ချင်းမိုင် မိသားစု - Chiang Mai Family

ချင်းမိုင် မိသားစု - Chiang Mai Family Visa သက်တမ်းတိုး ထောက်ခံစာအမျိုးမျိုးကို တိကြမြန်ဆန်စွာနဲ့ ဆောင်ရွက်ပေးနေပါတယ်

🍀မြန်မာလိုင်စင်မရှိသူများအတွက် ထိုင်းနိုင်ငံမှာ တရားဝင် ယာဉ်မောင်းလိုင်စင် လွယ်ကူမြန်ဆန်စွာ လျှောက်ထားနိုင်ပါပြီ🍀💡ထိုင်း...
08/09/2026

🍀မြန်မာလိုင်စင်မရှိသူများအတွက် ထိုင်းနိုင်ငံမှာ တရားဝင် ယာဉ်မောင်းလိုင်စင် လွယ်ကူမြန်ဆန်စွာ လျှောက်ထားနိုင်ပါပြီ🍀

💡ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများနှင့် မိဘပြည်သူများအတွက် မြန်မာလိုင်စင် မရှိသေးသူများပါ ထိုင်းနိုင်ငံ၏ တရားဝင် ယာဉ်မောင်းလိုင်စင် ရရှိအောင် စနစ်တကျ ကူညီဆောင်ရွက်ပေးနေပါသည်။

🚗ကားမောင်းလိုင်စင် သင်တန်း – စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပေးပြီး (၃) ရက်သင်တန်း တက်ရောက်ရပါမည်။

🛵ဆိုင်ကယ်လိုင်စင် သင်တန်း – (၂) ရက်သင်တန်း တက်ရောက်ရပါမည်။

⚙️လုံးဝ မမောင်းတတ်သေးသူများ – အခြေခံမှစ၍ ကျွမ်းကျင်စွာ မောင်းနှင်နိုင်သည်အထိ စိတ်ရှည်လက်ရှည် သင်ကြားပေးပါသည်။သင်တန်း ၅ ရက်

💎သင်တန်းမတက်ချင်သူများ – အချိန်ကုန် သက်သာစေမည့် အမြန် Express Service ဝန်ဆောင်မှုလည်း သီးသန့်ရှိပါသည်။💎

📑လိုအပ်သည့် စာရွက်စာတမ်း အပြည့်အစုံဖြင့် စိတ်အေးချမ်းသာစွာ လျှောက်ထားနိုင်ရန် အစအဆုံး တာဝန်ယူ ကူညီပေးနေပါပြီ။

📩အခုဘဲ messenger သို့ဆက်သွယ်ပါ📩

🚗 Guardian, Retirement, ED Plus နဲ့ LTV ကိုင်ဆောင်သူများအတွက် သတင်းကောင်း! ထိုင်းယာဉ်မောင်းလိုင်စင် ၅ နှစ် သက်တမ်း ရယူလိ...
07/09/2026

🚗 Guardian, Retirement, ED Plus နဲ့ LTV ကိုင်ဆောင်သူများအတွက် သတင်းကောင်း! ထိုင်းယာဉ်မောင်းလိုင်စင် ၅ နှစ် သက်တမ်း ရယူလိုက်ပါ
ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ရင်း ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတော့မယ့်သူတွေအတွက် အရေးကြီးတဲ့ သတင်းကောင်းတစ်ခု ရှိပါတယ်။
အများစုက Tourist (ခေတ္တနေထိုင်) ဗီဇာနဲ့ လိုင်စင်လုပ်ရင် ၂ နှစ်သက်တမ်း (Temporary License) ပဲ ရရှိတတ်ပေမဲ့ အောက်ပါ Non-Immigrant Long-term ဗီဇာအမျိုးအစား ကိုင်ဆောင်ထားသူတွေအနေနဲ့ ၅ နှစ်သက်တမ်းရှိ ထိုင်းယာဉ်မောင်းလိုင်စင် (5-Year Driving License) သို့ ပြောင်းလဲ/သက်တမ်းတိုး လျှောက်ထားနိုင်ပါပြီ။
💡 ဘယ်သူတွေ ၅ နှစ် လိုင်စင် လျှောက်ထားနိုင်သလဲ?
🎓 ED Plus Visa: တက္ကသိုလ်/ကောလိပ် ရေရှည်ကျောင်းသား ဗီဇာကိုင်ဆောင်သူများ
👶 Guardian Visa (Non-O): ကျောင်းသူ/သား ကလေးများ၏ အုပ်ထိန်းသူ မိဘများ
🌴 Retirement Visa (Non-O / Non-OA): အငြိမ်းစား နေထိုင်ခွင့် ဗီဇာရထားသူများ
🏢 LTR / Long Term Visas: ရေရှည်နေထိုင်ခွင့် အထူးဗီဇာ ကိုင်ဆောင်သူများ
📄 လိုအပ်သည့် အဓိက စာရွက်စာတမ်းများ:
1. Passport Original & Copies: ပတ်စပို့မူရင်းနှင့် ဗီဇာ စာရွက်စာတမ်း မိတ္တူများ
2. Residence Certificate: လူဝင်မှုကြီးကြပ်ရေး (Immigration) သို့မဟုတ် မြန်မာသံရုံးမှ ထုတ်ပေးသည့် နေရပ်လိပ်စာထောက်ခံစာ
3. Medical Certificate: ထိုင်းဆေးခန်းမှ ထုတ်ပေးသည့် ယာဉ်မောင်း ကျန်းမာရေးထောက်ခံစာ (၁ လအတွင်း)
4. Original Driving License: မူရင်း ထိုင်းယာဉ်မောင်းလိုင်စင်ဟောင်း
✨ Chiang Mai Family ရဲ့ ဝန်ဆောင်မှုဖြင့် အလွယ်တကူ ဆောင်ရွက်ပါ:
DLT (ယာဉ်စီးဌာန) မှာ ဘန်ကောက်/ချင်းမိုင် စာရွက်စာတမ်း ပြင်ဆင်မှု အခက်အခဲ မရှိရအောင် အသေးစိတ် စစ်ဆေးပေးခြင်း
DLT ရုံး ရက်ချိန်း (Queue Booking) ရရှိရေးနှင့် စာမေးပွဲ/မျက်စိစစ်ဆေးမှုများအတွက် အနီးကပ် လမ်းညွှန်ပေးခြင်း
လိုင်စင် သက်တမ်းမကုန်မီ ကြိုတင်ပြင်ဆင်ပြီး ၅ နှစ် သက်တမ်းရှိ လိုင်စင်ကို စိတ်အေးချမ်းစွာ လဲလှယ်လိုက်ပါ။
👉 အသေးစိတ် အခမဲ့ ဆွေးနွေးတိုင်ပင်ရန် အခုပဲ Chat box ကနေ ဆက်သွယ်လိုက်ပါခင်ဗျာ! 📩

⚠️ "ဗီဇာ သက်တမ်း ကုန်ခါနီးနေပြီလား? ရက်မလွန်ခင် အခုပဲ Chat box ကနေ ဆက်သွယ်လိုက်ပါ!"ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်ရင်း ...
28/08/2026

⚠️ "ဗီဇာ သက်တမ်း ကုန်ခါနီးနေပြီလား? ရက်မလွန်ခင် အခုပဲ Chat box ကနေ ဆက်သွယ်လိုက်ပါ!"
ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်ရင်း ဗီဇာ သက်တမ်း ကုန်ခါနီးလို့ Overstay (ရက်လွန်) ဖြစ်သွားမှာကို စိုးရိမ်နေရပါသလား?
Overstay ဖြစ်သွားပါက -
❌ တစ်ရက်ကို 500 Baht ဒဏ်ကြေး ပေးဆောင်ရခြင်း
❌ Passport မှာ တရားဝင်(Blacklist) အမှတ်အသား ပါသွားနိုင်ခြင်း
❌ နောက်ပိုင်း ဗီဇာ ပြန်လျှောက်တဲ့အခါ အခက်အခဲများစွာ ကြုံတွေ့ရနိုင်ခြင်း စတဲ့ ပြဿနာတွေ ရှိပါတယ်။
ဒီလို ခေါင်းခဲစရာတွေကို Chiang Mai Family မှတာဝန်ယူ ဖြေရှင်းပေးပါရစေ!
💡 ကျွန်ုပ်တို့ ထံမှာ ဘာတွေ ဆောင်ရွက်ပေးနေသလဲ?
✅ Visa Extension Services: Tourist Visa, Non-O, ED Visa စသည့် ဗီဇာ သက်တမ်းတိုးခြင်းများ
✅ Visa Conversion: ရေရှည် နေထိုင်နိုင်ရေး ဗီဇာ အမျိုးအစား ပြောင်းလဲပေးခြင်း
✅ Residence Certificate: Imm Office ထောက်ခံစာ လျှောက်ထားပေးခြင်း
✅ Thai Driving License: ထိုင်း ယာဉ်မောင်းလိုင်စင် လဲလှယ်/အသစ် လျှောက်ထားပေးခြင်း

✨ Chiang Mai Family ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

တိကျမြန်ဆန်ခြင်း: စာရွက်စာတမ်း မှားယွင်းမှု မရှိရအောင် အသေးစိတ် စစ်ဆေးပေးပါသည်။

ကျွမ်းကျင်စွာ လမ်းညွှန်ခြင်း: လူဝင်မှုကြီးကြပ်ရေး (Immigration) စည်းမျဉ်းများနှင့်အညီ တရားဝင် လမ်းကြောင်းအတိုင်း ဆောင်ရွက်ပေးပါသည်။

စိတ်အေးချမ်းမှု ပေးနိုင်ခြင်း: ရုံးစိုက်ရာ နေရာအထိ လမ်းညွှန်ပေးပြီး ကတ်ပြား/တံဆိပ်တုံး ရသည်အထိ အနီးကပ် ကူညီပေးပါသည်။

အချိန်မဆိုင်းပါနဲ့တော့! သင့်ရဲ့ ဗီဇာ ရက်မလွန်ခင် အေးဆေးချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ ဒီနေ့ပဲ ကျွန်ုပ်တို့ဆီ ကို ဆက်သွယ်လိုက်ပါ။

👉 အသေးစိတ် အခမဲ့ တိုင်ပင်ဆွေးနွေးရန် အခုပဲ Chat box ကနေ ဆက်သွယ်လိုက်ပါခင်ဗျာ! 📩




🔥 "ထိုင်းမှာ လိုင်စင်မရှိဘဲ မောင်းနေရတာ ဘယ်လောက်အထိ ရင်တထိတ်ထိတ်နဲ့ စိတ်ဆင်းရဲစရာကောင်းလဲ ခံစားဖူးသူတိုင်း သိပါတယ်..."လူ...
26/08/2026

🔥 "ထိုင်းမှာ လိုင်စင်မရှိဘဲ မောင်းနေရတာ ဘယ်လောက်အထိ ရင်တထိတ်ထိတ်နဲ့ စိတ်ဆင်းရဲစရာကောင်းလဲ ခံစားဖူးသူတိုင်း သိပါတယ်..."

လူတော်တော်များများဟာ "ငါလည်း မောင်းတတ်တာပဲ၊ ရဲဖမ်းရင် ဒဏ်ကြေးပေးလိုက်ရင် ပြီးတာပဲ" ဆိုတဲ့ အတွေးနဲ့ နေ့တိုင်း စိုးရိမ်စိတ်ကို ပိုက်ပြီး မောင်းနှင်နေကြတယ်။

ဒါပေမဲ့ မိတ်ဆွေ... တကယ်တော့ "လိုင်စင်" ဆိုတာ ဒဏ်ကြေး မဆောင်ရရုံတင် မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ သင် တရားဝင် နေထိုင်ကြောင်း၊ သင့်မှာ လွတ်လပ်စွာ သွားလာခွင့်နဲ့ လုံခြုံမှုအပြည့်ရှိကြောင်း ပြသတဲ့ "ဂုဏ်သိက္ခာနဲ့ ရဲရင့်မှု" ဖြစ်ပါတယ်။

ဒါဆိုရင် မေးစရာရှိလာပြီ... "ငါ့မှာရှိတဲ့ မြန်မာလိုင်စင်/နိုင်ငံတကာလိုင်စင်နဲ့ ထိုင်းလိုင်စင် ပြောင်းလို့ ရနိုင်မလား?"
အဖြေကတော့ "အခွင့်အရေး သင့်ဆီမှာ ရှိနေပါတယ်။"

💡 ဘယ်သူတွေ ပြောင်းလို့ရသလဲ?
သင်ဟာ ထိုင်းနိုင်ငံမှာ ED Visa (ကျောင်းသား)၊ Non-B (အလုပ်)၊ Non-O (မှီခို) သို့မဟုတ် Work Permit စတဲ့ ရေရှည်တရားဝင် ဗီဇာတစ်မျိုးမျိုး ကိုင်ဆောင်ထားသူ ဖြစ်ရင်တော့ လိုင်စင်လဲလှယ်ခွင့် အပြည့်အဝ ရှိပါတယ်။ (Tourist Visa လည်း ရပါတယ်)

💡 ဘာတွေ လိုအပ်သလဲ?
၁။ Passport (ဗီဇာစာမျက်နှာပါရမည်)
၂။ ထိုင်းနိုင်ငံ နေရပ်လိပ်စာထောက်ခံစာ (Residence Certificate သို့မဟုတ် Work Permit)
၃။ ဆေးထောက်ခံစာ (Medical Certificate)
၄။ မိမိ၏ မူရင်း လိုင်စင် (Smart Card)
"အခက်အခဲဆိုတာ မသိသေးခင်မှာပဲ ကြီးမားနေတာပါ။ စာရွက်စာတမ်း အဆင့်ဆင့် ဆောင်ရွက်ရမှာကို စိုးရိမ်မနေပါနဲ့..."

ရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်တွေ၊ ဘာသာစကား အခက်အခဲတွေကြောင့် သင့်အချိန်တွေကို အကုန်မခံပါနဲ့။

🐘 Chiang Mai Family က သင့်ရဲ့ အခက်အခဲတွေကို တာဝန်ယူဖြေရှင်းပေးပြီး တရားဝင် ထိုင်းလိုင်စင် လက်ဝယ်ရောက်သည်အထိ အနီးကပ် လမ်းညွှန်ကူညီပေးမှာပါ။

📩 အသေးစိတ် တိုင်ပင်ဆွေးနွေးရန် ယခုပဲ chat box သို့ စာပို့လိုက်ပါ!




#ချင်းမိုင်
#ဘန်ကောက်

🐘 ထိုင်းရောက် မိတ်ဆွေများအားလုံးအတွက် အားကိုးစိတ်ချရတဲ့ ဝန်ဆောင်မှုတွေနဲ့ ပြန်လာပါပြီ...! ✨ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ...
25/08/2026

🐘 ထိုင်းရောက် မိတ်ဆွေများအားလုံးအတွက် အားကိုးစိတ်ချရတဲ့ ဝန်ဆောင်မှုတွေနဲ့ ပြန်လာပါပြီ...! ✨

ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ဗီဇာကိစ္စ၊ ယာဉ်မောင်းလိုင်စင်နဲ့ အခြားရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကြောင့် ရှုပ်ထွေးပြီး ခေါင်းခဲနေပါသလား?

"ချင်းမိုင် မိသားစု" Page ကို နားထားတာ ကြာသွားပေမယ့် အခုအခါမှာတော့ ပိုမိုမြန်ဆန်၊ တိကျပြီး စိတ်ချရတဲ့ ဝန်ဆောင်မှု အပြည့်အဝနဲ့ ပြန်လည် ဝန်ဆောင်မှုပေးနေပါပြီနော်။ ရင်းနှီးဖော်ရွေတဲ့ မိသားစုစိတ်ဓာတ်နဲ့ အစစအရာရာ ကူညီဖြေရှင်းပေးဖို့ အဆင်သင့်ရှိနေပါတယ်။

စိတ်ချလက်ချ အပ်နှံနိုင်သော ဝန်ဆောင်မှုများ

✅Visa သက်တမ်းတိုးခြင်း

✅ED Visa (ကျောင်းသားဗီဇာ) အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးပေးခြင်း

✅ထိုင်းယာဉ်မောင်းလိုင်စင် ( အသစ်လုပ်ခြင်း၊ လဲလှယ်ခြင်းနှင့် သက်တမ်းတိုးခြင်း)

✅90 Days Report တင်ပေးခြင်း

✅Non La Visa

✅ကား/ဆိုင်ကယ် အမည်ပြောင်းခြင်းနှင့် သက်တမ်းတိုးခြင်း

✅ထောက်ခံစာအမျိုးမျိုး

✅ကားငှါးဝန်ဆောင်မှု

✅Passport သက်တမ်းတိုး

✅Hotel Booking

✅TM30

✅လေယာဉ်လက်မှတ်

အကြံဉာဏ်နှင့် ဝန်ဆောင်မှုများ
အခက်အခဲမရှိ၊ အချိန်ကုန်သက်သာစွာနဲ့ စိတ်အေးချမ်းစွာ အလုပ်ပြီးမြောက်ချင်တယ်ဆိုရင်တော့ 🐘 Chiang Mai Family 🐘 ကိုသာ သတိရလိုက်ပါ။

📌Bangkok နှင့် Chiangmai 📌
၂ မြို့လုံးမှာ ဝန်ဆောင်မှုပေးနေပါတယ်

📩 အသေးစိတ်မေးမြန်းရန်နှင့် တိုင်ပင်ရန်:

Page Messenger မှတစ်ဆင့် (၂၄ နာရီ) စာပို့မေးမြန်းနိုင်ပါသည်။

ချင်းမိုင်ကတော့ အမြဲတမ်းလှနေမှာပါ☺️ #ချင်းမိုင်
08/01/2026

ချင်းမိုင်ကတော့ အမြဲတမ်းလှနေမှာပါ☺️

#ချင်းမိုင်

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ချင်းမိုင် မိသားစု - Chiang Mai Familyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์