SaYam - Tips For Thailand

SaYam - Tips For Thailand Unlock the secrets of Thailand with our expert guidance! Let us show you the best of Thailand's culture, cuisine, and natural wonders.

From ancient temples to pristine beaches, we'll lead you on a journey of discovery through this vibrant land.

💭 ထိုင်းနိုင်ငံမှာ ရေရှည် တရားဝင်နေချင်တဲ့ သူတွေအတွက် Long-term Visa အမျိုးအစားဖြစ်တဲ့ ED VISA အကြောင်း...▪️Language Sch...
08/05/2024

💭 ထိုင်းနိုင်ငံမှာ ရေရှည် တရားဝင်နေချင်တဲ့ သူတွေအတွက် Long-term Visa အမျိုးအစားဖြစ်တဲ့ ED VISA အကြောင်း...

▪️Language School Study Program, University Study Program ဆိုပြီး နှစ်မျိုးရှိပြီး...

1. Thai
2. English
3. Chinese ဆိုပြီး ဘာသာစကား (၃) မျိုးကို ‌ရွေးချယ်အပ်နှံ့နိုင်ပါတယ်။

‌▪️Language School Study Program မှာတော့ VISA သက်တမ်း ၁၂ လရပြီး

▪️University Study Program နဲ့ဆိုရင်တော့ VISA သက်တမ်း ၁၅ လရပါတယ်။



📇 VISA လျောက်ရန်အတွက်လိုအပ်ချက်တွေကတော့

1. Valid Passport
2. Arrival Stamp (ထိုင်းအဝင် Immigration မှာ တုံးထု‌ပေးထားသည့်မျက်နှာစာ)
3. Photo (Passport Size)
4. TM 30
5. ကျောင်းမှပေးသည့်သက်ဆိုင်ရာ စာရွက်စာတမ်းတို့ပဲဖြစ်ပါတယ်။

😓 ED VISA လျောက်ထားရာမှာ ကြာချိန် ၄၅ ရက်ထိရှိတာမို့ TR VISA သမားများအတွက် ရောက်ရောက်ချင်းတန်းလုပ်တာပိုအဆင်ပြေနိုင်ပါတယ်။

‌🥰 Ed Visa ရရှိပါက Kasikorn Bank Account ကိုလဲ ကျောင်းမှ ပြင်ဆင်ပေးထားတဲ့ စာရွက်စာတမ်းတွေနှင့်အတူ အလွယ်တကူ ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။

💭 University Program နဲ့ ED VISA ပြောင်းထားသူများအတွက်ကတော့

1. ဒုတိယအကြိမ် extension တွင် တစ်နှစ် ရသောကြောင့် multiple re-entry ရခြင်း
2. ကျောင်းသားကဒ်လဲ ရတဲ့အတွက် Immigration တွင် ပြသရန် ပိုမိုအဆင်‌ပြေခြင်းစတဲ့ အားသာချက်တွေတော့ရှိပါတယ်။

‌💭 မင်မင် နောက်ရက်တွေမှာ ဘတ်ရိုက်တာအတွက် တင်ပေးသွားပါ့မယ်နော်...

🙏 ယခုပို့စ်အတွက် အချက်အလက်တချို့ကျန်ရှိခဲ့ခြင်း၊ လိုအပ်နေခြင်းများအတွက် လွတ်လပ်စွာထောက်ပြပေးနိုင်ပါတယ်။





💭 TM30-ခေါ် ပက်စ်ပို့ ဧည့်စာရင်းကိုယ်တည်းခိုတဲ့ hotel, condo, apartment နဲ့ တိုက်ခန်းအငှားတွေမှာလဲ လုပ်ပေးကြပါတယ်။😩 ဘယ်က...
04/05/2024

💭 TM30-ခေါ် ပက်စ်ပို့ ဧည့်စာရင်း
ကိုယ်တည်းခိုတဲ့ hotel, condo, apartment နဲ့ တိုက်ခန်းအငှားတွေမှာလဲ လုပ်ပေးကြပါတယ်။

😩 ဘယ်ကိစ္စမျိုးမဆို အမြဲလို လိုအပ်နေတဲ့ TM 30 ကို မိမိတည်းခိုတဲ့ဆီကမလုပ်ပေးလာတဲ့အခါ ကိုယ်တိုင်လုပ်ရတော့မည့်အခြေအနေမျိုးမှာဆို..

1. ထိုင်းအစိုးရတရား၀င်ဝက်ဘ်ဆိုဒ်မှ ကိုယ်တိုင်လျောက်နိုင်ခြင်း
2. immigration ရုံး (Goverment Complex) သို့ကိုယ်တိုင်သွားရောက်လုပ်နိုင်ခြင်းအပြင်
3. Agent တွေဆီမှ ဝယ်ယူနိုင်ခြင်းစတဲ့ နည်းလမ်းလေးတွေရှိပါတယ်။

▪️ 1,2 အတွက် ကိုယ်တိုင်လုပ်ချင်ပါတယ်ဆိုရင်တော့

1. အိမ်ရှင်၊ အိမ်ငှားစာချုပ်
2. အိမ်ရှင်ဘက်မှ ထောက်ခံချက်စာရွက်စာတမ်း
3. အိမ်ရှင်မှတ်ပုံတင်(နိုင်ငံသားကဒ်)မိတ္တူ
4. မိမိ passport မိတ်တူ (arrival stamp အပါ)

▪️1,2 အတွက်အရေးကြီးတဲ့အချက်ဟာ အငှားစာချုပ် ချုပ်ပြီးခြင်း ၂၄ နာရီအတွင်းဆောက်ရွက်ရတာမို့ ငှားသည့်ရက်နှင့် TM30 လျောက်လွှာဖောင်ဖြည့်တဲ့ရက်ဟာ တစ်ရက်ထဲဖြစ်ရပါမယ်။

🥰 တခြားအချက်အလက်တွေအတွက်ပဲဖြစ်ဖြစ် သိလိုရာတွေမေးချင်လိုသူများ Page Chat Box မှာ စာချန်ခဲ့နိုင်ပါတယ်။





🥰 ဘာပဲလုပ်လုပ် စနစ်တကျလုပ်ရင် ကုန်ကျစရိတ်သက်သာတဲ့အပြင် အချိန်တွေလည်း ခြွေတာနိုင်တယ်နော်..💭 ထိုင်းမှာရှိတဲ့ မြန်မာတွေအတွက...
30/04/2024

🥰 ဘာပဲလုပ်လုပ် စနစ်တကျလုပ်ရင် ကုန်ကျစရိတ်သက်သာတဲ့အပြင် အချိန်တွေလည်း ခြွေတာနိုင်တယ်နော်..

💭 ထိုင်းမှာရှိတဲ့ မြန်မာတွေအတွက်... ဘာပဲလုပ်လုပ် ကိုယ့်နိုင်ငံမဟုတ်လို့ အများအားဖြင့် သံရုံးထောက်ခံစာလိုပါတယ်။

🔘 ဘယ်လိုအရာမျိုးတွေမှာလိုတာလဲဆို...
- နေထိုင်ကြောင်း၊ ကျောင်းသားဖြစ်ကြောင်း
- VISA Extension
- Bank account
- Licenses အတွက် တခြားအရာတွေအတွက် လိုအပ်ပါတယ်။





😉 ပြာတာတစ်‌ယောက်အူကြောင်ကြောင်နဲ့ တောင်ကြည့်မြောက်ကြည့်၀င်လာပုံထောက်ရင် ဂွင်ပဲငါ့ကောင်ရေ😎 ထိုင်းကို ဘာကြောင့်ပဲလာလာ “ခွန...
28/04/2024

😉 ပြာတာတစ်‌ယောက်အူကြောင်ကြောင်နဲ့ တောင်ကြည့်မြောက်ကြည့်၀င်လာပုံထောက်ရင် ဂွင်ပဲငါ့ကောင်ရေ

😎 ထိုင်းကို ဘာကြောင့်ပဲလာလာ “ခွန်ထိုင်း” မဟုတ်လို့ရစ်နေမလား။
စာအုပ်နီနီမပြနဲ့ကွယ်ရစ်မှာပဲဆိုတဲ့ အတွေးလေးတွေကိုလျော့ပြီး
ကိုယ်တိုင်သာ လိုအပ်မည့် အချက်အလက်အစုံအလင် ပြင်ဆင်လာနိုင်ရင်
ဘာပက်စ်၊ ညာပက်စ်တွေလိုမနေသလို ဘယ်သူကိုမှ ကြောက်နေဖို့၊ လန်နေဖို့မလိုပါဖူး။

😎 ခပ်ရဲရဲနဲ့ ခပ်တင်းတင်းပဲလာ။
ဘာဖိုင်၊ ညာဖိုင်ကြီးတွေကိုင်ပြီး အထက်လူကြီး Report တင်ပေးတော့မည့် စတိုင်လ်ကြီးနဲ့ လေပျံကြီးပေါ်ကဆင်းလာမိရင်တော့ ကိုယ့်လူ‌ရေ အောက်ဆိုဒ်... အောက်ဆိုဒ်ဟေ့လို့ ဆာဆာကြီးတွေက တွေးပျော်နေလိမ့်မယ်နော်...

😎 လိုအပ်မှ ထုတ်ပြ။ မေးမှဖြေပါ။ မြန်မာအကျင့်လေးနည်းနည်းဖျောက်ပြီး ဖော်ရိန့်ဆန်လိုက်နော်...





ที่อยู่

Rama I Road, Pathum Wan
Bangkok
10330

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SaYam - Tips For Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์