09/09/2026
တစ်ချက်တော့ ရှင်းပြချင်ပါတယ်။
ကျွန်တော်တို့ Global 99 FC ဟာ ကြွားဝါဖို့၊ ဆရာကြီးအသင်းတစ်သင်းလို ပုံဖော်ထားတာ မဟုတ်ပါဘူး။
မူလက GLB 99 ဆိုပြီး Golden Line Business Co., Ltd. ကို ကိုယ်စားပြုပြီး ကစားဖို့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ စက်ရုံပွဲစဉ်တွေမှာ GLB 99 အနေနဲ့ ပါဝင်ကစားခွင့် မရတော့တာကြောင့် မူလအသင်းနာမည်ကို အမှတ်တရအဖြစ် မပျောက်စေချင်တာနဲ့ အသံထွက်အနီးစပ်ဆုံး Global 99 ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ဘောလုံးကို ဝါသနာပါပြီး အပျော်ကန်ရင်း စိတ်တူကိုယ်တူ စုစည်းထားတဲ့ အသင်းသေးလေးတစ်သင်းသာ ဖြစ်ပါတယ်။
အသင်းနာမည်နဲ့ Logo ကို အထာကျအောင် ပြုလုပ်ထားတာကလည်း အသင်းရဲ့ Identity အတွက်သာ ဖြစ်ပြီး ဘယ်အသင်းကိုမှ အထင်သေးခြင်း၊ ကိုယ့်ကိုယ်ကို ဆရာကြီးလုပ်ခြင်း လုံးဝမဟုတ်ပါဘူး။
ယခုအခါမှာတော့ အသင်းရဲ့ Identity အသစ်အနေနဲ့ “INFERNO 99 FC” ဆိုပြီး နာမည်ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။
နာမည်ပြောင်းလဲသွားပေမယ့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ အရင်အတိုင်းပါပဲ—ဘောလုံးကို ချစ်လို့ အပျော်ကန်ကြတဲ့ အသင်းသေးလေးတစ်သင်း ဖြစ်ပါတယ်။
ကွင်းထဲမှာ ပြိုင်ဘက်၊ ကွင်းပြင်မှာ မိတ်ဆွေပါ။
အားပေးပေးကြတဲ့ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။
INFERNO 99 FC 💜