Saga Travel Guide

เส้นทาง ติดต่อ ธุรกิจของเรา

Saga Travel Guide 🌟 Where adventure begins and memories never end. Let's Go together with Saga! ✈️🎉
Tiktok Link : https://www.tiktok.com/?_r=1&_t=ZS-91RIuiFgSd6

အရောင်အသွေး စုံလင်နေမဲ့ ၆ ညအိပ် ၇ ရက် ခရီးစဉ် 🎨💛ဒီခရီးမှာ ဗီယက်နမ် အလယ်ပိုင်း နေရာလှလှလေးတွေဖြစ်တဲ့ • Hue • D**g Hoi • P...
09/08/2026

အရောင်အသွေး စုံလင်နေမဲ့ ၆ ညအိပ် ၇ ရက် ခရီးစဉ် 🎨💛

ဒီခရီးမှာ ဗီယက်နမ် အလယ်ပိုင်း နေရာလှလှလေးတွေဖြစ်တဲ့
• Hue • D**g Hoi • Phong Nha • Thiên Đường Cave • Ba Na Hills • Da Nang • Hoi An တို့ဆီကို အေးအေးဆေးဆေး လည်ကြပါမယ်။

ဒီခရီးစဉ်လေးဟာ ရှေးဟောင်း အမွေအနှစ် အဝါရောင် မြို့လေးတွေဖြစ်တဲ့ Hue, Hoi An တို့အပြင် ဈေးဝယ်ထွက်လို့ ကောင်းတဲ့ Da Nang ကမ်းခြေမြို့ဆီလည်း ရောက်ဦးမှာပါ။ 💛
🚞 စိမ်းစိုတဲ့ တောင်တန်းတွေ၊ ထုံးကျောက်ဂူတွေအပြင် နာမည်ကြီး လက်တံတား၊ Fantasy Park တို့လည်း ပါဦးမှာရှင်။

ဒါကြောင့် သဘာဝနဲ့လည်း နီးစပ်လို့ ရ၊ ဓာတ်ပုံလှလှ ရိုက်ပြီး ခေတ်ဆန်ဆန်လို့လည်း ရတာကြောင့် လူငယ်၊ လူကြီးမရွေး အရွေးများကြတဲ့ package လေးပါ။

ဒီခရီးစဉ်လေးကိုပဲ ရက်အတိုး အလျှော့နဲ့ Customized ပြင်ဆင် ဖန်တီးချင်တာတွေ ရှိရင် Saga ဆီမှာ စုံစမ်းနိုင်ပါတယ်ရှင်။

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

Từ Hoa, Tây HồPrice - 1450$/month | 2BR 2WC 110m2Note: Bathtub · Oven · Lake view apartmentAvailable 1/8
06/08/2026

Từ Hoa, Tây Hồ
Price - 1450$/month |
2BR 2WC 110m2

Note: Bathtub · Oven · Lake view apartment
Available 1/8

ထိုင်းကို အလည်လာရင် ဘန်ကောက်နဲ့ ချင်းမိုင်ပဲ သွားနေမိပြီလား ❓ဒါဆိုရင်တော့ ခရီးသွားရတာ မပြည့်စုံသေးဘူးနော်။ ဒါကြောင့် ထို...
05/08/2026

ထိုင်းကို အလည်လာရင် ဘန်ကောက်နဲ့ ချင်းမိုင်ပဲ သွားနေမိပြီလား ❓

ဒါဆိုရင်တော့ ခရီးသွားရတာ မပြည့်စုံသေးဘူးနော်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက သွားလည်သင့်တဲ့ နေရာတွေဆီကို ညွှန်းပေးပါရစေ။

📍 Burirum ⏩ Phanom Rung
📍 Bueang Kan ⏩ 3 whale rock
📍 Ubon ⏩ Wat Sirindhorn Wararam
📍 Si Sa Ket ⏩ Beer temple
📍 Nakhon Ratchasima ⏩ Khao Yai National Park
📍 Buenag Kan ⏩ Wat Phu Tok
📍 Chiang Khan ⏩ Loei
📍 Sala Keoku ⏩ Nong Khai

ဒီနေရာတွေဆီ သွားလည်ဖို့ဆို ကားအငှား ဝန်ဆောင်မှု ယူပြီးသွားတာ (ဒါမှမဟုတ်) ဆိုင်ကယ်စီး ကျွမ်းကျင်ရင်တော့ ဆိုင်ကယ် ငှားပြီး သွားတာတွေက ကုန်ကျစရိတ် ပိုသက်သာစေပါတယ်။

Saga ရွေးချယ်ပေးထားတဲ့ နေရာတွေကို သဘောကျရဲ့လားရှင့်။ ရောက်ဖူးပြီးပြီဆိုရင်လည်း ပုံလေးတွေ မျှဝေခဲ့ပေးပါဦးနော်။ 😍

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Saga ရဲ့ “Have you ever…?” program လေးမှာ Vietnam နဲ့ ထိုင်းနိုင်ငံက စိတ်ဝင်စားစရာလေးတွေကို ဖော်ပြပေးသွားမှာမို့ ကြည့်ချင်ရင် follow လုပ်ပေးခဲ့ဦးနော်!

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

Short Term Rental တွေက ပုံအမြဲ မတင်ပေမယ့် ရှိပါတယ်နော်။ (Hanoi only) Trịnh Công Sơn, Tây HồPrice - 12mil/ month |Room Ty...
05/08/2026

Short Term Rental တွေက ပုံအမြဲ မတင်ပေမယ့် ရှိပါတယ်နော်။
(Hanoi only)

Trịnh Công Sơn, Tây Hồ
Price - 12mil/ month |
Room Type - 1Bedroom 50 sqm
WiFi included
Note: Balcony · Cleaning 1x/week · Private washing machine and dryer

အခု ဘန်ကောက် - အယုဒ္ဓယကို အဲကွန်းအမြန်ရထား အသစ်ကြီးနဲ့ ပြေးဆွဲပေးနေပြီဆိုတော့ ခရီးမှာ အသုံးတည့်စေဖို့ Saga က ပြန်လည် မျှ...
04/08/2026

အခု ဘန်ကောက် - အယုဒ္ဓယကို အဲကွန်းအမြန်ရထား အသစ်ကြီးနဲ့ ပြေးဆွဲပေးနေပြီဆိုတော့ ခရီးမှာ အသုံးတည့်စေဖို့ Saga က ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်။

Saga Travel Guide မှာလည်း Private Yatch တွေစီစဉ်ပေးပါတယ်နော် 😗🫶
04/08/2026

Saga Travel Guide မှာလည်း Private Yatch တွေစီစဉ်ပေးပါတယ်နော် 😗🫶

Celebrity တွေအများစုရဲ့သတင်းတွေကဘာကြောင့်
Private Yacht တွေပေါ်မှာဖြစ်နေရတာလဲ

ဒီရက်ပိုင်းတခြားရုပ်ရှင်နဲ့အနုပညာသတင်းတွေအပြင်
Celeb တွေရဲ့ပုဂ္ဂိုလ်ရေးသတင်းတွေကိုတင်ဖြစ်တဲ့အခါ
သတင်းအများစုက Yacht လို့ခေါ်တဲ့ အပန်းဖြေ
ဇိမ်ခံသင်္ဘောပေါ်မှာပဲဖြစ်နေတာများတာကို
တွေ့ရပါများတဲ့အခါမှာဒီအကြောင်းလေးတွေကို
ရေးဖြစ်သွားတာပါ။Hollywood မင်းသား၊
မင်းသမီးတွေနဲ့ ကမ္ဘာကျော် Celebrity တွေကို
ရုပ်ရှင်ဖလင်ကားတွေ၊ ပွဲတက်လမ်းကြောင်းတွေပေါ်မှာ မတွေ့ရရင် သူတို့အများစုသတင်း‌တွေက
လမ်းမပေါ်မှာလမ်းလျှောက်နေတာမှမဟုတ်ရင်
ပင်လယ်ပြင်အလယ်က private Yacht (ဇိမ်ခံရွက်လှေ) တွေပေါ်မှာရေကူးဝတ်စုံနဲ့ တွေ့မြင်ကြရလေ့ရှိပါတယ်။

ဒါဟာ ရုပ်ဝတ္ထု ကြွယ်ဝမှုကို ကြွားဝါဖို့မဟုတ်ဘဲ
သူတို့ရဲ့လူနေမှုဘဝနောက်ကွယ်ကိုထင်ဟပ်စေတာပါ
Private Yacht ဆိုတာ "ရေပေါ် Villa" ဆိုလည်း
မမှားပါဘူးCelebrity တစ်ယောက်အတွက်က
လူအများရှိတဲ့ ကမ်းခြေ သို့မဟုတ် ငါးကြယ်ပွင့် ဟိုတယ်တစ်ခုမှာအေးအေးဆေးဆေးအနားယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက်ပါပဲ။ Fan တွေ ဝိုင်းအုံလာတာ၊ သက်တော်စောင့်တွေ စုံပုံထပ်မကွာ ထားရတာတွေကြောင့် လွတ်လပ်မှု ပျောက်ဆုံးသွားတတ်ပါတယ်။
ဒါပေမဲ့ Yacht တစ်စီးပေါ် ရောက်သွားပြီဆိုရင်တော့ ပင်လယ်ပြင်ဟာ အကောင်းဆုံး သီးသန့်ကင်းလွတ်ဇုံ ဖြစ်သွားပါတယ်။ ဒါ့အပြင် Yacht ပေါ်မှာ
တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်း (Crew) တိုင်းဟာလည်း သတင်းနဲ့ ဓာတ်ပုံတွေကို အပြင်မပေါက်ကြားစေဖို့ တရားဝင် လျှို့ဝှက်ထိန်းသိမ်းရေးစာချုပ် (NDA) တွေ ချုပ်ဆိုထားကြရတာကြောင့် Luxury ဟိုတယ်တွေထက် Privacy ကို ပိုမို စိတ်ချရစေပါတယ်။

High Profile တွေအတွက် Stalker Fan တွေနဲ့ Paparazzi တွေရဲ့ ရန်က အမြဲတမ်း ခြိမ်းခြောက်မှု
တစ်ခု ဖြစ်နေပါတယ်။ Yacht ပေါ်မှာဆိုရင် Security Team အနေနဲ့ ဝင်ထွက်ပေါက်ကို လွယ်ကူစွာ ထိန်းချုပ်နိုင်သလို၊ လိုအပ်ပါက အခြား သီးသန့်ဆန်တဲ့ ကမ်းခြေ သို့မဟုတ် ပင်လယ်ကွေ့ (Cove/Bay) တွေဆီ ရွှေ့ပြောင်းသွားလာနိုင်ပါတယ်။Yacht ပေါ်မှာ
ဘယ်လောက်ပဲ Privacy ယူထားပါစေ၊ Paparazzi တွေဟာ အဝေးရိုက် မှန်ဘီလူး (Long Lens) တွေ၊
ဒရုန်းတွေ သို့မဟုတ် သင်္ဘောငယ်လေးတွေနဲ့
ခိုးရိုက်ဖို့ ကြိုးစားကြဆဲပါ။ဒါကြောင့် ရယူနိုင်ခဲ့တဲ့
သတင်းဓာတ်ပုံတော်တော်များများကလည်း
အဝေးကြီးကနေလှမ်းပြီးရိုက်ယူထားတာမို့လို့
ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံမျိုးဆိုတာရှားပါတယ်။

၂၀၁၉ တုန်းက Timothée Chalamet နဲ့
Lily-Rose Depp တို့ အီတလီ Capri ကျွန်းအနီး
Yacht ပေါ်မှာ ရိုက်ကူးခြင်းခံခဲ့ရတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး "ရုပ်ရှင်ကြော်ငြာဖို့ ဖန်တီးထားတဲ့ PR Stunt" လို့ အဝေဖန်ခံခဲ့ရပါတယ်။
PR Stunt (Public Relations Stunt) ဆိုတာ
"လူအာရုံစိုက်ခံချင်လို့ အကွက်ချပြီး လုပ်တာ" သို့မဟုတ် "သတင်းဖြစ်အောင် / ဟော့ဖြစ်အောင် အကွက်ရိုက်တာ" လို့ အဓိပ္ပာယ်ရပါတယ်။
ဒါပေမဲ့ Timothée က ၂၀၂၀ GQ အင်တာဗျူးမှာ
"ငါ တကယ်ချစ်ရတဲ့သူနဲ့ အတူတူ ကောင်းမွန်တဲ့
အချိန်တွေကို ဖြတ်သန်းခဲ့တာပါ။ ညဘက်မှာ
ဒီနေ့ဟာ ငါ့ဘဝရဲ့ အကောင်းဆုံးနေ့တွေထဲက
တစ်နေ့ပါပဲလို့ တွေးပြီး အိပ်ပျော်သွားခဲ့တာ
နောက်တစ်နေ့ မနက်ကျမှ ဒီပုံတွေ ထွက်လာပြီး
PR Stunt လို့ ပြောကြတဲ့အခါ အတော်လေး
ရှက်ခဲ့ရတယ်" လို့ ပြန်လည်ရှင်းပြခဲ့ပါတယ်။

ဒါဟာ Celebrity တွေအနေနဲ့ PR လုပ်ဖို့ မဟုတ်ဘဲ သီးသန့် အနားယူချင်လို့သာ Yacht ကို ရွေးချယ်တာဖြစ်ကြောင်း သက်သေပြနေတာဖြစ်ပါတယ်။
အဓိက အကြောင်းရင်းက Privacy နဲ့ Security ဖြစ်သော်လည်း Yacht နဲ့ အပန်းဖြေတာဟာ Hollywood အသိုင်းအဝိုင်းမှာ အမြှေးတွဲပါလာတဲ့ Lifestyle
တစ်ခုလည်း ဖြစ်ပါတယ်။ Yacht ဆိုတာ အောင်မြင်မှုနဲ့ လွတ်လပ်မှုကို ဖော်ပြတဲ့ သင်္ကေတတစ်ခုအဖြစ်
ကမ္ဘာ့ Celebrity ယဉ်ကျေးမှုမှာ အမြစ်တွယ်သလို
ဖြစ်နေတော့တာဆိုတော့ သူတို့ကိုသာမန်လူတွေလို
အလုပ်ချိန်ပြင်ပမှာအများဆုံးတွေ့ရတာကတော့
သီးသန့်ဇိမ်ခံသင်္ဘော ၊ရွက်လှေတွေပေါ်မှာပါပဲ

အနှစ်ချုပ်ရရင်တော့—
Celebrity တွေ Yacht ပေါ်မှာ အချိန်ဖြုန်းတာဟာ Luxury Lifestyle ကို ကြွားချင်တာထက်၊ သူတို့ရဲ့ ဘဝမှာ အရှားပါးဆုံးဖြစ်နေတဲ့ "Privacy နဲ့ Security (သီးသန့် လွတ်လပ်ခွင့်)"*ကို ပင်လယ်ပြင်အလယ်မှာ ဝယ်ယူလိုက်တာဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

Saga နဲ့ အတူတူ ဗီယက်နမ် ၇ ရက် ခရီးသွားခဲ့ကြတဲ့ အန်တီလှလှတို့အဖွဲ့ 😍🇻🇳ဗီယက်နမ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းကို Saga နဲ့အတူတ...
02/08/2026

Saga နဲ့ အတူတူ ဗီယက်နမ် ၇ ရက် ခရီးသွားခဲ့ကြတဲ့ အန်တီလှလှတို့အဖွဲ့ 😍🇻🇳

ဗီယက်နမ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းကို Saga နဲ့အတူတူ ၇ ရက်တာ ခရီးဆန့်ခဲ့ကြတာပါ။

Saga ကို ယုံကြည်ပြီး ခရီးသွားဖော်အဖြစ် ရွေးချယ်ပေးခဲ့ကြလို့ ကျေးဇူးအထူးတင်ရကြောင်း Saga team က ပြောလိုက်ပါရစေရှင်။

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

ထူးခြားခမ်းနားတဲ့ အပြင်အဆင်နဲ့ Hanoi Uniqlo -  Hoan Kiem branch 📍🇻🇳Uniqlo က သူ့ရဲ့ concept အတိုင်း ကြာရှည်ခံပြီး နေ့စဉ်ဘ...
29/07/2026

ထူးခြားခမ်းနားတဲ့ အပြင်အဆင်နဲ့ Hanoi Uniqlo - Hoan Kiem branch 📍🇻🇳

Uniqlo က သူ့ရဲ့ concept အတိုင်း ကြာရှည်ခံပြီး နေ့စဉ်ဘဝမှာ အမြဲလိုလို ဝတ်ဖြစ်နေတဲ့ အထည်တွေဖြစ်လို့ လူကြိုက်များကြပါတယ်။ ဒီလို brand တစ်ခုက ဗီယက်နမ် ဟနွိုင်းမြို့မှာတော့ တခြား နိုင်ငံက Uniqlo store တွေထမှာထက် ထူးခြားတဲ့ အပြင်အဆင်နဲ့ ရပ်တည်နေတယ်ဆိုတာရော သိပြီးပြီလား?

၂၀၂၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ထားတဲ့ Uniqlo Hoan Kiem branch ကတော့ ဟနွိုင်းမြို့လယ်မှာ ရှိတာပါ။ အဆောက်အအုံကြီးက ဖြူလွှခမ်းနားတဲ့အပြင် သူ့ရဲ့ တည်နေရာက ကြက်လျှာစွန်းထောင့်မှာဆိုတော့ ညဘက်ဆို မီးထိန်ထိန်နဲ့ ကြည့်လို့ လှနေရော။

အထူးခြားဆုံးကတော့ သူ့ရဲ့ အဆောက်အအုံပုံစံပါ။ 📝

ခေတ်မီတဲ့ အဝတ်အထည်တွေကို ရောင်းပေမဲ့ အဆောက်အအုံကလည်း ရှေးဟောင်း ဥရောပ အဆောက်အအုံပုံစံ၊ နေရာကလည်း ဟနွိုင်းမြို့ဟောင်းက Hoan Kiem lake နားမှာ ဖွင့်ထားတာ။ ဆိုတော့ ဒီလို မတူညီတဲ့ သီးခြား ကမ္ဘာနှစ်ခုကို ပေါင်းစည်းပေးထားတဲ့ ခံစားမှုမျိုးကြောင့်ပဲ Uniqlo Hoan Kiem branch ဟာ ခရီးသွားတွေအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်လာပါတယ်။

အထပ် ၃ ထပ် ရှိပြီးတော့ အထပ်တိုင်းမှာ display ကို Uniqlo ထုံးစံအတိုင်း ရှင်းရှင်းလင်းလင်း ပြထားပါတယ်။ ဗီယက်နမ် ဒီဇိုင်နာတွေ၊ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ ဒီဇိုင်းတွေကိုလည်း ရောင်းချတာဆိုတော့ Vietnam မှာပဲ သီးသန့်ဝယ်ဝတ်လို့ရတဲ့ ဖီလင်မျိုး ပေးဦးမှာပါ။

Saga ရဲ့ ခရီးသွားတွေလည်း Hanoi ရောက်ရင် ဒီအဆောက်အအုံကြီးကို ဝင်ပြီး ဓာတ်ပုံရိုက်ခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ Uniqlo ဝယ်မဲ့အတူတူတော့ ဓာတ်ပုံလှလှရတော့ ပိုမကောင်းဘူးလားနော်။ 🤫

📍 Address: Tháp B/191 P. Bà Triệu, Lê Đại Hành, Hai Bà Trưng, Hà Nội, Vietnam

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Saga ရဲ့ “Have you ever…?” program လေးမှာ Vietnam နဲ့ ထိုင်းနိုင်ငံက စိတ်ဝင်စားစရာလေးတွေကို ဖော်ပြပေးသွားမှာမို့ ကြည့်ချင်ရင် follow လုပ်ပေးခဲ့ဦးနော်!

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

Day trip လေးတွေ သွားဖို့ဆို Saga ကို "ဟလို" လိုက်ဦးရှင့်
26/07/2026

Day trip လေးတွေ သွားဖို့ဆို Saga ကို "ဟလို" လိုက်ဦးရှင့်

🛎️ ဟိတ်…. Vietnam နေ့ချင်းပြန် Day-trip တွေ Saga မှာ ရနေပြီနော်။ ❕

Saga ရဲ့ ခရီးသွားတွေ ပိတ်ရက်တိုလေးမှာ ဟိုဟိုဒီဒီ Day-trip လေးသွားမယ်ဆိုရင် နေရာစုံစုံ ဈေးတန်တန်နဲ့ ရောက်စေဖို့ Day-trip လေးတွေကိုလည်း ဖန်တီးပေးလိုက်ပါပြီ။ 🤭

ပိတ်ရက်လေး အနားယူဖို့ ခရီးတိုလေးတွေ သွားမယ်ဆိုရင် ကားလက်မှတ်၊ နေ့လယ်စာစားဖို့၊ နေ့ချင်းပြန်ခရီးထဲ ကွက်တိဝင်ဖို့ အချိန်ကိုက်ဆွဲရတဲ့ itinerary တွေကတော့ စိတ်ရှုပ်စရာပေါ့။ 😮‍💨

ဒါတွေ ဘာမှမစီစဉ်ချင်ဘူး။ အဲကွန်းအေးအေး ကားလေးပေါ်တက်ပြီးပဲ သက်တောင့်သက်သာ လိုက်သွားချင်တယ်ဆိုရင်တော့ Saga Day-trip plan လေးတွေကို join ဖို့ ဆွယ်ပါရစေရှင်။ ☺️🎫

Saga ရဲ့ နေ့ချင်းခရီးလေးတွေက
✅ အကြို၊ အပို့ကနေစလို့ ခရီးစဉ်တစ်လျှောက် အဆင့်မြင့် ခရီးသွားကားနဲ့ အေးအေးဆေးဆေး သွားရုံပဲ။
✅ location လေး ရွေးလိုက်ရုံနဲ့ area ထဲက tourist attraction နေရာတွေ အစုံပါစေရမယ်။
✅ တစ်ရက်ခရီးမှာ အချိန် အလေအလွင့်မဖြစ်စေဖို့ သပ်ရပ်တဲ့ ခရီးစဉ်တစ်ခု အဆစ်ပါဦးမယ်။
✅ နေ့လယ်စာအတွက် စားကောင်း၊ ဈေးတန်တဲ့ local ဆိုင်တွေလည်း ရှာထားပေးဦးမှာ။
✅ တစ်ရက်ခရီးတိုလေးတွေဆိုတော့ ကုန်ကျစရိတ်ကလည်း သက်သာပြီးသား။

ဒီတော့ အပန်းဖြေမဲ့ ရက်တိုပိတ်ရက်လေးတွေမှာ ခရီးထသွားလိုက်ကာမှ ကားခ၊ ရထားခလို transportation ခ နဲ့တင် အများကြီး ကုန်မှာ စိုးနေရင်တော့ Saga ကို hello လုပ်ပြီးတော့ သွားလည်ချင်တဲ့ နေရာလေးပဲ လာပြောလိုက်တော့နော်။ 😍📞

ရရှိတဲ့ ခရီးစဉ်လေးတွေကို ဒီ link လေးကနေလည်း ကြည့်လို့ရသလို Saga ကိုလည်း တိုက်ရိုက်မေးမြန်းနိုင်ပါတယ်ရှင်။
https://www.facebook.com/share/v/1ZNVgTySoN/

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
====================================

Vietnam ကို ခရီးသွားချင်တဲ့ Saga ရဲ့ ခရီးသွားမိတ်ဆွေတွေအတွက် Saga ဆီမှာ Ready-made/ customized tour packages လေးတွေကို ရက်တို၊ ရက်ရှည် ၂ မျိုးစလုံး ရနေပြီမို့
စိတ်ဝင်စားလို့ ဆက်သွယ်ချင်တာပဲဖြစ်ဖြစ်၊ နောက်ထပ်သိရှိလိုတဲ့ ဘယ်လိုအကြောင်းအရာမျိုးအတွက်ပဲဖြစ်ဖြစ် စိတ်ရှည်ရှည်နဲ့ ဖြေပေးမဲ့ admin team ဆီကို

Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

Vietnam မှာ ကားလမ်းကူးခြင်း အနုပညာ 🏍️🚗Vietnam မှာ ကားလမ်းကူးရတာဟာ စွန့်စားခန်းပဲမို့ “The art of crossing roads in Vietn...
22/07/2026

Vietnam မှာ ကားလမ်းကူးခြင်း အနုပညာ 🏍️🚗

Vietnam မှာ ကားလမ်းကူးရတာဟာ စွန့်စားခန်းပဲမို့ “The art of crossing roads in Vietnam” ဆိုပြီးလည်း TikTok မှာ content တွေ လုပ်ကြတဲ့အထိပါပဲ။

ဗီယက်နမ်မှာ လူကူးမျဉ်းကျားက လမ်းကူးသည့်တိုင် ဆိုင်ကယ်တွေက များသောအားဖြင့် မရပ်ပေးပါဘူး။ ကိုယ်ကလည်း လမ်းလည်ခေါင်မှာ ရပ်မနေဘဲ အလိုက်သင့် လမ်းဆက်လျှောက်သွားဖို့ လိုပါတယ်။ အဲလိုမဟုတ်ဘဲ လန့်ပြီး လမ်းလည်မှာ မတ်တပ်ရပ်နေတာက ပိုပြီး အန္တရာယ်များစေပါတယ်တဲ့။

ရယ်စရာလည်း ကောင်းသလို အထူးအဆန်းပဲနော်။ 🤨

Saga ရဲ့ ခရီးသွားတွေရော ဗီယက်နမ်မှာ ကားလမ်းကူးတုန်းက ဘာတွေ ကြုံတွေ့ခဲ့ကြလဲရှင့်။

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

ที่อยู่

Phechaburi
Bangkok
10400

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Saga Travel Guide โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Saga Travel Guide:

ทางลัด

แชร์