All about my Rigel

เส้นทาง

All about my Rigel Sharing about my essential things in daily life 💛🌻

ကလေး passport သမီးလေးအသက်နှစ်လပြည့်ပြီး 2026 August ထဲမှာ Yangon မှာ passport လုပ်ခဲ့တုန်းကအကြောင်း experience sharing ပ...
12/09/2026

ကလေး passport

သမီးလေးအသက်နှစ်လပြည့်ပြီး 2026 August ထဲမှာ Yangon မှာ passport လုပ်ခဲ့တုန်းကအကြောင်း experience sharing ပါ။ passport ကို က​လေးဘယ်အရွယ်မှာလုပ်လို့ရလဲဆို စာရွက်စာတမ်းစုံတာနဲ့လုပ်လို့ရပါပြီ။ အသက်အရွယ် မကန့်သတ်ထားပါဘူး။
Passport လုပ်ဖို့ရက်ချိန်းအတွက် passport ရုံး website https://www.passport.gov.mm မှာ ရက်ချိန်း QR ယူရပါတယ်။ လတ်တလောတော့ ရက်ချိန်းကဒီနေ့formဖြည့်ရင် မနက်ဖြန် (သို့) အနီးဆုံးရုံးဖွင့်ရက် အတွက်ရပါတယ်။ ကလေးအတွက်လုပ်မှာဆို ကလေးနာမည်နဲ့ booking ယူရပါတယ်။ ၁၀နှစ်အောက်ဆို နိုင်ငံသားမှတ်ပုံတင်နေရာမှာ မွေးစာရင်းကိုရွေးပါ။ ၁၀နှစ်အထက်ဆို ၁၀နှစ်ပြည့်မှတ်ပုံတင်လိုပါတယ်။ လိုတဲ့အချက်တွေဖြည့်ပြီးရင် နောက်ဆုံးအဆင့်မှာ online payment နဲ့ ၄သောင်းခွဲသွင်းရပါတယ်။ ပိုက်ဆံသွင်းပြီးရင်တော့ QR code ရပါတယ်။ QR code အပါလျှောက်လွှာစာမျက်နှာကို download လုပ်ပြီး print ၂စုံ ထုတ်သွားရပါမယ်။ မလုပ်တတ်ရင်လဲ QR code ကိုပဲ screenshot ရိုက်သွားပြီး passport ရုံးအဝင်မှာပြပြီး အဲ့နားမှာပဲprint ထုတ်ပေးတဲ့နေရာလုပ်ပေးထားပါတယ်၊ အဲ့ရောက်မှထုတ်ရင်တော့ စာရွက်ခ ၅၀၀၀ ပေးရပါတယ်။
ရက်ချိန်းနေ့မှာတော့ ကလေး၊ လုပ်ပေးမယ့်သူ လူကြီးတစ်ဦး (အမေ (သို့)အဖေ)၊ ကလေးငယ်ချီပိုးရတဲ့အရွယ်ဆို နောက်ထပ်အဖော်တစ်ယောက်ဝင်လို့ရပါတယ်။ လိုတဲ့စာရွက်၊ပိုက်ဆံတွေကို ဖိုင်အကြည်၊ ကလေးအသုံးအဆောင် (နို့ဘူး၊ရေဘူး၊မုန့်၊diaper) တွေကို အိတ်အကြည်နဲ့သယ်သွားလို့ရပါတယ်။ အထဲမှာတအားပူလို့ လက်ကိုင်ပန်ကာအသေးလေးယူသွားသင့်ပါတယ်။
အဝင်ဝမှာ booking QR ပြပြီးဝင်ပြီးရင် QR print စာရွက်ကို တံဆိပ်တုံးနှိပ်ဖို့တန်းစီရပါတယ်။ တန်းစီရတဲ့နေရာတွေအကုန်လုံးမှာ ကလေးနဲ့လို့သွားပြောလိုက်ရင် ဦးစားပေးပြီးလုပ်ပေးပါတယ်။ အဲ့ကနေပြီးရင် စာရွက်တွေစစ်ဖို့ counter တွေလုပ်ထားတဲ့နေရာမှာတန်းစီရပါတယ်။ ကလေးငယ်လေးနဲ့မို့ ခုံမှာထိုင်စောင့်ပါဆိုပြီး ဝန်ထမ်းတစ်ယောက်က စာရွက်တွေလာယူပေးပါတယ်။ လိုတဲ့စာရွက်တွေကတော့ အဖေ (သို့) အမေ အဓိကလိုက်လုပ်ပေးသူရဲ့မှတ်ပုံတင်မူရင်းနဲ့ မိတ္တူ ၂စုံ၊ အမေက လိုက်လုပ်ပေးတာဆို အဖေရဲ့ မှတ်ပုံတင် မိတ္တူ ၂စုံ၊ ကလေးမွေးတိုးထည့်ထားတဲ့သန်းခေါင်စာရင်း မူရင်းနဲ့ မိတ္တူ ၂စုံ၊ အဖေနဲ့အမေသန်းခေါင်စာရင်းမတူရင် မွေးတိုးမထည့်ထားတဲ့ အဖေ(သို့)အမေဖက်က သန်းခေါင်စာရင်းမိတ္တူ ၂စုံ၊ ကလေးမွေးစာရင်း မူရင်းနဲ့မိတ္တူ ၂စုံ၊ ကိုယ်ရေးမှတ်တမ်းဖောင် ၁စောင် (online ကရှာပြီး print ကြိုထုတ် အချက်အလက်ဖြည့်သွားပါ)။ စာရွက်တွေစုံတယ် မှန်တယ်ဆို ကောင်တာမှာ ၅၀၀၀ သွင်းပြီး ရုံးရဲ့ပထမထပ်ကကောင်တာကိုသွားဖို့ညွှန်းပါတယ်။ သူတို့ပြောလိုက်တဲ့ ကောင်တာနံပါတ်မှာ အောက်ထပ်မှာတုန်းက စစ်ပြီးတွဲပေးလိုက်တဲ့ စာရွက်ကိုထပ်ထားပြီး အလှည့်ကြရင် လိုတဲ့အချက်လေးတွေထပ်မေးပြီး ဓါတ်ပုံရိုက်ပါတယ်။ အဲ့နေရာမှာ ဓါတ်ပုံရိုက်ခ ၁သောင်းသွင်းရပါတယ်။ လိုက်လုပ်ပေးတဲ့မိဘတစ်ဦးရဲ့ လက်ဗွေနဲ့မျက်လုံး scan ယူပါတယ်။ ဓါတ်ပုံရိုက်ပြီးရင် စလစ်ထွက်လာပါတယ်။ နာမည်စာလုံးပေါင်း မွေးနေ့ စစ်ပါ။ မှားနေရင် တစ်ခါထဲပြင်ခိုင်းခဲ့ပါနော်။ ပုံမှန်လုပ်ငန်းစဉ်ကတော့ အဲ့ဒါပါပဲ။ စုစုပေါင်း ၁နာရီခွဲလောက်ပဲကြာပါတယ်။
ထူးခြားအခြေအနေတွေ ဥပမာ မိဘက အစိုးရဝန်ထမ်းမဟုတ်တဲ့ဆရာဝန်ဆိုရင် အစိုးရဝန်ထမ်းမဟုတ်ကြောင်းထောက်ခံစာရေးဖို့အလုပ်နဲ့ဆိုင်တဲ့စာရွက်စာတမ်းထပ်တောင်းတာရှိပါတယ်။ တောင်းတဲ့စာရွက်တွေ မိတ္တူမပါလာရင် အောက်ထပ်ပြန်ဆင်းပြီး မိတ္တူဆွဲ၊ print ထုတ်တာတွေ ရုံးထဲမှာတင်လုပ်လို့ရပါတယ်။ ထောက်ခံစာက ဓါတ်ပုံရိုက်တဲ့နေရာနဲ့မျက်နှာချင်းဆိုင်က ရုံးခန်းမှာလုပ်ရတာပါ။
Passport က နှစ်ပတ်ကြာရင်ပြန်ထုတ်လို့ရပါပြီ။ ထုတ်ရမယ့်ရက် စလစ်စာရွက်မှာ ပါပါတယ်။ စာအုပ်ထုတ်ရင် သန်းခေါင်စာရင်းတူတဲ့ထဲက မိသားစုဝင်တစ်ဦးက သန်းခေါင်စာရင်း၊ သွားထုတ်တဲ့သူရဲ့မှတ်ပုံတင်၊ စလစ်စာရွက်နဲ့တကွ သွားထုတ်ပေးလို့ရပါတယ်။
Photo credit to Google

ကလေးမွေးစာရင်း၊ သန်းခေါင်စာရင်းမွေးတိုး သမီးလေးကို passport စောစောလုပ်ပေးထားချင်တာမို့လို့ မွေးစာရင်းနဲ့သန်းခေါင်စာရင်းမ...
09/09/2026

ကလေးမွေးစာရင်း၊ သန်းခေါင်စာရင်းမွေးတိုး

သမီးလေးကို passport စောစောလုပ်ပေးထားချင်တာမို့လို့ မွေးစာရင်းနဲ့သန်းခေါင်စာရင်းမွေးတိုးကို မွေးပြီးတစ်လထဲမှာပဲ မြန်မြန်လေးသွားလုပ်ဖြစ်ပါတယ်။ လုပ်ဖြစ်ခဲ့တုန်းက ဘာစာရွက်စာတမ်းတွေလိုလဲဆိုတာ sharing လုပ်ပေးတာပါ။ ကိုယ်လုပ်မယ့်မြို့နယ်အလိုက် လိုအပ်တဲ့စာရွက်စာတမ်းနဲ့ ကြာမြင့်ချိန်ကွာခြားတာရှိနိုင်ပါတယ်။

ကလေးမွေးစာရင်းလုပ်ဖို့က မွေးစာရင်းထဲမှာထည့်မယ့်နာမည်ရွေးထားပြီးသားဖြစ်ရပါမယ်။ မြို့နယ်ကျန်းမာရေးရုံးမှာ သွားလုပ်ရမှာပါ။ မွေးတဲ့အချိန်ဆေးရုံကပေးလိုက်တဲ့ မွေးကြောင်းထောက်ခံစာစာရွက်၊ အဖေ မှတ်ပုံတင်မိတ္တူ၊ အမေ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ (အဖေ၊အမေ သန်းခေါင်စာရင်းမတူပါက နှစ်ဖက်လုံးရဲ့သန်းခေါင်စာရင်းမိတ္တူ)၊ နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာရယ် ကိုယ်ရွေးထားတဲ့ကလေးနာမည်နဲ့တကွ မွေးစာရင်းကိုင်တဲ့ သူနာပြုဆရာမဆီပေးခဲ့ရပါတယ်။ ၁ပတ်စောင့်ရပါတယ်။ အမေတို့ ကလေးတို့လိုက်ဖို့လိုလားဆို ကျမတို့တုန်းကတော့မလိုပါဘူး။ သန်းခေါင်စာရင်းထဲမှာပါတဲ့ဆွေမျိုးတစ်ဦး (ဥပမာ အဖိုး၊အဖွား) ကလုပ်ပေးလဲရပါတယ်။

မွေးစာရင်းရတာနဲ့ မြို့နယ်လဝကရုံးမှာ သန်းခေါင်စာရင်းမွေးတိုးအတွက် သွားစုံစမ်းခဲ့ပါတယ်။ သူတို့က လျှောက်လွှာတင်ရမယ့်စာရွက်ပုံစံထုတ်ပေးပါတယ်။ မွေးတိုးလျှောက်ထားကြောင်းရုံးစာပုံစံရေးထားတဲ့ရုံးလျှောက်လွှာစာရွက် ၁စောင်၊ မွေးကြောင်းထောက်ခံစာ ၃စောင် (၃ရွက်လုံး ပုံစံတူ) ရယ် ထုတ်ပေးပါတယ်။ အဲ့စာရွက်တွေမှာဖြည့်ပြီးရင် ရပ်ကွက်လူကြီးလက်မှတ်သွားထိုးရပါတယ်။ လဝကရုံးမှာ စာရွက်တွေကြိုထုတ်ထားပြီး မွေးစာရင်းအတွက်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာလုပ်ထဲက တစ်ခါထဲထိုးခိုင်းထားရင်တော့ ရပ်ကွက်ရုံးကိုနှစ်ခါသွားစရာမလိုတော့ဘူးပေါ့နော်။
လဝကရုံးကိုတင်ရတဲ့စာရွက်တွေက အပေါ်မှာပြောထားတဲ့လျှောက်လွှာ ၁စောင် နဲ့ မွေးကြောင်းထောက်ခံစာ ၃စောင် (လိုအပ်တဲ့အချက်အလက်တွေဖြည့်၊ ရပ်ကွက်လူကြီးလက်မှတ်ထိုးပြီး)၊ မွေးစာရင်းမိတ္တူ၊ အဖေ မှတ်ပုံတင်မိတ္တူ၊ အမေ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မူရင်း နဲ့ မိတ္တူ (အဖေ၊အမေ သန်းခေါင်စာရင်းမတူပါက နှစ်ဖက်လုံးသန်းခေါင်စာရင်းမိတ္တူနဲ့ ကလေးမွေးတိုးထည့်မယ့်ဖက်ခြမ်းသန်းခေါင်စာရင်းမူရင်း)ရယ် တင်ရပါတယ်။ အပိုအနေနဲ့ အဖေ အမေ သန်းခေါင်စာရင်းမတူဘဲ အမေဖက်ကသန်းခေါင်စာရင်းမှာထည့်တာမို့ အိမ်ထောင်ဦးစီးနာမည်ကကလေးအဖေနာမည် မဟုတ်နေလို့ ကလေးအဖေက အမေဖက်ကသန်းခေါင်စာရင်းမှာမွေးတိုးထည့်တာသဘောတူကြောင်းရယ်၊ ထည့်ချင်တဲ့သန်းခေါင်စာရင်းရဲ့အိမ်ထောင်ဦးစီးက မွေးတိုးထည့်တာလက်ခံကြောင်းကို ရုံးစာပုံစံမျိုးတစ်စောင်စီရေးတင်ရပါတယ်။ ရေးရမယ့် နမူနာပုံစံကို ရုံးမှာမေးခဲ့ပြီး A4 စာရွက်ပေါ်မှာ လက်ရေးနဲ့ပဲ ရေးပြီးတင်လိုက်ပါတယ်။ အဲ့ဟာလဲ အမေ၊အဖေ၊ ကလေး ရုံးကိုမလိုက်ဘဲမွေးတိုးထည့်ချင်တဲ့ဖက်ကသန်းခေါင်စာရင်းမှာပါတဲ့သူလိုက်လုပ်လို့ရပါတယ်။ လိုတဲ့စာရွက်တွေတင်ခဲ့ပြီးရင် ၁ပတ်အကြာ မွေးတိုးထည့်ပြီးသား သန်းခေါင်စာရင်းမူရင်းပြန်ရခဲ့ပါတယ်။
Passport ကိုတော့ သန်းခေါင်စာရင်းမွေးတိုးလုပ်
အပြီး သမီးလေးအသက် ၂လလောက်မှာသွားလုပ်ခဲ့ပါတယ်။ passport လုပ်တဲ့အခါလိုအပ်တဲ့စာရွက်စာတမ်းတွေကို ပို့စ်တစ်ခုထပ်ရေးပေးပါမယ်။



Photo credit to Google

Breast Pumping Items သမီးလေးကို မိခင်နို့ကို breast pump လုပ်ပြီး တိုက်မယ်လို့ မမွေးခင်ထဲကဆုံးဖြတ်ထားတာမို့ breast pumpအ...
09/08/2026

Breast Pumping Items

သမီးလေးကို မိခင်နို့ကို breast pump လုပ်ပြီး တိုက်မယ်လို့ မမွေးခင်ထဲကဆုံးဖြတ်ထားတာမို့ breast pumpအတွက် လိုတဲ့ပစ္စည်းတွေ ကြိုရွေးရပါတယ်။ စျေးကွက်ထဲမှာလဲ သူ့ brand နဲ့သူ review ကောင်းကြပါတယ်။ အခုရေးမှာတော့ ကိုယ်ရွေးပြီးဝယ်ဖြစ်တဲ့ တကယ်လဲသုံးလို့အဆင်ပြေတဲ့ items လေးတွေပါ။

Breast Pump ကတော့ Ollieboo wearable breast pump new version လေးပါ။ သူ့စျေးနဲ့ သုံးရတဲ့ quality နဲ့တကယ်တန်ပါတယ်။ သုံးရလဲလွယ်တယ်၊battery လဲခံတယ်၊ အသံကတအားမကျယ်ပေမယ့် suction အသံတော့နည်းနည်းရှိတယ်၊ အဓိက သူ့ကိုရွေးဖြစ်တဲ့အကြောင်းက အပိုပစ္စည်း ဝယ်လို့လွယ်တာပါ၊ silicone parts လေးတွေမို့ loose ဖြစ်လာတာ ကွဲတာဖြစ်ရင် စက်တစ်ခုလုံးသုံးမရတာမျိုးမဖြစ်တော့ဘဲ လိုတဲ့ပစ္စည်းလေး လဲတပ်လိုက်ရုံပဲ။ အခု တစ်လကျော်ညှစ်လာတဲ့အထိတော့ ဘာမှမလဲရသေး၊ error မရှိသေးဘူး။ Singapore ကို ၄ရက်လောက်သွားဖြစ်တာလဲ သယ်သွားရလွယ်တော့ ယူသွားပြီး breast pump ပုံမှန်လုပ်ဖြစ်ခဲ့တယ်။

နို့သိမ်းအိတ်ကတော့ အစက DoDolove သုံးတယ်။ သူလဲသုံးလို့ကောင်းပါတယ် ဒါပေမယ့် သူက အရုပ်design နဲ့မို့ အိတ်အကြည်ရောင်လိုချင်လို့ Ollieboo နို့သိမ်းအိတ်ပြောင်းသုံးပါတယ်။

နို့ဘူးရယ် နို့ညှစ်စက်တွေရယ်တွေကို နို့ဘူးဆေးရည်နဲ့ဆေးပြီးရင် ပိုးသတ်၊ အခြောက်ခံအတွက်က Ollieboo ရဲ့ Sterilizer နဲ့ပါ။ သူလဲ စျေးက fair price ဖြစ်ပြီး ပြန်ရတဲ့ quality နဲ့ဆိုအတော်တန်ပါတယ်။ နို့နွှေး အစာနွှေးလို့ရတဲ့ function လဲပါတော့ နို့ကိုသိမ်းထားပြီး ပြန်နွှေးတိုက်တဲ့အတွက်ရော၊ ဖြည့်စွက်စာကျွေးချိန်အတွက်ရော ဘက်စုံသုံးလို့ရပါတယ်။

ပုံလေးတွေကတော့ သမီးအတွက် နေ့ရက်တိုင်းကြိုးစားရတဲ့ breast pump journey အမှတ်တရပေါ့နော်။

Breast milk pumping journey ဒီနေ့ရေးတဲ့စာလေးမှာ ပထမဦးဆုံးပြောချင်တာက မိခင်နို့ပဲတိုက်တိုက်၊ အကြောင်းအမျိုးမျိုးကြောင့် f...
31/07/2026

Breast milk pumping journey

ဒီနေ့ရေးတဲ့စာလေးမှာ ပထမဦးဆုံးပြောချင်တာက မိခင်နို့ပဲတိုက်တိုက်၊ အကြောင်းအမျိုးမျိုးကြောင့် formula milk ပဲတိုက်တိုက်၊ ဘယ်နည်းလမ်းပဲရွေးရွေး အမေတွေက ကိုယ့်ကလေးအတွက် ကိုယ်လုပ်ပေးနိုင်သမျှထဲက အကောင်းဆုံးကိုလုပ်ပေးနေတယ်ဆိုတာပါပဲ။ ဘယ်သူဘာပြောပြော မေမေတို့အတတ်နိုင်ဆုံး ချစ်ခြင်းမေတ္တာတွေနဲ့လုပ်ပေးသမျှက ကလေးလေးအတွက်အကောင်းဆုံးအရာတွေပါပဲနော်။

သမီးလေးကိုမမွေးခင်ထဲက ကြိုစဉ်းစားထားရတဲ့ ကိစ္စတစ်ခုက feeding method ပါ။ မိခင်နို့ထွက်
ရင်တော့ မိခင်နို့တိုက်မယ် မထွက်ရင် formula တိုက်မယ်လို့စဉ်းစားထားတာတောင် မိခင်နို့ပဲတိုက်ချင်တဲ့စိတ်ရယ် နို့မထွက်ရင်ရောဆိုပြီးကြိုတွေးပြီး stress တက်လိုက်သေးတယ်။ ကံကောင်းတာကမွေးပြီးတာနဲ့ နို့ထွက်ပါတယ်။ နို့ဦးရည်လဲရတယ်၊ နို့လဲသေချာကပ်တိုက်ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် မမွေးခင်ထဲက အမေနို့ထွက်ရင်တောင် pumping လုပ်ပြီး နို့ဗူးနဲ့တိုက်တာကိုကျင့်မယ်လို့ ဆုံးဖြတ်ထားတာမို့ 2nd day လောက်ထဲက နို့ကပ်တိုက်လိုက် စက်နဲ့ညှစ်လိုက်တွဲလုပ်ပါတယ်။ ညှစ်ထားတဲ့နို့ကိုဇွန်းလေးနဲ့တိုက်ရတာပေါ့။ မွေးပြီး ၄ရက်လောက်မှာတင် နို့ထွက်တအားများတော့ pump ပဲတောက်လျှောက်လုပ်ပြီး တစ်ပတ်လောက်မှာ နို့ဘူးနဲ့စကျင့်ပေးပါတယ်။ ဘာဖြစ်လို့ pumping နဲ့နို့ဘူးစောကျင့်ပေးလဲဆို ကိုယ်က ကိစ္စများမြောင် အလုပ်ကိစ္စအပြင်ထွက်ရသလို ခရီးအစီအစဉ်တွေကလဲရှိတတ်သူမို့ ကြိုပြင်ဆင်ထားတာပေါ့နော်။ ကိုယ့်အမျိုးသား၊ မိသားစုအကုန်လုံးက ကိုယ်ဘာလုပ်လုပ် okay ဆိုတဲ့သူတွေမို့လို့ စိတ်အေးလက်အေး decision ချနိုင်တာတောင် ဘေးက comment တွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ရသေးတယ်။ အဲ့ဒါလဲ အပြင်ကလူမဟုတ်ဘူး ဆေးရုံက သူနာပြုဆရာမနော် 😑
မွေးပြီး Day 3 လောက်ဖြစ်မယ် breast pump နေတုန်း အဲ့ဆရာမဝင်လာပြီး breast pump ပြီးတိုက်တာလားတဲ့ အဲ့ဒါဆို ကလေးက အမေနားကပ်တိုက်လို့မစို့ရင် အဲ့တော့မှဝမ်းနည်းနေရမယ်နော်ဆိုပြီး ပြောချသွားတာ။ ကိုယ်ကလဲ နည်းနည်းမှမခံ ချက်ချင်းပြန်ပြောတတ်သူမို့သာ အစထဲက ကြို plan ထားပြီးကို breast pump ပြီးတိုက်တာလို့ ပြန်ပြောလိုက်သေးတယ်။ စိတ်ထဲမှာတော့ နည်းနည်းအောင့်သွား၊ ခဏတော့ဝမ်းနည်းသွားသေးတယ်။ everyone has own story and rights to decide လေနော်။ မေမေ နို့ညှစ်တိုက်တာလား ဘာတွေရှောင် ဘာတွေလုပ်နော်ဆိုတာမျိုးထက် သူတို့ပြောချင်ရာပြောချသွားတာ။ အဲ့ဒါတောင် customer service ပေးနေတဲ့ medical field ထဲကနော်။
အရေးကြီးတာကတော့ ကိုယ့်အတွက်မှန်ကန်တဲ့လမ်းညွှန်မှုပြောပေးတာကလွဲရင် ကျန်တာ ဘယ်သူ ဘာပြောပြော အဖက်မလုပ်နဲ့ စိတ်ထဲမထားပါနဲ့၊ မေမေတို့ရဲ့ ကိုယ်ပိုင်ဘဝနဲ့လဲချိန်ညှိပြီး ကလေးအတွက်အဆင်အပြေဆုံးကိုရွေးပါနော်။ သူများလုပ်တိုင်း သူများပြောတ်ိုင်း ကိုယ်မလုပ်နိုင်လို့ စိတ်မကောင်းဖြစ်စရာမလိုပါဘူးလို့။

Breast pump decision အကြောင်းပြောပြီးပြီဆိုတော့ breast pump အတွက်သုံးတဲ့ပစ္စည်းလေးတွေတော့ နောက်မှထပ်ရေးပါဦးမယ်။
ပုံကတော့ 1st time breast pump တုန်းက ပိစိလေးပဲရတဲ့ပုံ 😁

Dress options during pregnancy 🤰 ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ဖုံးအကျီ ဂါဝန်တွေမဝတ်ချင်ဘူးဆိုသူတွေအတွက် ကိုယ့်တုန်းကလဲ ကို...
28/07/2026

Dress options during pregnancy 🤰

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ဖုံးအကျီ ဂါဝန်တွေမဝတ်ချင်ဘူးဆိုသူတွေအတွက် ကိုယ့်တုန်းကလဲ ကိုယ်ဝန်ဆောင်ဗိုက်ဖုံးတွေမဝတ်ချင်လို့ ဝတ်ခဲ့တာလေးတွေ sharing လုပ်တာပါ

အဓိကဇာတ်လိုက်ကျော်ကတော့ Uniqlo ပါ
Uniqlo AIRism Dress ဂါဝန်အရှည်တွေက ဒဲ့အပွတွေဆိုတော့ မွေးခါနီးအထိ ဝတ်ရတာအဆင်ပြေနေရောပဲ
Uniqlo Sleeveless ချည်သားဂါဝန်တွေလဲအဆင်ပြေတယ် ဒါပေမယ့် သူက ခါးနေရာမှာ သိမ်ထားတော့ ဗိုက်ရင့်လာတော့ ကျပ်လာတယ် ကိုယ်ဝန်လနုတုန်းကတော့ အဆင်ပြေတယ်။
တစ်ခုပဲ သူ့ဆီက ဂါဝန်တွေက လက်ပြတ်လေးတွေများတော့ cardigan အပါးလေးတွေနဲ့တော့တွဲဝတ်ရတယ်။

ဂါဝန်မဟုတ်ဘဲ အပေါ် အောက် သပ်သပ်ဆိုရင်တော့ Uniqlo ရဲ့ Washable Knit Pants နဲ့ အပေါ်က T-shirt အပွ၊ Tee အပွတွေနဲ့တွဲဝတ်တယ်။ သူ့ pants က ခါးကြိုးချည်မို့ ဗိုက်မှာတင်းမနေဘဲ ဗိုက်ထွက်ရင်ထွက်သလောက် ကြိုးကို adjust လုပ်လို့ရပြီး မွေးပြီးတော့လဲ ကြိုးချောင်ပြီးကျန်ခဲ့တာဘာညာမရှိဘူး။

Uniqlo dress တွေရော pants ရောရဲ့အားသာချက်က ဗိုက်နဲ့တုန်းကလဲ သက်တောင့်သက်သာဝတ်လို့ရသလို ချောင်ပြီး ကျယ်ပြီးကျန်တာမျိုးမဖြစ်တာရယ်၊ ဗိုက်ဖုံးအကျီ design တွေမဟုတ်တော့ မွေးပြီးလဲဆက်
ဝတ်လို့ရတာပါ

Local brand ထဲကဆိုရင်တော့ VENOK က design လေးတွေအဆင်ပြေတယ်။ Princess look, Girly look ဝတ်ချင်ရင်တော့ ကိုယ့်တုန်းက Every Girl က dress လေးရယ် (SIENNA cotton dress)၊ Loon export fashion က dress လေးတွေရယ် အဆင်ပြေတယ်။

Venok page link: https://www.facebook.com/share/1EoxgQ3VhW/?mibextid=wwXIfr

Every Girl page link: https://www.facebook.com/share/1DXWtr9Gie/?mibextid=wwXIfr

Loon export fashion page link: https://www.facebook.com/share/1CBQjXAFdm/?mibextid=wwXIfr

knowledge sharing လုပ်ရတာဝါသနာပါတာမို့ page ဖွင့်ခဲ့ပေမယ့် ဒီတစ်နှစ်တာလုံးမှာလဲ admin ကိုယ်တိုင် mental grief တွေ စိတ်ပင...
10/10/2025

knowledge sharing လုပ်ရတာဝါသနာပါတာမို့ page ဖွင့်ခဲ့ပေမယ့် ဒီတစ်နှစ်တာလုံးမှာလဲ admin ကိုယ်တိုင် mental grief တွေ စိတ်ပင်ပန်းမှုတွေကြောင့် content လေးတွေတောင်မရေးနိုင်တော့လောက်အောင်ဖြစ်ခဲ့ရ page ကိုပစ်ထားမိတယ်ပေါ့နော် public sharing မလုပ်နိုင်တော့ပေမယ့် နီးစပ်ရာခင်မင်သူတွေကျောင်းလျှောက်ရာမှာ ကူညီပေးနိုင်ခဲ့ပြီး ကျောင်းဝင်ခွင့်တွေရကြတာတွေမြင်ရတဲ့အချိန်ရဲ့ ပျော်ရွှင်မှုခွန်အားတွေကနေ ကိုယ်တိုင်အတွက်လဲ healing ဖြစ်ခဲ့ပြီး အလုပ်တွေပုံမှန်ပြန်လုပ်ပြီး public contribution event တွေပြန်ပါဝင်ဖြစ်လာပြီပေါ့နော်

တစ်နှစ်ကျော်ပစ်ထားတဲ့ page လေးကို World Mental Health Day နေ့မှာပြန်ဝင်ဖြစ်ပါပြီ ဒီနှစ်ပိုင်းတွေမှာ လူတွေပိုပြီးသတိထားမိလာတဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာလိုအကောင်အထည်ဖော်ပြလို့မရပေမယ့် နေ့စဉ်လူနေမှုဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ admin ရဲ့ master ဘွဲ့ thesis ကလဲ depression နဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်သလို child psychology diploma အတန်းတစ်ခုတက်ဖြစ်ထားတာမို့ နောက်ရက်တွေမှာ စိတ်ကျန်းမာရေးဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်

အားလုံးလဲ စိတ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနော်

Photo credit to original owner

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ All about my Rigel โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์