OneStop Vietnam

OneStop Vietnam Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OneStop Vietnam, Travel Service, Da Nang.

Vietnam,Da Nangမြို့ကို လာရောက်လည်ပတ်ရန် စဉ်းစားနေပြီဆိုရင် တစ်နေရာထဲမှာ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ အပြီးအစီးဆောင်ရွက်ပေးမဲ့ OneStop Vietnam Serviceကို ယုံကြည်စွာလာရောက်ဆက်သွယ်လိုက်ပါ 🙋🏻‍♀️
"Your Vietnam travel partner!️ We offer seamless travel"

06/06/2026

Da Nang International Firework (DIFF)
6th June 2026

Vietnam 🇻🇳 ရဲ့ recap video လေးပါ 😍

06/06/2026

Da Nang International Firework (DIFF)
6th June 2026

France 🇫🇷 ရဲ့ recap video လေးပါ

30/05/2026

DIFF 2026 ရဲ့ Opening Night 🎇
​ဒီနေ့ည ၈:၀၀ နာရီမှာ ဒါနန်းမီးရှူးမီးပန်းပွဲတော်ကြီး စတင်ပါပြီရှင့်။
ဒီနေ့ညရဲ့ အဖွင့်ပွဲစဉ်အနေနဲ့
ဗီယက်နမ် 🇻🇳 နဲ့ တရုတ် 🇨🇳 အသင်းတို့က တစ်သင်းကို မိနစ် ၂၀ စီ အလှည့်ကျ ဖျော်ဖြေသွားတာဖြစ်ပါတယ်
​ဒါနန်းရဲ့ ရင်ခုန်စရာအကောင်းဆုံးည မြင်ကွင်းလေးကို recap လုပ်ထားတဲ့ video လေးနဲ့ အတူတူ ခံစားကြည့်လိုက်ရအောင်နော် 🥰

24/05/2026

Bana hill ကို ၁ရက်အချိန်ကုန်တာလား မေးထားသူများအတွက်ပါ။

ဟုတ်ကဲ့ ၁ရက်အချိန်ကုန်ပါတယ်၊ ☝️🙂‍↕️
Bana hill ပေါ်မှာ လည်ပတ်စရာတွေ၊ လုပ်စရာ activities တွေမှ အများကြီးဖြစ်တဲ့အပြင် ဓါတ်ပုံရိုက်ရတာ ကြိုက်တဲ့သူတွေအတွက် အချိန် ၁ရက်က လောက်ကို မလောက်တာပါ။ 😁
ဒါနန်းကို လာရတာ Bana Hill နဲ့တင် တန်တယ်လို့ ခံစားရစေမှာပါနော် 🤩

မလိမ်ဘူး၊ မယုံရင်လာကြည့် 😞

Video လေးကတော့ အမြည်းပိစိလေးပါ 😁

23/05/2026

ဒါနန်းမှာ ရာသီဥတုက ပြန်သာယာနေပြီမလို့
လမ်းကြုံ video လေး တဖြတ် 😍

ဒါနန်း (Da Nang) ရောက်ရင် မဖြစ်မနေ သွားထိုင်ကြည့်သင့်တဲ့ viral coffee shop လေးတွေကို တစ်ပုံချင်းစီ မျှဝေပေးချင်ပါတယ်။ အက...
16/05/2026

ဒါနန်း (Da Nang) ရောက်ရင် မဖြစ်မနေ သွားထိုင်ကြည့်သင့်တဲ့ viral coffee shop လေးတွေကို တစ်ပုံချင်းစီ မျှဝေပေးချင်ပါတယ်။

အကောင်းဆုံး ကော်ဖီဆိုင် vibe မျိုးစုံကို location share ပေးထားလို့ ဝင်ကြည့်ပြီး save ထားလို့ရပါတယ် 😉

☕️ Sơn Trà Marina
(Little Santorini လို့ တင်စားကြပြီး coconut coffee, Salt coffee & Lava Cheese Cake က must try ပါနော်)

☕️ Mân Thái Beach - Chợ Cá Gỗ
(ညနေပိုင်းမှာ လူပိုစည်ပြီး လွတ်လပ်ပေါ့ပါးတဲ့ Beach Party vibe မျိုးကိုပါ ခံစားရတယ်)

☕️Trình cà phê - Phố đi bộ Bạch Đằng
(ဟန်မြစ် - Han River ကမ်းဘေး လျှောက်လမ်းနားမှာရှိပြီး Signature Avocado Coffee 🥑 သောက်ကြည့်ဖို့ recommend လုပ်ပါတယ်)

☕️KATINAT
(သောက်သမျှထဲ အကြိုက်ဆုံးကတော့ Avocado Young Coconut - Must Try နော် 🤣)

☕️Út Tịch Café
(ဝါကျင်ကျင် နံရံ လေးတွေနဲ့ Hoi An Ancient Town Vibe မျိုး ပုံဖော်ထားပြီး 🥥 Coconut Coffee ကတော့ လူကြိက်အများဆုံးပါ)

☕️Cộng Cà Phê
(ဗီယက်နမ်နိုင်ငံရဲ့ အငွေ့အသက် Communist Retro Vibe ပုံစံဖော်ဆောင်ထားပြီး Coffee တွေကလည်း ကောင်းတယ်။ တခြားသူလက်ဆောင်ဝယ်ဖို့ highly recommend ပါ)

☕️NAM house Cafe
(Cozy ဖြစ်တဲ့ ရှေ့ခေတ်ဗီယက်နမ်မိသားစု အိမ်ပုံစံ vibe ၊ local Vietnamese တွေကြားလဲ အရမ်း viral ဖြစ်တယ်)

☕️Nối Café
(Raw & Pure Vintage Retro vibe ကိုမှ အသံဖမ်းစက်အဟောင်းတွေ တိတ်ခွေ တွေနဲ့ ဆိုင်တစ်ဆိုင်လုံး အလှဆင်ထားတဲ့အပြင် လမ်းကြားထဲမှာရှိနေတာက သူ့ရဲ့ attraction တစ်ခုပါ)

☕️ WONDERLUST - Coffee & Souvenir
(သဘာဝအလင်းရောင်တွေနဲ့ Instagrammable ဖြစ်တဲ့ ပုံစံမျိုးကို ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေပါတယ်)


☕️43 Factory Coffee Roaster
(Coffee Lab တစ်ခုရောက်သွားသလို တကယ်မိုက်ပေပြီး အသေစျေးကြီးတယ်😁 လုံးဝ coffee ဆရာကြီးတွေပဲ ကြိုက်လောက်တဲ့ Coffee အမျိုးအစားတွေပါ)

☕️Bread & Butter Bakery
(ကော်ဖီထက် ဆိုင်ထဲဝင်လိုက်တာနဲ့ ထောပတ်နံ့ မွှေးမွှေးလေးနဲ့ ခရို့စန့် (Croissant) စားလို့အကောင်းဆုံးဆိုင်တွေထဲက တစ်ခုပါ 🥐😛)

☕️Nối - The Cabin
(ညနေခင်းလေးမှာ Coffee လေးသောက် ငါးဖမ်းသဘော် အပြာလေးတွေနဲ့ ပုံရိုက်ချင်တယ်ဆို သွားကြည့်သင့်ပါတယ်)

Highland coffee & Starbucks Coffee ဆိုင်ကတော့ ထွေထွေထူးထူး ပြောစရာကို မလိုပါဘူး

⛱️Maia Beach Bar & Paradise Beach Bar ကတော့ ညနေခင်း sunset လေးကြည့် chill & relax လုပ်လို့ ကောင်းပါတယ် ….

ဗီယက်နမ်ကော်ဖီက
သိသိသာသာကို ပိုပြင်း၊ ပိုခါးပြီး
Ready made Mix coffee မဟုတ်ရင်
တစ်ခါတလေ ရင်တုန် - မူးမော် စေတတ်လို့
အဆင်ပြေတာလေး ရွေးသောက်ကြဖို့ အကြံပြုရင်း

နောက်ထပ်လည်း local craft beer & hidden location လေးတွေ ထပ်share ပေးပါအုံးမှာမို့ stay tune ‼️

Da Nang Summer Tips ☀️ဒါနန်းမြို့ ရဲ့ နွေရာသီကာလကို ရောက်ရှိလာပြီဖြစ်လို့  ကမ်းခြေ ကို လည်ပတ်တဲ့အခါ သတိထားရမဲ့ အချက်လေးတ...
13/05/2026

Da Nang Summer Tips ☀️

ဒါနန်းမြို့ ရဲ့ နွေရာသီကာလကို ရောက်ရှိလာပြီဖြစ်လို့ ကမ်းခြေ ကို လည်ပတ်တဲ့အခါ သတိထားရမဲ့ အချက်လေးတွေ ပြောပြချင်ပါတယ်ရှင့် 🤗🥰

အဝတ်အစား: ချည်သားအပွနဲ့ အရောင်ဖျော့တာလေးတွေ ဝတ်ပါ။ နေကာမျက်မှန်နဲ့ ဦးထုပ်လည်း မမေ့ပါနဲ့ရှင့် 😎

နေကာခရင်မ်: Sunscreenကို ၃ နာရီခြားတစ်ခါလောက် ထပ်လိမ်းပေးဖို့ လိုအပ်ပါတယ်နော်။ 🌻

ရေဘူး : နွေရာသီ ဖြစ်တဲ့အလျှောက် ခန္ဓာကိုယ်က ရေဓါတ်ပိုလိုအပ်လို့ ရေသန့်ဘူး အမြဲဆောင်ထားပါရှင့် (ကမ်းခြေတလျှောက်မှာလည်း convenience store တွေလည်း အများကြီးရှိပါတယ်) 🩵

Best Time: ဒါနန်း နွေရာသီရဲ့ Prime Time ဟာ မနက်စောစော Sun rise ချိန်ဖြစ်လို့ ကမ်းခြေသွားပြီး ပုံလှလှလေးတွေရိုက်ဖို့ အကောင်းဆုံးပါပဲရှင့် 🏖️🌅

Coffee: အရမ်းလှတဲ့ coffee ဆိုင်လေးတွေလည်း အများကြီးရှိတာမလို့ အပူရှောင်ရင်း Vietnam Coffee သောက်ကြည့်ဖို့လည်း recommend လုပ်ပါတယ်ရှင့် 🤎

အခုချိန်ဟာ ဒါနန်း ကမ်းခြေဟာ ရာသီဥတု သာယာပြီး international ခရီးသွားအရမ်းများတာကြောင့် ရာသီမို့လို့ ကိုယ့်သွားမဲ့ ခရီးစဉ်လေးတွေကို သေချာ ကြိုတင် စီစဉ်ထားမှ စိတ်အေးရမှာပါ။ 😍🤗🤗
အားလုံးပဲ အဆင်ပြေတဲ့ ခရီးစဉ်လေး ဖြစ်ပါစေရှင့် 🫶🫶

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အခါသမယတွင် မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း...
30/04/2026

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အခါသမယတွင် မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း OneStop Vietnam မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

27/04/2026

ဘယ်နှကြိမ်လာလာ မရိုးသွားတဲ့နေရာလေးတွေထဲ တစ်ခု



မနှစ်က DIFF သွားခဲ့တုံးက ပုံလေးတွေကို ဝေမျှရင်း Da Nang ကို လာရောက် လည်ပတ်ဖို့  ဖိတ်ခေါ်ပါရစေ....🤗🤗🤩DIFF က May 30th to J...
19/04/2026

မနှစ်က DIFF သွားခဲ့တုံးက ပုံလေးတွေကို ဝေမျှရင်း Da Nang ကို လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ....🤗🤗🤩

DIFF က May 30th to July 11th ထိ အပတ်စဥ် စနေညတိုင်းရှိတာမလို့ အဲ့ရက်တွေနဲ့ တိုက်ဆိုင်ပြီးလာမယ်ဆို မီးပန်းပွဲကို ကြည့်ခွင့်ရမှာကြောင့် Vietnam ကို လာရမှာ ပိုတန်လို့ ခံစားရစေမှာပါ။ 😍😍

မနက်ကနေ ညအထိ ဒါနန်းတခွင်လည်ပတ်ဖို့ကိုလည်း အခက်အခဲမရှိ သက်တောင့်သက်သာဖြစ်အောင် OneStop Vietnam က စီစဥ်ပေးနိုင်တာမလို့
Chat Box မှာ အသေးစိတ်ကို လာရောက်စုံစမ်းနိုင်ပါတယ်ရှင့် 🤩🤩

Address

Da Nang

Website

Alerts

Be the first to know and let us send you an email when OneStop Vietnam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category