Siam Sakura Travel

  • Home
  • Siam Sakura Travel
Directions

Siam Sakura Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Siam Sakura Travel, บริการท่องเที่ยว, .

ဂျပန်~ထိုင်းခရီးစဉ် - နိုင်ငံတကာလေယာ‌ဉ်လက်မှတ် - Hotel Booking - ထိုင်းလေဆိပ်အကြိုအပို့
EmikoVlog နဲ့အတူတူပါပဲရှင်🤍
ဂျပန်အချိန် နေ့လည် 12 နာရီ ~ ည 9 နာရီအတွင်း အမြန်ဆုံး reply ပြန်ပေးပါတယ်။
ကြာသပတေးနေ့တိုင်း ရုံးပိတ်ပါတယ်ရှင့်🤍

21/09/2026

ဘန်ကောက်ရဲ့ လှပတဲ့ရှုခင်းတွေကိုကြည့်ရင်း ညစာတူတူစားဖို့ ချစ်ရသူကို Mention ခေါ်လိုက်ပါ ❤️

#ဂျပန်ရောက်မြန်မာများ #ဂျပန်ထိုင်းခရီးစဉ် #ဂျပန်ထိုင်းလေယာဉ်လက်မှတ်

20/09/2026

တစ်ထည်ပဲ ဝယ်ဖို့စိတ်ကူးထားသော်လည်း….🤧

#ဂျပန်ရောက်မြန်မာများ
#ဂျပန်ထိုင်းခရီးစဉ်
#ဂျပန်ထိုင်းလေယာဉ်လက်မှတ်


Budget Airlines များနဲ့ လေယာဉ်ချိန် ခဏခဏ ပြောင်းတဲ့ဂယက်များ ✈️"လေယာဉ်ချိန် ပြောင်းတယ်" ဆိုတာနဲ့ Budget Airline တွေချည်းပ...
19/09/2026

Budget Airlines များနဲ့ လေယာဉ်ချိန် ခဏခဏ ပြောင်းတဲ့ဂယက်များ ✈️

"လေယာဉ်ချိန် ပြောင်းတယ်" ဆိုတာနဲ့ Budget Airline တွေချည်းပဲလားဆိုတော့ မဟုတ်ပါဘူးနော်။ ဘယ်လေကြောင်းလိုင်းမဆို ရာသီဥတု မကောင်းတာ၊ နည်းပညာနဲ့ စက်ပိုင်းဆိုင်ရာ အကြောင်းအမျိုးမျိုးကြောင့် လေယာဉ်ချိန် ပြောင်းတာ ဒါမှမဟုတ် ဖျက်သိမ်းတာမျိုးတွေ ရှိတတ်ကြပါတယ်။

ဒါပေမဲ့ Budget Airlines တွေမှာကျတော့ တန်ဖိုးနည်းဆိုတဲ့အတိုင်း လိုတာထက်ကို ပိုပြီး ခဏခဏ အချိန်ပြောင်းတာမျိုးတွေ ကြုံရတတ်ပါတယ်။ အကြောင်းရင်းတွေကတော့ ခရီးသည် မပြည့်လို့ တခြားလေယာဉ်ချိန်နဲ့ ပေါင်းလိုက်တာမျိုး၊ တစ်ခါပြောင်းရုံနဲ့ မပြီးဘဲ လေယာဉ်ချိန်ကို ခဏခဏ ထပ်ပြောင်းနေတာမျိုး၊ မနက်ပိုင်း လေယာဉ်ချိန်ကို ညပိုင်း အချိန်ဆီ ပြောင်းလိုက်လို့ Transit စီးရမယ့် ခရီးသည်တွေ အခက်တွေ့ရတာမျိုးနဲ့ အဆိုးဆုံးအနေနဲ့ လုံးဝ Cancel သွားတာမျိုးတွေအထိ ရှိတတ်ပါတယ်။

ဒီလိုပြောလို့ Budget Airlines တွေက မကောင်းဘူးလို့တော့ မဟုတ်ပါဘူးနော်။ တခြား ပုံမှန် လေကြောင်းလိုင်း (Full Service Airlines) တွေနဲ့ ယှဉ်ရင် လက်မှတ်ဈေးက ယန်း ၅ သောင်း ~ ၁၀ သောင်းလောက် သက်သာတတ်တာမို့လို့ သူ့ဈေးနဲ့သူတော့ တန်တယ်လို့ ပြောရမှာပါ။

မင်မင်တို့ဆီ လက်မှတ်ဖြတ်တဲ့ Customer လေးတွေ လေယာဉ်ချိန် ပြောင်းသွားတဲ့အခါ "အစ်မ... လေယာဉ်ချိန်က ထပ်ပြောင်းဦးမှာလား"၊ "ဒီချိန်ကြီးဆိုရင် အဆင်မပြေလို့ပါ၊ Transit မမှီတော့ဘူး" စသဖြင့် ပြောတာမျိုးတွေ ကြုံဖူးတယ်ပေါ့နော်။

အဲဒီလို လုံးဝ အဆင်မပြေရင်တော့ အစ်မတို့က Airline ကို တခြားအချိန် Request လုပ်ပြီး ညှိပေးပါတယ်။ သို့သော် ခရီးသည် ပြောင်းချင်တဲ့လေယာဉ်ချိန်ကရှိမှ လေကြောင်းလိုင်းဘက်က Approve ဖြစ်မှ ပြောင်းခွင့်ရှိတာပါ။ ဒါ့အပြင် လေကြောင်းလိုင်းဘက်က အချိန်ပြောင်းပေးလိုက်လို့ ကိုယ့်ဘက်က အဆင်မပြေလို့ ပြန်ပြောင်းချင်ရင်တောင် ထပ်ဆောင်း ပိုက်ဆံ ထပ်ပေးရတာမျိုးတွေ ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် Budget Airline တွေဟာ မိမိဘက်က ကိုယ်တိုင် အချိန်/နာမည်ပြောင်းခွင့် သို့မဟုတ် Cancel ခွင့် မရှိဘဲ လေကြောင်းလိုင်းဘက်က အချိန်ပြောင်းသွားလို့သာ ဧည့်သည်ဘက်က ပြောင်းခွင့်ရတာ ဖြစ်ပြီး၊ ဒါတောင်မှ အချိန်ရှိဦးမှ သူတို့ Approve ဖြစ်မှသာ ပြောင်းလို့ရတာ ဖြစ်ပါတယ်။ ရွေးချယ်စရာမရှိဘဲ ပြောင်းရတဲ့အချိန်အတိုင်းပဲ သွားရတာမျိုးလည်း ရှိတာပေါ့နော်။

ဒါကြောင့် Budget Airline နဲ့ ခရီးသွားမယ်ဆိုရင် လေယာဉ်တစ်ဆင့်မှ တစ်ဆင့် ပြောင်းစီးရမယ့် ခရီးစဉ်ဆိုရင် လေယာဉ်ချိန် နောက်ကျတာမျိုးအတွက် အဆင်သင့်ဖြစ်စေဖို့ ကြားထဲမှာ အနည်းဆုံး ၃ နာရီ၊ ၄ နာရီမက အချိန်ပို ပေးထားသင့်ပါတယ်။ ဒါ့အပြင် ခရီးရောက်ရောက်ချင်း အရေးကြီး Appointment မျိုး သို့မဟုတ် နောက်ထပ် ရထားနဲ့ ဘတ်စ်ကား အချိန်ကပ်ပြီး ကြိုတင်လက်မှတ်ဖြတ်ထားတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်သလို၊ ဈေးနည်းနည်း ပိုပေးရပေမဲ့ အရေးကြောင်းဆို အကာအကွယ်ရအောင် Travel Insurance ဝယ်ထားတာ အကောင်းဆုံးပေါ့နော်။

မင်မင်တို့ဆီမှာ လေယာဉ်လက်မှတ် ဝန်ဆောင်မှုယူတဲ့အခါ လက်မှတ်ဖြတ်ပေးရုံ တခုတည်း မဟုတ်ဘဲ အခုလို လေယာဉ်ချိန် ပြောင်းသွားရင်လည်း ချက်ချင်း အကြောင်းကြားပေးပါတယ်။ ပြောင်းသွားတဲ့ အချိန်က အဆင်မပြေရင်လည်း လေကြောင်းလိုင်းကို တတ်နိုင်သလောက် တခြားအချိန်ပြောင်းရအောင် Request လုပ်ပြီး မင်မင်တို့ဘက်က ကူညီညှိနှိုင်းပေးပါတယ်ရှင့်။
(Request Approve ဖြစ်မဖြစ်ကတော့ လေကြောင်းလိုင်းရဲ့ မူဝါဒအပေါ်မှာ မူတည်တာမို့ မင်မင်တို့ဘက်ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါတယ်နော်။)

🎟️ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင် Page Chat Box ကနေ အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့် ❤️
(ဂျပန်စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ~ ည ၉ နာရီအတွင်း အမြန်ဆုံး Reply ပြန်ပေးပါတယ်။ ကြာသပတေးနေ့တိုင်းတော့ ရုံးပိတ်ပါတယ်ရှင့်။ ❤️)

゚ #ဂျပန်ထိုင်းခရီးစဉ်
#ဂျပန်ထိုင်းလေယာဉ်လက်မှတ်

Siam Sakura Travel

18/09/2026

Narita လေဆိပ်မှာရှိတဲ့ Thai AirAsia ရဲ့ Check-in Counter "N" ကို တော်တော်များများ ထွက်ပေါက်နဲ့မှားပြီး မျက်စိလည်ကြတဲ့အတွက် လေဆိပ်ရောက်မှ မျက်စိမလည်ရအောင် ဒီ Video လေးကို ကြည့်လိုက်ကြရအောင်နော်! 🇯🇵✨



#ဂျပန်ရောက်မြန်မာများ
#ဂျပန်ထိုင်းခရီးစ‌ဉ်
#ဂျပန်ထိုင်းလေယာဉ်လက်မှတ်

16/09/2026

ပန်းတွေကိုတွေ့ရင် တစ်ယောက်ယောက်ကို
သတိရမိတတ်တယ်ဆိုရင်
ပန်းတွေကိုတွေ့ရင် တစ်ယောက်ယောက်အတွက်
ယူသွားပေးချင်ခဲ့ရင်
အဲဒီလူဟာ ကိုယ့်အတွက် နှလုံးသားမှာ ပန်းပွင့်စေတဲ့သူပါပဲတဲ့။

_ဆရာမနွေအိမ်မောင်ဝင်း


#ဂျပန်ထိုင်းခရီးစဉ်
#ဂျပန်ထိုင်းလေယာဉ်လက်မှတ်
゚viralシ



Siam Sakura Travel

"၁၂ လပိုင်းအတွက် လေယာဉ်လက်မှတ်တွေကို ခုထဲက ကြိုဝယ်လို့ရလား။ ကြိုဝယ်ရင် အရမ်းစောနေမလား၊ ဈေးသက်သာလား" ဆိုပြီး ခုတလော Custo...
15/09/2026

"၁၂ လပိုင်းအတွက် လေယာဉ်လက်မှတ်တွေကို ခုထဲက ကြိုဝယ်လို့ရလား။ ကြိုဝယ်ရင် အရမ်းစောနေမလား၊ ဈေးသက်သာလား" ဆိုပြီး ခုတလော Customer လေးတွေက ခဏခဏ လာမေးနေကြလို့လေ။

အမှန်တိုင်းပြောရရင် ခုမှဝယ်တာက နောက်ကျနေပြီလို့တောင် ပြောလို့ရနေပါပြီနော်🥺။ ဘာလို့လဲဆိုတော့ ၁၂ လပိုင်းက ခရစ်စမတ်နဲ့ Happy New Year ပိတ်ရက်ရှည်မလို့ တစ်နှစ်လုံးမှာ ခရီးသွားအများဆုံး High Season မလို့ လက်မှတ်ဈေး အကြီးဆုံးနဲ့ ဈေးတက်အမြန်ဆုံးပါပဲရှင်။ ခရီးမသွားခင် (၆) လလောက်အလိုကတည်းက ကြိုဝယ်တာ အကောင်းဆုံးပါ။
ရက်နီးလာလေလေ ဈေးပိုတက်လာလေလေမလို့ ရက်သေချာရင် အမြန်ဆုံးဝယ်တာ ပိုဈေးသက်သာပါတယ်။ မဟုတ်ရင် ဈေးတက်တအားမြန်လို့ပါ။

အရင်နှစ်တွေက တစ်ပတ်အတွင်းမှာတင် 円၂ သောင်း ၃ သောင်းထိ တက်သွားတာတွေ ရှိသလို ရက်နီးမှဝယ်လို့ Sold Out တွေဖြစ်၊ ယန်း သောင်း ၂၀ ကျော် ၃၀ နီးပါးထိ လက်မှတ်ဈေးတက်ပြီး အဲဒီဈေးနဲ့ ဝယ်လိုက်ရတဲ့ Customer တွေ ရှိဖူးလို့ပါ။ ခုတောင် Tokyo - BKK Budget Airline Round Trip ကို အနည်းဆုံး Yen ၁၅ သောင်းလောက် ဖြစ်နေပါပြီ။ ဈေးတက်မြန်တာ ထိုင်းတစ်ခုတည်း မဟုတ်ပါဘူးနော်၊ တခြား ဘယ်ခရီးစဉ်မဆို တူတူပါပဲရှင်။

ကိုယ်တိုင် လက်မှတ်ဖြတ်ရမှာ အချိန်မပေးနိုင်တဲ့သူတွေ၊ အမှားပါမှာ စိုးရိမ်တဲ့သူတွေနဲ့ ပထမဆုံး ခရီးသွားမှာမလို့ လေဆိပ်မှာ ဘာတွေလုပ်ရမလဲ ဘာတွေလိုအပ်လဲ မသိလို့ စိုးရိမ်နေတဲ့သူတွေအတွက် မင်မင်တို့ Siam Sakura Travel မှာ လေယာဉ်လက်မှတ် ဝန်ဆောင်မှု အပ်လို့ရပါတယ်။
မင်မင်တို့ရဲ့ လေယာဉ်လက်မှတ် ဝန်ဆောင်မှုက လေယာဉ်လက်မှတ် ဖြတ်ပေးတာ တစ်ခုတည်း မဟုတ်ဘဲ TDAC အခမဲ့ ဖြည့်ပေးခြင်း၊ တခြား ပြင်ဆင်ရမယ့် လိုအပ်တဲ့ အချက်အလက်တွေနဲ့ လေဆိပ်လမ်းညွှန်လေးတွေကိုပါ သေချာ ပြောပြကူညီပေးပါတယ်ရှင်။

#ဂျပန်ထိုင်းလေယာဉ်လက်မှတ် #ဂျပန်ထိုင်းခရီးစဉ်

မင်မင်တို့အတွက်ကတော့ အားဆေးအနေနဲ့ Vitamin တွေတောင် မလိုတော့ပါဘူးနော်💊✨ဒီလို ချစ်သောလေးတွေရဲ့ ဝမ်းသာအားရ ကျေးဇူးတင်စကားလေ...
13/09/2026

မင်မင်တို့အတွက်ကတော့ အားဆေးအနေနဲ့ Vitamin တွေတောင် မလိုတော့ပါဘူးနော်💊✨

ဒီလို ချစ်သောလေးတွေရဲ့ ဝမ်းသာအားရ ကျေးဇူးတင်စကားလေးတွေ ကြားလိုက်ရရင်ကိုပဲ အလိုလိုနေရင်း Vitamin တွေ သောက်ထားသလို အားအပြည့်နဲ့ လန်းဆန်းသွားရတာပါရှင်။ 🥰❤️

မင်မင်တို့ ဧည့်သည်လေးတွေကလေ ကျေးဇူးတင်စကားတင် လာပြောကြတာ မဟုတ်ဘူး။
သူတို့ရဲ့ အသိ၊သူငယ်ချင်းတွေကိုပါ ထပ်ဆင့် ပြန်ညွှန်းပေးကြတာ အရမ်းကို ချစ်ဖို့ကောင်းကြသောပဲ။🥹💖

ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှု အပ်နှံပေးကြတဲ့အပြင် ထပ်ဆင့် ပြန်ညွှန်းပေးကြလို့လည်း အများကြီး ကျေးဇူးတင်ပါတယ်နော်။ ❤️

ဒီထက်မက ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်အောင်လည်း အမြဲတမ်း ကြိုးစားသွားပါ့မယ်ရှင်။ 🥰

#ဂျပန်ထိုင်းလေယာဉ်လက်မှတ်

#ဂျပန်ထိုင်းခရီးစဉ်



Siam Sakura Travel

10/09/2026

လေယာဉ်ချိန် အစောကြီး သွားရမှာမလို့ ရထားတွေ မထွက်သေးတဲ့အခါဖြစ်ဖြစ်၊ လေယာဉ်ချိန် နောက်ကျလို့ ရထားမမီတော့တဲ့အခါဖြစ်ဖြစ်၊ Transit ခဏစောင့်ရင်း ညအိပ်ဖို့ လိုတဲ့အခါမျိုးမှာ ဒီ Capsule Hotel လေးမှာ တည်းဖို့ Recommend ပေးချင်ပါတယ်ရှင်။
24hr Check-in ရပြီး ဈေးနှုန်းက 1 night 5000 Yen ဝန်းကျင်လောက်ပဲ ရှိပါတယ်။ Budget လည်း Save ဖြစ်တဲ့အပြင် Facility တွေကလည်း ပေးရတဲ့ဈေးနဲ့တန်ပြီး သန့်ရှင်းသပ်ရပ်ပါတယ်။
ပြီးတော့ လေဆိပ်ထဲမှာတင် ရှိတာဆိုတော့ မနက်နိုးတာနဲ့ လေဆိပ်ထဲ တန်းလမ်းလျှောက်သွားရုံပဲမလို့ လေယာဉ်ချိန် အရမ်းစောတဲ့သူတွေလည်း မနက်ထဖို့ နောက်ကျမှာ မပူရတော့ဘူးနော် 😉

📍 Address:
Nine Hours Narita Airport
Narita Airport Terminal 2 (B1 Floor)




#ဂျပန်ထိုင်းခရီးစဉ်
#ဂျပန်ရောက်မြန်မာများ
#ဂျပန်ထိုင်းလေယာဉ်လက်မှတ်

07/09/2026

ဂျပန်က မိသားစုနဲ့ မြန်မာက မိသားစုတို့ ခွန်ထိုင်းမြေမှာ ပြန်လည်ဆုံစည်းနိုင်ဖို့ အစအဆုံး All In One Package လေး ဝန်ဆောင်မှုပေးခွင့်ရတာလေးပါရှင့် 🥰

လေဆိပ်မှာ မိသားစုတွေ ပြန်ဆုံတွေ့ပြီး ပျော်ရွှင်နေကြတဲ့ အခိုက်အတန့်လေးကို ကြည့်ပြီး ဧည့်သည်တွေနဲ့ ထပ်တူ ပျော်ရွှင်ကြည်နူးမိပါတယ် 🤍

မိသားစုဆိုတာ နေရာတွေ ဘယ်လောက်ပဲ ဝေးကွာပါစေ…
အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ…
လူ့ဘဝဟာ သိပ်တိုတောင်းတဲ့အတွက် လုပ်ငန်းတာဝန်တွေကို ခဏဘေးဖယ်ထားပြီး ပြန်ဆုံနိုင်ဖို့ အချိန်ပေး ကြိုးစားကြည့်ကြပါနော် ✨

ပြန်ဆုံကြတဲ့ ခဏမှာ ရင်ထဲက စကားတွေကို ဖွင့်ဟပြောကြည့်ကြပါ…
အရင်ကထက် ပိုပြီး ချစ်ခြင်းမေတ္တာကို ဖွင့်ထုတ်ပြကြပါ 🫶

Siam Sakura Travel အနေနဲ့လည်း ခုလို မိသားစုတွေ ပြန်လည်ဆုံစည်းနိုင်ဖို့ -
✈️ လေယာဉ်လက်မှတ်
🏨 ဟိုတယ်
🚗 လေဆိပ် အကြို/အပို့
🗺️ အလည်အပတ် ခရီးစဉ်များ
အပါအဝင် All-in-one Package ဝန်ဆောင်မှုအဝဝကို အစစအရာရာ ကူညီပေးခွင့်ရတဲ့အတွက် အရမ်းပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ 🙏✨

ချစ်တဲ့သူတွေ ပြန်လည်ဆုံစည်းနိုင်အောင် ကူညီဖန်တီးပေးရတဲ့ ဒီလို ဝန်ဆောင်မှုမျိုးကို လုပ်ခွင့်ရအောင် ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင့် 🤍

#ဂျပန်ထိုင်းခရီးစဉ်
#လေယာဉ်လက်မှတ်
#ဂျပန်ရောက်မြန်မာများ

Address

Bangkok
10330

Website

Alerts

Be the first to know and let us send you an email when Siam Sakura Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed transport service?

Share