Narigo.com One-Stop Travel Gateway It provides the best Customer Service Care for all the queries with the instant feedback, through the NARIGO Messaging Protocol.
NARIGO is established in year 2014 and One Stop Gateway for Tour Package reservation and other travel related services system in the industry. NARIGO is B2B and B2C Online travel distribution system exclusively designed for tour companies, individuals, agents and other travel suppliers. The system enables travel agents, tour leaders and individuals to book tour packages and other travel related se
rvices worldwide with instant confirmation, anytime, anywhere, eliminating the need for email or fax request and confirmation. It also allows travel agents, tour leaders and individuals to efficiently manage all their bookings. NARIGO provides the tour leaders and individual with the ability to instantly generate and print vouchers and invoices and an automatic reporting system to match it. All the travel agents/ tour leaders can customize their desired tour destinations with their special requests, using NARIGO. The tour companies, the Hotels and other travel related services to add/ manage their services and encode/modify their rates allotment 24 hours a day, 7 days a week, together with effective reporting system and reliable notification alert system. Take advantage of this state of the art technology that will give you an edge over other travel agencies by operating at optimum efficiency.
[Zawgyi]ပိုပျော်ရွှင်ရတဲ့သူ မိဘများပဲ ဖြစ်ပါစေ......မင်္ဂလာရှိတဲ့ သီတင်းကျွတ်ချိန်ခါမှာ လူတိုင်း ပျော်ရွှင်ကြပါတယ်။ကလေးသူငယ်...
13/10/2019
[Zawgyi]
ပိုပျော်ရွှင်ရတဲ့သူ မိဘများပဲ ဖြစ်ပါစေ......
မင်္ဂလာရှိတဲ့ သီတင်းကျွတ်ချိန်ခါမှာ လူတိုင်း ပျော်ရွှင်ကြပါတယ်။
ကလေးသူငယ်များက ကျောင်းရက်ရှည်ပိတ်လို့ ပျော်ရတဲ့အပြင် ဘိုးဘွားမိဘတွေကို သွားကန်တော့လို့ မုန့် ဖိုးတွေရကြတယ်။
မိသားစုတွေ ခရီးနီးဝေး ထွက်ကြတယ်။ Facebook မှာ ဘုရားသွား၊ ကျောင်းတက်၊ သက်ကြီးရွယ်အို မိဘဆရာတွေကို ကန်တော့ကြနဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေ မြင်ရတဲ့ချိန်ခါလဲ ဖြစ်ပါတယ်။
စိုစွတ်တဲ့မိုးရာသီကုန်ဆုံးချိန် အခါသမယဖြစ်တဲ့အတွက် ပွဲလမ်းသဘင်တွေ၊ ပွဲဈေးတန်းတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့  စည်ကားနေပါတယ်။
မြတ်စွာဘုရားရှင် နတ်ပြည်မှာ မယ်တော်မိနတ်သားကို အဘိဓမ္မာ တရားတော် ဝါတွင်းသုံးလပတ်လုံး နေ့ညမစဲ ဟောတော်မူပြီး မွေးကျေးဇူးကို ဆပ်ခဲ့တဲ့ အခါသမယလဲ ဖြစ်ပါတယ်။
လူတိုင်းပျော်ရွှင်ကြတဲ့ အချိန်ခါမှာ မိဘများကို ကန်တော့ခြင်း၊ အပြစ်များဝန်ချတောင်းပန်ခြင်းနဲ့  အဝေးရောက်သားသမီးများလဲ စိတ်ထဲမှ နစ်နစ်ကာကာ ဖုန်းဆက် ကန်တော့ခြင်းများကို ပြုလုပ်ပြီး မိဘများကို စိတ်ချမ်းသာ စေနိုင်ပါတယ်။
သီတင်းကျွတ် အခါသမယမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ အလှူရေစက် လက်နဲ့ မကွာ လှူဒါန်းနိုင်ပါစေကြောင်း Narigo မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
[Unicode]
Romantic Getaways : Hanoi City of Vietnam (or) Paris of the Eastဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့  (သို့ မဟုတ်) အရှေ့ ဖျားရဲ...
28/01/2016
Romantic Getaways : Hanoi City of Vietnam (or) Paris of the East
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့  (သို့ မဟုတ်) အရှေ့ ဖျားရဲ့ ပဲရစ်
ဗီဇာလဲမလိုပါဘူး။ ပတ်စ်ပို့ ရှိရုံနဲ့  လေယာဉ်လက်မှတ်ဝယ်ပြီးသွားလို့ ရတဲ့ သိပ်လှတဲ့ မြို့ လေး တစ်မြို့ ပေါ့။
ခံစားတတ်သူတွေအတွက်တော့  အရှေ့ တိုင်းရဲ့  အဖိုးတန်အလှတစ်ပါးပါ။ ဘန်ကောက်နဲ့ မတူတာက
ရှော့ ပင်းထွက်ဖို့ မရှိဘူး။ ဒါပေမယ့် မနက်ခင်းတိုင်း သိပ်လှတဲ့ ပန်းဆိုင်လေးတွေရှိတယ်။
ဘန်ကောက်လို မပူဘူး။ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ ကိုးရီးယားသွားသလို အနွေးထည်တွေယူသွားရမယ်။
ဘန်ကောက်လို မိုးမျှော်တိုက်တွေမရှိဘူး။ ဒါပေမယ့် ရှေးဟောင်းဆန်တဲ့ ရပ်ကွက်ဟောင်း (Old Quarter)
ရဲ့ လမ်းလေးတွေဟာ သင့်ရင်ခုန်သံကို မြန်စေမယ်။ နေရာတိုင်းမှာ ချစ်စရာကောင်းတဲ့စုံတွဲလေးတွေ
တွေ့ ရမယ်။ သမိုင်းဝင် ပန်းချီဆရာတွေရဲ့  နာမည်ကျော် ပန်းချီကားအတိုင်း ပုံတူဆွဲထားတဲ့ 
ဆီဆေး ရေဆေး ပန်းချီကားတွေကို ၁၀ ဒေါ်လာကနေစပြီး ဈေးချိုချိုနဲ့ ဝယ်နိုင်မယ်။
အနုပညာဆန်ဆန် ရိုမန့် တစ်ဖြစ်တာကို ကြိုက်တဲ့သူတွေအတွက် ဆောင်းရာသီမှာ အနီးဆုံးလည်ပတ်
နိုင်တဲ့ နေရာကတော့ ဟနွိုင်းမြို့ လေးပါပဲ။ ဒီပိုစ်လေးကတော့ မိမိကိုယ်တိုင် ကိုယ့်အစီအစဉ်နဲ့ ကိုယ်
သွားရောက်လည်ပတ်ချင်သူတွေအတွက် လမ်းညွှန်ပါ။
အရင်ဆုံး လေယာဉ်လက်မှတ်ဝယ်ပါ။ ဟနွိုင်းလေဆိပ်မှာ အက်မင်တို့ ရောက်တဲ့အခါတိုင်း Arrival Card
တောင်မဖြည့်ရပါ။ လေဆိပ်ကနေထွက်တာ အဆင့်မများဘဲအရမ်းအဆင်ပြေပါတယ်။
လေဆိပ်မှာ Taxi ငှားပါ။ လေဆိပ်မှ နာမည်ကြီး ရပ်ကွက်ဟောင်း Old Quarter ကို ၂၅ ဒေါ်လာ (USA Dollars)ဝန်းကျင် လောက်ရှိပါတယ်။
ပိုတောင်းတတ်ပါတယ်။
Old Quarter ဆိုတဲ့ရပ်ကွက်ဟောင်းမှာရှိတဲ့ ဟိုတယ်များကိုသာရွေးပါ။
Old Quarter ဟာတော်တော်ကျယ်တဲ့အတွက် လမ်းသိပ်မလျောက်ရအောင် ကန်တော်ကြီး (Hoan Kiem Lake) နဲ့ နီးတဲ့ ဟော်တယ်တွေကိုရွေးပါ။
ဒါမှညနေခင်း လမ်းလျှောက်ရတာ အဆင်ပြေပါတယ်။ ညဈေးနဲ့ လဲနီးပါတယ်။
May De Ville Old Quarter Hotel ဆိုရင် ၂ ယောက်အတွက် မနက်စာပါပြီး တစ်ည ဒေါ်လာ ၅၀ လောက်ပဲရှိပါတယ်။
အဆင့်ချင်းတူတဲ့ ဘန်ကောက်က ဟော်တယ်တွေထက် အများကြီး ဈေးနှုန်းသက်သာပါတယ်။
ရောက်ရောက်ချင်းနေ့ မှာ အဲ့ဒီရပ်ကွက်ဟောင်းထဲမှာပဲ အ၇င်လည်ပါ။
ဘာလုပ်ရမှန်းမသိသေးရင် အဲ့ရပ်ကွက်ထဲမှာဘဲ Tour package ရောင်းတဲ့ဆိုင် ရာနဲ့ ချီရှိပါတယ်။
ဟနွိုင်းမြို့ ကနေ ၂ နာရီခန့် ကားစီးသွားရပြီးသိပ်လှတဲ့ ဟလောင်းပင်လယ်အော် (Halong Bay)၊ ချောင်းကလေးအတိုင်း
လှေကလေးနဲ့ မျှောပြီး ရှုခင်းကြည့်လို့ ရတဲ့  ကျောက်ဂူတွေအလွန်များတဲ့ တမ်ကောက် (Tam Coc) ဒေသ၊
တရုတ်ကားထဲက ရှောင်လင်ကျောင်းတွေလို တောအထပ်ထပ်(လှေနဲ့ သွားရ) တောင်အဆင့်ဆင့် (cable carနဲ့ သွားရ)
တဲ့ Perfume Pagoda စသဖြင့် တစ်နေ့ တာ ခရီးစဉ်တွေရောင်းတဲ့ ခရီးသွားအေးဂျင့်တွေရှိပါတယ်။
အဲ့ဒီ Day Tour Package တွေအရင်ဝယ်ပါ။ မဝယ်ခင်သေချာမေးပါ။ အစားပါလား။ ဘူဖေးလား။
လှေခတွေ၊ Cable car ခတွေ ပါပြီးပြီလား။ ထပ်မပေးရတော့ဘူးလား။ ဘယ်နှစ်ယောက်တစ်စီးလဲ။
ကားက ဘယ်လိုကားလဲ စသဖြင့် မေးလို့ ရတာ အကုန်မေးပါ။
အကြောင်းရင်းက မသိရင် မသိသလို အလွန်ရိုက်စားလုပ်ကြလို့ ပါ။ ဒေါ်လာ ၂၀ တန် Package ဝယ်သည်ဖြစ်စေ၊
၁၅ ဒေါ်လာ တန်ဝယ်သည်ဖြစ်စေ ခရီးသွား Company တစ်ခုတည်းကဘဲ ဟော်တယ်ပေါင်းစုံက ခရီးသည်တွေကိုကားနဲ့ 
ပတ်ခေါ်ပြီး တစ်စီးတည်းစုသွားရတာများပါတယ်။
ဒီကြားထဲ အေးဂျင့်က လူလည်လုပ်ချင်ရင်တော့ ဘူဖေးနေ့ လည်စာပါရမယ့်ဟာကို ရိုးရိုးနေ့ လည်စာနဲ့ လုပ်ထား၊
ထမင်းစားခါနီး ဘူဖေးစားတဲ့သူတွေနဲ့ ခွဲခံရပြီး သတ်သတ်စားရတဲ့အခါ ဂိုက်ကလဲ မဖြေရှင်းပေးပါဘူး။ အေးဂျင့်နဲ့ ဘဲ
ပြောလို့  လုပ်ပါတယ်။ (အားလုံးမဆိုလိုပေမယ့် ကိုယ့်ဟာကိုယ်ဝယ်ရင် ဒါမျိုးတွေက ဖြစ်တတ်ပါတယ်)
အဲ့ဒါလေးတွေရှောင်နိုင်ရင်တော့ အားလုံးအဆင်ပြေပါတယ်။ ချက်ချင်းမဝယ်ဘဲ ၂ နေရာ ၃ နေရာလောက်လေ့လာပြီးမှ
ဝယ်ပါ။
ဘန်ကောက်နဲ့ မတူတာက သူတို့ ဆီက တစ်နေ့ စာ One Day Tour Package တွေဟာ ဈေးအလွန်ချိုပါတယ်။ တစ်ရက်စာ
ကားခ၊ဂိုက်၊လှေခ၊ cable car ခ၊ နေ့ လည်စာ ပါပြီး အပြီးအစီး (၁၂ ဒေါ်လာမှ ၁၈ ဒေါ်လာ) လောက်ပါဘဲ။
ရှော့ ပင်းထွက်စရာ ထွေထွေထူးထူးမရှိတော့ ဘာမှသိပ်မပိုမကုန်ပါ။
ကန်တော်ကြီး (Hoan Kiem Lake) ပတ်ပတ်လည်မှာ စားသောက်ဆိုင်တွေအများကြီးပါ။
ဆိုင်ထဲမဝင်ခင် ဈေးနှုန်းတော့ အရင်ကြည့်ပါ။ တစ်ချို့ ဆိုင်တွေ ဈေးအရမ်းကြီးပါတယ်။
ဗီယက်နမ်မှာ ဘာလုပ်လုပ် မလုပ်ခင် ဈေးသေချာမေးပါ။
သဘာဝအလှလေးတွေ၊ တောတောင်ရှုခင်းတွေ၊ ပင်လယ်ရဲ့ ရှုမငြီးတဲ့အလှတွေ၊ အနုပညာလက်ရာတွေ၊
ရာသီဥတုအေးအေးလေးကိုကြိုက်နှစ်သက်သူတိုင်း ဟနွိုင်းမြို့ ကိုသွားရောက်လည်ပတ်သင့်ပါလို့ Narigo မှ
အကြံပေးပါရစေ။
အထက်ပါပို့ စ် နှင့်ပုံများကို စီးပွားရေးအရအသုံးပြုရန် ကူးယူမည်ဆိုပါက ကြိုတင်ခွင့်တောင်းပါ။
12/12/2015
ကို ခရီးထွက်တဲ့အခါ လုပ်ဆောင်တတ်ရခြင်း၊ ရယ်မောပျော်ရွှင်စရာများက သင့်ရဲ့  နွမ်းနယ်နေတဲ့စိတ်တွေကို ကြည်လင်
ဇနီးမောင်နှံများ တစ်ယောက်နဲ့တစ်ယောက် ပစ္စည်း ဝယ်ပေးကြတာထက် ခရီးအတူသွားခြင်းက ပိုကောင်းတယ်ဆိုတာ လက်ခံပါသလား။ အောက်ပါအချက် ၅ ချက်
ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။
(၁) အတွေ့အကြုံ အမှတ်တရလေး များက အရာဝတ္ထု ပစ္စည်း အမှတ်တရများထက် လူတွေကို စိတ်ပျော်ရွှင်စေပါတယ်။
အရာဝတ္ထုတွေက ဟောင်းနွမ်းပျက်စီးတတ်ပေမယ့် အတူသွားဖူးတဲ့ခရီးကတော့ ရင်ထဲမှာအမြဲအမှတ်ရစရာဖြစ်နေမှာပါ။
(၂) အပြင်လောကကြီးကို ခရီးထွက်မှ မြင်နိုင်မှာပါ။ မိမိကိုယ်ပိုင်ကမ္ဘာ ကျဉ်းကျဉ်းလေးမှာ နေ့စဉ်နေထိုင်ခြင်းက
ကြာလာရင် ရိုးအီဲငြီးငွေ့ပြီး လောကကြီးကို စိတ်ကုန်တတ်တာကြောင့် စိတ်လွတ်ကိုယ်လွတ်
ခရီးတူတူထွက်ခြင်းဖြင့် ဘဝအမောတွေဖြေဖျောက်စေမှာပါ။
(၃) ခရီးထွက်ခြင်းဖြင့် အမြင်ကျယ်စေပြီး ဗဟုသုတလဲ ရပါတယ်။ နေရာတစ်နေရာ ရဲ့ ဘာသာစကား၊
သမိုင်းကြောင်း၊ အတုယူစရာ၊ ဆောင်ရန် ရှောင်ရန်များက ခရီးသွားသူကို ရင့်ကျက် သဘောထားကြီးစေပါတယ်။
ဒါတွေဟာ နှစ်ဦးသား ဆက်ဆံရေးကို ပိုမိုခိုင်မာစေပါတယ်။
(၄) iPhone အသစ် တစ်ယောက်တစ်လုံး ဝယ်မယ့် အစား မရောက်ဖူးသေးတဲ့နေရာ အတူသွားခြင်းက ပို အကျိုးရှိစေပါတယ်။
အပိုကုန်မယ့် ငွေတွေကို စုပြီး တစ်နှစ်တစ်ခါတော့ အတူတူခရီးထွက်သင့်ပါတယ်။ တစ်နှစ်တစ်ခါမှထွက်ရဖို့ တစ်နှစ်လုံး
ငွေစုဖို့အချိန်ရပါတယ်။ နိုင်ငံခြားခရီးသွားဖို့အဆင်မပြေလည်း ပြည်တွင်းခရီးထွက်နိုင်ပါတယ်။
(၅) ခရီးမှာ ကြုံရတဲ့ ထင်မှတ်မထားတဲ့ အခက်အခဲတွေနှစ်ယောက်အတူဖြေရှင်းကြခြင်း၊ အရင်က တစ်ခါမှမလုပ်ဖူးတဲ့အရာတွေ
ကို ခရီးထွက်တဲ့အခါ လုပ်ဆောင်တတ်ရခြင်း၊ ရယ်မောပျော်ရွှင်စရာမာ်းက သင့်ရဲ့ နွမ်းနယ်နေတဲ့စိတ်တွေကို ကြည်လင်
စေခြင်း စတဲ့အချက်တွေကြောင့် အိမ်ပြန်ရောက်လာတဲ့အခါ နောက်တစ်နှစ်ကို အတူရှေ့ဆက်ကြဖို့ခွန်အားတွေရစေမှာပါ။
Bike for Dad Day of Thailand 2015ထိုင်းနိုင်ငံ မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့  ညနေ ၃ နာရီ ၄၅ မိနစ်ခန့်  မှ စတင်ပြီး "အဖေ့အတွက် စ...
12/12/2015
Bike for Dad Day of Thailand 2015
ထိုင်းနိုင်ငံ မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့  ညနေ ၃ နာရီ ၄၅ မိနစ်ခန့်  မှ စတင်ပြီး "အဖေ့အတွက် စက်ဘီးစီးခြင်း" Bike for Dad အခန်းအနားကို ထိုင်းနိုင်ငံအိမ်ရှေ့ မင်းသားမှ ဦးဆောင်ပြီး ၂၉ ကီလိုမီတာ အကွာအဝေးကိုစုပေါင်းစက်ဘီးစီးခဲ့ကြပါတယ်။ထိုင်းဝန်ကြီးချုပ်၊
အခန်းအနားဖြစ်ပါတယ်။
=================================
Bike for Dad Day of Thailand 2015
ထိုင်းနိုင်ငံ မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီ မှ စတင်ပြီး "အဖေ့အတွက် စက်ဘီးစီးခြင်း" Bike for Dad အခန်းအနားကို ထိုင်းနိုင်ငံအိမ်ရှေ ့မင်းသားမှ ဦးဆောင်ပြီး ၂၈ ကီလိုမီတာ အကွာအဝေးကိုစုပေါင်းစက်ဘီးစီးခဲ့ကြပါတယ်။ထိုင်းဝန်ကြီးချုပ်၊
တော်ဝင်မိသားစုဝင်များ၊ သံရုံးမှ သံအမတ်ကြီးများနှင့် ဝန်ထမ်းများ၊ အနုပညာရှင်များ၊ ပြည်သူများ စသဖြင့် ဘန်ကောက်တစ်မြို့ တည်း လူပေါင်းသိန်းချီ ပါဝင်ခဲ့ကြပါတယ်။ မနက် ကတည်းက ဘန်ကောက်မြို့လည်ရှိ လမ်းများပိတ်ထားပြီး ရေဘူးများနှုင့် မုန့်ဘူးလေးများ အခမဲ့ ပေးဝေကြပါတယ်။ ဒီအခန်းအနားဟာ ထိုင်းဘုရင်မင်းမြတ်ရဲ ့ ၈၈ နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရပြုလုပ်တဲ့
အခန်းအနားဖြစ်ပါတယ်။
05/12/2015
ဒီနေ့ ဟာ ထိုင်းနိုင်ငံရဲ့ အဖေများနေ့  ရုံးပိတ်ရက်ပါ။ ထိုင်း ဘုရင်မင်းမြတ်ရဲ့  ၈၈ နှစ်ပြည့်မွေးနေ့ လည်းဖြစ်ပါတယ်။
Happy Birthday to His Majesty King Bhumipol Adulyadej.
Long Live the King!
Happy Father's Day.
မိသားစုအသီးသီးမှာ အဖေတွေကို အပြင်ထွက်အလည်ခေါ်ခြင်း၊ အစားအတူထွက်စားခြင်း၊ အဖေလိုအပ်တာတွေ ဝယ်ပေးခြင်း စတာတွေသားသမီးတွေက လုပ်ပေးတဲ့အတွက် ရှော့ ပင်းစင်တာတွေမှာ
လျေ့ ဈေးတွေ၊ ပရိုမိုးရှင်းတွေ လုပ်တဲ့အချိန်ပါ။ ထိုင်းနိုင်ငံတိုးတက်မှုမှာ ဘုရင်ရဲ့ ကြိုးစားမှုဟာ အဓိကလို့ ထိုင်းလူမျိုးတွေယုံကြည်ကြပါတယ်။ ထိုင်းဘုရင်မင်းမြတ်ရဲ့ မှတ်သားဖွယ် အဆို အမိန့် တချို့ ကိုလည်း မွေးနေ့ အထိမ်းအမှတ်အနေနဲ့ တင်ပေးလိုက်ပါတယ်။
Today (25th Nov 2015) is Loi Krathong Festival of light in Thailand.Chao Phraya River is so beautiful especially today.B...
25/11/2015
Today (25th Nov 2015) is Loi Krathong Festival of light in Thailand.
Chao Phraya River is so beautiful especially today.
Best places to visit are Asiatique, Chao Phraya Riversides, Lumpini park, Dusit Zoo and Kasetsart University in Bangkok.
ဒီနေ့ ဟာထိုင်းနိုင်ငံမှာ လွိုင်ကထုံ မီးမျောပွဲတော်နေ့ ဖြစ်ပါတယ်။
အေးရှားတစ် ညဈေး Asiatique ကို ဒီနေ့ မှာ သွားရောက်လည်ပတ်မယ်ဆိုရင် အလွန်သင့်တော်ပါတယ်။ Sky train မိုးပျံရထားနဲ့ သွားရင် Saphan Taksin BTS station မှာဆင်းပြီး လှေနဲ့ ဆက်သွားရပါတယ်။
================================================
ဒီနေ့ဟာထိုင်းန်ိုင်ငံမှာ လွိုင်ကထုံ မီးမျောပွဲတော်နေ့ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ ့လပြည့်နေ့ဟာ မြန်မာနိုင်ငံထက် တစ်ရက်စောတာဖြစ်လို့
ထိုင်းတွေရဲ ့တန်ဆောင်တိုင်ပွဲတော်လို့လဲပြောလို့ရပါတယ်။
ပန်းတွေနဲ့တန်ဆာဆင်ထားတဲ့ ခွက်လေးထဲ မီးထွန်းပြီး ကန်တွေ၊ မြစ်တွေ၊ ချောင်းတွေ
ထဲ မျောကာ လိုရာဆုတောင်းကြပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို ့မှာ မီးပုံးပျံတွေ လွတ်တင်ကြပါတယ်။
ကျောက်ဖရားမြစ်ကမ်းဘေးမှာတော့ မီးရှူးမီးပန်းတွေဖောက်ကြပြီးအလွန်လှတဲ့ညလေးပါ။
အေးရှားတစ် ညဈေး Asiatique ကို ဒီနေ့မှာ သွားရောက်လည်ပတ်ရင် အလွန်သင့်တော်ပါတယ်။
အားလုံးဘဲအေးချမ်းသာယာတဲ့ သီတင်းကျွတ်ညလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Narigo.com ကဆုတောင်းပေးလိုက်ပါတယ်။
ထိုင်းစတိုင် ငါးပိထမင်းကြော်Shrimp Paste Fried Rice ( Khao Krok Kapi)ဆိုင်တွေမှာ သွားစားရင် ဈေးကြီးပေးရတဲ့ ငါးပိထမင်ြးေ...
17/11/2015
ဘေးအရံ တွေကတော့ ရှိတာတွေနဲ့  အဆင်ပြေသလို ထည့်လဲရပါတယ်။
ဘဲဥ သို့  ကြက်ဥ - ၁ လုံး
သတ်သတ်စီဖယ်ထားပါ။
=================================
ထိုင်းစတိုင် ငါးပိထမင်းကြော်
Shrimp Paste Fried Rice ( Khao Krok Kapi)
ဆိုင်တွေမှာ သွားစားရင် ဈေးကြီးပေးရတဲ့ ငါးပိထမင်းကြော်ဟာ တကယ်တော့
ပြုလုပ်ရတာ အလွန်ပဲလွယ်ကူမြန်ဆန်ပါတယ်။ အမယ်စုံလေ ပို စားလို့ကောင်းလေပေမယ့်
ဘေးအရံ တွေကတော့ ရှိတာနဲ့ အဆင်ပြေသလို ထည့်လဲရပါတယ်။
ချက်ပြုတ်ရန်လိုအပ်သော အရာများ (၁ပွဲစာ)
ထမင်းကြမ်း (သို့) ချက်ပြီးသားထမင်း - တရုတ်ပန်းကန်လုံး ၁ လုံးခွဲ
ယိုးဒယားငါးပိ (မျှင်ငါးပိ) ရွက်လှေတံဆိပ် - ကွမ်းသီးလုံးခန့် (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)
ပုဇွန်ခြောက် အကောင်သေးသေး - အနည်းငယ်
ကြက်သွန်ဖြူ (၃) တက် - မညှက်တညှက် ထောင်းထားပါ
ကြက်သွန်နီ - ဥတစ်ဝက် ပါးပါးလှီးထားပါ
သရက်သီးစိမ်း တစ်ခြမ်း - ဂျစ်နှင့် ခြစ်ထား (သို့) အမျှင်သေးသေးလှီးထား
သံပုရာသီး - တစ်စိပ် (အနံ ့အတွက်သာ)
ငရုတ်သီးစိမ်း - အနည်းငယ်
ပဲတောင့်ရှည် (ကြိုက်တတ်လျှင်) - ပါးပါးလှီးထားပါ
ဘဲဥ သို့ ကြက်ဥ - ၁ လုံး
ကြက်အူချောင်း သို့ ဝက်အူချောင်း - အနည်းငယ်
ပထမဦးစွာ ဘဲဥ ကို နာနာခေါက်ပြီး ပါးပါးလေး ကြော်ပါ။ ဘဲဥကြော်ကို လိပ်ပြီး ပါးပါးလှီးထား
ခြင်းဖြင့် ဘဲဥကြော် အမျှင်လေးတွေရပါမယ်။
ကြက် (သို့) ဝက်အူချောင်း တစ်ချောင်းကို ခပ်ပါးပါးလှီးပြီး ကြော်ထားပါ။
ပုဇွန်ခြောက်များကို ကြော်ပြီးဆယ်ထားပါ။
ပဲတောင့်ရှည်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သရက်သီးတို့ကို ပါးပါးလှီးထားပြီး
သတ်သတ်စီဖယ်ထားပါ။
ထမင်းစကြော်ပါမယ်။ မီးအေးအေးဖြင့် ကြက်သွန်ဖြူထောင်းတွေကို ဆီသတ်ပါ။ ငါးပိများထည့်ပြီး ကြေအောင်ချေပြီး ကြော်ပါ။ အနံ့မွှေးလာတဲ့အထိ မီးအေးအေးနဲ့ကြော်ပါ။ မီးပြင်းလျှင်တူးတတ်ပါတယ်။ ပြီးနောက်ထမင်းကြမ်းများကို ထည့်ပြီး ကြော်ပါ။ ဆား နှင့် ကြက်သားမှုန့်တို့ကို အရသာ ရှိအောင်ထည့်ပါ။ အားလုံးသမပြီး ကျက်ပြီဆို စတင်ပြင်ဆင်နိုင်ပါပြီ။
ပန်းကန်ပြား ကြီးကြီး တစ်ချပ်ရဲ့အလယ်မှာ ထမင်းကြော်ကို ပုံပါ။ ဘေးပတ်ပတ်လည်မှာ
သရက်သီး အမျှင်ခြစ်၊ ကြက်သွန်နီ၊ ပဲတောင့်ရှည်၊ ငရုတ်သီး၊ ဘဲဥကြော်၊ ကြက်/ဝက် အူချောင်းကြော်၊ ပုဇွန်ခြောက် တို့ဖြင့် ပြင်ဆင်ပြီး စားနိုင်ပါတယ်။
ဆိုင်တွေမှာတော့ ဝက်သား သို့၊ ကြက်သား အချိုချက်၊ ပုဇွန်ချက် တို့နဲ ့ထည့်ပေးပါတယ်။ လှပအောင်ပြင်ဆင်ထားပေမယ့် စားရင်တော့ အားလုံးရောကာ သံပုရာရည် အနံ့ပါတယ်ဆိုရုံ ညှစ်ပြီး ထမင်းသုတ်လို စားရတဲ့ အရမ်းကို အရသာရှိတဲ့ ငါးပိထမင်းကြော်ဖြစ်ပါတယ်။
ဖုံးကွယ်နေသော မြန်မာ့အလှပဆုံးနေရာ ၁၀ နေရာ10 Unseen Beauty of Myanmarအရင်ပို့ စ်မှာ မြန်မာနိုင်ငံသားများအတွက် ဗီဇာမလိုဘဲသ...
17/11/2015
အရင်ပို့ စ်မှာ မြန်မာနိုင်ငံသားများအတွက် ဗီဇာမလိုဘဲသွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံခြားကအလှပဆုံးနေရာ
ဖုံးကွယ်နေသော မြန်မာ့အလှပဆုံးနေရာ ၁၀ နေရာ
10 Unseen Beauty of Myanmar
အရင်ပို့စ်မှာ မြန်မာနိုင်ငံနိုင်သားများအတွက် ဗီဇာမလိုဘဲသွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံခြားကအလှပဆုံးနေရာ
၁၀ နေရာကို အရမ်းလှတယ်လို့မှတ်ချက်ပေးကြပါတယ်။ အဲ့ဒီနေရာတွေလှပကြသလို မြန်မာနိုင်ငံမှာလဲ ဖုံးကွယ်နေတဲ့
အလှအပများစွာ ရှိတယ်ဆိုတာ ဂုဏ်ယူစွာ တင်ပြလိုက်ပါတယ်။ ဒီစာရင်းထဲမှာ မပါသေးတဲ့နေရာတွေ
ရှိရင်လဲ ဝေမျှကြဖို့ဖိတ်ခေါ်ပါတယ်။ အေးချမ်းပါစေ မြန်မာပြည် -^-
စားလို့ ကောင်း ထောင်းရလွယ် ဘယ်တော့မှ မရိုးတဲ့ ယိုးဒယားငါးပိထောင်း (နမ့်ဖစ်ကပီ)Shrimp Paste Chili Sauce ( Nam Prit Kapi)လ...
13/11/2015
စားလို့ ကောင်း ထောင်းရလွယ် ဘယ်တော့မှ မရိုးတဲ့ ယိုးဒယားငါးပိထောင်း (နမ့်ဖစ်ကပီ)
Shrimp Paste Chili Sauce ( Nam Prit Kapi)
လိုအပ်သော အရာများ
ကဇော့ခါးသီး - ၁၀ လုံး
ကြက်သွန်ဖြူ - ၁၀ တက်
ကြက်သွန်နီ ဥသေး - ၂ ဥ
ထန်းလျက် - ၁ ခဲ
နိုင်သည်။
==================================
စားလို့ကောင်း ထောင်းရလွယ် ဘယ်တော့မှ မရိုးတဲ့ ယိုးဒယားငါးပိထောင်း
လိုအပ်သော အရာများ
ယိုးဒယားငါးပိ /ပုဇွန်ငါးပိ - ၂ ဇွန်း (ထမင်းစားဇွန်း)
သံပုရာသီး အလုံးကြီး - ၃ လုံး
ကဇော့ခါးသီး - ၁၀ လုံး
ငရုတ်သီး (ကုလားအော်) - ၃၅ တောင့်
ကြက်သွန်ဖြူ - ၁၀ တက်
ကြက်သွန်နီ ဥသေး - ၂ ဥ
ပုဇွန်ခြောက် - ဇွန်းဝက် (ထမင်းစားဇွန်း)
ထန်းလျက် - ၁ ခဲ
ပထမဦးစွာ ယိုးဒယားငါးပိ(ဘူးနှင့်လာသည်။စီးတီးမတ်တို့တွင်ဝယ်လို့ရ) ကို အနံ့မွှေးသည်အထိ မီးဖုတ်ပြီး ဘေးဖယ်ထားပါ။
ထန်းလျက်၁ ခဲကိုညက်အောင်ထောင်းပြီး ဘေးဖယ်ထားပါ။
ပုဇွန်ခြောက် ၁၀ ကောင်ခန့်ကို ထောင်းပြီး ဘေးဖယ်ထားပါ။
ဗမာ ကြက်သွန်ဖြူ ၊ကုလားအော်ငရုတ်သီး၊ ကြက်သွန်နီ ဥအသေး တို့ကို ညက်အောင်ထောင်းပါ။ ငါးပိမီးဖုတ်ကို ထည့်ထောင်းပါ။
ထန်းလျက်ထောင်းရောထောင်းပါ။
အားလုံးသမလျှင် ကဇော့ခါးသီး များထည့်ပြီး အလုံးကွဲရုံ ဖွဖွထောင်းပါ။
သံပုရာသီး ညှစ်ပါ။ ပထမ ဦးစွာ၂ လုံး ညှစ်ထည့်ပါ။
အပေါ့အငန် မြည်းပြီးလိုအပ်မှထပ်ညှစ်ပါ။ အပေါ့အငန်အနေတော်လျှင်
ချို ၊ ချဉ်၊ ငံ၊ စပ်၊ ခါး အရသာရှိလှသော ယိုးဒယား ငါးပိထောင်းကို
ခရမ်းကျွတ်သီး၊ သခွားသီး အစရှိသော အသီးအရွက် အစိမ်းများသာမက
ရုံးပတီသီးပြုတ်၊ ဖရုံသီးပြုတ်၊ ဘူးသီး၊ ဂေါ်ရခါးသီး ခဝဲသီး ပြုတ်များနှင့်တွဲဖက်စား
နိုင်သည်။
အလိုက်ဖက်ဆူံးမှာ ဘူးသီးကြော်၊ ခရမ်းသီးမှုန့်နှစ်ကပ်ကြော်နှင့် ဆူးပုတ်ရွက်ကြက်ဥကြော်တို့ဖြစ်သည်။
ပလာတူးငါးကို ကြက်ဥတွင် နှစ်ကြော်ထားသော ငါးကြော်နှင့်လဲတွဲဖက်နိုင်သည်။
ပုဇွန်ကို အခွံချွတ်ကာ ရေပါသည်ဆိုရုံ အိုးကင်းပူတိုက်ထားသော ပုဇွန်တုတ်များရောထည့်စားလျှင်လည်းလိုက်ဖက်လှပါသည်။
မြန်မာနိုင်ငံသားများအတွက် ဗီဇာမလိုဘဲသွားရောက်လည်ပတ်နိုင်သော အလှပဆုံးနေရာ (၁၀)နေရာ10 most beautiful places to visit witho...
13/11/2015
10 most beautiful places to visit without visa requirements for Myanmar citizens
မြန်မာနိုင်ငံသားများအတွက် ဗီဇာမလိုဘဲသွားရောက်လည်ပတ်နိုင်သော အလှပဆုံးနေရာ (၁၀)နေရာ
3 Days 2 Nights in Bangkok
09/11/2015
3 Days 2 Nights in Bangkok
09/11/2015
Hangover Part 2 ဇာတ်ကားထဲက သူတို့ နေတဲ့ အိပ်ခန်းသုံးခန်းပါ ဟော်တယ်ခန်း Tower Club Suite ဟာ
Hangover Part2 ရုပ်ရှင်ကြိုက်နှစ်သက်သူများ သွားရောက်လည်ပတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
================================
Hangover Part2 ရုပ်ရှင်ဇာတ်ဝင်ခန်းထဲမှ Lebua at State Tower, Bangkok
ကြယ်ငါးပွင့် အဆင့်ဟော်တယ်ဖြစ်ပြီး 63 ထပ်မှာရှိတဲ့ Sky Bar ဟာအင်မတန်ကြော်ကြားပါတယ်။
ကျောက်ဖရားမြစ် ကို အလှဆုံးမြင်နိုင်တဲ့နေရာတစ်ခုဆိုလဲ မမှားပါဘူး။
ရင်သက်ရှုမောဖွယ် ဘန်ကောက်မြို ့အပေါ်စီးရှုခင်းကိုဒီနေရာမှာ ရိုက်ခဲ့ပါတယ်။
Hangover Part 2 ဇာတ်ကားရိုက်ကူးခဲ့တဲ့ အိပ်ခန်းသုံးခန်းပါ Tower Club Suite ဟာ
2863 စတုရန်းပေကျယ်ပါတယ်။ မြို ့အပေါ်စီးရှုခင်းကို ကြည့်နိုင်တဲ့ ဝရန်ဒါ လေးခုပါ ပါတယ်။
Hangover Part2 ရုပ်ရှင်ကြိုက်နှစ်သက်သူများ သွားရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
ที่อยู่
Bangkok
เว็บไซต์
แจ้งเตือน
รับทราบข่าวสารและโปรโมชั่นของ Narigo.comผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา
ติดต่อ ธุรกิจของเรา
ส่งข้อความของคุณถึง Narigo.com:
แชร์