21/09/2026
🌅 ညနေခင်း တံတာနီရဲ့ နေဝင်ဆည်းဆာအလှကို Samut Sakhon ဘက်မှာ သွားကြည့်ကြမယ် 🌉❤️
🌊 ပင်လယ်ကမ်းစပ်မှာ နေဝင်ချိန်ကို ကြည့်ရင်း လင်းပိုင်တွေကိုပါ ရှာဖွေလို့ရတဲ့နေရာ Bangkok နဲ့ဆို သိပ်မဝေးဘဲ ပင်လယ်ပြင်ရဲ့ လေကောင်းလေသန့်ကိုရှူရင်း အေးအေးဆေးဆေး အပန်းဖြေချင်သူတွေအတွက် Samut Sakhon ရဲ့ The Red Bridge (สะพานแดง) ကို သွားကြည့်သင့်ပါတယ်။ 🌅✨
🌊 ပင်လယ်ပြင်ကျယ်ကြီးကို ခံစားနိုင်သလို
🌉 အနီရောင်တံတားလေးပေါ် လမ်းလျှောက်ရင်း
🌅 နေဝင်ချိန်ရောက်ရင် ရွှေရောင်အလင်းတွေ ပင်လယ်ပြင်ပေါ်ကျလာတဲ့ရှုခင်း က တကယ်လှပပြီး ပန်းချီချပ်တကားလို အသက်ဝင်စေပါတယ်။
🕊️ ပင်လယ်ငှက်တွေ ပျံသန်းနေတဲ့မြင်ကွင်းနဲ့ ရေလယ်က ငါးဖမ်းလှေတွေကလည်း ဒီနေရာရဲ့ သဘာဝအလှကို ပိုပြီးပြည့်စုံစေပါတယ်။
🐬 Dolphin Watching Area ဖြစ်တဲ့အတွက် ရာသီနဲ့ အချိန်အခြေအနေကိုက်ညီရင် ပင်လယ်ထဲမှာ လင်းပိုင်တွေကို တွေ့နိုင်ဖို့ မျှော်လင့်လို့ရပါတယ်။
📸 ဓာတ်ပုံရိုက်ချင်သူတွေအတွက်လည်း နေဝင်ချိန်က အရမ်းလှတဲ့အချိန်ဖြစ်လို့ Couple Photo, Solo Photo, Travel Photo အားလုံးအတွက် မိုက်တဲ့ Background ရနိုင်ပါတယ်။ ❤️
တစ်ခါတလေ ခရီးဆိုတာ ဝေးဝေးသွားမှ အပန်းဖြေရတာမဟုတ်ပါဘူး။ ပင်လယ်လေကို ခဏရှူ၊ နေဝင်ချိန်ကို ခဏကြည့်ပြီး စိတ်ကို အေးချမ်းအောင်ထားနိုင်တာလည်း ခရီးတစ်ခုပဲနော်။ 🌅💙
📍https://maps.app.goo.gl/BV2dBW2KXDuf2oG7A?g_st=ic
🚗 ထိုင်းနိုင်ငံအတွင်း ခရီးသွားဖို့ ကားလိုရင်လည်း Sedan • SUV • Van ကားအမျိုးအစားများစွာကို Travel Guide For You မှာ ငှါးရမ်းယူလို့ရပါတယ် ခင်ဗျာ။
📞 064 778 7273 | 099 560 5070
#สะพานแดง #เที่ยวสมุทรสาคร #เที่ยวใกล้กรุงเทพ