Travel with RSG Your Trusted Travel Partner

กว๊านพะเยาPhayao Lake (กว๊านพะเยา) က ထိုင်းနိုင်ငံ မြောက်ပိုင်း၊ Phayao Province မှာရှိတဲ့ သဘာဝရေကန်ကြီးတစ်ခုဖြစ်ပြီး Ph...
19/08/2026

กว๊านพะเยา

Phayao Lake (กว๊านพะเยา) က ထိုင်းနိုင်ငံ မြောက်ပိုင်း၊ Phayao Province မှာရှိတဲ့ သဘာဝရေကန်ကြီးတစ်ခုဖြစ်ပြီး Phayao မြို့ရဲ့ အထင်ကရနေရာတစ်ခု

* ရေကန်ကျယ်ကြီးနဲ့ တောင်တန်းရှုခင်းတွေကို တစ်နေရာတည်းမှာ ခံစားနိုင်ပါတယ်။
* မနက်ခင်းနဲ့ နေဝင်ချိန်တွေမှာ အထူးလှပပြီး ဓာတ်ပုံရိုက်ဖို့ကောင်းပါတယ်။
* ရေကန်ဘေးတစ်လျှောက် လမ်းလျှောက်ရင်း အေးအေးဆေးဆေး အနားယူနိုင်ပါတယ်။
* ရေကန်ဘေး Café နဲ့ Local Restaurant တွေမှာ ထိုင်ပြီး ရှုခင်းကြည့်နိုင်ပါတယ်။

အေးချမ်းတဲ့ Northern Thailand က မြို့လေးတစ်မြို့ပေါ့

ချင်းရိုင်က တောင်ပေါ်သိုးခြံလေးအသက်လေးရလာတော့ တဖြည်းဖြည်းအေးအေး ဆေးဆေးနေရတဲ့ နေ့ရက်တွေကို ပိုပြီး သဘောကျလာတယ် 🩶တောင်ကုန်...
19/08/2026

ချင်းရိုင်က တောင်ပေါ်သိုးခြံလေး

အသက်လေးရလာတော့ တဖြည်းဖြည်းအေးအေး ဆေးဆေးနေရတဲ့ နေ့ရက်တွေကို ပိုပြီး သဘောကျလာတယ် 🩶

တောင်ကုန်း တောင်တန်းတွေကြား လျှောက်သွားရတာ၊ သဘာဝနဲ့ ပိုပြီး ထိတွေ့ ရတာကို ပိုကြိုက်လာတယ် 🩶

လှပလွန်းတဲ့ ရှုခင်းတွေကို မြင်ရတဲ့အခါ စိတ်ထဲမှာ အလိုလို ကျေနပ်နေလို့ အကြာကြီး ထိုင်
ကြည့်နေချင်မိတယ် 🩶



🌷ခေတ်စားနေတဲ့ ချင်းမိုင်က နှင်းဆီပန်းခင်း🌷တောင်ကုန်းထက်မှာ အရောင်အသွေးစုံတဲ့ နှင်းဆီပန်းတွေ ပွင့်ဖူးနေလိုက်တာပန်းခင်းကြီ...
18/08/2026

🌷ခေတ်စားနေတဲ့ ချင်းမိုင်က နှင်းဆီပန်းခင်း🌷

တောင်ကုန်းထက်မှာ အရောင်အသွေးစုံတဲ့ နှင်းဆီပန်းတွေ ပွင့်ဖူးနေလိုက်တာ

ပန်းခင်းကြီးက သူအချိန် နဲ့ သူသာ ဖွင့်တာမို့ ဒီရက်ထဲ ချင်းမိုင် ရောက်နေသူများ ကိုယ်တိုင် သွားရောက် ခံစားကြည့်ပါနော်

၀င်ကြေး
လူကြီး : ၁၃၀ ဘတ်
ကလေး : ၈၀ ဘတ်

ဖွင့်ချိန်
မနက် ၇ နာရီမှ​ ညနေ ၅း၀၀ အထိ

ချင်းမိုင်မြို့တွင်းမြို့ပြင် ကားအငှားဝန်ဆောင်မှု လိုအပ်ရင် ဆက်သွယ်ပါနော်။



17/08/2026

👉 လေဆိပ်ကြိုလေး တစ်ဖြတ်...

လေဆိပ် အကြို အပို့ ဝန်ဆောင်မှု လိုအပ်ရင်လည်း ဆက်သွယ် လိုက်ပါနော်။

ဝန်ဆောင်မှု ရယူခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

17/08/2026

☕️ Coffee ဆိုင်လှလှလေး

▪️ ကော်ဖီဆိုင်လှလှလေးတွေ အရမ်းပေါတဲ့ Chiang Dao ကို ခဏသွားရအောင်။▪️ Chiang Dao တောင်ကြီးရဲ့ အလှတရားကို ငေးကြည့်ရင်း ကော်...
17/08/2026

▪️ ကော်ဖီဆိုင်လှလှလေးတွေ အရမ်းပေါတဲ့ Chiang Dao ကို ခဏသွားရအောင်။

▪️ Chiang Dao တောင်ကြီးရဲ့ အလှတရားကို ငေးကြည့်ရင်း ကော်ဖီသောက်မလား။ အချိန်ရသေးရင် Dentewada ၊ Atmosphere ၊ Isbjorn တို့လို ဆိုင်လှလှလေးတွေဆီကိုပါ သွားထိုင်ပါမယ်။

▪️ ထိုင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး လိုဏ်ဂူထဲကို မီးအိမ်လေးကိုင်ပြီး ဝင်ကြည့်ကြမယ်။

▪️ Sticky Waterfall ပေါ် တွယ်တက်ရင်း အတွေ့အကြုံသစ်လေးတွေ ခံစားရအောင်။
ဒါ့အပြင် စိတ်ကူးရရင် Doi Chaing Dao တောင်ထိပ်မှာ ညအိပ်ကြပါမယ်။


17/08/2026

Chaing Dao ကို ခဏပဲဝင်လည်ပြီး
ဂျပန်ရွာလေးရယ်
View လှလှ ကော်ဖီဆိုင်တွေ
အရမ်းလှတဲ့ ရှူခင်းတွေ
ရေတံခွန် တွေ
ရေပူစမ်းတွေ ဆီ ခရီးဆက်ရအောင်

16/08/2026

⛅️ နံနက်ခင်း တစ်ခု ရဲ့ သဘာဝတောင်တန်းများကြားတွင် မြူနှင်းများ ဝေနေချိန်

⛅️ တိမ်ပင်လယ်ကြီး ကို အပေါ်စီးက မြင့်တွေ့ ရတဲ့ ခံစားချက်က ဘာနဲ့မှ မလဲ နိုင်တဲ့ စိတ်အေးချမ်းမှု မျိုး

ဒီခံစားချက်လေးတွေ ကြိုက်နှစ်သက်သူများကို ဒီနှစ်ဆောင်းတွင်းမှာ လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

🌟 ချင်းမိုင်က လည်လို့ကောင်းတဲ့ ညဈေးများ 🌟၁။ Sunday Walking Street ( တနင်္ဂနွေ ညဈေး ) 🗓 တနင်္ဂနွေနေ့တိုင်း ( 4:00 PM - 12...
13/08/2026

🌟 ချင်းမိုင်က လည်လို့ကောင်းတဲ့ ညဈေးများ 🌟

၁။ Sunday Walking Street ( တနင်္ဂနွေ ညဈေး )
🗓 တနင်္ဂနွေနေ့တိုင်း ( 4:00 PM - 12:00 AM )
📍 Tha Phae Gate ( သဖဲဂိတ် ) မှ Wat Phra Singh အထိ မြို့ဟောင်းအတွင်း
🔹 ချင်းမိုင်ရဲ့ အကြီးဆုံးနဲ့ နာမည်အကြီးဆုံး ညဈေးတန်းပါ။ သဖဲဂိတ်ကနေ မြို့ဟောင်းထဲအထိ လမ်းမကြီးတစ်ခုလုံး ကားလမ်းပိတ်ပြီး ရောင်းတာပါ။ Hand-Made ပစ္စည်းဆန်းဆန်းလေးတွေ၊ အနုပညာလက်ရာတွေ၊ တိုင်းရင်းသားစတိုင်လ် အထည်တွေနဲ့ လမ်းဘေး Street Food တွေ အစုံရပါတယ်။

၂။ Saturday Walking Street / Wualai Market ( စနေ ညဈေး )
🗓 စနေနေ့တိုင်း ( 4:00 PM - 11:00 PM )
📍 Wualai Road ( မြို့ဟောင်းတောင်ဘက် Chiang Mai Gate အနီး )
🔹 Sunday Walking Street ထက် နည်းနည်းပိုကျဉ်းပေမယ့် ငွေထည်ပစ္စည်း ( Silverware ) နဲ့ ပန်းပုလက်ရာတွေ အဓိကရောင်းချတဲ့ ဈေးဖြစ်ပါတယ်။ ဒီလမ်းထဲမှာရှိတဲ့ ငွေထည်တွေနဲ့ လှလှပပ မွမ်းမံထားတဲ့ Wat Sri Suphan ( ငွေဘုရားကျောင်း ) ကိုပါ တစ်ဆက်တည်း ဝင်ရောက်ဖူးမြော်နိုင်ပါတယ်။

၃။ Night Bazaar & Kalare / Anusarn Market ( နေ့စဉ် ညဈေး )
🗓 နေ့စဉ် ( 5:00 PM - 12:00 AM )
📍 Chang Klan Road
🔹 စနေ၊ တနင်္ဂနွေ မဟုတ်ဘဲ ကြားရက်တွေမှာ ရောက်နေရင် ဒီဈေးကို သွားရပါမယ်။ လမ်းတစ်လျှောက် ဈေးဆိုင်ပေါင်းများစွာ ရှိသလို အထဲမှာ Anusarn နဲ့ Kalare ဆိုတဲ့ Food Court ကြီးတွေပါရှိလို့ အစားအသောက်စုံစုံလင်လင် စားရင်း သီချင်းနားထောင်လို့ အရမ်းအဆင်ပြေပါတယ်။

၄။ Ploen Ruedee Night Market ( အနောက်တိုင်းစတိုင်လ် ညဈေး )
🗓 တနင်္လာ မှ စနေ ( 6:00 PM - 12:00 AM )
📍 Night Bazaar အနီး ( Chang Klan Road )
🔹 အစားအသောက်နဲ့ ဖျော်ဖြေရေးကို အဓိကဇောက်ချထားတဲ့ Inter-Style Night Market လေးပါ။ ရောင်စုံ မီးဆိုင်းလေးတွေနဲ့၊ တိုက်ရိုက် ဂီတဖျော်ဖြေပွဲ ( Live Music ) တွေပါရှိပြီး တက်တူးထိုးတာ၊ Cocktail သောက်တာနဲ့ အနောက်တိုင်း အစားအသောက် စားချင်သူတွေအတွက် အရမ်း Chill ဖြစ်တဲ့နေရာပါ။

၅။ Chang Phuak Gate Night Market ( နတ်ရွာမုန့်ဟင်းခါးနှင့် အစားအသောက် ညဈေး )
🗓 နေ့စဉ် ( 5:00 PM - 12:00 AM)
📍 Chang Phuak Gate ( မြို့ဟောင်းမြောက်ဘက်ဂိတ် )
🔹 သော့ချိတ်၊ အထည် ဈေးဝယ်တာထက် "ချင်းမိုင်ရဲ့ လမ်းဘေး အစားအသောက် အစုံဆုံး" စားချင်သူတွေသွားရမယ့် နေရာပါ။
ဈေးဝယ်တာ ပိုကြိုက်ရင်: Saturday & Sunday Walking Street ကို ရွေးပါ။
အစားအသောက်နဲ့ Vibe ငြိမ့်ချင်ရင်: Ploen Ruedee နဲ့ Chang Phuak Gate ကို ရွေးပါ။
ကြားရက် ရောက်နေရင်: Night Bazaar ကို ရဲရဲကြီး သွားလိုက်ပါ

👉 ချင်းမိုင်ရောက်ရင် သူငယ်ချင်းတွေနဲ့ လည်ဖို့ သိမ်းထားလိုက်ဦးနော်။

12/08/2026

🇸🇬 စင်္ကာပူ ကို အလည်အပတ် ခရီးထွက်ရင်း၊ အထင်ကရ နေရာလေးတွေ သွားလည် ဖို့ ရည်ရွယ်ထားတယ်ဆိုရင် တော့...

- Signature Merlion Park
- City Hall Myanmar Plaza
- Bugis Chinese Temple & Market
- Garden By the Bay
- China Town
- Orchard Road
- Digital Mall Funan Mall
- East Coast Beach
- Sentosa Beach
- Universal Studio

မိမိရဲ့ ကလေးတွေ စင်ကာပူ အစိုးရ ကျောင်းလာထားချင်တာပဲ ဖြစ်ဖြစ်၊ လူကြီးရော ကလေးပါ နေထိုင်ခွင့် Pass လျှောက်ချင်တာပဲ ဖြစ်ဖြစ် သိချင်တာလေးတွေ အခမဲ့ ဆွေးနွေးလို့ရပါတယ်။

ที่อยู่

Kyeemyindine T/S
Chiang Mai
11101

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Travel with RSGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์