Travelling Memories

Travelling Memories your travel guide
(271)

“ဒါနန်းကမ်းခြေလေးကနေ အစပြုခဲ့တဲ့ ပျော်ရွှင်မှု ၁,၀၀၀ ကျော်... " 🌊၂၀၂၄ နှစ်ကုန် ၊ ၂၀၂၅ ကနေ ၂၀၂၆ အခုအချိန်အထိ ၂ နှစ်ကျော် ...
16/08/2026

“ဒါနန်းကမ်းခြေလေးကနေ အစပြုခဲ့တဲ့ ပျော်ရွှင်မှု ၁,၀၀၀ ကျော်... " 🌊

၂၀၂၄ နှစ်ကုန် ၊ ၂၀၂၅ ကနေ ၂၀၂၆ အခုအချိန်အထိ ၂ နှစ်ကျော် ကာလအတွင်းမှာ Travelling Memories ကို ယုံကြည်ပြီး ဗီယက်နမ် ခရီးစဉ်တွေကို သီးသန့် (FIT) လာရောက်အပ်နှံခဲ့ကြတဲ့ ခရီးသည်ပေါင်း ၁,၀၀၀ ကျော် တောင် ရှိခဲ့ပါပြီ။

ဗီယက်နမ်ခရီးစဉ်တွေ စတင်စီစဉ်ပေးတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ ဧည့်သည်တော်များရဲ့အားပေးမှုတွေနဲ့ အတူ ဗီယက်နမ်နိုင်ငံအသိအမှတ်ပြု လိုင်စင်ရတဲ့ ရုံးခွဲလေးကိုလဲ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါတယ် ။

Travelling Memories ရဲ့ခရီးစဉ်တွေဟာ လူအများကြီးပါတဲ့ အဖွဲ့ကြီးတွေ မဟုတ်ဘဲ မိသားစုလိုက်၊ ချစ်သူစုံတွဲလိုက်၊ မိတ်ဆွေအပေါင်းအသင်းလိုက် သီးသန့်လေးသွားကြတဲ့ ခရီးစဉ် (FIT) တွေဖြစ်လို့ ခရီးသည်တစ်ဦးချင်းစီရဲ့ ဆန္ဒလေးတွေကို အသေးစိတ် ပုံဖော်ပေးခဲ့ရတာပါ ။

အားစိုက်ထုတ်ခဲ့ရတာနဲ့အမျှ ခရီးသည်တွေရဲ့ မျက်နှာပေါ်က ပျော်ရွှင်စရာ အပြုံးတွေကို မြင်ရတဲ့အခါ Travelling Memories မိသားစုတွေအတွက်တော့ ဝါကြွားချင်စရာအကောင်းဆုံး၊ အမောပြေရဆုံး အရာတစ်ခု ဖြစ်ခဲ့ရပါတယ် 🤍

ခရီးစဉ်တိုင်းမှာ အမှတ်တရတစ် ခုစီ ရှိကြတယ်ဆိုရင်...
ခရီးသည် ၁,၀၀၀ ကျော်နဲ့အတူ ဖန်တီးခဲ့တဲ့ ဒီအမှတ်တရတွေဟာ
Travelling Memories ရဲ့ ရင်ထဲမှာ အဖိုးအတန်ဆုံးပါပဲ။ "

အနီးကပ်ဆုံး ဂရုစိုက်မှုတွေနဲ့အတူ ကျွန်မတို့နဲ့ လက်တွဲခဲ့ကြတဲ့ ခရီးသည်တစ်ဦးချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။ 🙏❤️

ရှေ့ဆက်ပြီးတော့လည်း ခရီးစဉ်တိုင်းမှာ အကောင်းဆုံးတွေနဲ့ပဲ ပျော်ရွှင်စရာ Travelling Memories တွေကို အတူတူ ဆက်ပြီး ဖန်တီးသွားကြရအောင်နော်... ✈️🇻🇳🧳

15/08/2026

Vietnam လည်မယ်ဆို Travelling Memories မှာ ခရီးစဉ်လေးတွေ နေ့စဉ် ရှိတယ်နော် ….

🇻🇳 ဗီယက်နမ်မှာ ခရီးသွားရင် သတိထားသင့်တဲ့ Scam ၇ မျိုးဗီယက်နမ်က ခရီးသွားလို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမယ့် Touris...
13/08/2026

🇻🇳 ဗီယက်နမ်မှာ ခရီးသွားရင် သတိထားသင့်တဲ့ Scam ၇ မျိုး
ဗီယက်နမ်က ခရီးသွားလို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမယ့် Tourist တွေကို ပစ်မှတ်ထားတဲ့ Scam / Overcharging လုပ်တာမျိုးတွေတော့ ရှိပါတယ်။

ဒါကြောင့် ပထမဆုံးသွားမယ့်သူတွေ ဒီ ၇ ချက်ကို သိထားဖို့လိုပါတယ်။

၁။ 🚕 Taxi Scam
လမ်းမှာတွေ့တဲ့ Taxi ကို အလွယ်တကူမစီးပါနဲ့။ တချို့ Taxi တွေမှာ မီတာခ ပုံမှန်ထက်မြန်မြန်တက်တာ၊ လမ်းပိုဝေးဝေးသွားပြီး ခရီးစရိတ်ပိုတောင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်ရင် Grab လို App-based transport ကိုသုံးပြီး ကားနံပါတ်နဲ့ Driver information ကို ကိုက်ညီမကိုက်ညီ စစ်ပြီးမှ စီးပါ။

၂။ 💰 ငွေလဲတဲ့နေရာမှာ ငွေတွက်မမှားစေနဲ့
ဗီယက်နမ်ငွေက 0 တွေများလို့ ငွေပမာဏကို ရုတ်တရက်ကြည့်ရင် ရှုပ်နိုင်ပါတယ်။
ငွေလဲပြီးတဲ့အခါ ကောင်တာက မထွက်ခင် ကိုယ်ရတဲ့ငွေကို ကိုယ်တိုင်ပြန်ရေတွက်ပါ။ ငွေလဲနှုန်းကိုလည်း အရင်မေးပြီးမှ လဲတာက ပိုကောင်းပါတယ်။

၃။ 🍜 Restaurant Bill Scam
Menu မှာ ဈေးနှုန်းမရှင်းတာ၊ ကိုယ်မမှာထားတဲ့ Side Dish / Drink တွေ စားပွဲပေါ်တင်ပြီး Bill ထဲထည့်တာမျိုးတွေ ကြုံနိုင်ပါတယ်။
မမှာထားတာတွေ့ရင် မစားခင် ပြန်ဖယ်ခိုင်းပါ။ Bill ရောက်လာတဲ့အခါလည်း တစ်ကြောင်းချင်းစစ်ပါ။

၄။ 🏨 Fake Hotel / Fake Booking
page ဒါမှမဟုတ် Website အတုတွေကနေ Hotel / Tour package တွေကို Discount အများကြီးပေးပြီး Deposit အရင်လွှဲခိုင်းတာမျိုးတွေ ရှိပါတယ်။
ဗီယက်နမ် National Tourism Authority ကိုယ်တိုင်လည်း Fake Website / Fake Fanpage တွေကနေ Booking deposit လိမ်ယူတဲ့ Online Travel Scam တွေ တိုးလာနေကြောင်း သတိပေးထားပါတယ်။

၅။ 🛵 Motorbike Rental Scam
ဆိုင်ကယ်ငှားတဲ့အခါ ဆိုင်ကယ်မှာရှိပြီးသား ခြစ်ရာ၊ ပျက်စီးရာတွေကို ကိုယ်ပျက်စီးထားသလို ပြောပြီး ပိုက်ဆံတောင်းတာမျိုး ကြုံနိုင်ပါတယ်။
ဆိုင်ကယ်ယူတဲ့အချိန်မှာ Video နဲ့ 360° ပတ်လည်ရိုက်ထားပါ။ ရှိပြီးသား Damage တွေကို ဆိုင်ရှင်ကို ပြပြီး အရင်မှတ်တမ်းတင်ထားပါ။

၆။ 🍍 “Free” လို့ပေးတဲ့ အစားအသောက်တွေ
လမ်းဘေးမှာ တစ်ယောက်ယောက်က “Free” ဆိုပြီး အသီး၊ အစားအစာ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုပေးလာရင် တကယ် Free လား၊ ဈေးဘယ်လောက်လဲ အရင်မေးပါ။

၇။ 🚌 Fake Tour / Fake Driver Scam
Online မှာ ဈေးအရမ်းသက်သာတဲ့ Tour Package တွေတွေ့ရင် သတိထားပါ။
Deposit လွှဲပြီးနောက် Page ပျောက်သွားတာ၊ Booking မရှိဘူးလို့ ပြောတာ၊ Package ထဲမှာပါတဲ့ Service တွေကို မပေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
Tour မဝယ်ခင် Company information + Reviews + Official Page + Payment information တွေကို သေချာစစ်ပါ။

ဒါမျိုးတွေလဲခေါင်းမစားချင်ဘူးဆိုရင်တော့ Travelling Memories မှာ Package လေးတွေရှိတာ Travelling Memories ရဲ့ Messenger မှတစ်ဆင့် စုံစမ်းနိုင်သလို ရန်ကုန်ရုံးသို့လည်း လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်ပါတယ်ရှင့် 🥰
✅ ပြည်တွင်း/ပြည်ပ ခရီးသွားလိုင်စင်အမှတ်
T/I (SHN) 0119
T/O (SHN) 0010
📍 ရန်ကုန်ရုံးလိပ်စာ
၃၀၀/ခ မြေညီထပ်၊ သူရ ၅ လမ်း၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းမကြီးအနီး၊ ရန်ကုန်မြို့။
📞 09 899 33 1112
📞 09 899 33 1113
📞 09 899 33 1114
📞 09 899 33 1115
#ဗီယက်နမ်

13/08/2026

Vietnam 🇻🇳 က Free Visa ရလား ?

🤍 ဒို့ဧည့်သည်လေး လှလိုက်တာ
13/08/2026

🤍 ဒို့ဧည့်သည်လေး လှလိုက်တာ

11/08/2026

အရမ်းလှတဲ့ Hoi An မြို့ဟောင်းလေး …

🎉 ၁ နှစ်ကို ၁ ခါပဲ ရတဲ့ မိုးရာသီရဲ့ August & September Promotion လာပါပြီ...Travelling Memories ရဲ့ Vietnam Tour Package ...
04/08/2026

🎉 ၁ နှစ်ကို ၁ ခါပဲ ရတဲ့ မိုးရာသီရဲ့ August & September Promotion လာပါပြီ...
Travelling Memories ရဲ့ Vietnam Tour Package ဘယ် Package နဲ့ပဲသွားသွား
👨‍👩‍👧‍👦 ၅ ယောက်ပြည့်ရင် ၁ ယောက် FREE!
ဘော်ဒါတွေနဲ့ Group Trip သွားချင်တာပဲဖြစ်ဖြစ်၊ မိသားစုနဲ့ အတူအမှတ်တရခရီးထွက်ချင်တာပဲဖြစ်ဖြစ် ဒီ Promotion လေးနဲ့ဆိုရင် ပုံမှန်ထက် ပိုပြီးသက်သာတဲ့စျေးနဲ့ ခရီးထွက်နိုင်မှာဖြစ်ပါတယ်။ ✈️
ခရီးစဉ် Package လေးတွေကတော့...
✅ နာမည်ကျော် လက်တံတားကြီးရှိရာ ဗီယက်နမ် အလယ်ပိုင်းရဲ့ Da Nang - Ba Na Hill - Hoi An ခရီးစဉ်
✅ ကမ္ဘာကျော်တဲ့အလှတွေနဲ့ ပြည့်နှက်နေတဲ့ ဗီယက်နမ် မြောက်ပိုင်း ရဲ့ Hanoi - Halong Bay - Sapa ခရီးစဉ်
✅ Italy အငွေ့အသက်အပြည့်ရှိတဲ့ ဗီယက်နမ် တောင်ပိုင်းက Sunset Town Phu Quoc ခရီးစဉ်
📅 August နဲ့ September အတွင်း ခရီးထွက်မယ့်သူတိုင်း ဒီ Promotion လေးအကျုံးဝင်မှာဖြစ်ပါတယ်နော် ။
ဒါကြောင့် Vietnam ကို အုပ်စုလိုက်အမှတ်တရခရီးထွက်ဖို့ စဉ်းစားထားရင် အခုပဲ Messenger မှာ လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်။ 🥰
ဟေ့ …. မမေ့နဲ့နော် August / September ၂ လတည်း ရမယ့်အခွင့်အရေးနော် …
ရန််ကုန်ရုံးလိပ်စာ - ၃၀၀/ခ မြေညီထပ် ၊ သူရ ၅ လမ်း ၊ ၉ ရပ်ကွက် ၊ တောင်ဥက္ကလာ ၊ သစ္စာလမ်းမကြီး အနီး ။ ရန်ကုန်မြို့။
ဖုန်း - 09 899 33 1112 ၊ 09 899 33 1113 ၊ 09 899 33 1114 ၊09 899 33 1115

#ဗီယက်နမ်

04/08/2026

Travelling Memories က Tour တွေက Group Tour လား ရက်သတ်မှတ်ထားတာမျိုးရှိလား .?

Vietnam ကိုသွားဖို့ စဉ်းစားနေတယ်ဆို Travelling Memories မှာ ခရီးစဉ်တွေ နေ့စဉ်ရှိတယ်နော် …

🤍 July လရဲ့ အားဆေးလေးတွေ TM ကို ယုံကြည်ရွေးချယ်ပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူး အထူး ကျေးဇူးတင်ရှိပါတယ် 😍
03/08/2026

🤍 July လရဲ့ အားဆေးလေးတွေ
TM ကို ယုံကြည်ရွေးချယ်ပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူး အထူး ကျေးဇူးတင်ရှိပါတယ် 😍

Address

Thura, 5th Street, Yangon 11091, Myanmar (Burma)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959421183443

Website

Alerts

Be the first to know and let us send you an email when Travelling Memories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travelling Memories:

Shortcuts

Share