Pel Pel Vlog Thailand 🇹🇭 Travel&Foood Sharing

24/04/2022

ဒီနေ့ရောက်ခဲ့တဲ့ ထိုင်းန်ုင်ငံ ပထုံဌာနီမြို့လေးထဲက
Wat Don Yai ဘုန်းကြီးကျောင်းလေးပါ 🙏🙏🙏



ချွန်ဘူရီမြို့ပေါ်က တိုကျိုရွာလေး!! 🤩🇹🇭🇯🇵~~~~~~ Caption ကြောင့် မူးသွားပြီထင်ရယ်😁  ဟုတ်ပါတယ် 🍁 ထိုင်းနိုင်ငံ Chonburi မြ...
16/10/2021

ချွန်ဘူရီမြို့ပေါ်က တိုကျိုရွာလေး!! 🤩🇹🇭🇯🇵
~~~~~~
Caption ကြောင့် မူးသွားပြီထင်ရယ်😁 ဟုတ်ပါတယ်
🍁 ထိုင်းနိုင်ငံ Chonburi မြို့လေးထဲမှာ ဂျပန်စတိုင်လေး အပြင်အဆင်တွေ ဒီဇိုင်းတွေနဲ့ မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ဆိုင်လေးတစ်ဆိုင်ပါ 🏮🏮🏮
🍁. နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်တ​ွင်းခရီးသည်တွေ ခုရက်ပိုင်းဓာတ်ကျနေတဲ့ နေရာလေးဆိုလည်း မမှားပါဘူး 💯
🍁 ဆိုင်လေးက ကြည့်လိုက်တာနဲ့ ဂျပန်အငွေ့အသက်လေးတွေရနေလို့ တိုကျိုရွာလေးလို့ တင်စားလိုက်တာပါ 🇯🇵🚥
🍁 ကိုယ်တွေကတော့ ပုံလှလှလေးတွေရိုက်ချင်တာရယ် ဇာတ်လမ်းတွေထဲမှာ စားစားနေတဲ့ ငါးပေါင်မုန့်ဆိုတာလေးကို စားချင်လို့ရယ် အပြေးတပိုင်းလေး သွားပစ်လိုက်တယ် 😁🤣
သူငယ်ချင်းတွေ သွားမယ်ဆိုရင်တော့.....
Location _ Nomisuke Ramen (のみすけ) - โนะมิสุเกะ ราเมง
084 561 6770
https://maps.app.goo.gl/5cV3RQbR4eunhWnF8
ပုံလေးတွေကို ကြည့်ပြီး BKK အလည်လာရင် သွားလို့ ရအောင် Likr&share လေးတွေ လုပ်ပေးဦးနော် 😘
နောက်ထပ်လည်း ဒီထက်လှတဲ့နေရာတွေ အသစ်အဆန်းလေးတွေ တွေ့ရင် ထပ်တင်ပေးသွားမယ်နော် 😍😘

22/05/2021

"pattaya to bangsane" 🇹🇭💦🌴🌴

ထိုင်းနိုင်ငံ ကိုဗစ်ဒုတိယလှိုင်း ပေ​ျာက်ခါစ
မြန်မာနိုင်ငံ အာဏာမသိမ်းခင် သွားခဲ့တဲ့
အလည်အပတ်ခရီးစဥ်လေးတစ်ခုပါ ☺

မနေ့က နေမကောင်းလို့အလုပ်ကခွင့်ယူထားပြီး Edit လုပ်ထားတာလေးပေါ​့
Vd ေလးကြည့်ပြီး Trip Mood လေးတွေယူထားကြမယ် 😘
ငြိမ်းချမ်းသွားတဲ့ တစ်နေ့အပီဝုန်းကြမယ် 😊


ကျေးဇူးပြု၍ channel link လေးကို subscriber လေးလုပ်ပေးနော် 😘😍
https://www.youtube.com/channel/UCtDfdBDmJxCl4SpiiCrqlpA





🎀 World of Happiness 🎀 ဘန်ကောက်မြို့ Central World Shopping Mall ​ရှေ့က ခရစ္စမတ်သစ်ပစ်ကြီးဆီသွားပြီး ဓာတ်လှလှလေးတွေဖမ်းပ...
19/12/2020

🎀 World of Happiness 🎀

ဘန်ကောက်မြို့ Central World Shopping Mall ​ရှေ့က ခရစ္စမတ်သစ်ပစ်ကြီးဆီသွားပြီး ဓာတ်လှလှလေးတွေဖမ်းပြီးကြပြီလား?

ယူတို့မသွားရသေးဘူးဆိုရင် သွားလို့တိုက်တွန်းပါတယ်နော် ~~
🎅🏻 သူ့ရဲ့ထူးခြားချက်က~~
🎄 အာရှမှာ အမြင့်ဆုံး Christmas Tree
🎄 အမြင့်ပေ 40မီတာရှိပြီး
🎄 မီးသီးပေါင်း သုံးသန်းကျော်နဲ့ အလှဆင်ထားပါတယ်

ဘာဝင်ကြေးမှ ပေးစရာမလိုပုနော် 💯

🚅 BTS (မိုးပျံရထား) Siam မှာဆင်းပြီး (10) မိနစ်လောက် လမ်းလျှောက်သွားရုံပါပဲနော် 🚶🏻🚶🏻‍♀️

ဗိုက်ဆာရင် စားဖို့သောက်ဖို့ Street Food လည်းရှိတယ်ဆိုတော့ ကွက်စတိထိမိပေါ့လေ 🤩
Map_ https://g.co/kgs/kBLCm6

💛💛


26/11/2020

Thai Food တွေထဲမှာ ထင်ပေါ်တဲ့အစားစာလေး!!!

Oyster Omelet (ကြက်ဥခရုမွှေကြော်) ☺

🔷 ထိုင်းရောက်ရင်မဖြစ်မနေစားသွားဖို့ မမေ့နဲ့နော်~~~ ✌🏻


မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်းက  တနသာင်္ရီတိုင်း ထားဝယ်​မြို့ကို ရောက်ဖြစ်ခဲ့ရင် ထားဝယ်ဒေသရဲ့ ရိုးရာအစားစာတွေကို မဖြစ်မ...
19/11/2020

မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်းက တနသာင်္ရီတိုင်း ထားဝယ်​မြို့ကို ရောက်ဖြစ်ခဲ့ရင် ထားဝယ်ဒေသရဲ့ ရိုးရာအစားစာတွေကို မဖြစ်မနေစားသွားဖို့ လက်တို့လိုက်တယ်နော် 😉😋😍

ဒါက ထားဝယ်မြို့ကိုရောက်ခဲ့စဥ်က စားခဲ့ရတဲ့ စားစရာအချို့ကိုမျှဝေပေးထားပါတယ်
နောက်သိတဲ့ ထားဝယ်အစားစာ နဲ့ အကြိုက်ဆုံး အစားစာတွေရှိခဲ့ရင် CM မှာမျှဝေပေးသွားဦးနော်~~~ ❣

🔷မု့တဲပေါင်း
🔷ရှပ်သီကင် (ဂုံး)
🔷မု့ကျေးကြာ
🔷မု့လပ်သုပ်
🔷သန်းဥမု့
🔷မု့ဟင်းခါး
🔷ဆီထမင်း
🔷ငပိဖုတ်ဆီဆမ်းပဲထမင်းနယ်
🔷ကောက်ညှင်းကင်
🔷မု့ခြောက်

❇မု့ ဆိုတာက ထားဝယ်ဒေသအခေါ် မုန့် ကိုပြောတာပါ ❇

#ထားဝယ်ရိုးရာအစားစာ #အစားအသောက်
#ထားဝယ်

17/11/2020

အိပ်မက်ကမ္ဘာတစ်ခုလို့တောင်တင်စားရတဲ့ ICONSIAM Shopping Mall 🤑😴

သူ့ရဲ့ထူးခြားချက်က ဘန်ကောက်ရဲ့ ကျောက်ဖရာမြစ်ကို မေးတင်တည်ဆောက်ထားပြီး Mall ထဲမှာ ပန်းခြံတွေရော ရေပေါ်စျေးတွေပါထည့်သွင်းထားတဲ့အပြင် ကမ္ဘာကျော် Brand ပေါင်း 1000 ကျော်နဲ့ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး Official Apple Store ပါဖွင့်လှစ်ထားပါတယ်

🔶 ညဘက်ဆိုရင် Musical Fountain Show ကြည့်မလား?
🔶 ဗိုက်ဆာရင် ရေပေါ်စျေးထဲမှာ အစားအသောက်တွေစားဦးမလား?
🔶 ညနေဘက် ကျောက်ဖရာမြစ်ကြီးကိုနောက်ခံထားပြီး ဆယ်လ်ဖီဆွဲဦးမလား/ လေညှင်းခံမလား ?
🔶 ဒုတိယထပ်က ​ပန်းခြံမှာ ဓာတ်လှလှလေ​းတက်ဖမ်းလို့လည်းရတယ်နော်

📌လမ်းညွန်
သူက Boat စီးတာရယ် MiniBus စီးတာရယ်နှစ်မျိုးရှိတယ်
🔷 Boat စီးမယ်ဆို~~~~ 🛳🛳
မိုးပျံရထား (BTS Sky Train ) စီး၍ Saphan Taksin ဘူတာမှာဆင်းပြီး exit 2 ကထွက် ​ရှေ့နည်းနည်းဆက်လျှောက်ရင် Sathorn Pier မှာ free Shuttle Boat ေတွကြိုပို့လုပ်ပေးတယ် အဲမှာတန်းစီစောင့်ရပါတယ် Boat က 8AM ကနေ 11:30PM ထိ ဆယ်မိနစ်ခြားတစ်စီးထွက်ပါတယ်

🔷 MiniBus စီးမယ်ဆို~ 🚌🚌
မိုးပျံရထား (BTS Sky Train)စီး၍ Krung Thon Buri ဘူတာမှာဆင်း exit 1 မှထွက် Free Shuttle Bus တွေစီးပြီးလည်း သွားနိုင်ပါတယ် Bus က 8AM ကနေ 11:30 PM ထိ ဆယ်မိနစ်ခြားတစ်စီးထွက်ပါတယ်

📣 page ေလးကို like&Share လေးလုပ်ပေးသွားဦး
နော်
📣BKK ရောက်ဖြစ်ရင်ဝင်ဖို့မမေ့နဲ့နော် 🤩😉
📣 Youtube Channel
https://www.youtube.com/channel/UCtDfdBDmJxCl4SpiiCrqlpA


13/11/2020

Thai Street Food in Rangist

ထိုင်းကိုအလည်လာမယ်ဆိုရင် နာမည်ကြီး Street food တွေိကိုချန်ထားခဲ့လို့မရဘူးမို့လား.. ~~~ 😇😋🍴

ဒီစျေးက အခုပဲပဲနေတဲ့ မြို့ထဲက လူသိများတဲ့ Street Food Market တစ်ခုမို့သူငယ်ချင်းတွေလာလည်ရင် သွားရောက်ဖို့မျှဝေပေးလိုက်ပါတယ်!!!💯💫

📌 Address_ Talad Klong Sam, Rangist, Pathumthani,Thailand



Travel In Ayutthaya ⚜⚜⚜ထိုင်းဘတ် (20) တန်လော်ကယ်ရထားကြီး စီးပြီး ထိုင်းနိုင်ငံရဲ့ ယူနက်စကိုစရင်းဝင် ရှေးဟောင်းမြို့တော်တ...
12/11/2020

Travel In Ayutthaya ⚜⚜⚜

ထိုင်းဘတ် (20) တန်လော်ကယ်ရထားကြီး စီးပြီး ထိုင်းနိုင်ငံရဲ့ ယူနက်စကိုစရင်းဝင် ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ အယုဒ္ဓယကို လည်လည်သွားကြမယ်!!!!

*ခရီးလမ်းကြောင်း* 🚂🚂

Bangkok _ Ayutthaya 🏛🏛

ပိုက်ဆံလည်း အကုန်ကျချွေတာတာရယ် ရထားလမ်းတလျှောက်ရှုခင်းတွေလည်း ကြည့်ချင်တာရယ် အေးအေးဆေးဆေးလည်း သွားချင်တာရယ်မို့ ရထားနဲ့သွားဖြစ်တာပေါ့
ဘန်ကောက်မြို့က Hua Lamphong Railway Station ကနေ အယုဒ္ဓယမြို့ကို တစ်နာရီခြားတစ်စီးထွက်တယ် လက်မှတ်က တစ်ယောက်ကို ထိုင်းဘတ် (20) ပဲ မြန်မာငွေနဲ့ဆို ၁၀၀၀ လောက်ပဲကျတယ် ရိုးရိုးတန်းပေါ့နော်
အချိန်အားဖြင့် နာရီဝက်လောက်ပဲကြာတယ် နေရာလည်းရတယ် ဟဲဟဲ 😁😊

Arrival at Ayutthaya 🚍🚍

အယုဒ္ဓယမြို့ရဲ့ ရထားဘူတာရောက်တာနဲ့ ဆင်းပြီး ဘူတာရှေ့မှာ ပုံလေးတွေရိုက်ကြပေါ့ အဲနားမှာပဲ မြို့အနှံ့လိုက်ပို့်ပေးတဲ့ TukTuk လေးတွေ ရှိတယ် တစ်နာရီကို (300) ဘတ်တဲ့ စျေးဆစ်ပီးစီးလို့ရတယ် သုံးယောက်လေးယောက်လောက်ဆိုသက်သာတယ် ကိုယ်တွေသွားတာ သုံးယောက် ငါးနာရီကို (750) နဲ့ဆစ်လိုက်တယ် 😊😇

* အစားအသောက် *

ကိုယ်တွေကတော့ မနက်အစောကြီး အိပ်ရာထပြီး မနက်စာအိမ်ကအဝစားလာတယ် ပြီးရင် Minimart ကနေ မုန့်တွေတခါတည်းဝယ်လာလိုက်တယ်😁
တကယ်လို့ စားမယ်ဆို စျေးသက်သာပြီး အရသာကောင်းတဲ့ Street Food လေးတွေရှိတယ် 👍🍽🍴

Wat

နာမည်ကြီးပြီး ဓာတ်ဖမ်းလို့ကောင်းတဲ့ ဘုရားတွေဆို ငါးနေရာလောက်ရှိမယ်
တချို့ဘုရားတွေက ဝင်ကြေးနဲ့ တချို့ကလည်း မပေးရဘူး ဝင်ကြေးကလည်း (50) (20) ပဲပေးရတယ် ပြီးတော့ ဆင်စခန်းနဲ့ ရေပေါ်စျေးတွေ ဝင်လည်လို့လည်း ရသေးတယ်နော် ဝင်ကြေးက (200) ဘတ် ရာသီဥတုကတော့ ပုံမှန်ရာသီတောင် အရမ်းပူတာ ဒီနွေရာသီဆိုတော့ ပြောမနေနဲ့တော့ 😰😰 ပုဝါနဲ့ ဦးထုပ်တွေ Lotion တွေဆောင်သွားကြနော် 😊😍

ပုံလှလှလေးရိုက်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်📸📷

*နာမည်ကြီးတဲ့ ဘုရားတချို့ *
Wat Chaiwatthanaram
Wat Lokaya Sutha
Ayutthaya Historical Park
Wat Phra Sri Sanphet
Wat Phra Mahthat



ที่อยู่

Bangkok

เบอร์โทรศัพท์

+66623352984

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pel Pel Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Pel Pel Vlog:

ทางลัด

แชร์