SIAM To BURMA စျေးလဲရောင်းမယ်။ ထိုင်းနိုင်ငံနဲ့ပက်သက်တာလေးတွေလဲ မျှဝေပေးမဲ့ Siam to Burma Page လေးပါရှင့်💕

မြန်မာဘက်ခြမ်းကိုပို့မဲ့ ထိုင်းခနောကြက်သားမှုန့်လေးတွေပါရှင့်🙏BigC/ Makro / Lotus Appတွေကနေ Supplier Fee 5%နဲ့ ဝယ်ပေးပါတ...
10/05/2024

မြန်မာဘက်ခြမ်းကိုပို့မဲ့ ထိုင်းခနောကြက်သားမှုန့်လေးတွေပါရှင့်🙏
BigC/ Makro / Lotus Appတွေကနေ Supplier Fee 5%နဲ့ ဝယ်ပေးပါတယ်နော်💕
အခုလို ယုံယုံကြည်ကြည်အားပေးကြတဲ့အတွက် ကျေးဇူးပါရှင့်⭐️

ဘန်ကောက်မှာတောင် ခနောကြက်သားမှုန့်တွေ ပစ္စည်းပျက်နေတာရှင်🥺🙏မင်မင်ကာကာလေးတစ်ယောက်အတွက် မှာရင်း မင်မင်တော့ရှိသမျှအကုန်ဝယ်ခ...
08/05/2024

ဘန်ကောက်မှာတောင် ခနောကြက်သားမှုန့်တွေ ပစ္စည်းပျက်နေတာရှင်🥺🙏
မင်မင်ကာကာလေးတစ်ယောက်အတွက်
မှာရင်း မင်မင်တော့ရှိသမျှအကုန်ဝယ်ခဲ့လိုက်တာ
မှာချင်ရင်တော့ 1.5Kg ခနောတော့ မှာလို့ရပါအုန်းမယ်ရှင့်💕
Supplier Fee 5%နဲ့ ဝယ်ပေးပါတယ်နော်🙆‍♀️

𝗕𝗮𝗻𝗴𝗸𝗼𝗸 မှာ တိုက်ခန်းရှာတော့မယ် ဆိုရင်𝗧𝗵𝗮𝗶 နိုင်ငံရဲ့ မြို့တော် Bangkok က နိုင်ငံခြားသား အခြေချ နေထိုင်မှု အများဆုံး မြိ...
03/05/2024

𝗕𝗮𝗻𝗴𝗸𝗼𝗸 မှာ တိုက်ခန်းရှာတော့မယ် ဆိုရင်

𝗧𝗵𝗮𝗶 နိုင်ငံရဲ့ မြို့တော် Bangkok က နိုင်ငံခြားသား အခြေချ နေထိုင်မှု အများဆုံး မြို့တွေထဲက တစ်ခု ဖြစ်တာကြောင့် တိုက်ခန်းရှာမယ့်သူတွေ အတွက် ထည့်စဉ်းစားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ✨

Bangkok ရောက်ပြီ.. တိုက်ခန်း ရှာပြီဟေ့ ဆိုရင် မြန်မာ တော်တော်များများက Pratunam ကိုပဲ ရွေးချယ်နေကြပါတယ်..

တကယ်တမ်း Pratunam က မြို့လည်ခေါင်တည့်တည့်နီးပါး ကျနေတာရော… demand များတဲ့ နေရာ ဖြစ်နေတာရောကြောင့် ဈေးက အခန်းနဲ့ ယှဉ်ရင် အနည်းငယ် များတဲ့ထဲမှာတော့ ပါနေတာပါ…

လူကြီးတွေရော အတူလာရင်တော့ သူတို့ရဲ့ မြန်မာတွေကြားထဲပဲ နေချင်တဲ့စိတ်ကြောင့် အဲ့ဒီ့ဖက်မှာပဲနေဖို့ ရွေးချယ်တာကို မပြောလိုပေမယ့်.. လူငယ်တွေပဲ ဆိုရင်တော့ အခြား option တွေကို ဦးစားပေး စဉ်းစားကြည့်ဖို့ recommend ပေးပါတယ်နော် ✨

Bangkok ကို ကျောင်းတက်ဖို့ လာတယ်.. အလုပ်နဲ့ လာတယ် ဆိုရင်တော့ ကျောင်း (သို့မဟုတ်) အလုပ်နဲ့ နီးတဲ့နေရာမှာ နေသင့်ပါတယ်..

အဲ့လိုမှ မဟုတ်ရင် တစ်ရက်ကို အသွားအပြန်
transportation ခ နဲ့တင် ၁၅၀/၂၀၀ လောက် ကုန်နိုင်ပါတယ်…

အစကတည်းက ကျောင်း နဲ့ အလုပ်နဲ့ လာတာ မဟုတ်ဘူး.. ဒီရောက်မှ ကျောင်းရွေးမယ်/ အလုပ်ရှာမယ် ဆိုရင်တော့ MRT Blue Line နားမှာ နေဖို့ အကြံပေးပါတယ်ရှင့် ✅

မြို့ထဲမှာ နေဖို့ စဉ်းစားထားတယ် ဆိုရင် ယေဘူယျ အားဖြင့် BTS Green Line 2 လိုင်း ဝန်းကျင် မှာ ရှိတဲ့ တိုက်ခန်းတွေက ဈေးကြီးတတ်ပြီး.. MRT Blue Line/ Airport Link ဖက်က apartment တွေက ဈေးပုံမှန်ဖြစ်တယ် လို့ ပြောလို့ရပါတယ် ( generally ပါ )…

Yellow Line ကတော့ မြို့ပြင်ဖက် နည်းနည်း ရောက်ပြီး apartment တွေကလည်း ဈေးအသက်သာဆုံးပါ…

ဆိုတော့ ဒီရောက်မှ တစ်ခုခု စီစဉ်မယ်ဆိုတဲ့ သူတွေအတွက် မြို့ထဲလည်း ဖြစ် ဈေးလည်း အနေတော် ဖြစ်တဲ့ Blue Line ဖက်မှာ နေဖို့ စဉ်းစားသင့်ပါတယ် ✅

နောက် တစ်ချက်က မီတာခ ကို 1 unit ဘယ်လောက်လဲ ဆိုတာ စစ်ပါ 💯

ပွဲစားနဲ့ပဲ ဖြစ်ဖြစ် ကိုယ်တိုင်ပဲ ရှာရှာ တိုက်ခန်းရှာပြီ ဆိုရင် မီတာခ 1 unit ကို ဘယ်လောက်ကျသလဲ စုံစမ်းပါ ✅

အခြေခံ အစိုးရ မီတာခ ပဲ ဆိုရင် 1 unit ကို 4.18 baht ဆိုပေမယ့် အချို့ နေရာတွေမှာ 1 unit ကို 10 baht လောက် ပေးရတာမျိုးတွေ ရှိပါတယ်…

မီတာခ 1 unit ကို ဘယ်လောက် ကျသလဲ ဆိုတာက အရေးကြီးတဲ့ မေးခွန်းဖြစ်လို့ တိုက်ခန်း စုံစမ်းပြီ ဆိုရင် မေးဖို့ မမေ့ပါနဲ့နော် ✅

Apartment တစ်ခါ ငှါးပြီးရင် အဆင်ပြေသည် ဖြစ်စေ/ မပြေသည် ဖြစ်စေ အနည်းဆုံး 6 လတော့ နေရတော့မှာ ဖြစ်လို့ အားလုံးပဲ အဆင်ပြေပြေနဲ့ တိုက်ခန်း ရှာနိုင်ကြပါစေရှင် ✨

𝗖𝗛𝗜𝗡𝗔𝗧𝗢𝗪𝗡 Asian country တွေကနေ အနောက်ဖက် US အထိ တူညီတာ တစ်ခု ရှိမယ် ဆိုရင် Chinatown ပါပဲ…ခုကတော့ Bangkok မှာရှိတဲ့ Chin...
02/05/2024

𝗖𝗛𝗜𝗡𝗔𝗧𝗢𝗪𝗡

Asian country တွေကနေ အနောက်ဖက် US အထိ တူညီတာ တစ်ခု ရှိမယ် ဆိုရင် Chinatown ပါပဲ…

ခုကတော့ Bangkok မှာရှိတဲ့ Chinatown ကနေ ဘာတွေ မျှော်လင့်လို့ ရမလဲ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ရှင် ✨

𝗪𝗵𝗲𝗿𝗲 𝗶𝘀 𝗖𝗵𝗶𝗻𝗮𝘁𝗼𝘄𝗻?

Bangkok မြို့ Yaowarat လမ်းမကြီးပေါ်မှာ ရှိနေတာ ဖြစ်ပြီး MRT Blue Line Wat Mangkon Station ကနေ ဆိုရင် 5 မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါပြီ 💯
24 နာရီလုံး စည်ကားပြီး ညပိုင်းဆိုရင်တော့ ဆိုင်တွေ ပိုပြီး စုံလင်ပါတယ်… နေ့ခင်းဖက် ဆိုရင်တော့ Wat Mangkon Kamalawat တရု(တ်)ဘုရားကျောင်းကြီးကိုပါ လည်ပတ်လို့ ရနိုင်မှာပါ..
အစား တစ်လိုင်းပဲ ဆိုရင်တော့ ညနေ ၆ နာရီခွဲလောက်မှ ထွက်ကြပါလို့ အကြံပေးပါတယ်နော် ✅

Chinatown ဟာ 1782 ခုနှစ်မှာ တရု(တ်)ကုန်သည်တွေကနေ စတင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ချည်ထည်ဆိုင်တွေက စ ပြီး ရွှေဆိုင်တွေထိ ရှိနေပါပြီ ✨

𝗪𝗵𝗮𝘁 𝘁𝗼 𝗲𝗮𝘁?

ဘာစားရမလဲ ဆိုရင်တော့ ပါးစပ်ထဲ ထည့်လို့ရတာ အကုန်ရပါတယ် 😋
တရု(တ်)တန်း ဆိုမှတော့ တရု(တ်)စာ က စပြီး recommend ပေးရရင်တော့ Dim Sum 🥟 ပါ…

Bangkok ရဲ့ ဘယ်နေရာနဲ့မှ မတူတဲ့ အကောင်းဆုံး Dim Sum က Chinatown မှာ ရှိပါတယ် ✅

Thai ဝက်စတူးလို ချိုရဲနေတာမျိုး မဟုတ်ပဲ.. မြန်မာတွေ စားနေကြ တရု(တ်) ဝက်စတူး နဲ့ အတူ Chinese Cuisine မျိုးစုံ နဲ့ ဘဲကင် စားချင်ရင်လည်း Chinatown မှာပါပဲ ✅

1.5 Km ခန့် ရှည်တဲ့ လမ်းမကြီးပေါ်မှာ ဝါးပိုးကြော်, ကင်းမှီးကောက်ကြော် လို အင်းစက်ကြော် တွေက အစ..
မိကျောင်းကင်, ဝက်ကောင်လုံးကင် တို့လို စားနေကြမဟုတ်တာတွေ အလယ်..
ကွေသယို, ဖတ်ထိုင်း က စပြီး Seafood တွေ, street foods မျိုးစုံ အဆုံး ရှိနေတာ မို့လို့ Chinatown ဆိုတဲ့ စကားလုံးကို တိုက်ရိုက်ဘာသာပြန်ရရင် foodie တို့ရဲ့ နိဗ္ဗာန်ဘုံ ပါပဲ 😋

မြင်မိသမျှ အရာတိုင်းက အနံ့နဲ့ရော အရာသာနဲ့ရော ဆွဲဆောင်နေမှာ မို့လို့ Chinatown ကို မသွားခင် ဘာမှ စားမသွားဖို့ အကြံပေးပါတယ်ရှင် ✅

Bangkok ကို ရောက်ပြီဆိုရင် Chinatown ကလည်း မသွားမဖြစ် သွားသင့်တဲ့ tourist attraction နေရာ တစ်ခုပဲ မို့လို့ အရောက်သွားပြီး အစုံ စားခဲ့ကြပါရှင် ✨

01/05/2024

𝗧𝗼𝗽 𝘁𝗵𝗶𝗻𝗴𝘀 𝘁𝗼 𝗱𝗼 𝗶𝗻 𝗕𝗮𝗻𝗴𝗸𝗼𝗸 ✨

𝗧𝗵𝗮𝗶 🇹🇭 နိုင်ငံ 𝗕𝗮𝗻𝗴𝗸𝗼𝗸 မြို့ဟာ 2024 ခုနှစ်ရဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ tourist ဝင်ရောက်မှု အများဆုံး မြို့ ဖြစ်ပါတယ် ✅

ခရီးသွား ဧည့်သည် ဝင်ရောက်မှု အများဆုံး မြို့ ဖြစ်တဲ့အလျောက် လည်စရာ ပတ်စရာ အရမ်းများတဲ့ မြို့လည်း ဖြစ်တယ် ဆိုတော့ Bangkok ကို ရောက်ပြီဆိုရင် မဖြစ်မနေ လုပ်သင့်တဲ့ အရာ ၇ ခုကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ရှင် ✨

No 1️⃣
𝗡𝗶𝗴𝗵𝘁 𝗠𝗮𝗿𝗸𝗲𝘁𝘀
Bangkok နဲ့ night market ဆိုတာက မင်းအောင်(လှိုင်) ဆိုတာနဲ့ အာဏာရူး ဆိုပြီး ပြေးမြင်မိသလိုပဲ Bangkok ဆိုတာနဲ့ Night Market ကို ပြေးမြင်မိရလောက်အောင် လိုက်ဖက်လွန်းပါတယ် 🥹
Bangkok မှာ night market တွေဟာ မှိုလိုပေါက်နေတာ ဖြစ်ပေမယ့် admin ကတော့ 𝗝𝗼𝗼𝗱 𝗙𝗮𝗶𝗿𝘀 𝗥𝗮𝗺𝗮 𝗜𝗫 ကို အဓိက suggest လုပ်ပါတယ်ရှင် ✅

No 2️⃣
𝗞𝗵𝗮𝗼𝘀𝗮𝗻 𝗥𝗼𝗮𝗱
Night Markets တွေနဲ့ အတူ Bangkok ရဲ့ night life ကလည်း ကမ္ဘာကျော်ပါတယ်… Khaosan ရဲ့ nightlife ကတော့ သာမာန် bar သွား club တက် night out တွေနဲ့ မတူပဲ မတူကွဲပြားတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ.. Bangkok ရဲ့ အဓိက tourist attractions တွေထဲက တစ်ခု ဖြစ်ပြီး Bar တွေ အပြင် ID ပြမှ အထဲဝင်ခွင့် ရမယ့် Club တွေလည်း ရှိတာမို့ passport ယူသွားဖို့ မမေ့ကြပါနဲ့နော် ✅

No 3️⃣
𝗖𝗵𝗶𝗻𝗮𝘁𝗼𝘄𝗻
Chinatown ကိုတော့ MRT Blue Line စီးပြီး BL 29 Wat Mangkon မှာ ဆင်းလိုက်ရင် ရောက်ပါပြီ… ဒီနေရာမှာ Seafood တွေ, အကင်တွေ, dim sum တွေ, ထိုင်းစာ, တ(ရုတ်)စာ တွေကနေ စပြီး insects မျိုးစုံအထိ ပါးစပ်ထဲ ထည့်လို့ရသမျှ အကုန်ရပါတယ် 💯 Chinatown ရဲ့ main လမ်း ဖြစ်တဲ့ Yaowarat လမ်းပေါ်မှာတင် ဈေးဆိုင်တွေ စုံဖို့ဆို 1.5 km ဝန်းကျင်ထိ လမ်းလျှောက်ပြီး လျှောက်ကြည့်လို့ ရပါတယ်.. Monday ဆိုရင်တော့ ဆိုင်တော်တော်များများ ပိတ်တတ်လို့ တခြားနေ့တွေမှာ သွားဖို့ အကြံပေးပါတယ်နော် ✅

No 4️⃣
𝗥𝗶𝘃𝗲𝗿 𝗖𝗿𝘂𝗶𝘀𝗲
Bangkok ကို ရောက်ပြီဆိုရင် ကျောက်ဖရားမြစ် ( Chao Phraya ) ထဲမှာ cruise ကြီး စီးပြီး လေညှင်းခံရင်း dinner စားဖို့ကလည်း must do ပါပဲ 💯 သင်္ဘောပေါ်က ငြိမ့်ငြိမ့်ညောင်းညောင်း band လေးနဲ့ မြစ်ကြောင်းတစ်လျှောက် အလှတရားတွေကို ခံစားရင်း လေလေးကလည်း တဖြူးဖြူးနဲ့ တိုက်ခတ်နေတာ ဆိုတော့ romantic evening လေး တစ်ခုကိုလည်း ဖန်ဆင်းလို့ ရနိုင်မှာပါ ✨

No 5️⃣
𝗪𝗮𝘁 𝗔𝗿𝘂𝗻 𝗧𝗲𝗺𝗽𝗹𝗲
The temple of Dawn လို့ နာမည်ကျော်ကြားတဲ့ Wat Arun Temple ကတော့ ကျောက်ဖရားမြစ် ရဲ့ အနောက်ဖက် မြစ်ကမ်းပေါ်မှာ တည်ရှိပါတယ် ✨ သင်က ဗုဒ္ဓဘာသာဝင် တစ်ယောက် မဟုတ်ရင်တောင် Wat Arun ရဲ့ architecture ကို ခံစားနိုင်ဖို့ အတွက်တော့ ရောက်အောင် သွားသင့်ပါတယ်နော် ✅

No 6️⃣
𝗦𝗵𝗼𝗽𝗽𝗶𝗻𝗴 𝗠𝗮𝗹𝗹𝘀
Shopping Malls တွေကတော့ အထွေအထူး ပြောနေစရာ မလိုတော့လောက်ပါဘူး.. ICONSIAM, Central World, Siam Centre, MBK, Siam Paragon, Platinum Mall, Biyoke Market တို့လို luxury ဆိုလည်း luxury အလျောက်, budget ဆိုလည်း budget အလျောက် လည်ပတ်လို့ ကောင်းတဲ့ Shopping Centre တွေ အများကြီး ရှိပါတယ်✨
Madame Tussaud’s, Siam Ocean World တို့လို ဓာတ်ဖမ်းလို့ကောင်းမယ့် လည်ပတ်စရာ နေရာ အများစုကလည်း ဒီ Centre တွေမှာ ရှိနေတာပဲ ဖြစ်ပြီး 𝗢𝗻𝗲 𝗣𝗶𝗲𝗰𝗲 25𝘁𝗵 𝗔𝗻𝗻𝗶𝘃𝗲𝗿𝘀𝗮𝗿𝘆 𝗔𝘀𝗶𝗮𝗻 𝗧𝗼𝘂𝗿 ကလည်း Central World မှာ May လလယ်ထိ ရှိနေဦးမှာ ဆိုတော့ One Piece fan တွေ အနေနဲ့ ဒီ အခွင့်အရေးကို လက်မလွှတ်သင့်ပါဘူး 💯 ကျောက်ဖရား မြစ်ကမ်းမှာပဲ ရှိနေတဲ့ 𝗜𝗖𝗢𝗡𝗦𝗜𝗔𝗠 ကိုတော့ မဖြစ်မနေသွားဖို့ suggest လုပ်ပါတယ်နော် ✅

No 7️⃣
𝗦𝗸𝘆 𝗕𝗮𝗿𝘀
မြန်မာနိုင်ငံက rooftop bar အများစုလို 5 ထပ်, 10 ထပ် လောက်နဲ့ sky bar လို့ ခေါ်နေတာမျိုး မဟုတ်ပါဘူး… အထပ် 50 ကျော်, 60 ကျော်တွေမှာ ရှိနေတဲ့ Sky Bar တွေ ဖြစ်တာမို့ Fine Dining ပဲ ဖြစ်ဖြစ်, Buffet ပဲ ဖြစ်ဖြစ် Bangkok ရဲ့ Sky Bar တွေမှာ dinner စားရင်း တစ်ညလောက်တော့ ကုန်ဆုံးသင့်ပါတယ် ✅

ဒီ 7 ချက်ကတော့ Bangkok ရောက်ရင် လုပ်ကိုလုပ်သင့်တဲ့/ သွားကို သွားခဲ့သင့်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်ရှင် ✨

𝗦𝗜𝗔𝗠 𝗧𝗼 𝗕𝗨𝗥𝗠𝗔 page မှာ 𝗧𝗵𝗮𝗶 🇹🇭 နိုင်ငံက products တွေရော..  𝗠𝘆𝗮𝗻𝗺𝗮𝗿 🇲🇲 နိုင်ငံက products တွေရောကို ရောင်းချပေးသွားမှာပဲ ဖ...
30/04/2024

𝗦𝗜𝗔𝗠 𝗧𝗼 𝗕𝗨𝗥𝗠𝗔 page မှာ 𝗧𝗵𝗮𝗶 🇹🇭 နိုင်ငံက products တွေရော.. 𝗠𝘆𝗮𝗻𝗺𝗮𝗿 🇲🇲 နိုင်ငံက products တွေရောကို ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ် 💯

𝗠𝘆𝗮𝗻𝗺𝗮𝗿 🇲🇲 ဖက်ခြမ်းက ဆိုရင် မြန်မာစာ အခြောက်အခြမ်း များနှင့် မြန်မာရိုးရာ ကတ္တီပါ ဖိနပ် အစ ရှိသော မြန်မာ product များ ပါဝင်မှာ ဖြစ်ပြီး 𝗧𝗵𝗮𝗶 🇹🇭 ဖက်ခြမ်းကနေတော့ accessories မျိုးစုံ နှင့် ထိုင်း products များစွာကို ရောင်းချ ပေးသွားမှာ မို့လို့ page ကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လေး လုပ်ထားပေးကြပါဦးနော် ✅

𝗜𝗺𝗺𝗶𝗴𝗿𝗮𝘁𝗶𝗼𝗻 မှာ အရစ်မခံရပဲ 𝗟𝗔𝗢𝗦 🇱🇦 မှာ 𝗩𝗜𝗦𝗔 သွားလျှောက်မယ် 🚂ဘတ်တွေကလည်း မဖွင့်သေးဘူး.. Education Visa လိုမျိုး သက်တမ်းကြ...
29/04/2024

𝗜𝗺𝗺𝗶𝗴𝗿𝗮𝘁𝗶𝗼𝗻 မှာ အရစ်မခံရပဲ 𝗟𝗔𝗢𝗦 🇱🇦 မှာ 𝗩𝗜𝗦𝗔 သွားလျှောက်မယ် 🚂

ဘတ်တွေကလည်း မဖွင့်သေးဘူး.. Education Visa လိုမျိုး သက်တမ်းကြာကြာနဲ့ ဈေးနည်းနည်းကြီးတာမျိုးလည်း မလုပ်ထားချင်သေးဘူး ဆိုရင် 3လ သက်တမ်းရတဲ့ Tourist Visa က အကောင်းဆုံး ရွေးချယ်စရာ ဖြစ်မှာပါ 💯

ဒီ အခြေအနေကြီးမှာ ဘယ်သူမှ မြန်မာနိုင်ငံပြန်ပြီး Visa ပြန်လျှောက်ချင်မှာ မဟုတ်လို့ ရထားလေးနဲ့ LAOS 🇱🇦 ဖက် ထွက်ပြီး Tourist Visa လျှောက်တာက အကောင်းဆုံး ဖြစ်နိုင်ပါတယ် ✅

Admin က 2018 ကတည်းက Bangkok မှာ နေလာတာ ဆိုပေမယ့် တစ်လျှောက်လုံး Education Visa နဲ့ပဲ နေလာတာ ဆိုတော့ ရထားနဲ့ LAOS 🇱🇦 သွားပြီး Tourist Visa လျှောက်တာက experience အသစ်လေးမို့လို့ ပြန်ပြီး sharing လုပ်ပေးတာပါရှင် ✌🏼

No 1️⃣
သံရုံး 𝗮𝗽𝗽𝗼𝗶𝗻𝘁𝗺𝗲𝗻𝘁 𝗹𝗲𝘁𝘁𝗲𝗿 နဲ့ 𝗩𝗶𝘀𝗮 𝗙𝗼𝗿𝗺 အရင်တုန်းကတော့ ဒီတိုင်း သွားပြီး နောက်ရက် သံရုံး ဝင်လိုက်ရုံပဲ ဆိုပေမယ့် အခုမရတော့ပဲနဲ့ appointment letter ယူရပါမယ်.. Monday to Wednesday ရရင်တော့ process က 3 ရက်နဲ့ ပြီးပေမယ့် appointment က Thursday or Friday ဆိုရင်တော့ ကြားထဲမှာ ရုံးပိတ်ရက် ခံသွားလို့ processing period က 5 ရက် ပါနော် 🥹
Admin ကတော့ Friday appointment မို့လို့ Weds ည ရထားစီး Thursday နား Friday သံရုံးဝင်.. နောက် တစ်ပတ် Tuesday စာအုပ် ပြန်သွားထုတ်ပြီး Weds မနက်ရထားနဲ့ ပြန်လာခဲ့တာဆိုတော့ 1 ပတ် တော့ ကြာခဲ့ပါတယ်…
Visa Form ကတော့ print ထုတ်ပြီး လက်ရေးနဲ့ ဖြည့်ရပါတယ်နော် ✅

No 2️⃣
𝗕𝗮𝗻𝗸 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁
Bank စာအုပ်ဖွင့်ထားတာ အနည်းဆုံး ၃ လ သက်တမ်း ရှိရမှာဖြစ်ပြီး transactions တွေလည်း ရှိထားရပါမယ်.. Bank account ထဲမှာ 2,200,000 MMK or 20000 THB ရှိနေဖို့ လိုပါတယ်ရှင် ✅

No 3️⃣
𝗔𝗶𝗿 𝗧𝗶𝗰𝗸𝗲𝘁 & 𝗛𝗼𝘁𝗲𝗹 𝗯𝗼𝗼𝗸𝗶𝗻𝗴
အခု ရလာမယ့် Tourist Visa သက်တမ်းမကုန်ခင် မြန်မာနိုင်ငံ ပြန်ဖို့ ဖြတ်ထားတဲ့ air ticket နဲ့ Hotel booking 2 ခုလုံး ကြည့်တယ် ဆိုပေမယ့် တကယ် မဖြတ်ပဲ booking နဲ့ ဆိုရင်ကို ရပါပြီ ✅

No 4️⃣
𝗣𝗮𝘀𝘀𝗽𝗼𝗿𝘁 𝗰𝗼𝗽𝘆 1 စောင် နဲ့ 3”𝘅4” ဓာတ်ပုံ 2 ပုံ
သံရုံးနားမှာလည်း ဓာတ်ပုံဆိုင် မိတ္တူဆိုင်တွေ ရှိတယ် ဆိုပေမယ့် အပြည့်အစုံ ပြင်ဆင်သွားတော့ ပိုပြီး အေးအေးဆေးဆေး ဖြစ်ပါတယ်နော် ✅

No 5️⃣
𝗧𝗿𝗮𝗶𝗻 𝘁𝗶𝗰𝗸𝗲𝘁
Bangkok ကနေ LAOS 🇱🇦 နယ်စပ်ထိ 10 နာရီ ဝန်းကျင်တော့ စီးရပါတယ်… လမ်းက ဘူတာအနည်းငယ်မှာ passenger အတက်အဆင်းအတွက် 2 မိနစ်စီခန့် ရပ်တာက လွဲရင် တောက်လျှောက်မောင်းပါတယ်.. နယ်စပ်က ဘူတာရောက်ရင် ဘူတာကနေ immigration ဖြတ်ရမယ့် 🇹🇭 x 🇱🇦 border အထိ 3 မိနစ်ခန့်သာ Tuk Tuk ထပ်စီးရပါတယ် ✅

LAOS 🇱🇦 ဖက် ရောက်ပြီဆိုရင် currency ကတော့ THB 🇹🇭 ယူသွားရင် အဆင်ပြေပါပြီ KIP 🇱🇦 ကိုတော့ နည်းနည်းပဲ exchange လုပ်ပါရှင့်.. Hotel တွေ, ကုန်တိုက်တွေ, store ဆိုင်တွေ, တစ်ချို့ ထမင်းဆိုင် အသေးလေးတွေမှာတောင် Thai Baht နဲ့ ရှင်းလို့ ရပါတယ် ✨

သံရုံးမှာ လူမရှုပ်ပါဘူး.. သံရုံး ဝင်ချိန်ကလည်း 5-10 minutes ပဲ ကြာပါတယ်..

LAOS 🇱🇦 မှာ လည်စရာ ဆိုရင်တော့ ဘာမှ မရှိပါဘူး.. ဘုရားတွေတော့ ရှိပေမယ့် နေတော်တော် ပူပါတယ်.. မဲခေါင် မြစ်ကမ်းဘေးက night market လောက်ပဲ သွားစရာ ရှိပါတယ်.. အစားအသောက်ကတော့ Hotel မှာပဲနေပြီး နေ့တိုင်း foodpanda မှာစားလို့ ရလောက်အောင်ကို မြန်မာပါးစပ် နဲ့ အဆင်ပြေပါတယ် ✅

Documents တွေ စုံပြီဆိုရင် အရမ်းကို လွယ်ကူပြီးတော့ အေးအေးဆေးဆေး ခရီးထွက်ရတဲ့ Vibe မျိုး ရစေမှာပါ ✅

Docs တွေ စုံအောင်လုပ်ပြီး သံရုံး ခဏ ဝင်ရင်းနဲ့ LAOS 🇱🇦 ကို staycation ထွက်တယ် လို့ပဲ သဘောထားပြီး အေးအေးဆေးဆေး သွားလိုက်လို့ ရပါတယ်ရှင် ✨

ที่อยู่

Bangkok

เบอร์โทรศัพท์

+66963856390

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SIAM To BURMAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์