Excel Apex Logistic

Excel Apex Logistic တစ်​နေရာတည်းမှာ Bkk - Ygn - Mdy အပြန်အလှန် Land/ Air / Sea ၃မျိုးလုံးနဲ့ ပို့လို့ရတဲ့ တစ်ခုတည်း​သော Cargo - Excel Apex Logistic

ရုံးပိတ်ရက် ​ကြေငြာခြင်း။ကျွန်​တော်တို့ Excel Apex Logistic ရဲ့ Bkk, Ygn, Mdy ရုံးများနှင့် Page အား- Christmas Day ဖြစ်...
24/12/2025

ရုံးပိတ်ရက် ​ကြေငြာခြင်း။

ကျွန်​တော်တို့ Excel Apex Logistic ရဲ့ Bkk, Ygn, Mdy ရုံးများနှင့် Page အား
- Christmas Day ဖြစ်တဲ့ 25th Dec နှင့်
- နှစ်​ဟောင်း​နောက်ဆုံးရက် 31st Dec
၂ရက်တွင် ရုံးလုပ်ငန်းလုပ်​ဆောင်မှုများ ရပ်နားထားမည်ဖြစ်​ကြောင်း အသိ​ပေးအပ်ပါတယ်။ အခြားရက်များတွင် ပုံမှန်အတိုင်း ရုံးဖွင့်ပါမယ် ခင်ဗျာ။

​ပျော်ရွှင်စရာ Christmas ကာလဖြစ်ပါ​စေ​ကြောင်း နှင့် ကျန်းမာ​ပျော်ရွှင်​အောင်မြင်​သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါ​စေ​ကြောင်း Excel Apex Logistic မိသားစုမှ ဆုမွန်​ကောင်း​ တောင်းအပ်ပါတယ် ခင်ဗျာ။ 🎄🥰

30/10/2025

အရင်ဆုံး Land Cargo တင်ထားတဲ့ပစ္စည်းများ အရမ်းကြာ​နေတဲ့အတွက် အနူးအညွှတ်​တောင်းပန်အပ်ပါတယ် ခင်ဗျာ။ ဒီ​လောက်ထိကြာ​အောင် လမ်းပိတ်တာမျိုး လွန်ခဲ့တဲ့နှစ်​တွေမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ အရင်အကြာဆုံးပိတ်ခဲ့ဖူးတာ ၁လ​ကျော်လောက်ပါ။ အခုက​တော့ စံချိန်တင်ပါပဲ။

လက်ရှိ ကားလမ်းအ​ခြေအ​နေ - ပိတ်​နေတုန်းပါပဲ။ အဖမ်းအဆီးလဲ အရမ်းကြမ်းသလို ပြန်ပွင့်ဖို့အ​ခြေအ​နေလဲ ​မမြင်ရ​သေးပါဘူး။ အထုပ်​အသေး​လေး​တွေကိုသာ ၁ပတ်ကို အထုပ်​ရေ နည်းနည်းစီ တင်လို့ရတဲ့ လမ်း​ကြောင်းတစ်ခုသာ ရှိပါတယ်။ ကျွန်​တော်တို့ ဆက်တိုက်တင်​နေတာ ကြာပါပြီ။ ဝင်ပြီးတဲ့ customer များကိုလဲ အ​ကြောင်းကြားထားပြီးပါပြီ။

ဒါ​ပေမယ့် July ၁လစာမှာ ၈သုတ်၊ ၁သုတ်မှာ အထုပ်​အ​ရေအတွက် ​ထောင်​ကျော်ရှိပြီး ဝင်တာက ၁ပတ်ကို ၃၀ - ၄၀ ​လောက်ပဲ ဝင်နိုင်တာ​ကြောင့် ပစ္စည်း​လေး​တွေ အခုအထိ အစုံမဝင်နိုင်​သေးတာ ဖြစ်ပါတယ်။ အဲ​လောက်နည်းနည်းကို​တောင် အ​တော်​လေး ခက်ခက်ခဲခဲ သယ်နေရပြီး ကုန်ကျစရိတ်လဲ ​အရမ်းများပါတယ်။ အရင်ထပ် ၃-၄ ဆနီးပါး​လောက် ပိုကျပါတယ်။ အဲလိုပို​ပေးရလို့ များများသယ်လို့လဲ မရပြန်ပါဘူး။ 🥲

ကျွန်​တော်တို့ ပစ္စည်းများကို ၂သုတ်ခွဲပြီး စီစဥ်ထားရှိပါတယ်။

1. July ရှေ့ပိုင်း အသုတ်များ (15 July) အထိ - ပစ္စည်းများအားလုံး လမ်း​ကြောင်း​ပေါ်မှာဖြစ်ပြီး အဲဒီပစ္စည်း​လေး​တွေက​တော့ ဘာမှ အ​ပြောင်းအလဲလုပ်လို့မရ​တော့ပါဘူး ခင်ဗျာ။ ရန်ကုန်ဝင်တာကိုပဲ ​စောင့်​ပေးပါ​နော်။

2. 15 July ​နောက်ပိုင်းအသုတ်​တွေက​တော့ ​လော​လောဆယ်အထိ ဂို​ထောင်မှာပဲ keep လုပ်ထားပြီး ​ရှေ့ပစ္စည်း​လေး​တွေ​ ရန်ကုန်ရောက်တာနဲ့ ဆက်တိုက်ထပ်တင်​ပေးမှာပါ။

ဒါ​ပေမယ့် အ​ကြောင်း​ကြောင်း​ကြောင့် bkk အိမ်ကို return ပြန်ယူချင်တာ/ bkk ပြန်ယူပြီး Air နဲ့ ​ပြောင်းတင်ချင်တာ/ လူကြုံရှိတာမျိုးရှိရင်​တော့ bkk ကို return ပြန်ယူ​ပေးပါတယ်။ ကားနဲ့ဆက်ပို့တာကိုပဲ ဆက်​စောင့်လို့လဲ ရပါတယ်။ အချို့ customer ​လေး​တွေက ဖြစ်နိုင်ရင် ​ပြောင်းလဲယူချင်တာ​လေး​တွေရှိတာမို့ ဒီလို option ​လေး​တွေရှိ​ကြောင်း ​ပြောပြ​ပေးတာပါ ခင်ဗျာ။

(ပစ္စည်း​လေး​တွေ ပို့​​ဆောင်ရာမှာ ကုန်ကျစရိတ်အဆမတန်မြင့်သွားတာကြောင့် ကျွန်​တော်တို့ဘက်က တတ်နိုင်သ​လောက်စိုက်ထုတ်​ပေမယ့် အားလုံး cover ဖြစ်ဖို့ မဖြစ်နိုင်တဲ့အတွက် ပစ္စည်း​လေး​တွေ​​ရောက်လာတဲ့အခါ amount တစ်ခု​တော့ ထပ်တိုး​​ကောက်ခံခွင့်ပြုပါခင်ဗျာ။ ကျွန်​တော်တို့ တတ်နိုင်သ​လောက် အနည်းဆုံးပမာဏကိုသာ ထပ်တိုး​ကောက်ခံပါမယ်။ အမြတ်လုံးဝမယူထားပါဘူး။ 🙏)

မ​မျှော်လင့်တဲ့ အ​ခြေအ​နေများ​ကြောင့် ဖြစ်​ပေါ်လာတဲ့ ကြာမြင့်မှုများအတွက် အဆင်မ​ပြေတဲ့ကြားက နားလည်ခွင့်လွှတ်​ပေးကြတဲ့ customer များကို ​ကျေးဇူးအများကြီး တင်ရှိပါတယ် ခင်ဗျာ။ ကျွန်​တော်တို့ဘက်မှလဲ တတ်နိုင်သ​လောက် အမြန်ဆုံး​ရောက်နိုင်​အောင် အမြဲတမ်းကြိုးစားလျက်ရှိပါတယ်။ 🙏

(ပို့​ဆောင်ထားတဲ့ customer များကို cbမှ update အ​ခြေအ​နေများ ရှင်းပြထားပြီး ဖြစ်ပါတယ်။ post ​လေးလဲ တင်​ပေးပါ​တောင်းဆိုကြလို့ တင်​ပေးတာပါ ခင်ဗျာ။ ထပ်ပြီးသိချင်တာရှိရင်လဲ အချိန်မ​ရွေး လာ​မေးလို့ရပါတယ် ခင်ဗျာ။ cb က​နေ ​အမြဲဖြေ​​ပေး​နေပါတယ်။)

​ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 🙏

23/08/2025

*ပစ္စည်း​လေး​တွေ ရုံးကို မပို့ခင်/ မမှာယူခင် ပစ္စည်းအမျိုးအစား​လေး အရင်​ပြောပြပြီး ပို့လို့ရမရ​မေးပြီးမှ ပို့​ဆောင်မှာယူ​ပေးပါ ခင်ဗျာ။*

*ပစ္စည်းပို့လို့ ရမရ အ​ခြေအ​နေနဲ့ ပို့ခ​လေးတွေ ​နေ့စဥ်နှင့်အမျှ ​ပြောင်းလဲမှု​တွေ ရှိနိုင်လို့ ဖြစ်ပါတယ်။*

​လော​လောဆယ် Air Cargo Lot ပြည့်​နေတဲ့အတွက် ပစ္စည်းအသစ်လက်ခံတာကို​တော့ Sept လဆန်းအထိ ​ခေတ္တရပ်နားထားပါမယ် ခင်ဗျာ။

မှာပြီးသား Self Order အထုပ်​လေး​​တွေအတွက်​တော့ kg မများရင် + ပို့မရတဲ့/ ပို့ရခက်တဲ့ပစ္စည်း​လေး​တွေ မဟုတ်ရင် ကြားထဲတင်​ပေးလို့ရ​အောင် ကြိုးစားစီစဥ်​ပေးကြည့်ပါမယ် ခင်ဗျာ။ Order အသစ်​တော့ မတင်​သေးဖို့ request လုပ်ပါတယ်။

​ကျေးဇူးတင်ပါတယ် ခင်ဗျာ။

13/08/2025
09/08/2025

Land Cargo Update

မတင်​ပေးတာရက်နည်းနည်းကြာသွားလို့ အ​ခြေအ​နေ သိချင်ကြမယ့် customer ​လေး​တွေများ​နေမယ်ထင်လို့ တင်​ပေးတာပါ ခင်ဗျာ။ မတင်​ပေးဖြစ်တာက update မရှိ​သေးလို့ပါ။ ကျွန်​တော်တို့ ​နေ့စဥ်နဲ့အမျှနည်းလမ်းရှာ​ဖွေချိတ်ဆက်​နေ​ပေမယ့် အခုအထိ​တော့ ​သေချာအဆင်​ပြေနိုင်မယ့်အ​ခြေအ​နေ မ​တွေ့ရ​သေးလို့ပါ။ 😔

ကျွန်​တော်တို့ ပစ္စည်းအသစ် လက်မခံ​​သေးပါဘူး။ ပို့ထားပြီးသား​တွေကိုဘဲ အ​ရောက်ပို့ပေးနိုင်ဖို့ ကြိုးစား​နေပါတယ်။ ကား​သေးနဲ့ခွဲဆင်းဖို့ကလဲ အရင်လို လွယ်လွယ်ကူကူ စီစဥ်လို့ မရတာ​ကြောင့်ပါ။ ပစ္စည်း​လေး​တွေ Safe ဖြစ်ဖို့နဲ့ ​အမြန်ဆုံးရောက်နိုင်ဖို့ကို ချိန်ဆပြီး အ​ကောင်းဆုံးဖြစ်​​အောင်​ ကြိုးစားစီစဥ်​နေပါတယ် ခင်ဗျာ။ သတင်း​ကောင်း​လေး ​ပြောနိုင်မယ့်အချိန်ကျရင် ဆက်သွယ်​ပေးပါမယ်။

ကျွန်​တော်တို့လဲ customer များနဲ့ ထပ်တူ ​နေ့စဥ်နဲ့အမျှ ဘယ်လို​ရောက်​အောင် ပို့လို့ရမလဲဆိုတာကိုဘဲ စီစဥ်​နေတယ်ဆိုတာ​လေးကို အသိ​ပေးချင်တာပါ ခင်ဗျာ။ update ​လေးရှိတာနဲ့ ​ပြော​ပေးပါမယ်​နော်။ အမြန်ဆုံးဖြစ်နိုင်​အောင်​ ကြိုးစား​နေပါတယ် ခင်ဗျ။ 🙏

01/08/2025

"အမှုန့်လုံးဝ မပို့​ပေး​​တော့ပါ။"

အရင်လဲ ​ပြောဖူး​ပေမယ့် အခုတစ်​လော အမှုန့်အထုပ်၊ အမှုန့်ဘူး​တွေထဲကို မူလအမှုန့်​တွေအစား တရားဥပ​ဒေနဲ့မလွတ်ကင်းတဲ့ အမှုန့်ထည့်ပို့တဲ့ case ​တွေ ​​များတဲ့အတွက်၊ စစ်​ဆေးဖို့လဲ အဆင်မ​ပြေတာ​ကြောင့် Thai - MM အမှုန့်များ သယ်ယူ​ပေးခြင်းအား Air/ Land ၂မျိုးလုံးအတွက် ရပ်နားပါမယ်။

ပါလာခဲ့ရင် မိတဲ့အချိန်သယ်​ပေးတဲ့ဝန်ထမ်း ​ထောင်ကျ၊ ​လျော်​ကြေးအလွန်များမယ့်အပြင် အတူပို့တဲ့ပစ္စည်း​တွေအားလုံးပါ ပြသနာတက်မှာမို့ပါ။ နားလည်​ပေးနိုင်မယ်လို့ ​မျှော်လင့်ပါတယ် ခင်ဗျာ။ 🙏

ပစ္စည်းများကိုလဲ ဘယ်ပစ္စည်းမဆို ​ဥပ​ဒေနဲ့ မကင်းလွတ်​သော ပစ္စည်းပါမပါ ဖောက်စစ်ပါမယ်။ ​ဖောက်စစ်လို့ အဆင်​ပြေမှသာ ပို့​ပေးကြဖို့ request လုပ်ပါတယ် ခင်ဗျာ။

30/07/2025

ဒီ​နေ့ည Page Reply ​လေး တစ်နာရီ​စောပြီး ထိုင်းအချိန် ၉နာရီက​နေ စနားပါမယ်။

မနက်ဖြန်မနက် ၉နာရီကစပြီး reply ​လေး​တွေ ပြန်​ပေးပါမယ် ခင်ဗျာ။ 🙏

30/07/2025

Land Cargo Update: ​ကား​လမ်း​ကြောင်း​ပေါ်က အ​ခြေ​အ​​နေ​တွေက ကိစ္စကြီး ၃-၄ခုနဲ့ ရှုပ်​ထွေး​နေပြီး ကြာမယ့်ဘက်ကို ဦးတည်လာပါတယ်။ ရက်အနည်းငယ်နဲ့​တော့ ပြန်ပွင့်ဖို့မရှိ​​သေးဘဲ လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။ ​လော​လောဆယ်​​တော့ ဘယ်လိုမှဆင်းမရတဲ့ အ​နေအထားပါ။ ကျွန်​တော်တို့ပစ္စည်း​တွေအားလုံး ​သေချာသိမ်းဆည်းထားပါတယ်။
​နောက်တစ်ခုက အရင်လို လမ်း​ကြောင်း ၂ခု/ ၃ခု မရှိ​တော့တဲ့အတွက် လမ်း​ကြောင်း​ပြောင်းပို့လို့လဲ မရဘဲ အခုလမ်းပြန်ပွင့်တာကိုဘဲ ​စောင့်ရုံကလွဲပြီး အခြားမရှိပါဘူး။ တတ်နိုင်သ​လောက် လမ်း​ကြောင်း/ နည်းလမ်း ရှာ​ဖွေ​နေပါတယ်။

​လော​လောဆယ် ၁ပတ်​လောက်​တော့ အ​ခြေအ​နေ​စောင့်ကြည့်ရဦးမှာဖြစ်ပြီး bkk ရုံးကို ပို့ထားတဲ့ ပစ္စည်းများကိုလဲ bkk မှာဘဲ keep လုပ်ထားပါဦးမယ်။ ​​နောက်အပတ်ထဲ​တော့ ကားပြန်ထွက်နိုင်မယ်လို့ ​မျှော်လင့်ထားပါတယ်။

Cargo အားလုံးအတူတူ ကြုံရတဲ့ မလွှဲမ​ရှောင်သာ အ​ခြေအ​နေမို့ ပစ္စည်းအပ်ကြတဲ့ customer များ အဆင်မ​ပြေတာကို သိ​ပေမယ့် ကျွန်​တော်တို့ကိုလဲ နားလည်​ပေးပါလို့ မျက်နှာပူပူနဲ့ဘဲ request လုပ်ပါတယ် ခင်ဗျာ။ 🙏

Update ရှိတာနဲ့ post ထပ် တင်​ပေးပါမယ်။

🤧
28/07/2025

🤧

28/07/2025

Land Cargo အ​ခြေအ​နေ Update 😔

Customers တို့လဲ သတင်း​လေး​တွေ ကြားမိကြမယ် ထင်ပါတယ်။ တစ်ခုတည်း​သောကျန်တဲ့လမ်းမှာ မိုးကြီးလို ​ရေ​ကျော်ပြီး သွားမရတာအပြင် ပြီးခဲ့တဲ့အပတ်က ပြသနာ​​လေး​တွေ ​တော်​တော်ဖြစ်ထားတဲ့အတွက် ပစ္စည်း​တွေဘယ်လိုမှ ဆက်ဆင်းလို့မရတဲ့ အ​ခြေအ​နေရှိပါတယ်။

အဲဒီအ​ခြေအ​နေ​လေး​တွေ​ကြောင့် ပစ္စည်း​လေး​တွေက ပုံမှန်ကြာချိန် 2-3 weeks ထက် ၁ပတ် - ၂ပတ်​ဝန်းကျင်​လောက် ပိုပြီးထပ်ကြာနိုင်​ခြေ ရှိပါတယ်။

Land Cargo က​တော့ လမ်း​ကြောင်းအ​ခြေအ​နေအ​ပေါ်မူတည်ပြီး အခုလိုကြာချိန်အ​​ပြောင်းအလဲအမြဲတမ်းဖြစ်နိုင်တာမို့ အခုလိုလမ်း​ကြောင်းအ​ခြေအ​နေမ​ကောင်းချိန်မှာ မြန်မြန်လိုချင်တယ်ဆိုရင်​တော့ Air Cargo နဲ့ ​ပြောင်းလဲပို့​ဆောင်ဖို့ အကြံပြုပါတယ်။

အဆင်မ​ပြေတဲ့ကြားက အမြန်ဆုံးသယ်နိုင်​အောင်​တော့ အမြဲကြိုးစား​နေပါတယ်။ အ​ခြေအ​နေ ပြန်အဆင်​ပြေသွားပြီ၊ မြန်သွားပြီဆိုရင် post ထပ်တင်​ပေးပါမယ်။ ​လော​လောဆယ်​တော့ ကြာချိန် ၁လဝန်းကျင်​လောက်လို့ မှတ်ယူထား​ပေးပါ ခင်ဗျာ။ update ​လေးရှိတာနဲ့ ထပ်တင်​ပေးပါမယ်။

ကျွန်​တော်တို့ရဲ့ Package Label ​လေး အ​ကြောင်း။Thai to MM ပို့တဲဲ့အခါ ကျွန်​တော်တို့ ပစ္စည်းတင်ပြီးပြီဆိုတာနဲ့ Label နဲ့...
27/07/2025

ကျွန်​တော်တို့ရဲ့ Package Label ​လေး အ​ကြောင်း။

Thai to MM ပို့တဲဲ့အခါ ကျွန်​တော်တို့ ပစ္စည်းတင်ပြီးပြီဆိုတာနဲ့ Label နဲ့ Voucher ​လေး ပို့​ပေးပါတယ်။

Label ပို့တဲ့အခါ label မှာ ပါတဲ့ info ​လေး​တွေကို ​တစ်ချက်စစ်​ပေးပြီး မှား​နေရင် ပြန်​ပြော​ပေးပါ​နော်။ ပြန်ပြင်​ပေးပါမယ် ခင်ဗျ။

ပစ္စည်း​လေး​တွေ Ygn/ Mdy ရုံး​​ရောက်တဲ့အခါ Label မှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး label ပါ လိပ်စာအတိုင်း ရုံးထုတ်/ ပို့​ပေးပါတယ်။

တကယ်လို့ အ​ကြောင်း​ကြောင်း​ကြောင့် ရုံးမှာလာထုတ်ချင်တာဘဲ ဖြစ်ဖြစ်၊ လိပ်စာ​ပြောင်းချင်တာမျိုးဖြစ်ဖြစ် ရှိခဲ့ရင် ဖုန်းဆက်အ​ကြောင်းကြားတဲ့အချိန်မှာ တစ်ခါတည်း​ပြော​ပေးလို့ ရပါတယ်။

တတ်နိုင်သ​လောက်​တော့ ပစ္စည်းအပ်တဲ့အချိန်မှာ ကိုယ်ပို့ချင်တဲ့ info ​လေး​တွေကို တစ်ခါတည်း​ပြော​ပေးဖို့နဲ့ မဖြစ်မ​နေ​ပြောင်းလဲဖို့ လိုအပ်လာရင် သက်ဆိုင်ရာပစ္စည်း Received လုပ်တဲ့ရုံး​တွေနဲ့ တိုက်ရိုက်ဆက်သွယ်​ပေးဖို့ request လုပ်ပါတယ်။ ​

ကျွန်​တော်တို့ဘက်က ​ဆောင်ရွက်​ပေးဖို့ အဆင်မ​ပြေတာ​လေး​တွေက​​တော့
- ​ပေးထားတဲ့ ဖုန်းနံပါတ်ကို မဆက်သွယ်​တော့ဖို့ ​​ပြောတာ၊ အဲလိုမျိုး​တော့ မရပါဘူး။ ​ပေးထားတဲ့ဖုန်းနံပါတ်ကို​တော့ အရင်ဆက်သွယ်ပါလိမ့်မယ်။
- page က​နေ info change တာ။
page က​နေ ပြန်​ပြောတဲ့အခါ ၂ဆင့်ဖြစ်​နေတာမို့ changes ​လေး​တွေ လွတ်နိုင်တဲ့အတွက် Ygn/ Mdy ရုံးကို တိုက်ရိုက်ဆက်သွယ်​ပေးတာ ပိုအဆင်​ပြေပါတယ်။
- ပစ္စည်းအမျိုးအစား မ​ရေးခိုင်းတာ။
Air Cargo မှာ​တော့ ပစ္စည်းအမျိုးအစား တိတိကျကျ ​ရေး​ပေးရပါတယ်။ အထည်၊ အိတ်၊ ဖိနပ်၊ ဖုန်း cover စသဖြင့်။ label မှာ ​ရေးထားတာနဲ့ အထဲမှာပါတာ မတူရင် hold အလုပ်ခံရပြီး ပိုကြာတာ၊ ဒဏ်​ကြေး​တောင်းတာ​တွေ ဖြစ်တတ်ပါတယ်။ အဲဒါ​ကြောင့် ပစ္စည်းအမျိုးအစား​လေး​တွေကို ​သေချာ​လေး​ပြော​ပေးဖို့ လိုအပ်သလို မ​ရေး​ပေးလို့လဲ မရပါဘူး။

ဒါ​လေး​တွေက​တော့ Label နဲ့ ပတ်သတ်တဲ့ အချို့အချက်​လေး​တွေပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

27/07/2025

မနက်ဖြန် ထိုင်းဘုရင်​မွေး​နေ့ အစိုးရရုံးပိတ်ရက်​လေး ဖြစ်တာ​ကြောင့် Air Cargo ရုံးပိတ်တဲ့အတွက် မနက်ဖြန် Monday Cut Off Date အစား Tuesday Cut Off အဖြစ် ​ပြောင်းလဲလက်ခံ​ပေးပါမယ် ခင်ဗျာ။

ပုံမှန် Monday တင်​ပေး​နေကျအသုတ် ပုံမှန်ထက် တစ်ရက်​နောက်ကျပြီးမှ တင်ဖြစ်ပါမယ်။

Excel Apex Bkk ရုံး ဖွင့်ပါတယ်။

​ကျေးဇူးပါ ခင်ဗျာ။

ที่อยู่

Bangkok
10250

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 18:00

เบอร์โทรศัพท์

+66817479067

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Excel Apex Logisticผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Excel Apex Logistic:

แชร์