက် ပြန်သွားရင်
ဘာကြေး၊ ညာကြေး ပေးရသလား? 🤔

ဟုတ်ကဲ့… ပေးရတာတွေ ရှိပါတယ်ခင်ဗျာ

ခရီးသည်တွေအနေနဲ့
လမ်းခရီးတစ်လျှောက်မှာ ဂိတ်ကြေး၊
မှတ်ပုံတင်မျဉ်းစောင်းအလိုက်
ပေးရတာတွေ ရှိပါတယ်ဗျ

ဒါပေမယ့် ခရီးသည်တိုင်းအတွက်
ပေးရတဲ့ပမာဏက တူညီတာ မဟုတ်ပါဘူး

အနည်းအများ မတူနိုင်သလို
ပေးရတဲ့သူရှိသလို မပေးရတဲ့
သူတွေလည်း ရှိပါတယ်နော်

အထူးသဖြင့် လမ်းခရီးဂိတ်ကြေးကတော့
ရှိ/မရှိ၊ ပေးရ/မပေးရ ဆိုတာကို
လမ်းခရီးရောက်မှသာ အတိအကျ
သိရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ

ဘာကြောင့်လဲဆိုတော့
တစ်ရက်နဲ့တစ်ရက်
အခြေအနေမတူနိုင်တာကြောင့်ပါ

ဒါကြောင့် ခရီးသည်အားလုံးအတွက်
ပေးဆောင်ရတဲ့အကြေးအခကလည်း
တူညီမှာ မဟုတ်ပါဘူးခင်ဗျာ

ပြန်ဖူးပြီးကြတဲ့ မိတ်ဆွေများလည်း
ကိုယ်တွေ့အတွေ့အကြုံလေးတွေကို
Comment မှာ မျှဝေပေးခဲ့ပါဦးနော် 🙏

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

ရက် ၉၀ ပြည့်တော့မယ်ဆိုပြီး“ဘယ်လို သက်တမ်းတိုးရမလဲ?”“ဘယ်ဌာနကို သွားရမလဲ?” ဆိုပြီးစိတ်ပူနေစရာ မလိုတော့ပါဘူးခင်ဗျာခရီးသွားမ...
18/08/2026

ရက် ၉၀ ပြည့်တော့မယ်ဆိုပြီး
“ဘယ်လို သက်တမ်းတိုးရမလဲ?”

“ဘယ်ဌာနကို သွားရမလဲ?” ဆိုပြီး
စိတ်ပူနေစရာ မလိုတော့ပါဘူးခင်ဗျာ

ခရီးသွားမိတ်ဆွေများရဲ့
ရက် ၉၀ သက်တမ်းကိစ္စတွေကို
ကိုသားကြီးဘက်က တာဝန်ယူပြီး
ကူညီဖြေရှင်းပေးနေပါတယ်

အိမ်ပြန်ရမယ့်ရက်
နီးလာပေမယ့် ရက် ၉၀ ကိစ္စ
အဆင်မပြေသေးဘူးဆိုရင်လည်း

အိမ်ကနေတင် ဆောင်ရွက်နိုင်အောင်
ပတ်စပို့ + ဗီဇာ + ရက် ၉၀
သက်ဆိုင်ရာစာရွက်စာတမ်းတွေကို
ဓာတ်ပုံရိုက်ကာ ကိုသားကြီးဆီ
ပို့ပေးရပါမည်

မပြန်ခင် တစ်ရက်ကြိုတင် ပို့ပေးထားရင်
ရက်၉၀ အတွက် အခက်ခဲမရှိရအောင်
အကောင်းဆုံး စီစဉ်ပေးပါတယ်

ရက် ၉၀ ကုန်သွားလို့
ထိုင်းနိုင်ငံကို ပြန်ဝင်ဖို့ စီစဉ်နေသူများလည်း
နောက်ဆုံးအချိန်မှ အလောတကြီးမဖြစ်အောင်
ကြိုတင်စီစဉ်ထားကြပါနော်

ရက် ၉၀ သက်တမ်းကိစ္စကို
ကိုသားကြီးနဲ့ တိုးဖူးတဲ့သူများရှိရင်
အတွေ့အကြုံလေးတွေ Comment မှာ
မျှဝေပေးခဲ့ပါဦးခင်ဗျာ

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
#ကိုသားကြီး #ရက်၉၀ #ထိုင်းနိုင်ငံ #ခရီးသွားမိတ်ဆွေများ Ko Thar Gyi Cargo Ko Thar Gyi Tours

ဘတ်သမား နဲ့ ပတ်စပို့သမား ကားအတူတူ စီးလို့ရပါတယ်ခင်ဗျာအထောက်အထားမရှိဘဲ လဝကနဲ့  ပြန်မည့်သူများ အတွက်လည်း မြဝတီ မှ နယ်ဘက်ကိ...
18/08/2026

ဘတ်သမား နဲ့ ပတ်စပို့သမား
ကားအတူတူ စီးလို့ရပါတယ်ခင်ဗျာ

အထောက်အထားမရှိဘဲ လဝကနဲ့
ပြန်မည့်သူများ အတွက်လည်း
မြဝတီ မှ နယ်ဘက်ကို ကားအတူတူစီးရဖို့
စီစဉ်ပေး ပါတယ်နော်

တဖွဲ့ထဲအတူတူပြန်ပြီး
အထောက်ထားရှိသူနဲ့ မရှိသူ
အိမ်ကို အတူတူမရောက်မှာမစိုးရိမ်ပါနဲ့

မြန်မာဘက်ရောက်ရင် အတူတူ
ကားတစ်စီးထဲ ပြန်ကြရမှာပါနော်

မိတ်ဆွေတို့ကော
တစ်ယောက်ထဲပြန်မှာလား ..
သူငယ်ချင်းတွေနဲ့ ပြန်မှာလား ..

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

“တံတားကူးတာနဲ့ လှေကူးတာ ဘယ်ဟာပိုကုန်လဲ?”စာအုပ်ကို အသေတုံးထု ပြီး ကူးမယ်ဆိုရင်တော့🌉 တံတားကူးအသေတုံးထုပြီးကူးတာက🚤 လှေကူးတာ...
17/08/2026

“တံတားကူးတာနဲ့ လှေကူးတာ
ဘယ်ဟာပိုကုန်လဲ?”

စာအုပ်ကို အသေတုံးထု ပြီး
ကူးမယ်ဆိုရင်တော့

🌉 တံတားကူးအသေတုံးထုပြီးကူးတာက
🚤 လှေကူးတာထက် ကုန်ကျစရိတ်
ပိုသက်သာပါတယ်ခင်ဗျာ

ဒါပေမယ့်...

🚤 လှေကူးလမ်းက ကူးမယ်ဆိုရင်တော့
📕 စာအုပ်က မသေသွားပါဘူး

🌉 တံတားက အသေတုံးထုပြီး
ကူးမယ်ဆိုရင်တော့
📕 စာအုပ်က သေသွားပါမယ်နော်
---
📅 စာအုပ်သက်တမ်းက
မကြာခင်ကုန်တော့မယ်ဆိုရင်

🌉 တံတားကနေ အသေတုံးထုပြီး
ကူးတာကပိုပြီး သင့်တော်နိုင်ပါတယ်ဗျ

📕 စာအုပ်သက်တမ်း အများကြီး
ကျန်နေသေးတယ်ဆိုရင်တော့
🚤 အသေတုံးမထုဘဲ လှေကူးလမ်းသွားတာက
ပိုပြီး အဆင်ပြေနိုင်ပါတယ်ခင်ဗျာ

---
🤝 ဒါကတော့ မိတ်ဆွေတို့ရဲ့ အခြေအနေ
စာအုပ်သက်တမ်း
ရည်ရွယ်ချက်တွေပေါ် မူတည်ပြီး
ရွေးချယ်ရမယ့်အပိုင်း ဖြစ်ပါတယ်

ကိုသားကြီးကတော့ ဘယ်ဟာက
မိတ်ဆွေတို့အတွက် ပိုအဆင်ပြေမလဲဆိုတာ
အကြံပေးရုံသက်သက်ပါဗျ 😊

👀 မိတ်ဆွေတို့ကော
🌉 အသေတုံးထုပြီး တံတားကူးမှာလား?
🚤 လှေကူးပြန်မှာ လား?

Comment မှာ ရေးသွားပေးပါဦး
#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Tours Ko Thar Gyi Cargo

သန်ခေါင်စာရင်း မိတ္တူနဲ့ အိမ်ပြန်လို့ရလား..?ဟုတ်ကဲ့ ရပါတယ်နော် အခုမှ အိမ်ပြန်ဖို့စီစဉ်နေပြီး မသိရသေးတဲ့ မိတ်ဆွေများအတွက်...
17/08/2026

သန်ခေါင်စာရင်း
မိတ္တူနဲ့ အိမ်ပြန်လို့ရလား..?

ဟုတ်ကဲ့ ရပါတယ်နော်
အခုမှ အိမ်ပြန်ဖို့စီစဉ်နေပြီး
မသိရသေးတဲ့ မိတ်ဆွေများအတွက်ပါဗျ

မှတ်ပုံတင် ပျောက်သွားတဲ့သူများ.....
ဖုန်းထဲမှာ မှတ်ပုံတင် ပုံ ရှိတယ်ဆိုရင်
အဲ့ဒီပုံကို မိတ္တူထုတ်ပြီး
အိမ်ပြန်လို့ရပါတယ်ဗျ

မှတ်ပုံတင် မရိုက်ရသေးတဲ့သူများ
မြန်မာပြည်က မိသားစုတွေကို
သန်ခေါင်စာရင်း ပုံရိုက်ပို့ပေးခိုင်းပြီး
အဲ့ဒီပုံကို မိတ္တူထုတ်ယူလာပြီး
အိမ်ပြန်လို့ရပါတယ်ခင်ဗျာ

သန်ခေါင်စာရင်း တစ်ခုနဲ့ပြန်မည့်သူများ
မြန်မာပြည် မိမိမြို့နယ်ရုံးမှာ
ခရီးသွားထောက်ခံစာ ရေးခိုင်းပြီး
အိမ်ကို ပုံရိုက်ပို့ပေးခိုင်းကာ
မိတ္တူစာရွက်နဲ့အတူ ယူလာပါက
ပိုအဆင်ပြေပါတယ်ခင်ဗျာ
( မပါလည်းရ )

အိမ်ပြန်ဖို့ လိုအပ်တဲ့မိတ်ဆွေများ
လမ်းခရီးနှင့် အထောက်ထားကိစ္စလေးတွေ
အသေးစိတ် မေးမြန်းဆွေးနွေး နိုင်ပါတယ်ဗျ

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo

လေယာဉ်နဲ့ ပြန်ဆင်းပြီးကားလမ်းကနေ ပြန်တက်လို့ရလား..ပက်စပိုစ့်စာအုပ်က CI ဆိုပါကပြန်တက်လို့ ရပါသေးတယ်ဗျMOU စာအုပ်အနီ ဆိုရင်...
16/08/2026

လေယာဉ်နဲ့ ပြန်ဆင်းပြီး
ကားလမ်းကနေ ပြန်တက်လို့ရလား..

ပက်စပိုစ့်စာအုပ်က CI ဆိုပါက
ပြန်တက်လို့ ရပါသေးတယ်ဗျ

MOU စာအုပ်အနီ ဆိုရင်တော့
ခွင့်စာတွေ လိုသွားမှာဖြစ်ပါတယ်နော်

ကိစ္စအမျိုးမျိုးကြောင့်
ခေတ္တအလည်ပြန်သူများအနေနဲ့

လေယာဉ်နဲ့ ပြန်တာထက်
ကားလမ်းကနေ ပြန်တာက

ပြန်ဝင်တဲ့အချိန်မှာ
ပိုအဆင်ပြေပါတယ်ခင်ဗျာ

(အဆင်ပြေတဲ့ လမ်းလေးကို )
(ပြောပြပေးရခြင်းပါ)

မိတ်ဆွေတို့အနေနဲ့
မိမိတို့ အဆင်ပြေရာလမ်းနဲ့
စိတ်တိုင်းကျ ပြန်နိုင်ပါတယ်ခင်ဗျာ

လက်ဝယ်ရှိ အထောက်အထားတွေနဲ့
ဘယ်လမ်းက အဆင်ပြေမလဲ
ဝေခွဲရခက်နေပါကလည်း

Messenger မှ အသေးစိတ်ကို
လာရောက် မေးမြန်း
ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

#ကိုသားကြီးနဲ့ခရီးသွားရင်းကုသိုလ်ရကြပါမည်
#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

ဧည့်စာရင်းအကြောင်းလေး သိထားကြရအောင်ဗျာ 📢ဟုတ်ကဲ့ ဒါလေးကတော့ ဧည့်စာရင်းအကြောင်း လေးပါဗျမဲဆောက်ကို ခေတ္တဆင်းစရာရှိတဲ့ မိတ်ဆ...
16/08/2026

ဧည့်စာရင်းအကြောင်းလေး
သိထားကြရအောင်ဗျာ 📢

ဟုတ်ကဲ့ ဒါလေးကတော့
ဧည့်စာရင်းအကြောင်း လေးပါဗျ

မဲဆောက်ကို
ခေတ္တဆင်းစရာရှိတဲ့ မိတ်ဆွေများအနေနဲ့
နေ့ချင်းပြန် ၂၄ နာရီအတွင်း ပြန်တက်မယ်ဆိုရင်
ဧည့်စာရင်းတိုင်ရန် မလိုအပ်ပါဘူးနော်

ဒါပေမဲ့ ပြန်ဆင်းတဲ့အချိန်မှာ
မဲဆောက်တောင်ပေါ်ဂိတ်မှာ
ဓာတ်ပုံရိုက်သွားရမှာ ဖြစ်ပါတယ်ဗျ

🚌 လိုင်းကားနဲ့ ဆင်းတဲ့မိတ်ဆွေများအနေနဲ့
ကားလက်မှတ်ကို မပစ်လိုက်ပါနဲ့နော်
ပြန်တက်တဲ့အချိန်မှာ လိုအပ်နိုင်တာကြောင့်
သေချာသိမ်းထားပေးပါဗျ

လမ်းခရီးမှာ အခက်အခဲမရှိစေဖို့
မသိရသေးတဲ့ မိတ်ဆွေများအတွက်
အသိပညာမျှဝေပေးလိုက်ပါတယ်ဗျာ။ 🙏

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

ဘတ်စာရွက် ပန်းရောင်ကဒ်နဲ့ တံတားကူးလို့ရပါသလား? ဟုတ်ကဲ့ မရပါဘူးဗျ ❌ဘတ်စာရွက် ပန်းရောင်ကဒ် နဲ့ တံတားကူးလို့ မရသလိုပက်စပိုစ...
15/08/2026

ဘတ်စာရွက် ပန်းရောင်ကဒ်နဲ့
တံတားကူးလို့ရပါသလား?

ဟုတ်ကဲ့ မရပါဘူးဗျ ❌

ဘတ်စာရွက် ပန်းရောင်ကဒ် နဲ့
တံတားကူးလို့ မရသလို

ပက်စပိုစ့် အပြည့်အစုံရှိပေမယ့်
တံဆိပ်တုံးမထုတဲ့သူများ လည်း
တံတားကနေ ကူးလို့မရပါခင်ဗျာ ❌

ဒါကြောင့် ဘတ်စာရွက်
ပန်းရောင်ကဒ်သမားများနှင့်
တံဆိပ်တုံးမထုတဲ့ မိတ်ဆွေများ အနေဖြင့်

အမှတ် (၁) တံတားအနီးရှိ
လှေကူးလမ်းများမှတစ်ဆင့်
ပြန်ကြရမှာ ဖြစ်ပါတယ်ဗျ

🚐 ကားခနှင့် လမ်းခရီးအခြေအနေ
အသေးစိတ်ကိုတော့ Messenger မှာ
ဆွေးနွေးမေးမြန်းနိုင်ပါတယ်ခင်ဗျာ

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

အထောက်အထားတွေမိတ္တူနဲ့ ပြန်လို့ရလားဆိုတော့—ပက်စပိုစ့် ဆိုရင်တော့ မိတ္တူနဲ့ ပြန်လို့မရပါဘူးဗျဘတ်သမား ဆိုရင်က ဘတ်စာရွက်တွေ...
15/08/2026

အထောက်အထားတွေ
မိတ္တူနဲ့ ပြန်လို့ရလားဆိုတော့—

ပက်စပိုစ့် ဆိုရင်တော့
မိတ္တူနဲ့ ပြန်လို့မရပါဘူးဗျ

ဘတ်သမား ဆိုရင်က
ဘတ်စာရွက်တွေမိတ္တူနဲ့
ပြန်လို့ရပါတယ်ဗျ

အထောက်အထားမဲ့
ပြန်သမား တွေဆိုရင်လဲ
မှတ်ပုံတင် / အိမ်ထောင်စု မိတ္တူ နဲ့
ပြန်လို့ရပါတယ်ဗျ

မိမိ လက်ဝယ်မှာရှိတဲ့
အထောက်အထားလေးတွေကို ပို့ပေးပြီး
အထောက်ထားနဲ့ သက်ဆိုင်ရာ လမ်းခရီးနဲ့
ကားခ ကုန်ကျငွေလေး သိရအောင်
Messenger မှာ အသေးစိတ်
ဆွေးနွေးမေးမြန်းလို့ရပါတယ်ဗျာ

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo

ဟုတ်ကဲ့ ပို့ပေးပါတယ်ဗျ..ကိုသားကြီးဆီမှာ ပက်စပိုစ့် ပြည့်စုံသူဖြစ်စေအထောက်အထား မပြည့်စုံသူဖြစ်စေအဆင်ပြေစွာ ပြန်နိုင်အောင်...
14/08/2026

ဟုတ်ကဲ့ ပို့ပေးပါတယ်ဗျ..

ကိုသားကြီးဆီမှာ
ပက်စပိုစ့် ပြည့်စုံသူဖြစ်စေ
အထောက်အထား မပြည့်စုံသူဖြစ်စေ

အဆင်ပြေစွာ ပြန်နိုင်အောင်
စီစဉ်ပို့ဆောင်ပေးပါတယ်ခင်ဗျာ

ခရီးသည်တစ်ယောက်ချင်းစီရဲ့
ပက်စပိုစ့် အထောက်ထားအလိုက်
အကောင်းဆုံး လမ်းကြောင်းနဲ့
လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးပါတယ်ဗျ

လဝကရုံးတွင် မိမိနာမည်ဖြင့်
စာရွက်စာတမ်းများကို
လုပ်ဆောင်ပေးတာမို့

လမ်းခရီးလမ်းတစ်လျှောက်
အစစ်ဆေးများကိုလဲ
စိတ်ချလက်ချ သွားလာနိုင်ပါပြီနော်..

👉 ကိုသားကြီးနဲ့ဆိုရင်
အဆင်ပြေမှု + ယုံကြည်မှု
စိတ်ချလက်ချ ခရီးသွားနိုင်ပါပြီဗျ 😊

အသေးစိတ် Messenger မှ
လာရောက်မေးမြန်း
ဆွေးနွေးနိုင်ပါတယ်နော်....

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

ที่อยู่

Bangkok
Bangkok
14150

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Thar Gyi Cargoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์