Guys From Chiang Mai

Guys From Chiang Mai Everything Myanmar in CNX — All in One Place

⛈️🌫️ မီးခိုးငွေ့များနေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မိုးကြိုးမုန်တိုင်း သတိပေး – လေပြင်း၊ မိုးကြိုး၊ မိုးသီးကြွေ ဖြစ...
21/04/2026

⛈️🌫️ မီးခိုးငွေ့များနေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မိုးကြိုးမုန်တိုင်း သတိပေး – လေပြင်း၊ မိုးကြိုး၊ မိုးသီးကြွေ ဖြစ်နိုင်

ထိုင်းမိုးလေဝသဌာန (TMD) က ထုတ်ပြန်ချက်အရ ကြာသပတေးနေ့မှ စနေနေ့အထိမြောက်ပိုင်းအပါအဝင် အပေါ်ပိုင်းဒေသတွေမှာ နွေရာသီမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

👉 မုန်တိုင်းတွင်
မိုးကြိုးမိုးချုန်
လေပြင်းတိုက်ခတ်မှု
တချို့ဒေသတွေမှာ မိုးသီးကျနိုင်ခြင်း
မိုးကြိုးထိခြင်းအန္တရာယ် တွေပါဝင်နိုင်ပါတယ်။

မုန်တိုင်းဟာ ပထမဆုံး မြောက်ပိုင်းကို ဝင်ရောက်ပြီး
နောက်တစ်ဆင့်ကတော့ အရှေ့မြောက် (Isan)နဲ့ အရှေ့ပိုင်းသို့ ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။
နောက်ပိုင်းမှာတော့ ဘန်ကောက်အပါအဝင် အလယ်ပိုင်းဒေသများလည်း မုန်တိုင်းဒဏ်ခံရနိုင်ပါတယ်။

⚠️ ကြာသပတေးနေ့မှာ အန္တရာယ်မြင့်နိုင်တဲ့ပြည်နယ်တွေကတော့
Nan, Bueng Kan, Sakon Nakhon နဲ့ Nakhon Phanom တို့ဖြစ်ပါတယ်။

တစ်ဖက်မှာ PM2.5 လေထုညစ်ညမ်းမှုလည်း ဆက်လက်ဆိုးရွားနေ

လက်ရှိမှာ မြောက်ပိုင်း ( ချင်းမိုင် ) နဲ့ အရှေ့မြောက်ဒေသများအများစုမှာ
PM2.5 အဆင့်တွေ လုံခြုံစံချိန် (37.5 µg/m³) ကို ကျော်နေဆဲ ဖြစ်ပါတယ်။

📊 တိုင်းတာချက်များအရ

မြောက်ပိုင်း → 40.7 မှ 140.8 µg/m³
အရှေ့မြောက် → 19.3 မှ 61.8 µg/m³
အလယ်ပိုင်းအထက် → 22.0 မှ 68.1 µg/m³

👉 ချင်းမိုင်၊ ချင်းရိုင်၊ နန်၊ လမ်ပန် စတဲ့နေရာတွေမှာ
အနီရောင် (အန္တရာယ်အဆင့်မြင့်) ထိ ရောက်နေပြီး
အချို့ပြည်နယ်တွေမှာတော့ လိမ္မော်ရောင် (ကျန်းမာရေးထိခိုက်နိုင်)အဆင့်ရှိနေပါတယ်။

📌 ခန့်မှန်းချက်အရ
လာမည့် ၇ ရက်အတွင်းမှာ
မြောက်ပိုင်း၊ အလယ်ပိုင်းအထက်နဲ့ အရှေ့ပိုင်းမှာ မီးခိုးပိုတက်နိုင်
အရှေ့မြောက်မှာတော့ အနည်းငယ် တိုးတက်လာနိုင်ပါတယ်။

👉 အကြံပြုချက်ကတော့

* မိုးကြိုးမုန်တိုင်းအချိန်မှာ အပြင်မထွက်ပါနဲ့
* လေပြင်းနဲ့ မိုးသီးအန္တရာယ် သတိပြုပါ
* PM2.5 ကြောင့် mask တပ်ပါ
* အသက်ရှူရခက်သူများ အထူးသတိထားပါ






Ref;Bangkok Post

မြန်မာစစ်တပ်က KNU ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု ဗုံးတစ်လုံး ထိုင်းဘက်ထဲကျ၊ နယ်စပ်ပြည်သူတွေ  အရေးပေါ်ရွှေ့ပြောင်း၂၀၂၆ ...
20/04/2026

မြန်မာစစ်တပ်က KNU ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု ဗုံးတစ်လုံး ထိုင်းဘက်ထဲကျ၊ နယ်စပ်ပြည်သူတွေ အရေးပေါ်ရွှေ့ပြောင်း

၂၀၂၆ ဧပြီလ ၂၀ ရက် မနက် ၁၁ နာရီလောက်မှာ မြန်မာစစ်တပ်က တိုက်လေယာဉ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ဆေးရုံတစ်ခုနဲ့ အနီးအနားက လူနေရပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုက ကရင်ပြည်နယ် Bue So ဒေသ၊ ထိုင်းနိုင်ငံ Mae Hong Son ပြည်နယ်၊ Mae Sam Laep ကျေးရွာနဲ့ နယ်စပ်ကနေ မီတာ ၅၀၀ လောက်ပဲ ဝေးကွာတဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။

ထိုင်းဘက် လုံခြုံရေးအရာရှိတွေရဲ့ အဆိုအရ

ဗုံးစုစုပေါင်း ၉ လုံး ကြဲချခဲ့ပြီး အဲ့ထဲက ဗုံးတစ်လုံးက ထိုင်းနိုင်ငံဘက် Salween မြစ်နားမှာ ကျရောက်ခဲ့ပါတယ်။

အဲဒီအခြေအနေကြောင့် နယ်စပ်ရှိ ဒေသခံတွေ အလွန်ထိတ်လန့်ခဲ့ပြီး အမြန်ဆုံး လွတ်မြောက်ဖို့ ပြေးရှောင်ခဲ့ကြပါတယ်။

ထိုင်းတပ်ဖွဲ့တွေဖြစ်တဲ့ Ranger Unit 36 မှ တပ်ဖွဲ့ဝင်တွေက
ဒေသအာဏာပိုင်များနှင့် ပူးပေါင်းကာ
အန္တရာယ်ရှိနိုင်သော နေရာများမှ ပြည်သူများကို
Huai Kong Kaad ကျေးရွာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။

မြန်မာဘက်တွင် ဖြစ်ပွားခဲ့သော ပျက်စီးမှုနှင့် လူထိခိုက်မှု အခြေအနေများကို မသိရသေးပေမယ့်
အရင်ကလည်း မြန်မာလေတပ်မှ KNU ထိန်းချုပ်နယ်မြေများကို မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး
ဒဏ်ရာရ ကရင်ပြည်သူအချို့ကို ထိုင်းဘက်ရှိ ဆေးရုံများသို့ ယူဆောင်ကုသပေးခဲ့ရပါတယ်။

ယခုဖြစ်ရပ်ကြောင့် နယ်စပ်လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံမှုအပေါ် စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။







Ref;khaosodenglish

🔥 ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မီးလောင်မှု ၆၄၇ ခု တွေ့ရှိတဲ့ထဲက ချင်းမိုင်တစ်ခုတည်းကပဲ ၁၃၃ ခုရှိနေယမန်နေ့ထုတ်ပြန်ချက်အရ...
20/04/2026

🔥 ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မီးလောင်မှု ၆၄၇ ခု တွေ့ရှိတဲ့ထဲက
ချင်းမိုင်တစ်ခုတည်းကပဲ ၁၃၃ ခုရှိနေ

ယမန်နေ့ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ် ၁၇ ခုတွင် မီးလောင်မှု hotspot စုစုပေါင်း ၆၄၇ ခု တွေ့ရှိထားပြီး၊ ထိုထဲမှာမှ ချင်းမိုင်မှာတင် ၁၃၃ ခု ရှိနေကြောင်း သိရပါတယ်။ အများစုဟာ ထိန်းသိမ်းထားတဲ့ သစ်တောနယ်မြေတွေ (conserved forest) နဲ့ အမျိုးသားသစ်တောထိန်းသိမ်းရေးဧရိယာတွေ အတွင်းမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

🚨 တစ်ဖက်မှာလည်း မီးသတ်ကူညီနေတဲ့ အခြေအနေအတွင်း
ချင်းမိုင် Mae Chaem ခရိုင်၊ Pang Hin Fon ဒေသမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဟာ မနေ့က မီးလောင်မှုကို တိုက်ဖျက်နေစဉ် မီးခိုးငွေ့ ရှူမိပြီး သတိလစ်သွားခဲ့ပါတယ်။

အခြား volunteer မီးသတ်သူတွေကတော့ ခက်ခဲတဲ့လမ်းတွေကို ကျော်ဖြတ်ပြီး သတိလစ်နေတဲ့သူကို လုံခြုံတဲ့နေရာဆီ သယ်ဆောင်ကာ Mae Chaem ဆေးရုံကို အရေးပေါ်ပို့ဆောင်နိုင်ခဲ့ပါတယ် လက်ရှိမှာတော့ လူနာဟာ အန္တရာယ်ကင်းပြီး အခြေအနေတည်ငြိမ်နေပြီ ဖြစ်ပေမယ့်
ဆေးရုံမှာ ဆက်လက်စောင့်ကြည့်ကုသနေဆဲ ဖြစ်ပါတယ်။

⚠️ အခုလို မီးလောင်မှုများတိုးလာခြင်းကြောင့်
လေထုညစ်ညမ်းမှုနဲ့ PM2.5 ပြဿနာလည်း ပိုမိုဆိုးရွားလာနိုင်ပါတယ်။

👉 ပြည်သူများအနေနဲ့

* မီးရှို့ခြင်းများ မလုပ်ရန်
* မီးအန္တရာယ် သတိပြုရန်
* မီးခိုးငွေ့ဒဏ်ကာကွယ်ဖို့ mask တပ်ဆင်ရန်
လိုအပ်နေပါတယ် လို့ ပြောကြားထားပါတယ်

❗️🚨 အခုလိုအချိန်မှာ မြန်မာနိုင်ငံသားများအနေနဲ့လည်း

မဖြစ်မနေ Mask 😷 တပ်ပြီးမှ အပြင်ထွက်ပါ
ဖြစ်နိုင်ရင် အိမ်ထဲမှာပဲနေပါ
အချိန်ကြာကြာ အပြင်မှာ မနေပါနဲ့










Ref:Thai PBS

ချင်းမိုင်မှာ PM2.5 မီးခိုးဒဏ်ကြောင့် အဆုတ်ပြင်းထန်ရောဂါတွေ ဖြစ်နေ – ခရီးသွားလူငယ်တစ်ဦး အောက်ဆီဂျင်တောင်လိုအပ်ခဲ့ဧပြီလ ၁...
19/04/2026

ချင်းမိုင်မှာ PM2.5 မီးခိုးဒဏ်ကြောင့် အဆုတ်ပြင်းထန်ရောဂါတွေ ဖြစ်နေ – ခရီးသွားလူငယ်တစ်ဦး အောက်ဆီဂျင်တောင်လိုအပ်ခဲ့

ဧပြီလ ၁၇ ရက်နေ့မှာ ချင်းမိုင်တက္ကသိုလ်က ဆရာဝန်တစ်ယောက် ပြောတာကတော့ ချင်းမိုင်မှာ PM2.5 ဖုန်မှုန့်နဲ့ မီးခိုးအဆိပ်တွေကြောင့် ပြင်းထန်တဲ့အဆုတ်ရောဂါတွေ ဖြစ်နေပြီလို့ ဆိုပါတယ်။

အခုချင်းမိုင်မှာလည်း မီးခိုးတွေဖုံးနေပြီး မြင်ကွင်းမရှင်းလင်းသလို လေ ထုညစ်ညမ်းမှုလည်း မနည်းသေးတဲ့အခြေအနေပါ။ ဒါကြောင့် အာဏာပိုင်တွေက အပြင်ထွက်တာ လျှော့ပါ၊ မတ်စ်တပ်ပါလို့ သတိပေးနေပါတယ်။

ဆရာဝန်ပြောတဲ့ case ၂ ခုထဲမှာ—

👉 ပထမတစ်ခုက အသက် ၁၉ နှစ်ပဲရှိတဲ့ နိုင်ငံခြားခရီးသွားတစ်ယောက်ဆိုရင် Pai နဲ့ Chiang Mai ကိုသွားလည်ပြီးနောက်မှာ အဆုတ်ရောင်ရမ်းမှုပြင်းထန်ခဲ့ပြီး high-flow oxygen တောင် သုံးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

သူက ဆေးလိပ်မသောက်တဲ့သူဖြစ်ပေမယ့် မီးခိုးငွေ့ကို အချိန်တိုအတွင်း အများကြီးရှူရှိုက်မိတာကြောင့် acute eosinophilic pneumonia ဖြစ်သွားနိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။ နောက်ပိုင်းမှာတော့ ကုသပြီး ပြန်ကောင်းလာပါတယ်။

👉 ဒုတိယ case ကတော့ အဆုတ်ပြဿနာရှိပြီးသား လူနာတစ်ယောက်ပါ။ အရင်ကတော့ lung wash လုပ်ပြီး ထိန်းနိုင်ခဲ့ပေမယ့် ဒီတစ်ခါမှာတော့ အခြေအနေ ပြင်းထန်လာပြီး အသက်ရှူမရတဲ့အထိ ဖြစ်သွားပြီး breathing tube တပ်ရတဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။

ဆရာဝန်ကတော့ ဒီတစ်ခါ ရောင်ရမ်းမှုနဲ့ အဆုတ်ပျက်စီးမှုက ယခင်ထက် ပိုပြင်းထန်တယ်လို့ ပြောပါတယ်။

လက်ရှိမှာလည်း ထိုင်းနိုင်ငံတစ်ဝန်း ပြည်နယ် ၄၂ ခုထိ PM2.5 အဆင့် အန္တရာယ်စံကို ကျော်နေပြီး မီးခိုးပြဿနာ ပိုဆိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

❗️🚨 အခုလိုအချိန်မှာ

မဖြစ်မနေ Mask 😷 တပ်ပြီးမှ အပြင်ထွက်ပါ
ဖြစ်နိုင်ရင် အိမ်ထဲမှာပဲနေပါ
အချိန်ကြာကြာ အပြင်မှာ မနေပါနဲ့







Ref:Thaiger

🏥 ချင်းမိုင်မှာ နေထိုင်ရင်းကနေ ကျန်းမာရေးကိစ္စ ကြုံလာတဲ့အခါ ဘာသာစကား အခက်အခဲကြောင့် စိတ်ပူနေပါသလား? ချင်းမိုင်မှာ နေထိုင...
18/04/2026

🏥 ချင်းမိုင်မှာ နေထိုင်ရင်းကနေ ကျန်းမာရေးကိစ္စ ကြုံလာတဲ့အခါ ဘာသာစကား အခက်အခဲကြောင့် စိတ်ပူနေပါသလား?

ချင်းမိုင်မှာ နေထိုင်နေတဲ့ မြန်မာတွေအတွက် မြန်မာစကားပြောပြီး ဘာသာပြန်ဝန်ထမ်း (Interpreter) သီးသန့်ရှိတဲ့ ဆေးရုံ (၅) ခု

နေမကောင်းလို့ ဆေးရုံသွားပြတဲ့အခါ ကိုယ်ဖြစ်နေတဲ့ ဝေဒနာကို အသေးစိတ် ရှင်းပြနိုင်ဖို့က အရေးကြီးဆုံးပါ။ ဒါကြောင့် ချင်းမိုင်မြို့မှာ မြန်မာစကားပြောပြီး အပြန်အလှန် ဘာသာပြန်ပေးနိုင်တဲ့ ဝန်ထမ်းတွေရှိတဲ့ ဆေးရုံ (၅) ခုကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

1. Bangkok Hospital Chiang Mai
https://maps.app.goo.gl/w7oJ2Ju11eYQHNw6A
2. Rajavej Chiang Mai Hospital
https://maps.app.goo.gl/FXCAw2aptppDcThX9
3.McCormick Hospital
https://maps.app.goo.gl/3dvipqMjn7CGwqHz5
4. Maharaj Nakorn Chiang Mai Hospital
https://maps.app.goo.gl/iKfWEcVgz8h1kqQi9
5. Central Chiang Mai Memorial Hospital
https://maps.app.goo.gl/yRTX4khx7K379p6s9
ဆေးရုံမသွားခင် မိမိမှာရှိတဲ့ ပတ်စပို့တို့ကို ယူဆောင်သွားဖို့ မမေ့ပါနဲ့နော်။

📌 ဒီ Post လေးကို သိမ်းထားအုန်းနော် လိုတဲ့အခါ ကြည့်ရအောင် ဒါမှမဟုတ် ချင်းမိုင်ရောက်နေတဲ့ သူငယ်ချင်းတွေဆီလည်း မျှဝေပေးလိုက်ပါဦး။

💦 Two Country Songkran 🇲🇲 🇹🇭 💦ထိုင်း-မြန်မာနယ်စပ်ဒေသမှာ တည်ရှိတဲ့  Moei မြစ်အလယ်ပိုင်းမှာ ဧပြီ ၁၂ ရက်နေ့က  နှစ်နိုင်ငံပူ...
13/04/2026

💦 Two Country Songkran 🇲🇲 🇹🇭 💦

ထိုင်း-မြန်မာနယ်စပ်ဒေသမှာ တည်ရှိတဲ့ Moei မြစ်အလယ်ပိုင်းမှာ ဧပြီ ၁၂ ရက်နေ့က နှစ်နိုင်ငံပူးပေါင်း သင်္ကြန်ပွဲတော်ကို ထိုင်းမြန်မာလူမျိုးတွေ အတူတကွ ဆင်နွှဲခဲ့ကြပါတယ်။

Tak ပြည်နယ် Mae Sot ခရိုင်၊ Ban Mae Ku Luang နယ်စပ်ဖြတ်သန်းရာနေရာမှာ ကျင်းပခဲ့တဲ့ အခုအခမ်းအနားမှာဆိုရင် မဲဆောက်နဲ့ မြဝတီဘက်က ပြည်သူတွေပါဝင်ကြပြီး ၂ နှစ်အကြာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

မြစ်နှစ်ဖက်စလုံးမှာ အစားအသောက်ဆိုင်းတွေနဲ့ စတိတ်ဂီတစင်တွေကိုတည်ဆောက်ထားပြီး အာဏာပိုင်တွေရဲ့ လုံခြုံရေးစီမံမှုအောက်မှာ ပျော်ရွှင်သက်ဝင်သော အငွေ့အသက်တွေနဲ့ ရေကစားသူတွေ အပြည့်ပါပဲ။

မြစ်အလယ်ပိုင်းမှာ မိသားစုတွေနဲ့ လူငယ်တွေဟာ ပန်းပွင့်အလှဆင်အဝတ်အစားတွေနဲ့ နွေရာသီအဝတ်အစားတွေ ဝတ်ဆင်ပြီး အပူချိန် ၄၀°C နီးပါးရှိနေတာတောင်မှ ပျော်ရွှင်စွာ အချင်းချင်းရေပက်ကစားနေကြပါတယ်။

အခမ်းအနားအချိန်အတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာ မျှဝေကြပြီး သင်္ကြန်စိတ်ဓာတ်ကို ပြသခဲ့ကြပါတယ်။

“နှစ်နိုင်ငံ သင်္ကြန်ပွဲ” ကို ကျင်းပခြင်းရဲ့ ရည်ရွယ်ချက်က ထိုင်း–မြန်မာ နယ်စပ်ဒေသရှိ လူမှုအသိုင်းအဝိုင်းကြား ချစ်ကြည်ရေးဆက်ဆံရေး တိုးတက်စေဖို့ဖြစ်ပြီး၊ တူညီတဲ့ နှစ်သစ်ကူးရိုးရာတွေကို ယဉ်ကျေးမှုတံတားအဖြစ် အသုံးချခြင်းနဲ့အတူ ဒေသတွင်း ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေတိုးတက်ရေးကိုလည်း အားပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ စီစဉ်သူတွေက ပြောကြားခဲ့ကြပါတယ်။






Photo- Khaosod English

12/04/2026

ချင်းမိုင်ရဲ့ ညတွေကို အမိုက်ဆုံး Vibe တွေနဲ့ ဖြတ်သန်းဖို့ အဆင်သင့်ပဲလား? 🌃🔥

Night lights+ DJ Beats 🎧

11/04/2026

ဒီလို Festival Energy ကို ခံစားဖို့ အချိန်ကတော့ နီးကပ်လာပါပြီ။ DJ Beats တွေအောက်မှာ Chill မလား?

11/04/2026

The Vibe is Calling You! ✨

နွေရာသီရဲ့အစောပိုင်းမှာတင် လေထုညစ်ညမ်းနဲ့ ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားနေရတဲ့ ထိုင်းနိုင်ငံမှာ နေထိုင်သူတွေအတွက် နောက...
10/04/2026

နွေရာသီရဲ့အစောပိုင်းမှာတင် လေထုညစ်ညမ်းနဲ့ ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားနေရတဲ့ ထိုင်းနိုင်ငံမှာ နေထိုင်သူတွေအတွက် နောက်ထပ်သတိပေးချက်တခု ရောက်လာပြန်ပါပြီ။

အကြောင်းအရင်းမရှိ ဖျားနာတာ လည်ချောင်းနာတာ အသက်ရှူမဝတာနဲ့ နှာခေါင်းသွေးလျှံတာ ဒီလိုလက္ခဏာတွေကို ခံစားနေရပြီလား။

ဒါဆိုရင်တော့ အခုပြောပြမယ့် အချက်ကို သေချာလေးသိဖို့လိုအပ်ပါတယ်။ လက်ရှိအပူချိန်ထက်ကိုကျော်လွန်ပြီး စူပါအယ်နီညို အဆင့်ကိုဝင်ရောက်နိုင်ခြေရှိနေတယ်လို့ ထိုင်းနိုင်ငံ ပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူ Sonthi Kochawatက ထုတ်ပြောလာတာပါ။

အခုနှစ်စပိုင်းမှာတင် အယ်နီညိုအခြေအနေကို စတင်တွေ့ရှိထားပြီး ထိုင်းနိုင်ငံဟာ နှစ်ဝက်နောက်ပိုင်းမှာ စူပါအယ်နီညိုအဆင့်ကို ဝင်ရောက်လာမယ်ဆိုရင် အပူလွန်ကဲတာနဲ့ ရာသီခြောက်ရှည်လျားမှု (ခြောက်သွေ့တဲ့ရာသီအဖြစ် ရှည်ကြာစွာတည်ရှိမှု) မျိူးကြုံရနိုင်ပါတယ်။

(Heat Index) နားလည်လွယ်အောင်ပြောရရင် အပြင်ကစိုထိုင်းဆနဲ့ ပေါင်းစပ်ပြီး လူ့ခန္ဓာကိုယ်က ခံစားရနိုင်တဲ့ အပူချိန်က ၅၈°C ကျော်အထိ မြင့်တက်နိုင်ပြီး အဲဒီအပူချိန်က ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိပြီး အပူဒဏ် (Heatstroke)ဖြစ်နိုင်ချေ မြင့်မားပါတယ်။

နေပူထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်းနေရင်ကိုပဲ ကိုယ်ခန္ဓာအပူချိန်က ၄၀°C အထိ မြင့်တက်နိုင်ပြီး သတိလစ်နိုင်ပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဖို့ အရေးပေါ်အစီအစဉ်တွေကို ပြင်ဆင်ထားဖို့လိုအပ်ပြီး
အပူချိန်မြင့်မားတဲ့အချိန်တွေမှာ နေရောင်တိုက်ရိုက်မထိတွေ့စေဖို့ ရှောင်ရှားသင့်တယ်လ်ို့လည်း သတိပေးထားပါတယ်။







Photo - ThaiPBSWorld

ที่อยู่

Pa Daet Sub-District , Mueang Chiang Mai
Chiang Mai
50230

เบอร์โทรศัพท์

+66984028794

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Guys From Chiang Maiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Guys From Chiang Mai:

ทางลัด

แชร์