Thailand Experience By K04C

โทร เส้นทาง ติดต่อ ธุรกิจของเรา

Thailand Experience By K04C Thailand Experience Free Sharing…. ထိုင်းရောက် မြန်မာ များအတွက် ကျနော် တွေ့ကြုံခဲ့ရသော ကောင်း၏ ဆိုး၏
များကို ပြန်လည် ဝေမျှခြင်းသာ
ဖြစ်ပါသည်….🙏

🎓🍎 Apple Education Store Thailand မှာ Student Discount ရှိတယ်ဆိုတာ သိကြလား?💰 Education Price နဲ့ Normal Price ကွာခြားမှု...
11/08/2026

🎓🍎 Apple Education Store Thailand မှာ Student Discount ရှိတယ်ဆိုတာ သိကြလား?

💰 Education Price နဲ့ Normal Price ကွာခြားမှုအပြင် Apple Store Gift Card နဲ့ VAT ပါ claim လိုက်ရင် ကိုယ်က ဘယ်လောက် သက်သာသွားမလဲ?

ဒီနေ့ ကိုယ်တိုင် Apple Thailand Education Store ကနေ iPad Pro ဝယ်ဖြစ်လို့ စိတ်ဝင်စားတဲ့သူတွေအတွက် အချက်အလက်လေးတွေ မျှဝေပေးချင်ပါတယ်။ 📱🎓

Apple က Thailand မှာ University Students / Faculty / Staff / Teachers စတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေအတွက် Education Price သီးသန့်ပေးထားပါတယ်။

🎁 အခု 2026 Education Promotion မှာ
16 July 2026 – 27 August 2026 အတွင်း eligible product ဝယ်ရင် Normal Price ထက်
Education Price က စျေးသက်သာပြီး + လက်ရှိ promotion Gift Card ဆိုတဲ့ အကျိုးခံစားခွင့် နှစ်ခုလုံးရှိတာပါ။ 🎓🍎
(Gift Card က cash discount မဟုတ်ဘဲ Apple Store မှာ အသုံးပြုနိုင်တဲ့ Gift Card promotion ဖြစ်ပါတယ်။)
(VAT ပါ claim form တောင်းလို့ရလို့ ပိုသက်သာ)

📱 iPad Pro
Normal — ฿42,900 မှ
Education — ฿39,300 မှ
➡️ ฿3,600 သက်သာ
iPad Pro → ฿3,400 Apple Store Gift Card
฿7000+VAT% သက်သာ

📱 iPad Air
Normal — ฿27,900 မှ
Education — ฿26,000 မှ
➡️ ฿1,900 သက်သာ
iPad Air → ฿3,400 Apple Store Gift Card
฿5300+VAT% သက်သာ

💻 MacBook Air
Normal — ฿44,900 မှ
Education — ฿41,390 မှ
➡️ ฿3,510 သက်သာ
MacBook Air → ฿3,400 Apple Store Gift Card
฿6910+VAT% သက်သာ

💻 MacBook Pro
Normal — ฿69,900 မှ
Education — ฿66,390 မှ
➡️ ฿3,510 သက်သာ
MacBook Pro → ฿5,100 Apple Store Gift Card
฿8610+VAT% သက်သာ

ဒီ Education Price တွေက Apple Thailand ရဲ့ လက်ရှိ official starting prices တွေကို နှိုင်းယှဉ်ထားတာပါ။ Model, RAM, Storage, Wi-Fi/Cellular စတာတွေပေါ်မူတည်ပြီး တကယ့်စျေးကွာခြားချက်က ပြောင်းနိုင်ပါတယ်။

🎓 ဘယ်သူတွေ ဝယ်လို့ရလဲ?
Apple ရဲ့ လက်ရှိ terms အရ Higher Education မှာ Undergraduate သို့မဟုတ် အထက်တန်းအဆင့်မှာ လက်ရှိတက်ရောက်နေတဲ့ students, University faculty/staff တွေ ပါဝင်ပြီး parents of eligible higher-education students လည်း သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ဝယ်ပေးနိုင်ပါတယ်။ Promotion အတွက် eligibility verification ကို UNiDAYS နဲ့ ပြုလုပ်ရပါတယ်။ ကျောင်းက ကိုယ့်ကို ဖွင့်ပေးထားတဲ့ ကျောင်းသား email ရှိရင် ရပါပြီ။

ဒါကြောင့် University Student ID ရှိတဲ့သူတွေ Apple ပစ္စည်းဝယ်ဖို့ရှိရင် Education Store ကို တစ်ချက်စစ်ကြည့်သင့်ပါတယ်။ 👍

ကျွန်တော်ကတော့ ဒီနေ့ iPad Pro ဝယ်ပြီး Normal Price ထက် ฿3600 သက်သာ + ฿3,400 Apple Store Gift Card Promotion ရတဲ့အပြင် VAT claim ฿2500 ဆိုတော့ ฿10000 နီးပါးသက်သာခဲ့ပါတယ်။ 😎📱🎁

🎓 Study smart. Buy smart. 🍎
Official Apple Thailand Education Store 👇

https://www.apple.com/th-edu/store

မသိနားမလည်တာ ရှိလျှင် အချိန်မရွေး ဆက်သွယ်
မေးမြန်း နိုင်ပါတယ်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ….
🙏🙏🙏

13/07/2026

* Rong B**r Na Lat Phrao (โรงเบียร์นาลาดพร้าว) လို့ခေါ်တဲ့ pub/beer hall
* Chatuchak District, Lat Phrao Soi 1, Bangkok
* မီးက ည ၁၁:၅၇ နာရီလောက်မှာ စတင်လောင်ကျွမ်းခဲ့ပါတယ်။
နောက်ဆုံးသိရတဲ့ အခြေအနေ
* သေဆုံးသူ အနည်းဆုံး ၂၇ ဦး
* ဒဏ်ရာရသူ ၆၃ ဦး
* အဲဒီထဲက ၂၂ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ဆေးရုံတက်နေရပါတယ်။
Crd….

ဒီညမှာ Joshua Van က talent တင်မဟုတ်ဘူး… heart, confidence နဲ့ fighter mentality ဆိုတာဘာလဲဆိုတာ ပြသွားတယ်။Tatsuro Taira လ...
10/05/2026

ဒီညမှာ Joshua Van က talent တင်မဟုတ်ဘူး… heart, confidence နဲ့ fighter mentality ဆိုတာဘာလဲဆိုတာ ပြသွားတယ်။

Tatsuro Taira လို dangerous grappler ကို pressure မလျှော့ဘဲ stand-up မှာ pace တင်ပြီး fight control လုပ်သွားတာ တကယ် impressive ဖြစ်တယ်။ Round တိုင်းမှာ Joshua Van ရဲ့ hunger နဲ့ self-belief ကိုမြင်ရတယ်။

လူတော်တော်များများ doubt ခဲ့ကြပေမယ့် ဒီနေ့ညမှာတော့ Joshua Van က “I belong here” ဆိုတာ octagon ထဲမှာ သက်သေပြသွားပြီ။

Congratulations Jon! Respect 👏🔥

Joshua Van ကို ကျွန်တော် underrated fighter လို့မြင်တယ်။ လူတော်တော်များများက သူ့ grappling defense ကိုပဲ စိုးရိမ်ကြပေမယ့...
09/05/2026

Joshua Van ကို ကျွန်တော် underrated fighter လို့မြင်တယ်။ လူတော်တော်များများက သူ့ grappling defense ကိုပဲ စိုးရိမ်ကြပေမယ့် striking side ကိုတော့ လျှော့တွက်နေကြတယ်။

တကယ်တော့ Van ရဲ့ biggest weapon က pace နဲ့ confidence ပဲ။ သူက volume များတယ်၊ forward pressure တင်တယ်၊ clean shot တွေလည်း တိတိကျကျထိတတ်တယ်။ အဲဒီ style က defensive hole ရှိတဲ့ fighter တွေအတွက် အရမ်းခက်တယ်။

Tatsuro Taira က technically talented fighter ဖြစ်ပေမယ့် striking defense မှာ vulnerability ရှိနေတယ်လို့ ကျွန်တော်မြင်တယ်။ Hit များတဲ့ habit က Joshua Van လို striker နဲ့တွေ့ရင် risk ကြီးတယ်။

ဒီပွဲမှာ key factor က early takedown defense ဖြစ်မယ်။ Van က ပထမ rounds တွေကို survive လုပ်ပြီး striking rhythm ရသွားရင် fight momentum က သူ့ဘက်ပြောင်းသွားနိုင်တယ်။

အခု momentum, confidence, hunger —
ဒီသုံးခုကိုကြည့်ရင် Joshua Van ဘက်ကို ယုံကြည်မိတယ်။

ထိုင်းနိုင်ငံမှာ ဘဏ်ဖွင့်ရန် ခက်ခဲနေသူများ True Money Account ရှိရုံနဲ့ ဘဏ်ဝန်ဆောင်မှုများနီးပါး ရနိုင်တဲ့အပြင် မြန်မာနိ...
12/10/2025

ထိုင်းနိုင်ငံမှာ ဘဏ်ဖွင့်ရန် ခက်ခဲနေသူများ True Money Account ရှိရုံနဲ့ ဘဏ်ဝန်ဆောင်မှုများနီးပါး ရနိုင်တဲ့အပြင် မြန်မာနိုင်ငံသို့ ငွေသွင်း ငွေထုတ် ငွေလွှဲပါ လုပ်လို့ရပါသည်။

True Money သုံးရာမှာ အားသာချက်များ
ဘဏ်အကောင့်မလိုပဲ ငွေလွှဲနိုင်တယ်။
နယ်မြေဝေးပြီး ဘဏ်မရှိတဲ့ဒေသတွေမှာပါ TrueMoney Agent ဆိုင်လေးတွေ(Seven Eleven) ရှိတာကြောင့်
ငွေသွင်း ငွေထုတ် ငွေလွှဲ ကိုအဆင်ပြေ လွယ်ကူတယ်။
App (TrueMoney Wallet) နဲ့ Lazada တို့ Shopee တို့မှာ ငွေပေးခြေ လို့ရတယ်။
ဖုန်းငွေဖြည့်၊ မီတာဆောင် / Internet / Game Card / Data Package စတာတွေကို App ထဲကနေ ပေးခြေနိုင်တယ်။
ဖုန်းငွေဖြည့်တာ၊ ငွေလွှဲတာမှာ Cash back / Bonus ရတတ်တယ်။
အခြား Bank အကောင့်များနဲ့ချိတ်နိုင်ပြီး AYA Pay, KBZPay, WavePay စတဲ့ local wallet များနဲ့ ငွေသွင်း ငွေထုတ် ငွေလွှဲ ပြုလုပ်နိုင်ပါတယ်။
OTP code, Face verification, PIN code စနစ်နဲ့ အသုံးပြုသူ၏ငွေကိုကာကွယ်ထားတယ်။
Call Center / page / Chat Support ရှိတယ်။

ထိုင်းဖုန်းနံပါတ်ဖြည့်ပါ OTP no. ဖြည့်ပါ။ (ပုံ၁)
Foreigner ကိုရွေးပြီး passport နဲ့ face scan ပါ။ (ပုံ၂)
လိပ်စာထည့်ပါ။ (ပုံ၃)
မြန်မာသို့ငွေလွဲနိုင်ရန် account upgrade လုပ်ရန်လိုပါသည်။ (ပုံ၄)
ပန်းရောင်ကဒ်၊ ထိုင်းယဉ်မောင်းလိုင်စင်၊ passport visa page ပုံပို့ပါ, အလုပ်လိပ်စာ ဆိုပြီး လိပ်စာ ထပ်ဖြည့်ရတယ် မဖြည့်လျင် reject ဖြစ်ပါတယ်။ (ပုံ၅)
အချိန် ၁ရက်၂ရက်ကြာတတ်ပြီး ကိုယ့်ဖုန်းကို အခြေနေ msg ပို့ပါတယ်။ (ပုံ၆)

Official website မှ အကောင့်ဖွင့်နည်း
https://truemoneytransfer.truemoney.com/my/how-to/register/

မသိနားမလည်တာ ရှိလျှင် အချိန်မရွေး ဆက်သွယ်
မေးမြန်း နိုင်ပါတယ်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ….
🙏🙏🙏






ထိုင်းနိုင်ငံမှာ ဧည့်စာရင်းTM.30 ရက်၉၀report သံရုံးထောက်ခံစာ အမျိုးမျိုးတို့ကို ကိုယ်တိုင် Free လုပ်ကြမယ်….🙏 ဒီpost မှာတ...
10/10/2025

ထိုင်းနိုင်ငံမှာ ဧည့်စာရင်းTM.30 ရက်၉၀report သံရုံးထောက်ခံစာ အမျိုးမျိုးတို့ကို ကိုယ်တိုင် Free လုပ်ကြမယ်….🙏

ဒီpost မှာတော့ TDAC = Thailand Digital Arrival Card ဖြည့်နည်းလေးကို ဖော်ပြပေးသွားပါမယ်….

ကိုယ်ပိုင် account ဖွင့်နည်းကိုတော့ အောက်ပါ Link မှာ အရင်လေ့လာပါ ခင်ဗျာ….
https://www.facebook.com/share/p/1AUnLCFSAt/?mibextid=wwXIfr

မေလ 1, 2025 မှစပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်သော နိုင်ငံခြားသားများသည် TDAC ကို လေဆိပ်မရောက်မီ ၃ရက်အလို အွန်လိုင်းမှဖြည့်ပြီး QR ကုဒ် ရယူထားရန် လိုအပ်ပါသည်….
TDAC = Thailand Digital Arrival Card, Arrival Card (TM6) ကို အွန်လိုင်းဖြင့် အစားထိုးထားသည့် စနစ်။
လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း ဖြင့်ဝင်ရောက်သော ခရီးသည်အားလုံး အတွက်ဖြစ်ပါသည်….

Website သို့ဝင်ပါ။ (ပုံ၁)
https://www.immigration.go.th/
“Arrival Card” ကိုရွေးချယ်ပါ။ (ပုံ၂)
ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရပါမယ်။ (ပုံ၃)
ခရီးသွား နှင့် တည်းခိုရာလိပ်စာ အချက်အလက်ဖြည့်ပါ။ (ပုံ၄)
“Preview” မလုပ်မီ အချက်အလက်အားလုံး လုံးဝမှန်ကြောင်း စစ်ပါ ပြီးရင် “Submit” ကို နှိပ်ပါ။ (ပုံ၅)
ထိုအခါ QR ကုဒ်တစ်ခု ထုတ်ပေးပါမယ်။
QR ကုဒ် (digital arrival card) ကို screenshot လုပ်ထားပါ၊ Immigration နောက်ပိုင်းမှာ ပြသဖို့လိုပါသည်။

နောက် postတွေမှာ TM.6,30,47,etc…. Free ပြုလုပ်နည်းတို့ကို ဆက်လက် ဖော်ပြပေးပါ့မယ် ခင်ဗျာ….

မသိနားမလည်တာ ရှိလျှင် အချိန်မရွေး ဆက်သွယ်
မေးမြန်း နိုင်ပါတယ်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ….
🙏🙏🙏





ที่อยู่

Phra Nakhon

เบอร์โทรศัพท์

09 5027601

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Thailand Experience By K04C โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Thailand Experience By K04C:

ทางลัด

แชร์