13/08/2026
ထိုင်းနိုင်ငံမှာ ဘုရားဖူးရင်းနဲ့ ကိုယ့်စိတ်ထဲက မကောင်းတဲ့အရာတွေကို ချန်ထားခဲ့ပြီး အသစ်တစ်ဖန် စတင်ချင်သူတွေအတွက် လူသိများလာတဲ့ ဘုရားတစ်ဆူရှိပါတယ်။ ✨
ဒီဘုရားကို မြန်မာဘုရားဖူးတွေကြားမှာ Wat Mongkolthep – วัดมงคลเทพ “ဝဋ်ကြွေးကျေဘုရား” ဆိုပြီးခေါ်ဆိုကြပါတယ်။
ဘဝမှာ တစ်ခါတလေ…
အလုပ်တွေ မပြေလည်တာ၊
စိတ်ထဲမှာ မသက်မသာဖြစ်နေတာ၊
အတိတ်က အရာတွေကို မလွှတ်ချနိုင်သေးတာမျိုးတွေ ရှိတတ်ပါတယ်။
အဲ့ဒီလိုအချိန်မှာ ခရီးတစ်ခုထွက်ပြီး
ဘုရားဖူး၊ ဆုတောင်း၊ ကုသိုလ်ပြုရင်း
ကိုယ့်စိတ်ကို ပြန်တည်ငြိမ်အောင် လုပ်ကြည့်တာကလည်း
ခရီးသွားခြင်းရဲ့ အဓိပ္ပါယ်တစ်ခုပါပဲ။ 🤍
🙏🏻 Wat Mongkolthep ကို ရောက်တဲ့အခါ
ဘုရားဝတ်ပြု၊ ဆုတောင်းပြီး
ကိုယ်မကောင်းခဲ့တာတွေကို ဝန်ချ၊
မကောင်းတဲ့အရာတွေကို လွှတ်ချပြီး
နောက်ထပ်ကောင်းတဲ့ဘဝတစ်ခုကို စတင်နိုင်ဖို့ ဆုတောင်းကြပါတယ်။
ဒါပေမယ့် “ဝဋ်ကြွေးကျေတယ်” ဆိုတာကို
အံ့ဖွယ်အရာတစ်ခုအနေနဲ့ပဲ မမြင်ဘဲ…
ကိုယ့်အတိတ်က အမှားတွေကို သတိပြု၊ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပြီး ကိုယ့်ဘဝကို ကိုယ်တိုင်ပိုကောင်းအောင် ပြန်တည်ဆောက်ခြင်း လို့ ခံယူကြည့်ရင် ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ 🙏🏻
တစ်ခါတလေ ခရီးသွားခြင်းဆိုတာ နေရာအသစ်တွေကို သွားရောက်ကြည့်ရှုတာပဲ မဟုတ်ပါဘူး။
စိတ်ပင်ပန်းမှုတွေကို ခဏထားခဲ့ပြီး ကိုယ့်ကိုယ်ကို ပြန်တွေ့ဖို့ ခရီးထွက်တာလည်း ဖြစ်ပါတယ်။ 🤍
ဒါကြောင့် ဒီတစ်ခေါက် ခရီးစဥ်မှာ စိတ်အေးချမ်းစေမယ့် ဘုရားဖူးခရီးလေးတစ်ခု ထည့်ချင်တယ်ဆိုရင် “ဝဋ်ကြွေးကျေဘုရား” ဖူးပြီး ချာချင်ဆောင် ကနေ ဘန်ဆယ်ကမ်းခြေ အထိ တစ်နေ့တာ ခရီးထွက်လို့ရပါတယ်...
တစ်နေ့တည်းမှာ
🙏🏻 စိတ်ကို အေးချမ်းစေမယ့် ဘုရားဖူးခရီး
🌿 Local Thailand ကို ခံစားရမယ့် အတွေ့အကြုံ
🌊 ပင်လယ်ကမ်းခြေမှာ အပန်းဖြေခြင်း
သုံးမျိုးလုံးကို တစ်ခါတည်း ရနိုင်တဲ့ ခရီးလေးပေါ့… ❤️
Photo Crd :
🇹🇭 ဘန်ကောက်မြို့အနှံ့ကိုသွားချင်တာဖြစ်ဖြစ်၊ ထိုင်းနိုင်ငံနေရာစုံကို အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့၊ ရာနှုန်းပြည့်စိတ်ချယုံကြည်ရတဲ့ ကားကြီး၊ကားသေး ငှားရမ်းလိုပါက ကျွန်တော်တို့ LaLaGo Travel& Tour ကို Page messengerကနေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်...
Our Services -
▪️Airport Pickup/Drop Off ( Suvarnabhumi, Don Mueang )
▪️Bangkok - Pattaya
▪️Bangkok - Chiang Mai
▪️Bangkok - Huahin
▪️Bangkok - Kanchanaburi
▪️Bangkok - Khao Yai
▪️Bangkok - Ayutthaya
▪️Bangkok City Tour
▪️Others (Around Thailand)
•Chiang Mai Airport Pick up/ Drop off
•Chiang Mai City tour
•Chiang Mai - Mae Kampong
•Chiang Mai - Chiang Rai
•Chiang Mai - Doi inthanon
•Chiang Mai - Doi Suthep
•Chiang Mai - Pai
•Chiang Mai - Mae Hong Son
•Chiang Mai - Mon Jam
•Chiang Mai - Mae Sai
#วัดมงคลเทพ