10/11/2025
🎢VinWonders Phu Quoc 🇻🇳
VW ဆိုတဲ့ နေရာလေးက Amusement Park တစ်ခုဖြစ်ပီးလူကြီး၊ကလေး မရွေး သွားလည်လို့ကောင်းတဲ့ နေရာလေးပါ။ VW မှာ entertainment activities များစွာရှိတဲ့ အတွက် တစ်နေ့လုံး အချိန်ပေးနိုင်ဖို့လိုပါတယ်။
🎟️ Tickets တွေ ကို Walk in ဝယ်လို့ရသလို ကြိုဝယ်လို့လဲရပါတယ်ရှင့်။ Tickets မှာ အမျိုးအစား ၆/၇ မျိုးလောက်ရှိပါတယ်။ အဲထဲကမှ Best Seller Tickets လေးတွေ ပြောပြထားပေးပါတယ်ရှင့်။ စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ Tickets တွေ ဝယ်ရင် ဂျင်းထဲ့ မခံ ရအောင်ပါ။
1* Standard Entrance -950,000 VND
2* Admission Ticket + Buggy + Free Ice-cream - 1,040,000 VND
3* Admission Ticket + Buffet- 1,150,000 VND
4* Admission Ticket + Lunch in the Aquarium - 1,660,000 VND ( ချစ်သူတွေ Lunch Date လုပ်ဖို့ အရမ်းကောင်းတဲ့ နေရာလေးပါ 🤭)
🎢 Standard Entrance Ticket ဝယ်ရုံနဲ့ တင် rides တွေအကုန်နီးပါ Free စီးလို့ရပါတယ်ရှင့်။ အဝတ်အပို ယူသွားဖို့လဲ မမေ့ပါနဲ့နော်။ Water activities လုပ်လို့ရတဲ့ နေရာလေးတွေ များကြီးရှိပါတယ်။ Water Slides 🛝 လေးတော့ ရအောင်စီးခဲ့ပါနော်။ ရေစိုတာ မကြိုက်ရင် မိုးကာလေးဝယ်လို့ရပါတယ်။
🎡အကြိုက်ဆုံးကတော့ ချားရဟတ် ပါ။ ထိပ်ဆုံးရောက်ရင် VW တစ်ခုလုံးကို မြင်ရတဲ့ အပြင် ပင်လယ်ကြီးရဲ့ view ကိုပါ အဝကြည့်လို့ရပါတယ်။
🐢The Sea Shell ကတော့ ကမ္ဘားအကြီးဆုံးတစ်ခုထဲပါပါတယ်။ အထဲမှာ Mermaid 🧜♀️ show ၊ under sea water ငါးမျိုးစိတ်ပေါင်း ရာကျော် ကြည့်လို့ရပါတယ်။ Mermaid Show ကြည့်ရတာနဲ့တင် အရမ်းတန်နေပါပီ။ ရေသူထီးလေးတွေက Six Pack တွေနဲ့ 🤭။ Lunch in the aquarium ticket လေးဝယ်ထားရင်တော့ ရေသူထီး လေးတွေ ကြည့်ပီး Lunch စားရလို့ရပါတယ်နော်။
🛺Hotel (Grand world ) ကနေ VW သွားမယ်ဆိုရင် 🛺Tuk Tuk စီးလို့ရပါတယ်ရှင့်။ တစ်ချို့hotel ဆိို ရင် Free Tuk Tuk ရှိပါတယ်။ ကိုယ့်အစီ အစဉ်နဲ့ သွားမယ်ဆိုရင် VND 30,000 ဘဲ ရှိပါတယ်။ သူတို့ခေါ်တဲ့ စျေးက VND 100,000 ❌ဂျင်း ထဲ့မခံပါနဲ့နော်။ Grab နဲ့ သွားရင်စျေးမှန်ပါတယ်။
Hotel Tickets / Entrance Tickets/ Flight Tickets လေးတွေ လိုရင် ☎️လိုက်ပါ🥰